ဆီးဂိမ်း အမျိုးသမီးဘောလုံးပွဲတွင် မြန်မာက မလေးရှားကို (၃) ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ

1412

NP News- ဒီဇင်ဘာ ၈
ယနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အရှေ့တောင်အာရှ အမျိုးသီးဘောလုံးပိုင်ပွဲရဲ့ အုပ်စု ဒုတိယပွဲစဉ် များမှ မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ရဲ့ ပွဲစဉ်မှာ မြန်မာအသင်းက ( ၃ ) ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းရဲ့ အုပ်စုဒုတိယပွဲစဉ်ကို ဒီကနေ့ ဒီဇင်ဘာ (၈) ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ မလေးရှားအသင်းနဲ့ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမှာ ယှဉ်ပြိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။
ပွဲထွက်လူစာရင်းမှာ ဖိလစ်ပိုင်အသင်းနဲ့ ပွဲစဉ်ကနဲ့မတူတဲ့ အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ပြီး မေထက်လူ၊ ခင်မာလာထွန်း တို့ကို ပွဲထွက်ကစားစေခဲ့တာဖြစ်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းမှာ သွင်းဂိုးတွေရယူနိုင်ဖို့ ဦးစားပေးပြီး ကစားစေခဲ့တာဖြစ်ပါတယ်။
ပထမပိုင်း ပွဲကစားချိန် (၂၆) မိနစ်မှာတော့ ကျောနံပါတ် (၈) စန်းသော်သော် ရဲ့ ဦးဆောင်ဂိုးကနေ မြန်မာအမျိုးသမီးအသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။
ပထမပိုင်းပွဲစဉ်တလျောက်လုံးမှာ မြန်မာအမျိုးသမီးအသင်းက မလေးရှားအမျိုးသမီးအသင်းကို ဦးဆောင်ကစားနိုင်ခဲ့တာတွေ့ရပြီး ဒုတိယဦးဆောင်းဂိုးကို ဒီနေ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာတဲ့ ကျောနံပါတ် (၁၃ ) မေထက်လူက သူရဲ့ ဆီးဂိမ်း ဒုတိယမြောက်ဂိုးအဖြစ် ပွဲကစားချိန် ( ၃၅ ) မိနစ်မှာ ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း ပထမပိုင်းပွဲပြီးဖို့ တစ်မိနစ်အလိုလောက်မှာပဲ မြန်မာနောက်တန်းကစားသမားတွေနဲ့ ဂိုးသမားတို့ အပေးအယူမှားရာကနေ ကျွံထွက်လာတဲ့ ဘောလုံးကို မလေးရှားတိုက်စစ်မှူး အပိုင်ကန်သွင်းခဲ့ရာ ဂိုးသမား မျိုးမြမြငြိမ်းကာကွယ်ပေးနိုင်ခဲ့လို့သာ ချေပဂိုး တစ်ဂိုးခွင့်မပြုခဲ့ရခြင်း ဖြစ်ပါတယ်။
ပထမပိုင်းပြီးကာနီး မြန်မာအမျိုးသမီး အသင်းရဲ့ အဝေးလူပေးကန်ချက်တွေကလည်း တိကျမှုနည်းပါးခဲ့တဲ့အတွက် ထပ်မံရသင့်တဲ့ ဂိုးရလဒ်တွေကို မရခဲ့တာလည်း ဖြစ်ပါတယ်။
ဒုတိယပိုင်း ပွဲအစမှာတော့ မြန်အသင်းက မလေးရှားအသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့သာ စတင်ကစားခဲ့တာတွေ့ရပြီး ပွဲချိန် (၅၇ ) မိနစ်အရောက်မှာတော့ မလေးရှားရဲ့ ကျောနံပါတ် (၁၁) ဟာ ကြမ်းတမ်းစွာကစားခဲ့တာကြောင့် နှစ်ဝါ တစ်နီနဲ့ အထုတ်ခံလိုက်ရပါတယ်။
မြန်မာအသင်းရဲ့ တတိယမြောက် ဦးဆောင်ဂိုးကို ကျောနံပါတ် (၇) ဝင်းသိင်္ဂီထွန်း က ပွဲချိန် (၆၄) မိနစ်မှာ တစ်ဖက်ဂိုးသမားရဲ့ အမှားကနေတဆင့် ထပ်မံ သွင်းယူပေးခဲ့ပြီး (၃) ဂိုး ဂိုးမရှိနဲ့ မြန်မာအသင်းက ဦးဆောင်နေခဲ့ပါတယ်။
ပွဲအပြီးမှာတော့ မြန်မာအမျိုးသမီးအသင်းဟာ မလေးရှားအမျိုးသမီးအသင်းကို ( ၃ ) ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ (၅) ရက်နေ့က ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ပထမပိုင်းမှာ အသင်းခေါင်းဆောင် းရဲ့ လှပတဲ့ ကန်သွင်းချက်နဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းပွဲပြီးဆုံးခါနီးမှာ လူစားဝင်လာတဲ့ မေထက်လူ ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ နိုင်ပွဲရခဲ့ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ စုစုပေါင်း နှစ်ပွဲကစား နှစ်ပွဲနိုင် နဲ့ ရဂိုး( ၅ )၊ ပေးဂိုး ( ၁ ) ဂိုးနဲ့ နဲ့ အုပ်စု ကို ဦးဆောင်လျက် ရှိပါတယ်။

Zawgyi Versiion:
NP News- ဒီဇင်ဘာ ၈
ဒါ့ကြောင့် မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ စုစုပေါင်း နှစ်ပွဲကစား နှစ်ပွဲနိုင် နဲ့ ရဂိုး( )၊ ပေးဂိုး ( ) နဲ့ အုပ်စု ကို ဦးဆောင်လျက် ရှိပါတယ်။