မြန်မာ့စားသောက်ကုန်ကို ဂျပန် ကိုရီးယား အများဆုံးတင်ပို့နေ

358

ပြည့်ဖြိုး(NP News) ဒီဇင်ဘာ ၈
မြန်မာနိုင်ငံမှထုတ်လုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် များသည် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ အများဆုံးတင်ပို့နေရကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှသိရသည်။
" မြန်မာနိုင်ငံကထုတ်လုပ်တဲ့ တန်ဖိုးမြှင့်စားသောက်ကုန် တွေ ကို ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနဲ့ အာဆီယံဈေးကွက်တွေကို အများဆုံး တင်ပို့ရောင်းချနေတယ်"ဟု မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့်စားသောက်ကုန်များအတွင်း ဂျုံခေါက်ဆွဲကို အာဆီယံနိုင်ငံများသို့ တင်ပို့ရောင်းချနေရပြီး၊ ဟင်းသီး ဟင်းရွက်ခြောက်၊ နှမ်းလှော်မှုန့်၊ ပျားရည် စသည့် စားသောက်ကုန် များကို ဂျပန်နိုင်ငံနှင့်ကိုရီးယားနိုင်ငံဈေးကွက် များသို့ တင်ပို့နေကြောင်း သိရသည်။
" ထုတ်လုပ်မှု ကုန်ကျစရိတ် တွေ ကို လျှော့ချနိုင်ရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်စွမ်းအား ပိုမိုရရှိလာနိုင်သလို စိန်ခေါ်မှု တွေကို ရင်ဆိုင်နိုင်မယ့် အခွင့်အလမ်း တွေ ရရှိလာမှာဖြစ်သလို ၊ ပြည်ပကိုလည်း ပို့ကုန် တွေ ပိုမိုတင်ပို့လာနိုင်မှာ ဖြစ်ပါတယ် "ဟု မြန်မာ နိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌ က ပြောသည်။
စားသောက်ကုန်ထုတ်လုပ်ငန်း များ၏ ထုပ်ပိုးမှု ကောင်းလာသော်လည်း ထုပ်ပိုးမှုပစ္စည်းများသည် ပြည်ပမှ တင်သွင်းရသည့် အခက်အခဲတစ်ချို့ ရှိနေကြောင်း သိရသည်။
ထို့အပြင် သရက်သီး၊ ဒူးရင်းသီး၊ ကော်ဖီ၊ ထောပတ်သီး စသည့် အသီးများမှ ထုတ်လုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် များအား ဘယ်လာရုစ်အပါအဝင် ပြည်ပနိုင်ငံဈေးကွက်တစ်ချို့သို့ ချိတ်ဆက် တင်ပို့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။

Zawgyi Version:
ျမန္မာ့စားေသာက္ကုန္ ဂ်ပန္ ကိုရီးယား အမ်ားဆုံးတင္ပို႔ေန
ျပည့္ၿဖိဳး(NP News) ဒီဇင္ဘာ ၈
ျမန္မာႏိုင္ငံမွထုတ္လုပ္သည့္ တန္ဖိုးျမႇင့္စားေသာက္ကုန္ မ်ားသည္ ဂ်ပန္ႏိုင္ငံႏွင့္ ကိုရီးယားႏိုင္ငံမ်ားသို႔ အမ်ားဆုံးတင္ပို႔ေနရေၾကာင္း ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွသိရသည္။
" ျမန္မာႏိုင္ငံကထုတ္လုပ္တဲ့ တန္ဖိုးျမႇင့္စားေသာက္ကုန္ ေတြ ကို ဂ်ပန္ႏိုင္ငံ၊ ကိုရီးယားႏိုင္ငံနဲ႔ အာဆီယံေဈးကြက္ေတြကို အမ်ားဆုံး တင္ပို႔ေရာင္းခ်ေနတယ္"ဟု ျမန္မာႏိုင္ငံ စားေသာက္ကုန္ ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ား အသင္းကဆိုသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံမွ ထုတ္လုပ္သည့္စားေသာက္ကုန္မ်ားအတြင္း ဂ်ဳံေခါက္ဆြဲကို အာဆီယံႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ေနရၿပီး၊ ဟင္းသီး ဟင္း႐ြက္ေျခာက္၊ ႏွမ္းေလွာ္မႈန႔္၊ ပ်ားရည္ စသည့္ စားေသာက္ကုန္ မ်ားကို ဂ်ပန္ႏိုင္ငံႏွင့္ကိုရီးယားႏိုင္ငံေဈးကြက္ မ်ားသို႔ တင္ပို႔ေနေၾကာင္း သိရသည္။
" ထုတ္လုပ္မႈ ကုန္က်စရိတ္ ေတြ ကို ေလွ်ာ့ခ်ႏိုင္ရင္ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ယွဥ္ၿပိဳင္စြမ္းအား ပိုမိုရရွိလာႏိုင္သလို စိန္ေခၚမႈ ေတြကို ရင္ဆိုင္ႏိုင္မယ့္ အခြင့္အလမ္း ေတြ ရရွိလာမွာျဖစ္သလို ၊ ျပည္ပကိုလည္း ပို႔ကုန္ ေတြ ပိုမိုတင္ပို႔လာႏိုင္မွာ ျဖစ္ပါတယ္ "ဟု ျမန္မာ ႏိုင္ငံ စားေသာက္ကုန္ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း၊ ဥကၠ႒ က ေျပာသည္။
စားေသာက္ကုန္ထုတ္လုပ္ငန္း မ်ား၏ ထုပ္ပိုးမႈ ေကာင္းလာေသာ္လည္း ထုပ္ပိုးမႈပစၥည္းမ်ားသည္ ျပည္ပမွ တင္သြင္းရသည့္ အခက္အခဲတစ္ခ်ိဳ႕ ရွိေနေၾကာင္း သိရသည္။
ထို႔အျပင္ သရက္သီး၊ ဒူးရင္းသီး၊ ေကာ္ဖီ၊ ေထာပတ္သီး စသည့္ အသီးမ်ားမွ ထုတ္လုပ္သည့္ တန္ဖိုးျမႇင့္စားေသာက္ကုန္ မ်ားအား ဘယ္လာ႐ုစ္အပါအဝင္ ျပည္ပႏိုင္ငံေဈးကြက္တစ္ခ်ိဳ႕သို႔ ခ်ိတ္ဆက္ တင္ပို႔ႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္းသိရသည္။