KK Park ရှိ ကျားဖျန့်အဆောက်အဦ (၆၃ဝ)ကျော်အနက် တစ်ဝက်ကျော်ကို ဖြိုချဖျက်ဆီးထားပြီးဖြစ်

387

သန့်ဇင် (NP News) - ဒီဇင်ဘာ ၉
KK Park ရှိ ကျားဖျန့်အဆောက်အဦ (၆၃၀) ကျော်အနက် (၃၄၀)ကျော်ကို ဖြိုချဖျက်ဆီးထားကြောင်း နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့(ဒီဇင်ဘာ ၈ ရက်) တွင် မြဝတီ- မဲ့ထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများဖြစ်သော နှစ်ထပ်အဆောက်အအုံ(၆)လုံး၊ သုံးထပ်အဆောက်အအုံတစ်လုံး၊ လေးထပ် အဆောက်အအုံတစ်လုံး စုစုပေါင်း တရားမဝင်အဆောက်အအုံ(၈)လုံးကို ထပ်မံဖြိုချ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ (၄၂၅) လုံးအနက် ဒီဇင်ဘာ ၈ရက် အထိ (၁၉၃) လုံး ဖြိုချ ဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း (၆၃၅) လုံးအနက် (၃၄၁) လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများအား အင်တိုက်အားတိုက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးရှာဖွေ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ရက်တွင် မြဝတီမြို့ရှိ လုံခြုံရေးပူးပေါင်း အဖွဲ့များက သတင်းအရ မြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင် စစ်ဆေး ခြင်းများ၊ မြဝတီမြို့အဝင်/ အထွက်လမ်းကြောင်းနေရာများနှင့် လမ်းဆုံလမ်းခွနေရာများတွင် ပိတ်ဆို့စစ်ဆေး ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်ခဲ့ရာ ဖလူး - လေးကေ့ကော် - မြဝတီသွားကားလမ်းပေါ်ရှိ မေတ္တာလင်းမြိုင်ကျေးရွာအနီး လေးကေ့ကော်ဘက်မှ မြဝတီမြို့ဘက်သို့ မောင်းနှင်လာသော ၁ဝ ဘီးယာဉ် လေးစီးပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၃၂ ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မြဝတီမြို့ အမှတ် (၃) ရပ်ကွက်အတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာ တွင် အသုံးပြုနေထိုင် လုပ်ကိုင်ခဲ့ကြသည့် သုံးထပ်အဆောက်အအုံ ငါးလုံး၊ တစ်ထပ်အဆောက်အအုံ သုံးလုံး၊ စုစုပေါင်း ရှစ်လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့အား ပြန်လည်အသုံးချမှုမရှိစေရေးအတွက် ဖြိုချ ဖျက်ဆီး ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေရာတွင်လည်း သုံးထပ်အဆောက်အအုံ နှစ်လုံး၊ တစ်ထပ်အဆောက်အအုံတစ်လုံးကို ထပ်မံဖြိုချဖျက်ဆီး နိုင်ခဲ့သဖြင့် အဆောက်အအုံအားလုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားမဝင်အွန်လိုင်း လောင်းကစားမှု များ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံသား ၅၆ ဦး၊ အီသီယိုးပီးယား နိုင်ငံသား ခုနှစ်ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား လေးဦး၊ ဂါနာနိုင်ငံသား လေးဦး၊ ကာဂျစ္စတန်နိုင်ငံသား တစ်ဦး စုစုပေါင်း ၇၂ ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရ များနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံး အခြေချ လုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်း အဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၃၄၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီး ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

Zawgyi Version:
KK Park ရွိ က်ားဖ်န႔္အေဆာက္အဦ (၆၃ဝ)ေက်ာ္အနက္ တစ္ဝက္ေက်ာ္ကို ၿဖိဳခ်ဖ်က္ဆီးထားၿပီးျဖစ္
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၉
KK Park ရွိ က်ားဖ်န႔္အေဆာက္အဦ (၆၃၀) ေက်ာ္အနက္ (၃၄၀)ေက်ာ္ကို ၿဖိဳခ်ဖ်က္ဆီးထားေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔(ဒီဇင္ဘာ ၈ ရက္) တြင္ ျမဝတီ- မဲ့ေထာ္သေလး (KK Park) အပိုင္း (၃) နယ္ေျမအတြင္းရွိ တရားမဝင္ အေဆာက္အအုံမ်ားျဖစ္ေသာ ႏွစ္ထပ္အေဆာက္အအုံ(၆)လုံး၊ သုံးထပ္အေဆာက္အအုံတစ္လုံး၊ ေလးထပ္ အေဆာက္အအုံတစ္လုံး စုစုေပါင္း တရားမဝင္အေဆာက္အအုံ(၈)လုံးကို ထပ္မံၿဖိဳခ် ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အပိုင္း (၃) နယ္ေျမအတြင္းရွိ အေဆာက္အအုံ (၄၂၅) လုံးအနက္ ဒီဇင္ဘာ ၈ရက္ အထိ (၁၉၃) လုံး ၿဖိဳခ် ဖ်က္ဆီးခဲ့ေၾကာင္းႏွင့္ KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံ စုစုေပါင္း (၆၃၅) လုံးအနက္ (၃၄၁) လုံးကို ၿဖိဳခ်ဖ်က္ဆီးၿပီးျဖစ္ေၾကာင္း သိရွိရသည္။
အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္ မႈမ်ားအပါအဝင္ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ခဲ့ၾကသူမ်ားအား အင္တိုက္အားတိုက္ျဖင့္ က်ယ္က်ယ္ျပန႔္ျပန႔္ ဖမ္းဆီးရွာေဖြ အေရးယူျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ ဒီဇင္ဘာ ၈ရက္တြင္ ျမဝတီၿမိဳ႕ရွိ လုံၿခဳံေရးပူးေပါင္း အဖြဲ႕မ်ားက သတင္းအရ ျမဝတီၿမိဳ႕ဝန္းက်င္တြင္ ေရွာင္တခင္ စစ္ေဆး ျခင္းမ်ား၊ ျမဝတီၿမိဳ႕အဝင္/ အထြက္လမ္းေၾကာင္းေနရာမ်ားႏွင့္ လမ္းဆုံလမ္းခြေနရာမ်ားတြင္ ပိတ္ဆို႔စစ္ေဆး ရွာေဖြျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔လုပ္ေဆာင္ခဲ့ရာ ဖလူး - ေလးေက့ေကာ္ - ျမဝတီသြားကားလမ္းေပၚရွိ ေမတၱာလင္းၿမိဳင္ေက်း႐ြာအနီး ေလးေက့ေကာ္ဘက္မွ ျမဝတီၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာေသာ ၁ဝ ဘီးယာဥ္ ေလးစီးေပၚတြင္ တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၂၁၇ ဦး၊ အမ်ိဳးသမီး ၁၅ ဦး စုစုေပါင္း ၂၃၂ ဦးတို႔အား ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမဝတီၿမိဳ႕ အမွတ္ (၃) ရပ္ကြက္အတြင္းရွိ အြန္လိုင္းလိမ္လည္မႈႏွင့္ ေလာင္းကစားလုပ္ငန္းမ်ား လုပ္ကိုင္ရာ တြင္ အသုံးျပဳေနထိုင္ လုပ္ကိုင္ခဲ့ၾကသည့္ သုံးထပ္အေဆာက္အအုံ ငါးလုံး၊ တစ္ထပ္အေဆာက္အအုံ သုံးလုံး၊ စုစုေပါင္း ရွစ္လုံးတို႔အား စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ၎တို႔အား ျပန္လည္အသုံးခ်မႈမရွိေစေရးအတြက္ ၿဖိဳခ် ဖ်က္ဆီး ျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေနရာတြင္လည္း သုံးထပ္အေဆာက္အအုံ ႏွစ္လုံး၊ တစ္ထပ္အေဆာက္အအုံတစ္လုံးကို ထပ္မံၿဖိဳခ်ဖ်က္ဆီး ႏိုင္ခဲ့သျဖင့္ အေဆာက္အအုံအားလုံး ၿဖိဳခ်ဖ်က္ဆီးၿပီးျဖစ္ေၾကာင္း သိရသည္။
ျမဝတီၿမိဳ႕နယ္အတြင္းရွိ KK Park နယ္ေျမႏွင့္ ေ႐ႊကုကၠိဳလ္နယ္ေျမတို႔၌ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ က်ဴးလြန္ရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ားအား ထပ္မံ၍ အသုံးျပဳႏိုင္ျခင္းမရွိေစရန္အတြက္ ယေန႔တြင္လည္း စနစ္တက် မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈတို႔ကို ေရွးရႈ၍ တရားမဝင္အြန္လိုင္း ေလာင္းကစားမႈ မ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား အပါအဝင္ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသားမ်ားအား သက္ဆိုင္ရာ ႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္လ်က္ရွိရာ ယေန႔တြင္ အင္ဒိုနီးရွားႏိုင္ငံသား ၅၆ ဦး၊ အီသီယိုးပီးယား ႏိုင္ငံသား ခုႏွစ္ဦး၊ ဥဇဘက္ကစၥတန္ႏိုင္ငံသား ေလးဦး၊ ဂါနာႏိုင္ငံသား ေလးဦး၊ ကာဂ်စၥတန္ႏိုင္ငံသား တစ္ဦး စုစုေပါင္း ၇၂ ဦးတို႔အား ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျမန္မာ - ထိုင္း အမွတ္(၂) ခ်စ္ၾကည္ေရး တံတားမွ တစ္ဆင့္ ထပ္မံလႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈက်ဴးလြန္မႈမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္ အျဖစ္ ခံယူကာ ျမန္မာႏိုင္ငံအတြင္း လုံးဝအေျခမျပဳႏိုင္ေရး ျပည္တြင္းအင္အားစုမ်ားအျပင္ အိမ္နီးခ်င္းႏိုင္ငံအစိုးရ မ်ားႏွင့္လည္း ေပါင္းစပ္ညႇိႏႈိင္း၍ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
ျမန္မာႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ား အမ်ားဆုံး အေျခခ် လုပ္ကိုင္လ်က္ရွိၾကသည့္ ေ႐ႊကုကၠိဳလ္နယ္ေျမႏွင့္ ျမဝတီ - မဲ့ေထာ္သေလး (KK Park) နယ္ေျမမ်ား၌ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားႏွင့္ ေဒသတြင္းတာဝန္ရွိသူမ်ားအပါအဝင္ အဖြဲ႕စုံပါဝင္သည့္ ပူးေပါင္း အဖြဲ႕ျဖင့္ တရားမဝင္အေဆာက္အအုံမ်ားအတြင္း ဝင္ေရာက္ရွင္းလင္းျခင္း၊ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ လုပ္ငန္းစဥ္မ်ားတြင္ အသုံးျပဳခဲ့သည့္ သိမ္းဆည္းရမိပစၥည္းမ်ားႏွင့္ တရားမဝင္အေဆာက္အအုံမ်ားအား စနစ္တက်ၿဖိဳခ်ဖ်က္ဆီးျခင္းႏွင့္ ခ်ိပ္ပိတ္သိမ္းဆည္းျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ ယေန႔အထိ KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံ ၃၄၁ လုံးကို စနစ္တက်ၿဖိဳခ်ဖ်က္ဆီးခဲ့ၿပီး ေ႐ႊကုကၠိဳလ္ နယ္ေျမအတြင္းရွိ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ က်ဴးလြန္ရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ားအား ထပ္မံ၍ အသုံးျပဳႏိုင္ျခင္းမရွိေစရန္အတြက္ စနစ္တက် မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရွိရသည္။