စစ်မှန်တဲ့တိုးတက်မှုတွေက ရုရှားရဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ လိုလားချက်အပေါ်မှာ မူတည်တယ်လို့ အမေရိကန် နဲ့ ယူကရိန်းတို့ပြော

 130

Pika (NP News) - ဒီဇင်ဘာ ၈

ယူကရိန်းနဲ့ အမေရိကန်တာဝန်ရှိသူတွေဟာ သုံးကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို မိုင်ယာမီမြို့မှာလုပ်ဆောင်ခဲ့ကြ ပြီး စစ်မှန်တဲ့တိုးတက်မှုတွေက ရုရှားရဲ့စစ်ပွဲကို အဆုံးသတ်ဖို့ လိုလားချက်အပေါ်မှာ မူတည်တယ်ဆိုတာကို နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အထူးကိုယ်စားလှယ်စတိဗ်ဝစ်အော့ဖ်နဲ့ အကြံပေး ဂျဲကူရှနာတို့ဟာ ယူကရိန်း ထိပ်တန်းညှိနှိုင်းရေးမှူး ယူစတန်ရူမာရော့ဗ်၊ ယူကရိန်းစစ်တပ်အကြီးအကဲ အန်ဒရီနာတော့ဗ်တို့နဲ့တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စတိဗ်ဝစ်အော့ဖ်နဲ့ဂျဲကူရှနာတို့ဟာ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်မယ့် အမေရိကန်ရဲ့အစီအစဉ်ကို ဆွေးနွေးဖို့ အတွက် ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်နဲ့ယူကရိန်းတို့ရဲ့အရာရှိတွေကြား တွေ့ဆုံမှုထွက်ပေါ်လာတာဖြစ်ပါတယ်။
စတိဗ်ဝစ်အော့ဖ်က “ဘယ်လိုသဘောတူညီချက်အတွက်မဆို အမှန်တကယ်တိုးတက်မှုဟာ ရေရှည်ငြိမ်းချမ်းရေး အတွက် ကတိဝတ်တွေကိုပြသဖို့ ရုရှားရဲ့အဆင်သင့်ဖြစ်မှုတွေအပေါ်မှာ မူတည်တယ်ဆိုတာကို နှစ်ဖက်စလုံးက သဘောတူညီခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့ယူကရိန်းအရာရှိတွေဟာ လုံခြုံရေးအစီအစဉ်မူဘောင်တွေကိုလည်း သဘောတူညီခဲ့ကြပြီး ထာဝရငြိမ်းချမ်းရေးကို တည်တံ့စေဖို့အတွက် လိုအပ်တဲ့ဟန့်တားမှုစွမ်းရည်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
စစ္မွန္တဲ့တိုးတက္မႈေတြက ႐ုရွားရဲ႕စစ္ပြဲကိုအဆုံးသတ္ဖို႔ လိုလားခ်က္အေပၚမွာ မူတည္တယ္လို႔ အေမရိကန္ နဲ႔ ယူကရိန္းတို႔ေျပာ
Pika (NP News) - ဒီဇင္ဘာ ၈
ယူကရိန္းနဲ႔ အေမရိကန္တာဝန္ရွိသူေတြဟာ သုံးႀကိမ္ေျမာက္ေတြ႕ဆုံေဆြးေႏြးပြဲကို မိုင္ယာမီၿမိဳ႕မွာလုပ္ေဆာင္ခဲ့ၾက ၿပီး စစ္မွန္တဲ့တိုးတက္မႈေတြက ႐ုရွားရဲ႕စစ္ပြဲကို အဆုံးသတ္ဖို႔ လိုလားခ်က္အေပၚမွာ မူတည္တယ္ဆိုတာကို ႏွစ္ဖက္စလုံးက သေဘာတူညီခဲ့ၾကတယ္လို႔ အေမရိကန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕အထူးကိုယ္စားလွယ္စတိဗ္ဝစ္ေအာ့ဖ္နဲ႔ အႀကံေပး ဂ်ဲကူရွနာတို႔ဟာ ယူကရိန္း ထိပ္တန္းညႇိႏႈိင္းေရးမႉး ယူစတန္႐ူမာေရာ့ဗ္၊ ယူကရိန္းစစ္တပ္အႀကီးအကဲ အန္ဒရီနာေတာ့ဗ္တို႔နဲ႔ေတြ႕ဆုံခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
စတိဗ္ဝစ္ေအာ့ဖ္နဲ႔ဂ်ဲကူရွနာတို႔ဟာ ယူကရိန္းစစ္ပြဲကိုအဆုံးသတ္မယ့္ အေမရိကန္ရဲ႕အစီအစဥ္ကို ေဆြးေႏြးဖို႔ အတြက္ ႐ုရွားသမၼတပူတင္နဲ႔ေတြ႕ဆုံမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ အေမရိကန္နဲ႔ယူကရိန္းတို႔ရဲ႕အရာရွိေတြၾကား ေတြ႕ဆုံမႈထြက္ေပၚလာတာျဖစ္ပါတယ္။
စတိဗ္ဝစ္ေအာ့ဖ္က “ဘယ္လိုသေဘာတူညီခ်က္အတြက္မဆို အမွန္တကယ္တိုးတက္မႈဟာ ေရရွည္ၿငိမ္းခ်မ္းေရး အတြက္ ကတိဝတ္ေတြကိုျပသဖို႔ ႐ုရွားရဲ႕အဆင္သင့္ျဖစ္မႈေတြအေပၚမွာ မူတည္တယ္ဆိုတာကို ႏွစ္ဖက္စလုံးက သေဘာတူညီခဲ့ပါတယ္” လို႔ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔ယူကရိန္းအရာရွိေတြဟာ လုံၿခဳံေရးအစီအစဥ္မူေဘာင္ေတြကိုလည္း သေဘာတူညီခဲ့ၾကၿပီး ထာဝရၿငိမ္းခ်မ္းေရးကို တည္တံ့ေစဖို႔အတြက္ လိုအပ္တဲ့ဟန႔္တားမႈစြမ္းရည္ေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.