KIA ၏ တပ်မဟာမှူး အဆင့်ရှိသူ ဦးဆောင်ကာ လုံးခင်းကျေးရွာရှိ ခရစ်ယာန်သင်္ချိုင်းကို မြေလှန်ကျောက်တူးနေ

3488

သန့်ဇင်(NP News)-ဒီဇင်ဘာ ၈
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာတွင် KIA တပ်မဟာ (၉) ၏ တပ်မဟာမှူး ဆိုသူဦးဆောင်ကာ ခရစ်ယာန်သင်္ချိုင်းကို မြေလှန်ကာ ကျောက်တူးနေသည့်အပြင် ကျန်မြေများကိုလည်း မြေကွက်ရိုက်ရောင်းစားနေ ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေး မြန်းထားသည့် အချက်အလက်များအရ သိရသည်။
လုံးခင်းကျေးရွာရှိ ခရစ်ယာန်သင်္ချိုင်းမြေကို KIA တို့ဦးဆောင်ကျောက်တူးဖော်ခြင်းကို ပြီးခဲ့သည့် စက်တင်ဘာ လက စတင်တင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ညအချိန်တွင်သာ ကျောက်တူးဖော်ခြင်းများကို လူမသိသူမသိလုပ်ကိုင်ကြ ကြောင်း သိရသည်။ ‘တူးနေတဲ့အဖွဲ့က KIA ကဦးဆောင်ပြီးတူးတာ။ KIA က တပ်မဟာ (၉)မှူးဦးဆောင်တဲ့ အဖွဲ့နဲ့ပေါင်း ပြီးတူး နေကြတာ’ဟု ဒေသခံအမျိုးသားတစ်ဦးက ပြော သည်။
ဒေသခံတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ဓာတ်ပုံနှင့် ဗီဒီယိုတင်ကာ အဆိုပါဖြစ်စဉ်ကို ဖွင့်ချရေးသားထား သော်လည်း မည့်သည့်အဖွဲ့အစည်းက လုပ်ကြောင်း ကို စုံစမ်းစေလိုကြောင်း KBC (ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်) ကို တိုက်တွန်းထားသည်။
‘သင်္ချိုင်းကမြေတွေကိုတူးပြီး ထွက်လာတဲ့မြေတွေကို ရွှေကျင် ကျောက်ရှာကြပါတယ်။ ကျန်တဲ့မြေနေရာကို အကွက်ရိုက်ပြီး လူနေအိမ်ခြံဝင်း လုပ်နေကြတာပါ။ အဆိုပါမြေကွက်တွေဟာ သိန်း ထောင်ပေါင်းများစွာတန်ပါတယ်။ ခရစ်ယာန်သင်္ချိုင်းကိုလုပ်တာဆိုတော့ လုံးခင်းအသင်းတော်တွေလည်း အလိုတူအလိုပါမလို့ ထိုင်ကြည့်နေတာလား ဝေစုရ ထားလို့လား KBC ကစုံစမ်းသင့်ပါတယ်’ ဟု ထည့် သွင်း ရေးသားထားသည်။
ယခုတူးဖော်လုပ်ကိုင်နေသော မြေနေရာ မှာကျန်ရှိသည့် မြေကွက်များကိုလည်း KIA ကပင် ဦးဆောင်ကာ မြေကွက်ရိုက်ရောင်းစားခြင်းများ လုပ်ကိုင်နေပြီး မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း (၂၀ဝဝ)မှ ကျပ်သိန်း (၃၀ဝဝ)အထိ ပေါက် ဈေးရှိကြောင်း အခြားသောဒေသခံက ဆိုသည်။
‘KIA ကပဲကျောက်တူးတဲ့လုပ်ငန်းတွေဦးစီးပြီးလုပ်နေတာလေ။ KIA နဲ့ လုပ်ငန်းရှင်တွေ ပေါင်း ပြီးလုပ်နေတာ ပေါ့။ သင်္ချိုင်းမြေလည်း မရှောင်ဘူး။ လုံးခင်းဆေးရုံလည်း အဲဒီလိုပဲ ကျောက်တူးပစ်ပြီ။ မြေကွက်လည်းရိုက်ပြီး ရောင်း စားနေတာ။ သိန်း (၂၀ဝဝ)၊ သိန်း (၃၀ဝဝ)ပေါက်တယ်။ အဲဒါကတော့ ပေ(၄၀ထ၆၀) မြေကွက်တွေပေါ့}ဟု အခြားသော ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေတွင် တပ်မတော်က ဖားကန့်မြို့ပေါ် လုံးခင်းကျေးရွာအုပ်စုနှင့် မှော်စီစာ၊ ကံဆီး၊ မှော်ပုံ၊ ဆန်ခါ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ ဗလခ၊ တောင်ပြိုနှင့် မှော်မောင်းလျှံ စသောနေရာ (၉)ခုထက်မနည်းကို ထိန်းချုပ် ထားကြောင်း သိရသည်။
သို့သော် KIA အနေဖြင့် ဖားကန့်ဒေသ တွင်းသို့ဝင်ရောက်နေရာယူထားပြီး သာသနာ့နယ်မြ၊ သင်္ချိုင်းမြေ၊ ဆေးရုံ၊ ဘောလုံးကွင်းနှင့် လူနေရပ်ကွက် များပါမချန် ကျောက်တူးဖော်ခြင်းကို လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။
‘တာမခန်ဘုန်းကြီးကျောင်းလည်းကုန်ပြီ။ သာသနာ့နယ်မြေတွေပါမရှောင်ဘူး၊ သင်္ချိုင်းမြေ လည်းမရှောင်ဘူး၊ လူနေရပ်ကွက်တွေလည်း မရှောင်ဘူး၊ ဖားကန့်မှာက KIA ကတပ်မဟာ (၉)၊ တပ်ရင်း (၆)ပေါ့။ တပ်ရင်း (၆) ဆိုပေမယ့် အများကြီးပေါ့ဗျာ။ အဓိကကတော့ တပ်မဟာ(၉)၊ တပ်ရင်း (၆) က အဲဒီမှာ။ ဒါပေမဲ့ ဖားကန့်တစ်နယ်လုံးကို ဖြန့်ကြက် ထားတာကိုး။ တပ်ကတော့ ဖားကန့်မြို့ပတ်ချာလည်နဲ့ လုံး ခင်းနားမှာထိုင်တယ်။ လုံးခင်းမှာလည်း တပ်ရှိတယ်’ဟု ၎င်း ကပြောသည်။

Zawgyi Version:
KIA ၏ တပ္မဟာမႉး အဆင့္ရွိသူ ဦးေဆာင္ကာ လုံးခင္းေက်း႐ြာရွိ ခရစ္ယာန္သခ်ႋဳင္းကို ေျမလွန္ေက်ာက္တူးေန
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၈
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ လုံးခင္း ေက်း႐ြာတြင္ KIA တပ္မဟာ (၉) ၏ တပ္မဟာမႉး ဆိုသူဦးေဆာင္ကာ ခရစ္ယာန္သခ်ႋဳင္းကို ေျမလွန္ကာ ေက်ာက္တူးေနသည့္အျပင္ က်န္ေျမမ်ားကိုလည္း ေျမကြက္႐ိုက္ေရာင္းစားေန ေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမး ျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
လုံးခင္းေက်း႐ြာရွိ ခရစ္ယာန္သခ်ႋဳင္းေျမကို KIA တို႔ဦးေဆာင္ေက်ာက္တူးေဖာ္ျခင္းကို ၿပီးခဲ့သည့္ စက္တင္ဘာ လက စတင္တင္လုပ္ကိုင္ခဲ့ျခင္းျဖစ္ၿပီး ညအခ်ိန္တြင္သာ ေက်ာက္တူးေဖာ္ျခင္းမ်ားကို လူမသိသူမသိလုပ္ကိုင္ၾက ေၾကာင္း သိရသည္။ ‘တူးေနတဲ့အဖြဲ႕က KIA ကဦးေဆာင္ၿပီးတူးတာ။ KIA က တပ္မဟာ (၉)မႉးဦးေဆာင္တဲ့ အဖြဲ႕နဲ႔ေပါင္း ၿပီးတူး ေနၾကတာ’ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာ သည္။
ေဒသခံတစ္ဦးကလည္း ၎၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ဓာတ္ပုံႏွင့္ ဗီဒီယိုတင္ကာ အဆိုပါျဖစ္စဥ္ကို ဖြင့္ခ်ေရးသားထား ေသာ္လည္း မည့္သည့္အဖြဲ႕အစည္းက လုပ္ေၾကာင္း ကို စုံစမ္းေစလိုေၾကာင္း KBC (ကခ်င္ႏွစ္ျခင္းခရစ္ ယာန္အဖြဲ႕ခ်ဳပ္) ကို တိုက္တြန္းထားသည္။
‘သခ်ႋဳင္းကေျမေတြကိုတူးၿပီး ထြက္လာတဲ့ေျမေတြကို ေ႐ႊက်င္ ေက်ာက္ရွာၾကပါတယ္။ က်န္တဲ့ေျမေနရာကို အကြက္႐ိုက္ၿပီး လူေနအိမ္ၿခံဝင္း လုပ္ေနၾကတာပါ။ အဆိုပါေျမကြက္ေတြဟာ သိန္း ေထာင္ေပါင္းမ်ားစြာတန္ပါတယ္။ ခရစ္ယာန္သခ်ႋဳင္းကိုလုပ္တာဆိုေတာ့ လုံးခင္းအသင္းေတာ္ေတြလည္း အလိုတူအလိုပါမလို႔ ထိုင္ၾကည့္ေနတာလား ေဝစုရ ထားလို႔လား KBC ကစုံစမ္းသင့္ပါတယ္’ ဟု ထည့္ သြင္း ေရးသားထားသည္။
ယခုတူးေဖာ္လုပ္ကိုင္ေနေသာ ေျမေနရာ မွာက်န္ရွိသည့္ ေျမကြက္မ်ားကိုလည္း KIA ကပင္ ဦးေဆာင္ကာ ေျမကြက္႐ိုက္ေရာင္းစားျခင္းမ်ား လုပ္ကိုင္ေနၿပီး ေျမကြက္တစ္ကြက္လွ်င္ က်ပ္သိန္း (၂၀ဝဝ)မွ က်ပ္သိန္း (၃၀ဝဝ)အထိ ေပါက္ ေဈးရွိေၾကာင္း အျခားေသာေဒသခံက ဆိုသည္။
‘KIA ကပဲေက်ာက္တူးတဲ့လုပ္ငန္းေတြဦးစီးၿပီးလုပ္ေနတာေလ။ KIA နဲ႔ လုပ္ငန္းရွင္ေတြ ေပါင္း ၿပီးလုပ္ေနတာ ေပါ့။ သခ်ႋဳင္းေျမလည္း မေရွာင္ဘူး။ လုံးခင္းေဆး႐ုံလည္း အဲဒီလိုပဲ ေက်ာက္တူးပစ္ၿပီ။ ေျမကြက္လည္း႐ိုက္ၿပီး ေရာင္း စားေနတာ။ သိန္း (၂၀ဝဝ)၊ သိန္း (၃၀ဝဝ)ေပါက္တယ္။ အဲဒါကေတာ့ ေပ(၄၀ထ၆၀) ေျမကြက္ေတြေပါ့}ဟု အျခားေသာ ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
လက္ရွိအေျခအေနတြင္ တပ္မေတာ္က ဖားကန႔္ၿမိဳ႕ေပၚ လုံးခင္းေက်း႐ြာအုပ္စုႏွင့္ ေမွာ္စီစာ၊ ကံဆီး၊ ေမွာ္ပုံ၊ ဆန္ခါ၊ ေမွာ္ဝမ္းႀကီး၊ ေမွာ္ဝမ္းေလး၊ ဗလခ၊ ေတာင္ၿပိဳႏွင့္ ေမွာ္ေမာင္းလွ်ံ စေသာေနရာ (၉)ခုထက္မနည္းကို ထိန္းခ်ဳပ္ ထားေၾကာင္း သိရသည္။
သို႔ေသာ္ KIA အေနျဖင့္ ဖားကန႔္ေဒသ တြင္းသို႔ဝင္ေရာက္ေနရာယူထားၿပီး သာသနာ့နယ္ျမ၊ သခ်ႋဳင္းေျမ၊ ေဆး႐ုံ၊ ေဘာလုံးကြင္းႏွင့္ လူေနရပ္ကြက္ မ်ားပါမခ်န္ ေက်ာက္တူးေဖာ္ျခင္းကို လုပ္ေဆာင္ေနေၾကာင္း ၎ကဆိုသည္။
‘တာမခန္ဘုန္းႀကီးေက်ာင္းလည္းကုန္ၿပီ။ သာသနာ့နယ္ေျမေတြပါမေရွာင္ဘူး၊ သခ်ႋဳင္းေျမ လည္းမေရွာင္ဘူး၊ လူေနရပ္ကြက္ေတြလည္း မေရွာင္ဘူး၊ ဖားကန႔္မွာက KIA ကတပ္မဟာ (၉)၊ တပ္ရင္း (၆)ေပါ့။ တပ္ရင္း (၆) ဆိုေပမယ့္ အမ်ားႀကီးေပါ့ဗ်ာ။ အဓိကကေတာ့ တပ္မဟာ(၉)၊ တပ္ရင္း (၆) က အဲဒီမွာ။ ဒါေပမဲ့ ဖားကန႔္တစ္နယ္လုံးကို ျဖန႔္ၾကက္ ထားတာကိုး။ တပ္ကေတာ့ ဖားကန႔္ၿမိဳ႕ပတ္ခ်ာလည္နဲ႔ လုံး ခင္းနားမွာထိုင္တယ္။ လုံးခင္းမွာလည္း တပ္ရွိတယ္’ဟု ၎ ကေျပာသည္။