ဖြိုချ၊ ဖျက်ဆီးခံရသည့် KK Park အတွင်း မီးသင်္ဂြိုဟ်စက် (၅) လုံးခန့် အထိပင် ရှိဟုဆို

960

သုတကျော်၊ Pearl (NP News) -ဒီဇင်ဘာ ၈
ကျားဖျန့်လုပ်ငန်းများဆောင်ရွက်သည့်အတွက် လက်ရှိတွင် ဖြိုချ၊ ဖျက်ဆီးနေသော KK Park အတွင်း လူသေလျှင် သင်္ဂြိုဟ်သော မီးသင်္ဂြိုဟ်စက်မှာ (၅) လုံးခန့်အထိပင်ရှိနေကြောင်း ဖြစ်စဉ်နှင့် ပတ် သက်၍ သိရှိသူသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
KK Park သည် အွန်လိုင်းလိမ်လည်မှုများပြုလုပ်ခြင်း၊ အဓမ္မစေခိုင်းခြင်းတို့အပြင် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ တရားမဝင်ရောင်းချသောနေရာအဖြစ်လည်း နိုင်ငံတကာမီဒီယာထက်တွင် ထင်ရှား သောနေရာတစ်ခုဖြစ်သည်။
အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံး အခြေချ လုပ်ကိုင်လျက်ရှိသည့် ရွှေကုက္ကိုလ် နယ်မြေ နှင့် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံ ပါဝင် သည့်ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်း လိမ် လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများကို စနစ်တကျဖြိုချ ဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်နေ ခြင်းဖြစ်သည်။
KK Park တွင် စည်းကမ်းမလိုက်နာသူများကို ရိုက်နှက်၊ နှိပ်စက်ခြင်းများ ပြုလုပ်ပြီးနောက် လက် လွန်၊ ခြေလွန်ဖြစ်၍ သေဆုံးသွားပါက အထက်ပါ သင်္ဂြိုဟ်စက်များအတွင်း ထည့်သွင်းသင်္ဂြိုဟ်ကာ အလောင်းဖျောက်လိုက်ခြင်းမျိုးဖြစ်ကြောင်း အထက်ပါသိရှိသူကဆိုသည်။
“ KK Park ကတော့ တကယ့် ငရဲခန်း။ အရမ်းဆိုးတယ်။ မီးသင်္ဂြိုဟ်စက် (၂) လုံးပဲထားတာ။ အခု (၄) လုံး၊ (၅)လုံးလောက်ထားရတယ်။ နေ့တိုင်း လူသေ။ အရင်ကဆိုရင် အမှိုက်သိမ်းတဲ့အထဲမှာ။ အမှိုက် သိမ်းထားတာကလည်း ကန်ထရိုက်ယူထားတာရှိတယ်။ အလောင်းတွေ အဲဒီထဲထည့်တယ်” ဟု ၎င်းက ပြောသည်။ လက်လွန်၊ ခြေလွန်ဖြစ်၍ အရိုက်ခံရသူ သေဆုံးပြီဟု အကြောင်းကြားပါက အလောင်း သိမ်း ဆည်းသူများက ချက်ချင်းရောက်လာကာ အသုံးတည့်မည့် ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူကြကြောင်း လည်း ၎င်းကရှင်းပြသည်။
“အကြောင်းကြားတာနဲ့ ချက်ချင်းရောက်လာပြီး ကျောက်ကပ်တွေ ဘာတွေထုတ်တယ်။ ကျောက်ကပ်တွေ ၊ မျက်လုံးတွေထုတ်ပြီးတော့ သုံးစားလို့မရတဲ့ဟာမှ မီးသင်္ဂြိုဟ်စက်ထဲထည့်တာ။ သုံး စားလို့ရတာက ရေခဲပုံးနဲ့ တရုတ်ပြည်ဘက်ပို့ပေးတာ” ဟု ၎င်းက ဆိုသည်။
KK Park မြေနေရာသည် အစိုးရပိုင်မြေကို KNUက လက်ညှိုးထိုးရောင်းစားခဲ့ခြင်းဖြစ် ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထောက်အထားများဖြင့် ပြောကြားထားဖူးသည်။

Zawgyi Version:
ၿဖိဳခ်၊ ဖ်က္ဆီးခံရသည့္ KK Park အတြင္း မီးသၿဂႋဳဟ္စက္ (၅) လုံးခန႔္ အထိပင္ ရွိဟုဆို
သုတေက်ာ္၊ Pearl (NP News) -ဒီဇင္ဘာ ၈
က်ားဖ်န႔္လုပ္ငန္းမ်ားေဆာင္႐ြက္သည့္အတြက္ လက္ရွိတြင္ ၿဖိဳခ်၊ ဖ်က္ဆီးေနေသာ KK Park အတြင္း လူေသလွ်င္ သၿဂႋဳဟ္ေသာ မီးသၿဂႋဳဟ္စက္မွာ (၅) လုံးခန႔္အထိပင္ရွိေနေၾကာင္း ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ သိရွိသူသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
KK Park သည္ အြန္လိုင္းလိမ္လည္မႈမ်ားျပဳလုပ္ျခင္း၊ အဓမၼေစခိုင္းျခင္းတို႔အျပင္ ကိုယ္ခႏၶာ အစိတ္အပိုင္းမ်ား တရားမဝင္ေရာင္းခ်ေသာေနရာအျဖစ္လည္း ႏိုင္ငံတကာမီဒီယာထက္တြင္ ထင္ရွား ေသာေနရာတစ္ခုျဖစ္သည္။
အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ား အမ်ားဆုံး အေျခခ် လုပ္ကိုင္လ်က္ရွိသည့္ ေ႐ႊကုကၠိဳလ္ နယ္ေျမ ႏွင့္ ျမဝတီ-မဲေထာ္သေလး (KK Park) နယ္ေျမမ်ား၌ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားႏွင့္ ေဒသတြင္းတာဝန္ရွိသူမ်ားအပါအဝင္ အဖြဲ႕စုံ ပါဝင္ သည့္ပူးေပါင္းအဖြဲ႕ျဖင့္ တရားမဝင္အေဆာက္အအုံမ်ားအတြင္း ဝင္ေရာက္ရွင္းလင္းျခင္း၊ အြန္လိုင္း လိမ္ လည္ ေလာင္းကစားမႈလုပ္ငန္းစဥ္မ်ားတြင္ အသုံးျပဳခဲ့သည့္ သိမ္းဆည္းရမိပစၥည္းမ်ားႏွင့္ တရားမဝင္ အေဆာက္အအုံမ်ားကို စနစ္တက်ၿဖိဳခ် ဖ်က္ဆီးျခင္းႏွင့္ ခ်ိပ္ပိတ္သိမ္းဆည္းျခင္းမ်ား ေဆာင္႐ြက္ေန ျခင္းျဖစ္သည္။
KK Park တြင္ စည္းကမ္းမလိုက္နာသူမ်ားကို ႐ိုက္ႏွက္၊ ႏွိပ္စက္ျခင္းမ်ား ျပဳလုပ္ၿပီးေနာက္ လက္ လြန္၊ ေျခလြန္ျဖစ္၍ ေသဆုံးသြားပါက အထက္ပါ သၿဂႋဳဟ္စက္မ်ားအတြင္း ထည့္သြင္းသၿဂႋဳဟ္ကာ အေလာင္းေဖ်ာက္လိုက္ျခင္းမ်ိဳးျဖစ္ေၾကာင္း အထက္ပါသိရွိသူကဆိုသည္။
“ KK Park ကေတာ့ တကယ့္ ငရဲခန္း။ အရမ္းဆိုးတယ္။ မီးသၿဂႋဳဟ္စက္ (၂) လုံးပဲထားတာ။ အခု (၄) လုံး၊ (၅)လုံးေလာက္ထားရတယ္။ ေန႔တိုင္း လူေသ။ အရင္ကဆိုရင္ အမႈိက္သိမ္းတဲ့အထဲမွာ။ အမႈိက္ သိမ္းထားတာကလည္း ကန္ထ႐ိုက္ယူထားတာရွိတယ္။ အေလာင္းေတြ အဲဒီထဲထည့္တယ္” ဟု ၎က ေျပာသည္။ လက္လြန္၊ ေျခလြန္ျဖစ္၍ အ႐ိုက္ခံရသူ ေသဆုံးၿပီဟု အေၾကာင္းၾကားပါက အေလာင္း သိမ္း ဆည္းသူမ်ားက ခ်က္ခ်င္းေရာက္လာကာ အသုံးတည့္မည့္ ကိုယ္တြင္းအဂၤါမ်ားကို ထုတ္ယူၾကေၾကာင္း လည္း ၎ကရွင္းျပသည္။
“အေၾကာင္းၾကားတာနဲ႔ ခ်က္ခ်င္းေရာက္လာၿပီး ေက်ာက္ကပ္ေတြ ဘာေတြထုတ္တယ္။ ေက်ာက္ကပ္ေတြ ၊ မ်က္လုံးေတြထုတ္ၿပီးေတာ့ သုံးစားလို႔မရတဲ့ဟာမွ မီးသၿဂႋဳဟ္စက္ထဲထည့္တာ။ သုံး စားလို႔ရတာက ေရခဲပုံးနဲ႔ တ႐ုတ္ျပည္ဘက္ပို႔ေပးတာ” ဟု ၎က ဆိုသည္။
KK Park ေျမေနရာသည္ အစိုးရပိုင္ေျမကို KNUက လက္ညႇိဳးထိုးေရာင္းစားခဲ့ျခင္းျဖစ္ ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရး ေကာ္မရွင္သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အေထာက္အထားမ်ားျဖင့္ ေျပာၾကားထားဖူးသည္။