သုံးကြိမ်မြောက် Thai Expo Yangon 2025 လူသုံးကုန် ကုန်စည်ပြပွဲသို့ စိတ်ဝင်စားသူ(၁၀,၀၀၀) ကျော်လာရောက်ခဲ့

343

စော (NP News) - ဒီဇင်ဘာ ၇
ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ဝင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ဒီဇင်ဘာ ၅ရက်မှ ၇ရက်နေ့အထိ သုံးကြိမ်မြောက် ကျင်းပခဲ့သော Thai Expo Yangon 2025 လူသုံးကုန်ကုန်စည်ပြပွဲသို့ သုံးရက်အတွင်း (၁၀၀၀၀)ကျော် လာရောက်ခဲ့ကြောင်း အဆိုပါကုန်စည်ပြပွဲကို စီစဉ်သူတစ်ဦးမှ NP News သို့ပြောသည်။
အဆိုပါပြပွဲတွင် ထိုင်း-မြန်မာတို့မှ ဆေးဝါး၊ အလှကုန်များ၊ လူသုံးကုန်များ ၊အဝတ်အစား နှင့်အစားအသောက်များ စသည့် ကုန်ပစ္စည်းများကို ပြခန်းပေါင်း (၁၂၀)ကျော်ဖြင့် ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။
“ လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးရုံဆေးခန်း တစ်နေရာထဲမှာစုံစုံလင်လင် ရရှိဖို့အတွက် ရည်ရွယ်ပြီး ဒီဇင်ဘာ အစမှာ Promotion တွေလည်းအများကြီးရှိတဲ့အတွက် အကုန်လုံးလာရောက်ကြည့်ရှုတဲ့ လူတွေ အဆင်ပြေအောင်လုပ်တာပါ။ အနည်းဆုံးလူကလေ တစ်နေ့ကို (၃၀၀၀)ကျော် ဝင်တယ်။ သုံးရက်ပေါင်း (၁၀၀၀၀) ကျော် လာတယ်” ဟု ၎င်းကပြောသည်။
Thai Expo Yangon 2025ကို ပြီးခဲ့သည့် မေလ နှင့် ဇွန်လတို့တွင် သုံးရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။
အလားတူ Zhejiang International Trade Exhibit တွင်လည်း တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း (၇၀)ကျော်မှလည်း ပြခန်းပေါင်း (၁၂၀)ကျော်၊ မြန်မာနိုင်ငံဘက်မှ ပြခန်းပေါင်း (၃၀)ကျော် ဖြင့် ခင်းကျင်းပြသခဲ့ရာ အထည်ချုပ်များနှင့် ပုံနှိပ်စက်များကို အများဆုံး ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
“အဓိကကတော့ Textile ရယ်၊ Machine ရယ် ပေါ့။ Machineဆိုတာ ဒီမှာ ဒီတစ်ခေါက်တော့ချုပ်တဲ့စက်မပါဘူး။ Printing စက်တွေ ပါတယ်။ အထည်ပေါ်မှာ ပုံနှိပ်ပြီးထုတ်တဲ့စက်တွေကတော့ အများဆုံးပေါ့နော်” ဟု Zhejiang International Trade Exhibit မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Zawgyi Version:
သုံးႀကိမ္ေျမာက္ Thai Expo Yangon 2025 လူသုံးကုန္ ကုန္စည္ျပပြဲသို႔ စိတ္ဝင္စားသူ(၁၀,၀၀၀) ေက်ာ္လာေရာက္ခဲ့
ေစာ (NP News) - ဒီဇင္ဘာ ၇
ရန္ကုန္ၿမိဳ႕၊ အင္းလ်ားလိတ္ဟိုတယ္ဝင္းရွိ ရန္ကုန္ကြန္ဗင္းရွင္းစင္တာတြင္ ဒီဇင္ဘာ ၅ရက္မွ ၇ရက္ေန႔အထိ သုံးႀကိမ္ေျမာက္ က်င္းပခဲ့ေသာ Thai Expo Yangon 2025 လူသုံးကုန္ကုန္စည္ျပပြဲသို႔ သုံးရက္အတြင္း (၁၀၀၀၀)ေက်ာ္ လာေရာက္ခဲ့ေၾကာင္း အဆိုပါကုန္စည္ျပပြဲကို စီစဥ္သူတစ္ဦးမွ NP News သို႔ေျပာသည္။
အဆိုပါျပပြဲတြင္ ထိုင္း-ျမန္မာတို႔မွ ေဆးဝါး၊ အလွကုန္မ်ား၊ လူသုံးကုန္မ်ား ၊အဝတ္အစား ႏွင့္အစားအေသာက္မ်ား စသည့္ ကုန္ပစၥည္းမ်ားကို ျပခန္းေပါင္း (၁၂၀)ေက်ာ္ျဖင့္ ခင္းက်င္း ျပသခဲ့ေၾကာင္း သိရသည္။
“ လူသုံးကုန္၊ စားေသာက္ကုန္၊ ေဆး႐ုံေဆးခန္း တစ္ေနရာထဲမွာစုံစုံလင္လင္ ရရွိဖို႔အတြက္ ရည္႐ြယ္ၿပီး ဒီဇင္ဘာ အစမွာ Promotion ေတြလည္းအမ်ားႀကီးရွိတဲ့အတြက္ အကုန္လုံးလာေရာက္ၾကည့္ရႈတဲ့ လူေတြ အဆင္ေျပေအာင္လုပ္တာပါ။ အနည္းဆုံးလူကေလ တစ္ေန႔ကို (၃၀၀၀)ေက်ာ္ ဝင္တယ္။ သုံးရက္ေပါင္း (၁၀၀၀၀) ေက်ာ္ လာတယ္” ဟု ၎ကေျပာသည္။
Thai Expo Yangon 2025ကို ၿပီးခဲ့သည့္ ေမလ ႏွင့္ ဇြန္လတို႔တြင္ သုံးရက္တိုင္တိုင္ က်င္းပခဲ့ေၾကာင္း သိရသည္။
အလားတူ Zhejiang International Trade Exhibit တြင္လည္း တ႐ုတ္ႏိုင္ငံက ကုမၸဏီေပါင္း (၇၀)ေက်ာ္မွလည္း ျပခန္းေပါင္း (၁၂၀)ေက်ာ္၊ ျမန္မာႏိုင္ငံဘက္မွ ျပခန္းေပါင္း (၃၀)ေက်ာ္ ျဖင့္ ခင္းက်င္းျပသခဲ့ရာ အထည္ခ်ဳပ္မ်ားႏွင့္ ပုံႏွိပ္စက္မ်ားကို အမ်ားဆုံး ခင္းက်င္းျပသခဲ့ေၾကာင္း သိရသည္။
“အဓိကကေတာ့ Textile ရယ္၊ Machine ရယ္ ေပါ့။ Machineဆိုတာ ဒီမွာ ဒီတစ္ေခါက္ေတာ့ခ်ဳပ္တဲ့စက္မပါဘူး။ Printing စက္ေတြ ပါတယ္။ အထည္ေပၚမွာ ပုံႏွိပ္ၿပီးထုတ္တဲ့စက္ေတြကေတာ့ အမ်ားဆုံးေပါ့ေနာ္” ဟု Zhejiang International Trade Exhibit မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။