ဂျပန်ဝန်ကြီးချုပ်သစ်၏ မူဝါဒများကြောင့် အာရှရှေ့ဖျား စစ်မီးတောက်နိုင်သလား

 360

Htay Oung (NP News) - ဒီဇင်ဘာ ၈

ထိုင်ဝမ်ကို တရုတ်က အင်အားသုံးတိုက်ခိုက်လာ မယ်ဆိုရင် ဂျပန်ရဲ့ ရှင်သန်တည်ရှိမှုကို ထိခိုက်လာနိုင် တဲ့အတွက် လက်နက်ကိုင်စွက်ဖက်ရလိမ့်မယ်လို့ (၂၀၂၅)ခုနှစ် နိုဝင်ဘာလ (၇)ရက် အောက်လွှတ် တော် ဘတ်ဂျက်ကော်မတီမှာ ဝန်ကြီးချုပ် ဆာနေး တာကိုင်ချီက ပြောဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံသမိုင်းမှာ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်သူရဲ့ ယခင်အစဉ် အလာများမှ သွေဖည်တဲ့ ပြောဆိုချက်တွေဟာ အတိတ်ကာလ ဂျပန်အင်ပါယာစစ်တပ်ရဲ့ ကျူးကျော် ရက်စက်မှုကိုခံစားခဲ့ကြ ရဖူးတဲ့ အာရှနိုင်ငံတွေအတွက် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရပါတယ်။
အထူးသဖြင့် (၁၈၉၄-၁၈၉၅)ခုနှစ် ချင်းမင်း ဆက်ခေတ် တရုတ်-ဂျပန်စစ်ပွဲ၊ (၁၉၃၁-၁၉၄၅) ခုနှစ် တရုတ်(မန်ချူးရီးယား)ဂျပန်ကျူးကျော်မှု- နန် ကင်းအစုအပုံလိုက်လူသတ်ပွဲများအကြောင်း တရုတ် ပြည်သူများ မေ့လျော့ မသွားစေရန် စည်းရုံးသင်ကြားနေဆဲ တရုတ်ကွန်မြူနစ်ပါတီမှာ ယမ်းပုံမီးကျ ဖြစ် ရပါတယ်။
ဆာနေးတာကိုင်ချီအစိုးရလက်ထက် (၂၀၂၅)ခုနှစ် ဂျပန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကို (၈.၂၇)ရာခိုင်နှုန်းတိုးမြှင့်ရန်ကြေညာထားတယ်။ အသင့်ပြင်ဆင်ထားတဲ့ စစ်အင်အား-
ခေတ်မီစစ်လက်နက်တပ်ဆင်ရေး-ဒရုန်း- AI နည်းပညာသုံးတာဝေးပစ်လက်နက်စနစ်များနဲ့ မျိုး ဆက်သစ်ကာကွယ်ရေးစွမ်းရည် တည်ဆောက်ဖို့ကြိုး စားလာပါတယ်။ ဒီကိစ္စဟာ ဒုတိယကမ္ဘာစစ် ဂျပန် လူငယ်သန်းပေါင်းများစွာအပါအဝင် နျူကလီးယားဗုံး နှစ်ကြိမ်သင့်ခြင်းကြောင့် အရပ်သားများပါ ထိခိုက် သေဆုံးခဲ့ရဖူးတဲ့ဂျပန်တို့အတွက် အသစ်အဆန်းတစ် ခုလည်းဖြစ်နေပါတယ်။ မိမိကိုယ်မိမိ ကာကွယ်ရေး အင်အားမှလွဲပြီး စစ်အင်အားတည်ဆောက်ခြင်းမပြုရန် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်(၉)ပါတားမြစ် ချက်ကို LDC ပါတီအစိုးရကပြင်ဆင်လိုကြောင်း အရိပ်လက္ခဏာဖြစ်နေပါတယ်။
တာကိုင်ချီရဲ့ပြောဆိုချက်ဟာ ပေကျင်း-တိုကျို ဆက်ဆံရေးကိုတင်းမာစေပြီး ဂျပန်မှာ တရုတ် ခရီး သွားဦးရေကျဆင်းခြင်းအပါအဝင် စီးပွားရေးအကျိုး ဆက်များဖြစ်ပေါ်လာခဲ့ပါတယ်။ တာကိုင်ချီရဲ့ ရပ်တည်ချက်ဟာ ဂျပန်နိုင်ငံကို စစ်ပွဲအတွင်း ဦးတည်သွားစေ ပြီး ဒေသတွင်းတင်းမာမှုကို ဆိုးရွားစေတဲ့ အတွက် မှတ်ချက်စကားကို ပြန်လည်ရုပ်သိမ်းပြီး ဝန်ချတောင်း ပန်ရန်နဲ့ ရာထူးမှနုတ်ထွက်ရန်၊ ဂျပန် နိုင်ငံရဲ့ ငြိမ်းချမ်းသောဖွဲ့စည်းပုံဥပဒေကိုလေးစားရန် စစ်အင်အားအ သုံးပြုဖွယ်အလားအလာများ ဆန့် ကျင်ရန် ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ခြင်းကိုကန့်ကွက်ကြောင်း၊ ဝန်ကြီးချုပ်တရားဝင်နေအိမ်နဲ့ တိုကျိုမြို့အမျိုးသား အဆောက်အအုံရှေ့မှာ ချီတက်စုရုံးမှုများကို ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
တာကိုင်ချီရဲ့စကားဟာ တရုတ်ကို ဒေါသထွက်စေရုံမက ဂျပန်တို့ရဲ့ နှစ်(၅၀)ခန့် ကျူးကျော် သိမ်းပိုက်ခံခဲ့ရဖူးတဲ့ ထိုင်ဝမ်ကျွန်းမှလူငယ်များကလည်း စုဝေး ရှုတ်ချခဲ့ကြပါတယ်။ တရုတ်-ဂျပန် စစ်ပွဲ မှာ အရေးနိမ့်ခဲ့တဲ့ချင်မင်းဆက်က ကျွန်းတစ်ခုလုံးကို တိုကျိုလက်တွင်းပေးအပ်ခဲ့ရတဲ့အတွက် (၁၉၄၅) ခုနှစ်အထိ ထိုင်ဝမ်ဟာ ဂျပန်ကိုလိုနီဖြစ်ခဲ့ဖူးပါတယ်။ တာကိုင်ချီကတော့ ရာထူးမှနုတ်ထွက်ရန် ငြင်းဆို ထားပြီး ဂျပန် ပြည်သူလူထု သဘောပေါက်အောင်ရှင်းပြမယ်လို့ ဆိုနေပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ တရုတ်တိုင်ပေအရေးနဲ့ပတ်သက်ပြီးဆက်စပ်တဲ့ကျွန်းများမှာ တာလတ် ပစ် ဒုံးကျည်များဖြန့်ကြက်ခြင်းမပြုရန် ဂျပန်အစိုးရကို ရုရှားကသတိပေးလိုက်တယ်လို့ ဆင်ဟွာသတင်း ဌာနက နိုဝင်ဘာလ (၂၈)ရက်က ရေးပါတယ်။ အမေရိကန်ရဲ့အုပ်ချုပ်မှုအောက် ဂျပန်ဟာ အထူးသဖြင့် အိုကီနာဝါကျွန်းကို စစ်စခန်းအဖြစ် စနစ်တကျပြောင်းလဲတည်ဆောက်လာပါတယ်။ ခံစစ်သာမဟုတ် တော့ဘဲ ထိုးစစ်လက်နက်များပါတပ်ဆင်ထားကြောင်း တွေ့ရှိရတယ်လို့ မော်စကိုကပြောပါတယ်။ ရုရှား အနေနဲ့ ခုလို စိုးရိမ်တကြီးဖြစ်ရတာ ခိုင်လုံတဲ့ နောက်ခံသမိုင်းရှိပါတယ်။
(၁၉၀၅)ခုနှစ် မန်ချူးရီးယားနဲ့ကိုရီးယားကို ကျူးကျော်လာတဲ့ ဂျပန် မေဂျီဘုရင်တပ်များနဲ့ ရုရှား ဇာဘုရင်တပ်တို့ စစ်ဖြစ်ကြပါတယ်။ ပို့အာသာစစ်ပွဲနဲ့ ဆူရှီးမားရေကြောင်းစစ်ပွဲမှာ ဂျပန်တို့အနိုင်ရရှိပြီး ဆာခါလင်ကျွန်းတောင်ပိုင်းကို ပေးအပ်ခဲ့ရပါတယ်။ ကိုရီးယားကျွန်းဆွယ်နဲ့ တရုတ်(မန်ချူးရီးယား) တစ် စိတ်တစ်ပိုင်းရှိ ဂျပန်အုပ်ချုပ်ရေးကိုလည်း အသိအ မှတ်ပြုပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်တို့က (ဂျပန်အခေါ် မြောက်ပိုင်းနယ်မြေ) ကူရိုင်းကျွန်းစု(၄)ခုကိုသိမ်းယူခဲ့ပါတယ်။ လက်နက်ချ လိုက်ရတဲ့ဂျပန်ဟာ ဟော့ကိုင်းဒိုးကျွန်းကလှမ်းမြင် နိုင်တဲ့ ကျွန်းနယ်မြေကြီးတစ်ခွင်လုံး ဆိုဗီယက်တို့ရဲ့ သိမ်းယူခြင်းခံခဲ့ရပါတယ်။
(၁၉၅၁)ခုနှစ် ဆန်ဖရန်စစ္စကို သဘောတူစာချုပ် အရ နယ်မြေပေးအပ်ခဲ့ရပေမယ့် ရုရှား-ဂျပန် အကြား စစ်ပြေငြိမ်းရေးဆိုင်ရာသဘောတူစာချုပ် မရှိခဲ့ပါဘူး။ ကူရိုင်းကျွန်းစုများဟာ စစ်နဲ့ မပတ်သက် တဲ့အတွက် ပြန်လည်ပေးအပ်ရန် ဂျပန်က တောင်းဆိုနေဆဲဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာကို တစ်နှစ်ပတ်လုံး ဝင်ထွက်နိုင်တဲ့အပြင် စီးပွားရေး-စစ်ရေးမဟာဗျူဟာမြောက် နယ်မြေကြီးကို ရှရှားကပြန်မပေးပါဘူး၊ ဒါ့ပြင် တရုတ်တိုင် ပေကျွန်းမြောက်ဘက် ဆင်ကာကူကျွန်းများမှာ ဂျပန်က တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကြက်လာမယ်ဆိုရင် ဗလာဒီဗော့စတော့ ရုရှားရဲ့အရှေ့ပိုင်း ရေတပ်အခြေစိုက်စခန်းမှ အရှေ့တရုတ် ပင်လယ်နဲ့ မလက္ကာရေလက်ကြားသွားလမ်းကြောင်းကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်ပါတယ်။
တရုတ်-ဂျပန် ဆက်ဆံရေးတင်းမာရခြင်းမှာ ယခုတာကိုင်ချီဝန်ကြီးချုပ်ဖြစ်မှမဟုတ်ဘဲ ယခင်က လည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပြီး အလွန်ဆိုးရွားတဲ့ အခြေအနေထိရောက်ခဲ့ကြဖူးတယ်။ ဂျပန်မှာ “နိပွန် ကိုင်ဂျီ ကွန်ရက်”လို့ခေါ်တဲ့ အစွန်းရောက်အမျိုးသား ရေးအဖွဲ့ရှိပါတယ်။
လူမျိုးခြားဆန့်ကျင်ရေး- ဒုတိယကမ္ဘာစစ်မတိုင်မီ ဂျပန်အင်ပါယာစစ်တပ် ပြန်လည်ထူထောင် ရေးနဲ့ လူမျိုးရေးဝါဒီ လက်ယာအစွန်းရောက် အစိုးရမဟုတ် တဲ့အစည်းအရုံးဖြစ်ပါတယ်။ (၁၉၉၇)ခုနှစ်မှ စတင်ထူထောင်ပြီး အသင်းဝင်(၄)သောင်းခန့်ရှိရာမှာ လက် ရှိအမျိုးသမီးဝန်ကြီးချုပ် တာကိုင်ချီနဲ့ ရှင်ဇို အာဘေး အပါအဝင် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများဟာ အဲဒီအ ဖွဲ့ဝင် သို့မဟုတ် အားပေးထောက်ခံသူများ ဖြစ်ကြပါ တယ်။ ဂျပန်နိုင်ငံရေးလောကမှာ အလွန်လွှမ်းမိုးပြီး အထူးသဖြင့် လစ်ဘရယ်ဒီမိုကရက် တစ် ပါတီ(LDP)အတွင်း ဩဇာကြီးမားပါတယ်။ လက်ရှိ ဝန်ကြီးချုပ် တာကိုင်ချီ (၆၄-နှစ်)ဟာ LDP ပါတီ ဥက္ကဋ္ဌဖြစ်နေပါတယ်။
ဂျပန်မှာ “ယာဆူကူနီခေါ် အာဇာနည်ဗိမာန်ရှိပါ တယ်။ ရုပ်ကြွင်းများကိုမြှုပ်နှံထားခြင်းမဟုတ်ဘဲ စစ်ပွဲအတွင်း ကျဆုံးခဲ့သူတွေရဲ့ဝိညာဉ်တည်ရှိကြောင်း ရှင်တိုဘာသာအယူအဆအရ အမည်များကို ကမ္ဗည်းထိုး မော်ကွန်းတင်ခြင်းဖြစ်ပါတယ်။ အဲဒီအထဲမှာ ဒုတိယကမ္ဘာစစ်ကာလ ကိုရီးယား-မန်ချူးရီး ယား-တရုတ်နဲ့ မြန်မာအပါအဝင် အာရှတိုက်မှာ စစ်ရာဇ ဝတ်မှုကျူးလွန်သူများအဖြစ် ကမ္ဘာက သတ် မှတ်ထားခြင်းခံရသူ (၁၄)ဦးလည်းပါဝင်နေတယ်။ (၁၉၇၈)ခုနှစ်မှာ လျှို့ဝှက်စွာထည့်သွင်းခဲ့ခြင်းဖြစ်ပြီး မီဒီယာ များဖွင့်ချမှ ကမ္ဘာကသိရှိခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ယခုထိ ဂျပန်ဝန် ကြီးချုပ် (၃၅)ဦးရှိလာပေမယ့် အတိတ်ကာလ တ ရုတ်-ကိုရီးယားနဲ့ အာရှတိုက်မှာ ဂျပန်စစ်တပ်ရဲ့ကျူး လွန်မှုများအတွက် တရားဝင်တောင်းပန်ခဲ့သူ ဂျပန် ဝန်ကြီးချုပ် (၃)ဦးခန့်သာရှိပါတယ်။ အတော်များများ ဟာ မတောင်းပန်ရုံမက ယခင်ဖြစ်ရပ်များဘက်မှ ကာကွယ်ထောက်ခံမှုများပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ယာဆူကူနီဗိမာန်ကိုသွားရောက်အလေးပြုသူ ဂျပန်ဝန်ကြီးချုပ် (၆)ဦးခန့်ရှိပါတယ်။ (၁၉၈၃)ခုနှစ် ဝန်ကြီးချုပ် “နာကာဆိုနဲ”၊ (၂၀ဝ၁-၂၀ဝ၆)ခုနှစ် ဂျပန်ဝန်ကြီးချုပ် “ကိုအိဇုမိ” လက်ထက်မှာ (၆)ကြိမ် တိုင်တိုင်သွားရောက်ခဲ့တဲ့အတွက် တောင်ကိုရီး ယား-တရုတ်တို့မှာ ပြင်းထန်စွာကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ဖူးတယ်။

စစ်အင်အားတည်ဆောက်မှု-
စစ်ရေးဖြင့်အဖြေရှာခြင်းကိုစွန့်လွှတ်တဲ့ စစ်ပြီး ခေတ်ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်(၉)ကို ပြင် ဆင်ရန် ဂျပန်အစိုးရတို့က ကြိုးစားတိုင်း အတိတ်ကာလ အတွေ့အကြုံများအရ တောင်ကိုရီးယား-တရုတ်တို့ မှာ စိတ်မသက်မသာဖြစ်လေ့ရှိတယ်။ ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်လာခြင်းနဲ့ စစ် အင်အားပြန်လည်ပြင်ဆင်ခြင်းကို စောင့်ကြည့်စိုးရိမ်နေပါတယ်။
အာရှအရှေ့ဖျား ဆက်ဆံရေးတင်းမာရခြင်းအကြောင်းရင်းများမှာ
(၁)စစ်မက်ကာလ အတိတ်သမိုင်းအရဖြစ် တယ်လို့ဆိုရပါလိမ့်မယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီနဲ့ ကမ္ဘာစစ်ကာလ ဂျပန်စစ်တပ်ဟာ ကိုရီးယား-ဂျပန်နဲ့ အရှေ့တောင်အာရှမှာ ရက်စက်ကြမ်းကြုတ်မှုများ ကိုကျူလွန်မိခဲ့ပါတယ်။ တရုတ် နန်ကင်းမြို့ အစုအပုံလိုက်လူသတ်ပွဲ၊ သိမ်းပိုက်ခံ ကိုရီးယား ကျွန်း ဆွယ် မှ မိန်းမပျိုလေးများကို ဂျပန်စစ်တပ်အတွင်း ဇိမ်မယ်အဖြစ် အတင်းအကြပ်ခိုင်းစေခြင်း၊ မြန်မာ အပါ အဝင် အာရှနိုင်ငံများမှာ အနိုင်အထက် ညှဉ်းပန်းနှိပ်စက်တဲ့အပြုအမူမျိုးတို့ဖြစ်ပါတယ်။ ဒီအကြောင်းကို အာရှနိုင်ငံများရဲ့စာသင်ကျောင်း-သမိုင်း ဖတ်စာများမှာ အတိအလင်းသင်ကြားဖော်ပြနေကြပေမယ့် ဂျပန်စာသင်ကျောင်းတွေမှာတော့ ဆင်ဝှေ့ ရန်ရှောင်ရေးသားထားတယ်လို့ဝေဖန်မှုများရှိနေပါတယ်။
(၂) ဒီကိစ္စဟာ စီးပွားရေးအရှိန်အဟုန်ချင်း ပြိုင်ဆိုင်စရာမလိုတဲ့ ကျန်အာရှနိုင်ငံတွေအတွက် ဘာ မှ ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ပါ။ ဒါပေမဲ့ အာရှ ဒေသစီးပွားရေးနဲ့ နိုင်ငံရေးဩဇာလွှမ်းမိုးမှုမှာ ယှဉ် ပြိုင် နေတဲ့ တရုတ်နဲ့ဂျပန်အတွက် ပြဿနာရှိပါတယ်။ တရုတ်ရဲ့ အချိန်တိုအတွင်းစီးပွားရေး ကြီးထွားလာမှု ဟာ ဒေသတွင်းရှိရင်းစွဲ ဂျပန်ရဲ့ဦးဆောင်နေရာကို စိန်ခေါ်နေပါတယ်။
(၃)တရုတ်နဲ့ဂျပန်ကြားမှာ ဆင်ကာကူ ခေါ် ဒိုင်အေ ယူကျွန်းပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြ ပါတယ်။ တရုတ်တိုင်ပေမြောက်ဘက်မှာတည်ရှိတဲ့ အဲဒီကျွန်း ဟာ ဂျပန်အိုကီနာဝါကျွန်းတွေနဲ့ သိပ် မဝေးတဲ့အတွက် စစ်ရေးတင်းမာမှုတွေနဲ့ တကယ့်မီးခဲလို့ ဆိုရပါလိမ့်မယ်။ တရုတ်ရေတပ် စစ်သင်္ဘော များ မကြာခဏ အင်အားပြရာ ရေပြင်ဖြစ်နေပါတယ်။
(၄) အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ ဂျပန်ဟာ တရုတ် နယ်မြေကျူးကျော်တိုးချဲ့နေတယ်လို့ ရှုမြင်တဲ့ အင်ဒို-ပစိဖိတ်ဒေသ ပထဝီနိုင်ငံရေး မဟာဗျူဟာ မှာအရေးပါတဲ့ ဇာတ်ကောင်တစ်ဦးဖြစ်ပါ တယ်။ တရုတ်တိုင်ပေကိစ္စ စစ်ရေးနဲ့ဆောင်ရွက်ရန် ဂျပန် ဝန်ကြီးချုပ် တာကိုင်ချီရဲ့ပြောဆိုချက်နဲ့ ပတ် သက်ပြီး တရုတ်နဲ့ထိပ်တိုက်တွေ့မှု ပြင်းထန်လာကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ကျူးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှုများကိုဖော်ပြပြီး နိုင်ငံတကာဥပဒေနဲ့ သံမန်စံနှုန်းများကိုချိုးဖောက်ရာရောက်ရှိတဲ့ အတွက် တရုတ်အနေနဲ့ ခုခံကာကွယ်ရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင် က ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ စာရေးသား ပေးပို့လိုက်တယ်လို့ “ရိုက်တာ” (22 November 2025)ကဖော်ပြပါတယ်။
အဲဒီလိုအခြေအနေများရှုပ်ထွေးနေစဉ် ဝန်ကြီးချုပ် တာကိုင်ချီအပေါ် ဂျပန်ပြည်သူလူထုရဲ့ ထောက်ခံမှုပိုမိုလာကြောင်း သတင်းထွက်ပေါ်လာခြင်းက အာရှအရှေ့ဖျားတင်းမာမှုကို ပိုမိုလေးနက်စေ ပါတယ်။ ဆန်ကိုင်းရှင်ဘွန်းနဲ့ ဖူဂျီသတင်းကွန်ရက်တို့က ကောက်ယူတဲ့စစ်တမ်းအရ တာကိုင်ချီအပေါ် လူထု ထောက်ခံမှုဟာ (၇၅.၂)ရာခိုင်နှုန်းရှိကြောင်း ပြသနေခြင်းက ဂျပန်နိုင်ငံရေးသမိုင်းမှာ အလွန် ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုလို့သတ်မှတ်နိုင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးတင်းမာလာခြင်းကိုစိုးရိမ်သူ (၅၀)ရာခိုင်နှုန်းကျော်ရှိပေမယ့် ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်ဟာ ဂျပန်နိုင်ငံ မိမိကိုယ်မိမိ ခုခံကာကွယ် ရေးအတွက် အထိုက်အလျောက်ဆီလျော်တယ်လို့ရှုမြင်သူ (၆၀) ရာခိုင်နှုန်းကျော်ရှိနေပါတယ်။
အခုလိုဖြစ်ရခြင်းဟာ တရုတ်ရဲ့ ဒေသတွင်း ဩဇာဖြန့်ကြက်မှုကို (၁၈)နှစ်အထက် ဂျပန် လူငယ် များ အကြား မနှစ်သက်နိုင်သူအင်အားအခိုင်အမာရှိနေ ကြောင်းပြသရာရောက်ပါတယ်။ မြောက်ကိုရီး ယားရဲ့ မကြာခဏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းနဲ့ ဂျပန်ရဲ့ မြောက်ပိုင်းနယ်မြေတွေကို သိမ်းယူထားတဲ့ ရုရှားက သတိပေးခြင်းတို့ကို ပေါင်းစပ်သတိပြုမိကြပုံရပါတယ်။ ဒီအတွက် ဝန်ကြီးချုပ် တာကိုင်ချီအပေါ် ထောက်ခံမှုတိုးမြင့်လာပြီး LDP ပါတီတစ်ခုလုံးအနေနဲ့ ထောက်ခံမှု (ဝ.၂)ရာခိုင်နှုန်းသာကျဆင်းသွား ခြင်းက ပါတီရဲ့စည်းရုံးမှုအရှိန်အဟုန်ဟာ ဆက်လက် တည်မြဲနေကြောင်းဖော်ပြနေပါတယ်။
အမေရိကန်သမ္မတထရမ့်က ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ကို “လေသံလျှော့ပါ အချိန်မရွေးဆက်သွယ်ပါ” လို့ မှတ်ချက်ပေးကြောင်း၊ ရှီကျင့်ဖျင်နဲ့ ဒေါ်နယ်ထရမ့်တို့ တယ်လီဖုန်း ဆက် သွယ်ပြောဆိုပြီးနောက် တာကိုင်ချီအနေနဲ့ “တရုတ်ကိုရန် မစရန်” ထရမ့်ကတိုက်တွန်းတယ်ဆိုတာ မဟုတ်မမှန်ကြောင်း ဂျပန်ဝန်ကြီးချုပ်ရုံးကငြင်းဆိုပါတယ်။ နှစ် လမ်းသွားသမား သမ္မတထရမ့်ဟာ တရုတ်-အမေရိ ကန်ကုန်သွယ်ရေးစစ်ပွဲကို ဦးစားပေးနေရခိုက် သူရဲ့ အရေးကြီးမဟာမိတ်ဖြစ်သူ ဂျပန်နဲ့ တရုတ်ကြား တင်း မာမှုတိုးမြင့်ပြီး ဒေသတွင်းမတည်မငြိမ်ဖြစ်မှာကို ရှောင်ရှားလိုပုံရပါတယ်။
တာကိုင်ချီရဲ့ တင်းမာတဲ့စစ်ရေးအမြင်ဟာ အနောက်အုပ်စုနဲ့မသင့်မြတ်တဲ့ မြောက်ကိုရီးယားလို တရုတ်မဟာမိတ်တိုင်းပြည်အတွက်က ခါးခါးသီးသီး ဖြစ်နိုင်ပါတယ်။ တောင်ကိုရီးယားနဲ့ တရုတ်တိုင် ပေအတွက်ကတော့ ဂျပန်ဟာ ကာကွယ်ရေးမိတ် ဖက်နဲ့ ကြားခံအင်အားဖြစ်နေပါတယ်။ ဝန်ကြီးချုပ် သစ် ဆာနေးတာကိုင်ချီဟာ ရန်လိုတဲ့သဘောထား တင်းမာသူ စစ်ဝါဒီတစ်ယောက်ဖြစ်ကြောင်း အချို့က အလွန်အမင်းရှုမြင်ကြပါတယ်။ ဂျပန်ရဲ့ မိမိကိုယ်မိမိ ကာကွယ်ရေးမူဝါဒနဲ့ပတ်သက်ပြီး တရုတ်တိုင်ပေအ ရေးကို ယခုအဆင့်လောက်ထိသုံးသပ်ခဲ့ဖူးသူ ဂျပန် ဝန်ကြီးချုပ်မရှိသလောက်ပါပဲ။ ဒီအတွက် တာကိုင်ချီ ဟာ အာရှအရှေ့ဖျားကို လက်နက်ပြိုင်ဆိုင်မှုဆီ တွန်း ပို့မယ့်သူလို့ရှုမြင်စရာရှိပါတယ်။ ဒါပေမဲ့ ဂျပန် ဖွဲ့ စည်းပုံ အပိုဒ် (၉)တည်ရှိနေသမျှ ဂျပန်ရဲ့စစ်အင်အား ချဲ့ထွင်ခြင်းကို အတားအဆီးဖြစ်နေပါလိမ့်မယ်။
အဲဒီအချိန် ယူကရိန်းစစ်ပွဲကိုတွေ့မြင်လိုက်ရတဲ့ ဂျပန်ပြည်သူလူထုဟာ မိမိကိုယ်မိမိကာကွယ် ရေးအယူအဆမှာ သဘောထားပြောင်းလဲလာပုံရပါ တယ်။ ခုခံကာကွယ်ရေးထက် စစ်ထိုးတိုက်ခိုက်ရေး အင်အား ပိုမိုခိုင်မာသင့်ကြောင်းယုံကြည်သူ ရာနှုန်းတစ်ခုရှိနေပါတယ်။ (၂၀၂၀) မှ (၂၀၂၅) ခုနှစ်အတွင်း နိုင်ငံရဲ့လုံခြုံရေးအန္တရာယ်ကို ပြောင်းလဲရှုမြင်သူ များပြားလာကြောင်း နှစ်အလိုက်ကောက်ယူတဲ့ စစ် တမ်း တွေကဖော်ပြနေပါတယ်။ စစ်လက်နက်ပြိုင်ဆိုင်တယ်ဆိုရာမှာ ဒေသတစ်ခုအတွင်းလို့ ကန့်သတ် ထားသည့်တိုင် မတော်တဆမှုများမှ ဘောင်ကျော်ပြီး အမှန်တကယ် စစ်ခင်းရတာမျိုးဖြစ်နိုင်တဲ့အတွက် အန္တရာယ်အလွန်များပါတယ်။ စစ်တို့ရဲ့သဘော လက်ဦးမှုရယူရန်လိုအပ်ခြင်းကြောင့် စိုးရိမ်စရာရှိနေပါတယ်။

Zawgyi Version:
ဂ်ပန္ဝန္ႀကီးခ်ဳပ္သစ္၏ မူဝါဒမ်ားေၾကာင့္ အာရွေရွ႕ဖ်ား စစ္မီးေတာက္ႏိုင္သလား
Htay Oung (NP News) - ဒီဇင္ဘာ ၈
ထိုင္ဝမ္ကို တ႐ုတ္က အင္အားသုံးတိုက္ခိုက္လာ မယ္ဆိုရင္ ဂ်ပန္ရဲ႕ ရွင္သန္တည္ရွိမႈကို ထိခိုက္လာႏိုင္ တဲ့အတြက္ လက္နက္ကိုင္စြက္ဖက္ရလိမ့္မယ္လို႔ (၂၀၂၅)ခုႏွစ္ ႏိုဝင္ဘာလ (၇)ရက္ ေအာက္လႊတ္ ေတာ္ ဘတ္ဂ်က္ေကာ္မတီမွာ ဝန္ႀကီးခ်ဳပ္ ဆာေနး တာကိုင္ခ်ီက ေျပာဆိုခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံသမိုင္းမွာ ပထမဆုံးအမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ျဖစ္သူရဲ႕ ယခင္အစဥ္ အလာမ်ားမွ ေသြဖည္တဲ့ ေျပာဆိုခ်က္ေတြဟာ အတိတ္ကာလ ဂ်ပန္အင္ပါယာစစ္တပ္ရဲ႕ က်ဴးေက်ာ္ ရက္စက္မႈကိုခံစားခဲ့ၾက ရဖူးတဲ့ အာရွႏိုင္ငံေတြအတြက္ လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားရပါတယ္။
အထူးသျဖင့္ (၁၈၉၄-၁၈၉၅)ခုႏွစ္ ခ်င္းမင္း ဆက္ေခတ္ တ႐ုတ္-ဂ်ပန္စစ္ပြဲ၊ (၁၉၃၁-၁၉၄၅) ခုႏွစ္ တ႐ုတ္(မန္ခ်ဴးရီးယား)ဂ်ပန္က်ဴးေက်ာ္မႈ- နန္ ကင္းအစုအပုံလိုက္လူသတ္ပြဲမ်ားအေၾကာင္း တ႐ုတ္ ျပည္သူမ်ား ေမ့ေလ်ာ့ မသြားေစရန္ စည္း႐ုံးသင္ၾကားေနဆဲ တ႐ုတ္ကြန္ျမဴနစ္ပါတီမွာ ယမ္းပုံမီးက် ျဖစ္ ရပါတယ္။
ဆာေနးတာကိုင္ခ်ီအစိုးရလက္ထက္ (၂၀၂၅)ခုႏွစ္ ဂ်ပန္ႏိုင္ငံဟာ ကာကြယ္ေရးအသုံးစရိတ္ကို (၈.၂၇)ရာခိုင္ႏႈန္းတိုးျမႇင့္ရန္ေၾကညာထားတယ္။ အသင့္ျပင္ဆင္ထားတဲ့ စစ္အင္အား-
ေခတ္မီစစ္လက္နက္တပ္ဆင္ေရး-ဒ႐ုန္း- AI နည္းပညာသုံးတာေဝးပစ္လက္နက္စနစ္မ်ားနဲ႔ မ်ိဳး ဆက္သစ္ကာကြယ္ေရးစြမ္းရည္ တည္ေဆာက္ဖို႔ႀကိဳး စားလာပါတယ္။ ဒီကိစၥဟာ ဒုတိယကမာၻစစ္ ဂ်ပန္ လူငယ္သန္းေပါင္းမ်ားစြာအပါအဝင္ န်ဴကလီးယားဗုံး ႏွစ္ႀကိမ္သင့္ျခင္းေၾကာင့္ အရပ္သားမ်ားပါ ထိခိုက္ ေသဆုံးခဲ့ရဖူးတဲ့ဂ်ပန္တို႔အတြက္ အသစ္အဆန္းတစ္ ခုလည္းျဖစ္ေနပါတယ္။ မိမိကိုယ္မိမိ ကာကြယ္ေရး အင္အားမွလြဲၿပီး စစ္အင္အားတည္ေဆာက္ျခင္းမျပဳရန္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အပိုဒ္(၉)ပါတားျမစ္ ခ်က္ကို LDC ပါတီအစိုးရကျပင္ဆင္လိုေၾကာင္း အရိပ္လကၡဏာျဖစ္ေနပါတယ္။
တာကိုင္ခ်ီရဲ႕ေျပာဆိုခ်က္ဟာ ေပက်င္း-တိုက်ိဳ ဆက္ဆံေရးကိုတင္းမာေစၿပီး ဂ်ပန္မွာ တ႐ုတ္ ခရီး သြားဦးေရက်ဆင္းျခင္းအပါအဝင္ စီးပြားေရးအက်ိဳး ဆက္မ်ားျဖစ္ေပၚလာခဲ့ပါတယ္။ တာကိုင္ခ်ီရဲ႕ ရပ္တည္ခ်က္ဟာ ဂ်ပန္ႏိုင္ငံကို စစ္ပြဲအတြင္း ဦးတည္သြားေစ ၿပီး ေဒသတြင္းတင္းမာမႈကို ဆိုး႐ြားေစတဲ့ အတြက္ မွတ္ခ်က္စကားကို ျပန္လည္႐ုပ္သိမ္းၿပီး ဝန္ခ်ေတာင္း ပန္ရန္နဲ႔ ရာထူးမွႏုတ္ထြက္ရန္၊ ဂ်ပန္ ႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေသာဖြဲ႕စည္းပုံဥပေဒကိုေလးစားရန္ စစ္အင္အားအ သုံးျပဳဖြယ္အလားအလာမ်ား ဆန႔္ က်င္ရန္ ကာကြယ္ေရးအသုံးစရိတ္ျမႇင့္တင္ျခင္းကိုကန႔္ကြက္ေၾကာင္း၊ ဝန္ႀကီးခ်ဳပ္တရားဝင္ေနအိမ္နဲ႔ တိုက်ိဳၿမိဳ႕အမ်ိဳးသား အေဆာက္အအုံေရွ႕မွာ ခ်ီတက္စု႐ုံးမႈမ်ားကို ဆက္တိုက္ျဖစ္ေပၚခဲ့ပါတယ္။
တာကိုင္ခ်ီရဲ႕စကားဟာ တ႐ုတ္ကို ေဒါသထြက္ေစ႐ုံမက ဂ်ပန္တို႔ရဲ႕ ႏွစ္(၅၀)ခန႔္ က်ဴးေက်ာ္ သိမ္းပိုက္ခံခဲ့ရဖူးတဲ့ ထိုင္ဝမ္ကြၽန္းမွလူငယ္မ်ားကလည္း စုေဝး ရႈတ္ခ်ခဲ့ၾကပါတယ္။ တ႐ုတ္-ဂ်ပန္ စစ္ပြဲ မွာ အေရးနိမ့္ခဲ့တဲ့ခ်င္မင္းဆက္က ကြၽန္းတစ္ခုလုံးကို တိုက်ိဳလက္တြင္းေပးအပ္ခဲ့ရတဲ့အတြက္ (၁၉၄၅) ခုႏွစ္အထိ ထိုင္ဝမ္ဟာ ဂ်ပန္ကိုလိုနီျဖစ္ခဲ့ဖူးပါတယ္။ တာကိုင္ခ်ီကေတာ့ ရာထူးမွႏုတ္ထြက္ရန္ ျငင္းဆို ထားၿပီး ဂ်ပန္ ျပည္သူလူထု သေဘာေပါက္ေအာင္ရွင္းျပမယ္လို႔ ဆိုေနပါတယ္။
တစ္ၿပိဳင္နက္တည္းမွာပဲ တ႐ုတ္တိုင္ေပအေရးနဲ႔ပတ္သက္ၿပီးဆက္စပ္တဲ့ကြၽန္းမ်ားမွာ တာလတ္ ပစ္ ဒုံးက်ည္မ်ားျဖန႔္ၾကက္ျခင္းမျပဳရန္ ဂ်ပန္အစိုးရကို ႐ုရွားကသတိေပးလိုက္တယ္လို႔ ဆင္ဟြာသတင္း ဌာနက ႏိုဝင္ဘာလ (၂၈)ရက္က ေရးပါတယ္။ အေမရိကန္ရဲ႕အုပ္ခ်ဳပ္မႈေအာက္ ဂ်ပန္ဟာ အထူးသျဖင့္ အိုကီနာဝါကြၽန္းကို စစ္စခန္းအျဖစ္ စနစ္တက်ေျပာင္းလဲတည္ေဆာက္လာပါတယ္။ ခံစစ္သာမဟုတ္ ေတာ့ဘဲ ထိုးစစ္လက္နက္မ်ားပါတပ္ဆင္ထားေၾကာင္း ေတြ႕ရွိရတယ္လို႔ ေမာ္စကိုကေျပာပါတယ္။ ႐ုရွား အေနနဲ႔ ခုလို စိုးရိမ္တႀကီးျဖစ္ရတာ ခိုင္လုံတဲ့ ေနာက္ခံသမိုင္းရွိပါတယ္။
(၁၉၀၅)ခုႏွစ္ မန္ခ်ဴးရီးယားနဲ႔ကိုရီးယားကို က်ဴးေက်ာ္လာတဲ့ ဂ်ပန္ ေမဂ်ီဘုရင္တပ္မ်ားနဲ႔ ႐ုရွား ဇာဘုရင္တပ္တို႔ စစ္ျဖစ္ၾကပါတယ္။ ပို႔အာသာစစ္ပြဲနဲ႔ ဆူရွီးမားေရေၾကာင္းစစ္ပြဲမွာ ဂ်ပန္တို႔အႏိုင္ရရွိၿပီး ဆာခါလင္ကြၽန္းေတာင္ပိုင္းကို ေပးအပ္ခဲ့ရပါတယ္။ ကိုရီးယားကြၽန္းဆြယ္နဲ႔ တ႐ုတ္(မန္ခ်ဴးရီးယား) တစ္ စိတ္တစ္ပိုင္းရွိ ဂ်ပန္အုပ္ခ်ဳပ္ေရးကိုလည္း အသိအ မွတ္ျပဳေပးခဲ့ရပါတယ္။ ဒါေပမဲ့ ဒုတိယကမာၻစစ္မွာ ဆိုဗီယက္တို႔က (ဂ်ပန္အေခၚ ေျမာက္ပိုင္းနယ္ေျမ) ကူ႐ိုင္းကြၽန္းစု(၄)ခုကိုသိမ္းယူခဲ့ပါတယ္။ လက္နက္ခ် လိုက္ရတဲ့ဂ်ပန္ဟာ ေဟာ့ကိုင္းဒိုးကြၽန္းကလွမ္းျမင္ ႏိုင္တဲ့ ကြၽန္းနယ္ေျမႀကီးတစ္ခြင္လုံး ဆိုဗီယက္တို႔ရဲ႕ သိမ္းယူျခင္းခံခဲ့ရပါတယ္။
(၁၉၅၁)ခုႏွစ္ ဆန္ဖရန္စစၥကို သေဘာတူစာခ်ဳပ္ အရ နယ္ေျမေပးအပ္ခဲ့ရေပမယ့္ ႐ုရွား-ဂ်ပန္ အၾကား စစ္ေျပၿငိမ္းေရးဆိုင္ရာသေဘာတူစာခ်ဳပ္ မရွိခဲ့ပါဘူး။ ကူ႐ိုင္းကြၽန္းစုမ်ားဟာ စစ္နဲ႔ မပတ္သက္ တဲ့အတြက္ ျပန္လည္ေပးအပ္ရန္ ဂ်ပန္က ေတာင္းဆိုေနဆဲျဖစ္ၿပီး ပစိဖိတ္သမုဒၵရာကို တစ္ႏွစ္ပတ္လုံး ဝင္ထြက္ႏိုင္တဲ့အျပင္ စီးပြားေရး-စစ္ေရးမဟာဗ်ဴဟာေျမာက္ နယ္ေျမႀကီးကို ရွရွားကျပန္မေပးပါဘူး၊ ဒါ့ျပင္ တ႐ုတ္တိုင္ ေပကြၽန္းေျမာက္ဘက္ ဆင္ကာကူကြၽန္းမ်ားမွာ ဂ်ပန္က တာလတ္ပစ္ ဒုံးက်ည္မ်ား ျဖန႔္ၾကက္လာမယ္ဆိုရင္ ဗလာဒီေဗာ့စေတာ့ ႐ုရွားရဲ႕အေရွ႕ပိုင္း ေရတပ္အေျခစိုက္စခန္းမွ အေရွ႕တ႐ုတ္ ပင္လယ္နဲ႔ မလကၠာေရလက္ၾကားသြားလမ္းေၾကာင္းကို ေကာင္းေကာင္းႀကီး ၿခိမ္းေျခာက္ႏိုင္ပါတယ္။
တ႐ုတ္-ဂ်ပန္ ဆက္ဆံေရးတင္းမာရျခင္းမွာ ယခုတာကိုင္ခ်ီဝန္ႀကီးခ်ဳပ္ျဖစ္မွမဟုတ္ဘဲ ယခင္က လည္း အႀကိမ္ႀကိမ္ျဖစ္ခဲ့ဖူးၿပီး အလြန္ဆိုး႐ြားတဲ့ အေျခအေနထိေရာက္ခဲ့ၾကဖူးတယ္။ ဂ်ပန္မွာ “နိပြန္ ကိုင္ဂ်ီ ကြန္ရက္”လို႔ေခၚတဲ့ အစြန္းေရာက္အမ်ိဳးသား ေရးအဖြဲ႕ရွိပါတယ္။
လူမ်ိဳးျခားဆန႔္က်င္ေရး- ဒုတိယကမာၻစစ္မတိုင္မီ ဂ်ပန္အင္ပါယာစစ္တပ္ ျပန္လည္ထူေထာင္ ေရးနဲ႔ လူမ်ိဳးေရးဝါဒီ လက္ယာအစြန္းေရာက္ အစိုးရမဟုတ္ တဲ့အစည္းအ႐ုံးျဖစ္ပါတယ္။ (၁၉၉၇)ခုႏွစ္မွ စတင္ထူေထာင္ၿပီး အသင္းဝင္(၄)ေသာင္းခန႔္ရွိရာမွာ လက္ ရွိအမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီနဲ႔ ရွင္ဇို အာေဘး အပါအဝင္ ဝန္ႀကီးခ်ဳပ္မ်ား၊ ဝန္ႀကီးမ်ားဟာ အဲဒီအ ဖြဲ႕ဝင္ သို႔မဟုတ္ အားေပးေထာက္ခံသူမ်ား ျဖစ္ၾကပါ တယ္။ ဂ်ပန္ႏိုင္ငံေရးေလာကမွာ အလြန္လႊမ္းမိုးၿပီး အထူးသျဖင့္ လစ္ဘရယ္ဒီမိုကရက္ တစ္ ပါတီ(LDP)အတြင္း ဩဇာႀကီးမားပါတယ္။ လက္ရွိ ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီ (၆၄-ႏွစ္)ဟာ LDP ပါတီ ဥကၠ႒ျဖစ္ေနပါတယ္။
ဂ်ပန္မွာ “ယာဆူကူနီေခၚ အာဇာနည္ဗိမာန္ရွိပါ တယ္။ ႐ုပ္ႂကြင္းမ်ားကိုျမႇဳပ္ႏွံထားျခင္းမဟုတ္ဘဲ စစ္ပြဲအတြင္း က်ဆုံးခဲ့သူေတြရဲ႕ဝိညာဥ္တည္ရွိေၾကာင္း ရွင္တိုဘာသာအယူအဆအရ အမည္မ်ားကို ကမၺည္းထိုး ေမာ္ကြန္းတင္ျခင္းျဖစ္ပါတယ္။ အဲဒီအထဲမွာ ဒုတိယကမာၻစစ္ကာလ ကိုရီးယား-မန္ခ်ဴးရီး ယား-တ႐ုတ္နဲ႔ ျမန္မာအပါအဝင္ အာရွတိုက္မွာ စစ္ရာဇ ဝတ္မႈက်ဴးလြန္သူမ်ားအျဖစ္ ကမာၻက သတ္ မွတ္ထားျခင္းခံရသူ (၁၄)ဦးလည္းပါဝင္ေနတယ္။ (၁၉၇၈)ခုႏွစ္မွာ လွ်ိဳ႕ဝွက္စြာထည့္သြင္းခဲ့ျခင္းျဖစ္ၿပီး မီဒီယာ မ်ားဖြင့္ခ်မွ ကမာၻကသိရွိခဲ့ၾကပါတယ္။
ဒုတိယကမာၻစစ္ေနာက္ပိုင္း ယခုထိ ဂ်ပန္ဝန္ ႀကီးခ်ဳပ္ (၃၅)ဦးရွိလာေပမယ့္ အတိတ္ကာလ တ ႐ုတ္-ကိုရီးယားနဲ႔ အာရွတိုက္မွာ ဂ်ပန္စစ္တပ္ရဲ႕က်ဴး လြန္မႈမ်ားအတြက္ တရားဝင္ေတာင္းပန္ခဲ့သူ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ (၃)ဦးခန႔္သာရွိပါတယ္။ အေတာ္မ်ားမ်ား ဟာ မေတာင္းပန္႐ုံမက ယခင္ျဖစ္ရပ္မ်ားဘက္မွ ကာကြယ္ေထာက္ခံမႈမ်ားျပဳလုပ္ခဲ့ပါတယ္။ အထူးသျဖင့္ ယာဆူကူနီဗိမာန္ကိုသြားေရာက္အေလးျပဳသူ ဂ်ပန္ဝန္ႀကီးခ်ဳပ္ (၆)ဦးခန႔္ရွိပါတယ္။ (၁၉၈၃)ခုႏွစ္ ဝန္ႀကီးခ်ဳပ္ “နာကာဆိုနဲ”၊ (၂၀ဝ၁-၂၀ဝ၆)ခုႏွစ္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ “ကိုအိဇုမိ” လက္ထက္မွာ (၆)ႀကိမ္ တိုင္တိုင္သြားေရာက္ခဲ့တဲ့အတြက္ ေတာင္ကိုရီး ယား-တ႐ုတ္တို႔မွာ ျပင္းထန္စြာကန႔္ကြက္ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ဖူးတယ္။

စစ္အင္အားတည္ေဆာက္မႈ-
စစ္ေရးျဖင့္အေျဖရွာျခင္းကိုစြန႔္လႊတ္တဲ့ စစ္ၿပီး ေခတ္ဖြဲ႕စည္းပုံအေျခခံဥပေဒ အပိုဒ္(၉)ကို ျပင္ ဆင္ရန္ ဂ်ပန္အစိုးရတို႔က ႀကိဳးစားတိုင္း အတိတ္ကာလ အေတြ႕အႀကဳံမ်ားအရ ေတာင္ကိုရီးယား-တ႐ုတ္တို႔ မွာ စိတ္မသက္မသာျဖစ္ေလ့ရွိတယ္။ ဂ်ပန္ရဲ႕ ကာကြယ္ေရးအသုံးစရိတ္တိုးျမင့္လာျခင္းနဲ႔ စစ္ အင္အားျပန္လည္ျပင္ဆင္ျခင္းကို ေစာင့္ၾကည့္စိုးရိမ္ေနပါတယ္။
အာရွအေရွ႕ဖ်ား ဆက္ဆံေရးတင္းမာရျခင္းအေၾကာင္းရင္းမ်ားမွာ
(၁)စစ္မက္ကာလ အတိတ္သမိုင္းအရျဖစ္ တယ္လို႔ဆိုရပါလိမ့္မယ္။ ဒုတိယ ကမာၻစစ္မတိုင္မီနဲ႔ ကမာၻစစ္ကာလ ဂ်ပန္စစ္တပ္ဟာ ကိုရီးယား-ဂ်ပန္နဲ႔ အေရွ႕ေတာင္အာရွမွာ ရက္စက္ၾကမ္းၾကဳတ္မႈမ်ား ကိုက်ဴလြန္မိခဲ့ပါတယ္။ တ႐ုတ္ နန္ကင္းၿမိဳ႕ အစုအပုံလိုက္လူသတ္ပြဲ၊ သိမ္းပိုက္ခံ ကိုရီးယား ကြၽန္း ဆြယ္ မွ မိန္းမပ်ိဳေလးမ်ားကို ဂ်ပန္စစ္တပ္အတြင္း ဇိမ္မယ္အျဖစ္ အတင္းအၾကပ္ခိုင္းေစျခင္း၊ ျမန္မာ အပါ အဝင္ အာရွႏိုင္ငံမ်ားမွာ အႏိုင္အထက္ ညႇဥ္းပန္းႏွိပ္စက္တဲ့အျပဳအမူမ်ိဳးတို႔ျဖစ္ပါတယ္။ ဒီအေၾကာင္းကို အာရွႏိုင္ငံမ်ားရဲ႕စာသင္ေက်ာင္း-သမိုင္း ဖတ္စာမ်ားမွာ အတိအလင္းသင္ၾကားေဖာ္ျပေနၾကေပမယ့္ ဂ်ပန္စာသင္ေက်ာင္းေတြမွာေတာ့ ဆင္ေဝွ႔ ရန္ေရွာင္ေရးသားထားတယ္လို႔ေဝဖန္မႈမ်ားရွိေနပါတယ္။
(၂) ဒီကိစၥဟာ စီးပြားေရးအရွိန္အဟုန္ခ်င္း ၿပိဳင္ဆိုင္စရာမလိုတဲ့ က်န္အာရွႏိုင္ငံေတြအတြက္ ဘာ မွ ေရးႀကီးခြင္က်ယ္ကိစၥမဟုတ္ပါ။ ဒါေပမဲ့ အာရွ ေဒသစီးပြားေရးနဲ႔ ႏိုင္ငံေရးဩဇာလႊမ္းမိုးမႈမွာ ယွဥ္ ၿပိဳင္ ေနတဲ့ တ႐ုတ္နဲ႔ဂ်ပန္အတြက္ ျပႆနာရွိပါတယ္။ တ႐ုတ္ရဲ႕ အခ်ိန္တိုအတြင္းစီးပြားေရး ႀကီးထြားလာမႈ ဟာ ေဒသတြင္းရွိရင္းစြဲ ဂ်ပန္ရဲ႕ဦးေဆာင္ေနရာကို စိန္ေခၚေနပါတယ္။
(၃)တ႐ုတ္နဲ႔ဂ်ပန္ၾကားမွာ ဆင္ကာကူ ေခၚ ဒိုင္ေအ ယူကြၽန္းပိုင္ဆိုင္မႈအတြက္ အျငင္းပြားေနၾက ပါတယ္။ တ႐ုတ္တိုင္ေပေျမာက္ဘက္မွာတည္ရွိတဲ့ အဲဒီကြၽန္း ဟာ ဂ်ပန္အိုကီနာဝါကြၽန္းေတြနဲ႔ သိပ္ မေဝးတဲ့အတြက္ စစ္ေရးတင္းမာမႈေတြနဲ႔ တကယ့္မီးခဲလို႔ ဆိုရပါလိမ့္မယ္။ တ႐ုတ္ေရတပ္ စစ္သေဘၤာ မ်ား မၾကာခဏ အင္အားျပရာ ေရျပင္ျဖစ္ေနပါတယ္။
(၄) အေမရိကန္ရဲ႕မဟာမိတ္ျဖစ္တဲ့ ဂ်ပန္ဟာ တ႐ုတ္ နယ္ေျမက်ဴးေက်ာ္တိုးခ်ဲ႕ေနတယ္လို႔ ရႈျမင္တဲ့ အင္ဒို-ပစိဖိတ္ေဒသ ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာ မွာအေရးပါတဲ့ ဇာတ္ေကာင္တစ္ဦးျဖစ္ပါ တယ္။ တ႐ုတ္တိုင္ေပကိစၥ စစ္ေရးနဲ႔ေဆာင္႐ြက္ရန္ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီရဲ႕ေျပာဆိုခ်က္နဲ႔ ပတ္ သက္ၿပီး တ႐ုတ္နဲ႔ထိပ္တိုက္ေတြ႕မႈ ျပင္းထန္လာေၾကာင္း၊ ဒုတိယကမာၻစစ္အတြင္း ဂ်ပန္တို႔က်ဴးလြန္ ခဲ့တဲ့ စစ္ရာဇဝတ္မႈမ်ားကိုေဖာ္ျပၿပီး ႏိုင္ငံတကာဥပေဒနဲ႔ သံမန္စံႏႈန္းမ်ားကိုခ်ိဳးေဖာက္ရာေရာက္ရွိတဲ့ အတြက္ တ႐ုတ္အေနနဲ႔ ခုခံကာကြယ္ရန္ သႏၷိ႒ာန္ခ်မွတ္ထားေၾကာင္း တ႐ုတ္ေခါင္းေဆာင္ရွီက်င့္ဖ်င္ က ကုလ သမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ထံ စာေရးသား ေပးပို႔လိုက္တယ္လို႔ “႐ိုက္တာ” (22 November 2025)ကေဖာ္ျပပါတယ္။
အဲဒီလိုအေျခအေနမ်ားရႈပ္ေထြးေနစဥ္ ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီအေပၚ ဂ်ပန္ျပည္သူလူထုရဲ႕ ေထာက္ခံမႈပိုမိုလာေၾကာင္း သတင္းထြက္ေပၚလာျခင္းက အာရွအေရွ႕ဖ်ားတင္းမာမႈကို ပိုမိုေလးနက္ေစ ပါတယ္။ ဆန္ကိုင္းရွင္ဘြန္းနဲ႔ ဖူဂ်ီသတင္းကြန္ရက္တို႔က ေကာက္ယူတဲ့စစ္တမ္းအရ တာကိုင္ခ်ီအေပၚ လူထု ေထာက္ခံမႈဟာ (၇၅.၂)ရာခိုင္ႏႈန္းရွိေၾကာင္း ျပသေနျခင္းက ဂ်ပန္ႏိုင္ငံေရးသမိုင္းမွာ အလြန္ ထူးျခားတဲ့ ျဖစ္စဥ္တစ္ခုလို႔သတ္မွတ္ႏိုင္ပါတယ္။ တ႐ုတ္နဲ႔ ဆက္ဆံေရးတင္းမာလာျခင္းကိုစိုးရိမ္သူ (၅၀)ရာခိုင္ႏႈန္းေက်ာ္ရွိေပမယ့္ ဝန္ႀကီးခ်ဳပ္ရဲ႕ေျပာဆိုခ်က္ဟာ ဂ်ပန္ႏိုင္ငံ မိမိကိုယ္မိမိ ခုခံကာကြယ္ ေရးအတြက္ အထိုက္အေလ်ာက္ဆီေလ်ာ္တယ္လို႔ရႈျမင္သူ (၆၀) ရာခိုင္ႏႈန္းေက်ာ္ရွိေနပါတယ္။
အခုလိုျဖစ္ရျခင္းဟာ တ႐ုတ္ရဲ႕ ေဒသတြင္း ဩဇာျဖန႔္ၾကက္မႈကို (၁၈)ႏွစ္အထက္ ဂ်ပန္ လူငယ္ မ်ား အၾကား မႏွစ္သက္ႏိုင္သူအင္အားအခိုင္အမာရွိေန ေၾကာင္းျပသရာေရာက္ပါတယ္။ ေျမာက္ကိုရီး ယားရဲ႕ မၾကာခဏ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္ျခင္းနဲ႔ ဂ်ပန္ရဲ႕ ေျမာက္ပိုင္းနယ္ေျမေတြကို သိမ္းယူထားတဲ့ ႐ုရွားက သတိေပးျခင္းတို႔ကို ေပါင္းစပ္သတိျပဳမိၾကပုံရပါတယ္။ ဒီအတြက္ ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီအေပၚ ေထာက္ခံမႈတိုးျမင့္လာၿပီး LDP ပါတီတစ္ခုလုံးအေနနဲ႔ ေထာက္ခံမႈ (ဝ.၂)ရာခိုင္ႏႈန္းသာက်ဆင္းသြား ျခင္းက ပါတီရဲ႕စည္း႐ုံးမႈအရွိန္အဟုန္ဟာ ဆက္လက္ တည္ၿမဲေနေၾကာင္းေဖာ္ျပေနပါတယ္။
အေမရိကန္သမၼတထရမ့္က ထိုင္ဝမ္အေရးနဲ႔ ပတ္သက္ၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္ကို “ေလသံေလွ်ာ့ပါ အခ်ိန္မေ႐ြးဆက္သြယ္ပါ” လို႔ မွတ္ခ်က္ေပးေၾကာင္း၊ ရွီက်င့္ဖ်င္နဲ႔ ေဒၚနယ္ထရမ့္တို႔ တယ္လီဖုန္း ဆက္ သြယ္ေျပာဆိုၿပီးေနာက္ တာကိုင္ခ်ီအေနနဲ႔ “တ႐ုတ္ကိုရန္ မစရန္” ထရမ့္ကတိုက္တြန္းတယ္ဆိုတာ မဟုတ္မမွန္ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္႐ုံးကျငင္းဆိုပါတယ္။ ႏွစ္ လမ္းသြားသမား သမၼတထရမ့္ဟာ တ႐ုတ္-အေမရိ ကန္ကုန္သြယ္ေရးစစ္ပြဲကို ဦးစားေပးေနရခိုက္ သူရဲ႕ အေရးႀကီးမဟာမိတ္ျဖစ္သူ ဂ်ပန္နဲ႔ တ႐ုတ္ၾကား တင္း မာမႈတိုးျမင့္ၿပီး ေဒသတြင္းမတည္မၿငိမ္ျဖစ္မွာကို ေရွာင္ရွားလိုပုံရပါတယ္။
တာကိုင္ခ်ီရဲ႕ တင္းမာတဲ့စစ္ေရးအျမင္ဟာ အေနာက္အုပ္စုနဲ႔မသင့္ျမတ္တဲ့ ေျမာက္ကိုရီးယားလို တ႐ုတ္မဟာမိတ္တိုင္းျပည္အတြက္က ခါးခါးသီးသီး ျဖစ္ႏိုင္ပါတယ္။ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္တိုင္ ေပအတြက္ကေတာ့ ဂ်ပန္ဟာ ကာကြယ္ေရးမိတ္ ဖက္နဲ႔ ၾကားခံအင္အားျဖစ္ေနပါတယ္။ ဝန္ႀကီးခ်ဳပ္ သစ္ ဆာေနးတာကိုင္ခ်ီဟာ ရန္လိုတဲ့သေဘာထား တင္းမာသူ စစ္ဝါဒီတစ္ေယာက္ျဖစ္ေၾကာင္း အခ်ိဳ႕က အလြန္အမင္းရႈျမင္ၾကပါတယ္။ ဂ်ပန္ရဲ႕ မိမိကိုယ္မိမိ ကာကြယ္ေရးမူဝါဒနဲ႔ပတ္သက္ၿပီး တ႐ုတ္တိုင္ေပအ ေရးကို ယခုအဆင့္ေလာက္ထိသုံးသပ္ခဲ့ဖူးသူ ဂ်ပန္ ဝန္ႀကီးခ်ဳပ္မရွိသေလာက္ပါပဲ။ ဒီအတြက္ တာကိုင္ခ်ီ ဟာ အာရွအေရွ႕ဖ်ားကို လက္နက္ၿပိဳင္ဆိုင္မႈဆီ တြန္း ပို႔မယ့္သူလို႔ရႈျမင္စရာရွိပါတယ္။ ဒါေပမဲ့ ဂ်ပန္ ဖြဲ႕ စည္းပုံ အပိုဒ္ (၉)တည္ရွိေနသမွ် ဂ်ပန္ရဲ႕စစ္အင္အား ခ်ဲ႕ထြင္ျခင္းကို အတားအဆီးျဖစ္ေနပါလိမ့္မယ္။
အဲဒီအခ်ိန္ ယူကရိန္းစစ္ပြဲကိုေတြ႕ျမင္လိုက္ရတဲ့ ဂ်ပန္ျပည္သူလူထုဟာ မိမိကိုယ္မိမိကာကြယ္ ေရးအယူအဆမွာ သေဘာထားေျပာင္းလဲလာပုံရပါ တယ္။ ခုခံကာကြယ္ေရးထက္ စစ္ထိုးတိုက္ခိုက္ေရး အင္အား ပိုမိုခိုင္မာသင့္ေၾကာင္းယုံၾကည္သူ ရာႏႈန္းတစ္ခုရွိေနပါတယ္။ (၂၀၂၀) မွ (၂၀၂၅) ခုႏွစ္အတြင္း ႏိုင္ငံရဲ႕လုံၿခဳံေရးအႏၲရာယ္ကို ေျပာင္းလဲရႈျမင္သူ မ်ားျပားလာေၾကာင္း ႏွစ္အလိုက္ေကာက္ယူတဲ့ စစ္ တမ္း ေတြကေဖာ္ျပေနပါတယ္။ စစ္လက္နက္ၿပိဳင္ဆိုင္တယ္ဆိုရာမွာ ေဒသတစ္ခုအတြင္းလို႔ ကန႔္သတ္ ထားသည့္တိုင္ မေတာ္တဆမႈမ်ားမွ ေဘာင္ေက်ာ္ၿပီး အမွန္တကယ္ စစ္ခင္းရတာမ်ိဳးျဖစ္ႏိုင္တဲ့အတြက္ အႏၲရာယ္အလြန္မ်ားပါတယ္။ စစ္တို႔ရဲ႕သေဘာ လက္ဦးမႈရယူရန္လိုအပ္ျခင္းေၾကာင့္ စိုးရိမ္စရာရွိေနပါတယ္။

Related news

© 2021. All rights reserved.