AA ထိန်းချုပ်ထားသောမြို့နယ်များအနက် ရခိုင်တောင်ပိုင်းမြို့နယ်များက အစောဆုံးလွတ်မြောက်လာနိုင်

 421

သန့်ဇင် (NP News) - ဒီဇင်ဘာလ ၈

ရခိုင်ပြည်နယ်မှ AA ထိန်းချုပ်ထားသော မြို့နယ်များအနက် ရခိုင်တောင်ပိုင်းမြို့နယ်များက အ စောဆုံးလွတ်မြောက်လာနိုင်ကြောင်း အမည်မဖော်လိုသော ထင်ရှားသူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိကာလအခြေအနေအရ AA လက် အောက်မှမြို့နယ်များအတွင်း အတွေးအခေါ်အမြင် များကျယ်လာပြီးနောက် ရခိုင်တောင်ပိုင်းဒေသများဖြစ်သော ဂွ၊ သံတွဲ နှင့် တောင်ကုတ်မြို့နယ်များမှာ AA လက်အောက်မှ အမြန်ဆုံးလွတ်မြောက်နိုင်သည့် မြို့နယ်များဖြစ်လာနိုင်ကြောင်း အမည်မဖော်လိုသော ထင်ရှားသူတစ်ဦးက ဆိုသည်။“ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွတို့ သံတွဲတို့ တောင်ကုတ်တို့မြို့နယ်တွေက AA လက်အောက် က အစောဆုံးလွတ်မြောက်တဲ့ မြို့နယ်တွေဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တည်းက လည်း AA ကိုလက်မခံဘူး။ နောက်တစ်ခုက ပြည်မနဲ့အကူးအသန်းအသွား အလာကလည်း ဟိုးအရင် တည်းက ရခိုင်မြောက်ပိုင်းနဲ့ခက်ခဲပေမယ့် ရခိုင်တောင်ပိုင်းနဲ့ရှိတယ်။ ပြောရမယ်ဆိုရင် အမြင်ကျယ် တာပေါ့ဗျာ။ ဒါကြောင့်မို့လို့ ရခိုင်တောင်ပိုင်းက AA လက်အောက်ကနေ အစောဆုံးလွတ်မြောက်နိုင်မယ်” ဟု ၎င်းကပြောသည်။ ရခိုင်ပြည်နယ်တွင် မြို့တော် စစ်တွေအပါအဝင် မြို့နယ်ပေါင်း (၁၇) မြို့နယ်ရှိပြီး (၁၀)မြို့နယ်ထက်မနည်းကို AA လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ပြီးနောက်ပိုင်း ယခင်ကပင် တိုးတက်ခဲ့သော ရခိုင် တောင်ပိုင်းဒေသများတွင် စားဝတ်နေရေး အခက်အခဲများနှင့် လူနေမှုဘဝများစွာ ဆုတ်ယုတ်သွားခဲ့ ကြောင်း သိရသည်။ “လက်ရှိ ရခိုင်ပြည်နယ်တောင်ပိုင်းကဆိုရင် အရင်တည်းကတိုးတက်နေတာတွေဟာ AA ထိန်းချုပ်ပြီးနောက်မှာ လုံးဝဆုတ်ယုတ်သွားတယ်။ ပြီးကျတော့ AA ဘက်ကအုပ်ချုပ်တာနဲ့ပတ်သက်ပြီး‌ တော့ အဆင်မပြေတာတွေလည်းရှိတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။ အထက်ပါ အခြေအနေများကြောင့် ရခိုင်ပြည်နယ်အတွင်းမှ သိန်းနှင့်ချီသော ဒေသခံများစွာ မှာ တိုက်ပွဲနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် ရန်ကုန်နှင့် အခြားနယ်မြေတည်ငြိမ်သောဒေသများကို နေရပ်စွန့်ခွာခဲ့ကြရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ရခိုင်မှာ တိုက်ပွဲဖြစ်ပြီးတော့ တော်တော်များများက ရန်ကုန်ကိုပြေးလာကြတာလေ။ တခြား မြို့နယ်တွေ၊ တိုင်းတွေ သွားတာရှိပေမယ့် ရန်ကုန်ကို ရောက်လာကြတာများတယ်။ ဒီမှာက ဆွေမျိုးတွေ လည်း ရှိတယ်။ စီးပွားရေးလည်း ကောင်းတယ်လေ။ ဒါကြောင့် ထွက်လို့ရရင် ရန်ကုန်ကို လာချင်ကြတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကျောင်းသား၊ ကျောင်းသူများမှာ ပညာရေးအခက် အခဲများစွာရှိနေပြီး ရခိုင်ပြည်တောင်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပန်းတောင်း - တောင်ကုတ်လမ်းအသုံးပြုကာ ရန်ကုန်အပြင် အခြားသောဒေသများတွင် သွားရောက်ကျောင်း တက်နေရခြင်းများရှိနေကြောင်း သိရသည်။
“ရခိုင်က ကလေးတွေဆိုရင် ဆက်မဖြေတော့တဲ့ကလေးတွေလည်းရှိတယ်။ တချို့ကကျတော့ တောင်ကျော်ပြီးလာဖြေတဲ့ ကလေးတွေရှိတယ်။ တောက်ကုတ်ဘက်ကကလေးတွေက ဒီဘက်ကိုလာဖြေတာမှာ တော်တော်များများက ဒဂုံ ကျောင်းက ကလေးတွေကတော့ ဒဂုံမှာ ဌာနခွဲလို့ခေါ်တာ အဲဒီမှာသွားဖြေတာများတယ်။ လာနိုင်တဲ့ ကလေးကတော့များတာပေါ့။ ရိုးမကျော်လာရတာဆိုတော့”ဟု သိရှိသူပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်ကစတင်ကာ ရခိုင်ပြည်နယ်အတွင်း၌ AA လက်နက်ကိုင်အဖွဲ့က တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့ပြီး (၂) နှစ်ကျော်အကြာတွင် ပြည်နယ်အတွင်းမြို့ ပေါင်း (၁၃) မြို့ကို ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
AA ထိန္းခ်ဳပ္ထားေသာၿမိဳ႕နယ္မ်ားအနက္ ရခိုင္ေတာင္ပိုင္းၿမိဳ႕နယ္မ်ားက အေစာဆုံးလြတ္ေျမာက္လာႏိုင္
သန႔္ဇင္ (NP News) - ဒီဇင္ဘာလ ၈
ရခိုင္ျပည္နယ္မွ AA ထိန္းခ်ဳပ္ထားေသာ ၿမိဳ႕နယ္မ်ားအနက္ ရခိုင္ေတာင္ပိုင္းၿမိဳ႕နယ္မ်ားက အ ေစာဆုံးလြတ္ေျမာက္လာႏိုင္ေၾကာင္း အမည္မေဖာ္လိုေသာ ထင္ရွားသူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိကာလအေျခအေနအရ AA လက္ ေအာက္မွၿမိဳ႕နယ္မ်ားအတြင္း အေတြးအေခၚအျမင္ မ်ားက်ယ္လာၿပီးေနာက္ ရခိုင္ေတာင္ပိုင္းေဒသမ်ားျဖစ္ေသာ ဂြ၊ သံတြဲ ႏွင့္ ေတာင္ကုတ္ၿမိဳ႕နယ္မ်ားမွာ AA လက္ေအာက္မွ အျမန္ဆုံးလြတ္ေျမာက္ႏိုင္သည့္ ၿမိဳ႕နယ္မ်ားျဖစ္လာႏိုင္ေၾကာင္း အမည္မေဖာ္လိုေသာ ထင္ရွားသူတစ္ဦးက ဆိုသည္။“ရခိုင္ျပည္နယ္ေတာင္ပိုင္းက ဂြတို႔ သံတြဲတို႔ ေတာင္ကုတ္တို႔ၿမိဳ႕နယ္ေတြက AA လက္ေအာက္ က အေစာဆုံးလြတ္ေျမာက္တဲ့ ၿမိဳ႕နယ္ေတြျဖစ္လာႏိုင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အရင္တည္းက လည္း AA ကိုလက္မခံဘူး။ ေနာက္တစ္ခုက ျပည္မနဲ႔အကူးအသန္းအသြား အလာကလည္း ဟိုးအရင္ တည္းက ရခိုင္ေျမာက္ပိုင္းနဲ႔ခက္ခဲေပမယ့္ ရခိုင္ေတာင္ပိုင္းနဲ႔ရွိတယ္။ ေျပာရမယ္ဆိုရင္ အျမင္က်ယ္ တာေပါ့ဗ်ာ။ ဒါေၾကာင့္မို႔လို႔ ရခိုင္ေတာင္ပိုင္းက AA လက္ေအာက္ကေန အေစာဆုံးလြတ္ေျမာက္ႏိုင္မယ္” ဟု ၎ကေျပာသည္။ ရခိုင္ျပည္နယ္တြင္ ၿမိဳ႕ေတာ္ စစ္ေတြအပါအဝင္ ၿမိဳ႕နယ္ေပါင္း (၁၇) ၿမိဳ႕နယ္ရွိၿပီး (၁၀)ၿမိဳ႕နယ္ထက္မနည္းကို AA လက္နက္ကိုင္အဖြဲ႕ ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္း ယခင္ကပင္ တိုးတက္ခဲ့ေသာ ရခိုင္ ေတာင္ပိုင္းေဒသမ်ားတြင္ စားဝတ္ေနေရး အခက္အခဲမ်ားႏွင့္ လူေနမႈဘဝမ်ားစြာ ဆုတ္ယုတ္သြားခဲ့ ေၾကာင္း သိရသည္။ “လက္ရွိ ရခိုင္ျပည္နယ္ေတာင္ပိုင္းကဆိုရင္ အရင္တည္းကတိုးတက္ေနတာေတြဟာ AA ထိန္းခ်ဳပ္ၿပီးေနာက္မွာ လုံးဝဆုတ္ယုတ္သြားတယ္။ ၿပီးက်ေတာ့ AA ဘက္ကအုပ္ခ်ဳပ္တာနဲ႔ပတ္သက္ၿပီး‌ ေတာ့ အဆင္မေျပတာေတြလည္းရွိတယ္”ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။ အထက္ပါ အေျခအေနမ်ားေၾကာင့္ ရခိုင္ျပည္နယ္အတြင္းမွ သိန္းႏွင့္ခ်ီေသာ ေဒသခံမ်ားစြာ မွာ တိုက္ပြဲႏွင့္ စားဝတ္ေနေရး အခက္အခဲမ်ားေၾကာင့္ ရန္ကုန္ႏွင့္ အျခားနယ္ေျမတည္ၿငိမ္ေသာေဒသမ်ားကို ေနရပ္စြန႔္ခြာခဲ့ၾကရေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။
“ရခိုင္မွာ တိုက္ပြဲျဖစ္ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက ရန္ကုန္ကိုေျပးလာၾကတာေလ။ တျခား ၿမိဳ႕နယ္ေတြ၊ တိုင္းေတြ သြားတာရွိေပမယ့္ ရန္ကုန္ကို ေရာက္လာၾကတာမ်ားတယ္။ ဒီမွာက ေဆြမ်ိဳးေတြ လည္း ရွိတယ္။ စီးပြားေရးလည္း ေကာင္းတယ္ေလ။ ဒါေၾကာင့္ ထြက္လို႔ရရင္ ရန္ကုန္ကို လာခ်င္ၾကတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးကဆိုသည္။ လက္ရွိတြင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွာ ပညာေရးအခက္ အခဲမ်ားစြာရွိေနၿပီး ရခိုင္ျပည္ေတာင္ပိုင္းက ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္လည္း ပန္းေတာင္း - ေတာင္ကုတ္လမ္းအသုံးျပဳကာ ရန္ကုန္အျပင္ အျခားေသာေဒသမ်ားတြင္ သြားေရာက္ေက်ာင္း တက္ေနရျခင္းမ်ားရွိေနေၾကာင္း သိရသည္။
“ရခိုင္က ကေလးေတြဆိုရင္ ဆက္မေျဖေတာ့တဲ့ကေလးေတြလည္းရွိတယ္။ တခ်ိဳ႕ကက်ေတာ့ ေတာင္ေက်ာ္ၿပီးလာေျဖတဲ့ ကေလးေတြရွိတယ္။ ေတာက္ကုတ္ဘက္ကကေလးေတြက ဒီဘက္ကိုလာေျဖတာမွာ ေတာ္ေတာ္မ်ားမ်ားက ဒဂုံ ေက်ာင္းက ကေလးေတြကေတာ့ ဒဂုံမွာ ဌာနခြဲလို႔ေခၚတာ အဲဒီမွာသြားေျဖတာမ်ားတယ္။ လာႏိုင္တဲ့ ကေလးကေတာ့မ်ားတာေပါ့။ ႐ိုးမေက်ာ္လာရတာဆိုေတာ့”ဟု သိရွိသူပညာေရးဝန္ထမ္းတစ္ဦးက ေျပာသည္။ ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္၊ ႏိုဝင္ဘာလ (၁၃) ရက္ကစတင္ကာ ရခိုင္ျပည္နယ္အတြင္း၌ AA လက္နက္ကိုင္အဖြဲ႕က တိုက္ပြဲမ်ား စတင္ေဖာ္ေဆာင္ခဲ့ၿပီး (၂) ႏွစ္ေက်ာ္အၾကာတြင္ ျပည္နယ္အတြင္းၿမိဳ႕ ေပါင္း (၁၃) ၿမိဳ႕ကို ထိန္းခ်ဳပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.