ဆောင်းတွင်းမှာ ရခိုင်တွင် စစ်ဘေးရှောင်များနှင့် ချို့တဲ့သူများ အနွေးထည်မဝတ်နိုင်သောကြောင့် ခိုက်ခိုက်တုန်နေချိန် တရားခံ AA များ နှုတ်ဆိတ်နေ

381

သုတကျော် (NP News) - ဒီဇင်ဘာ ၉
ဆောင်းတွင်းမှာ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များနှင့် ချို့တဲ့သူများ အနွေးထည်မဝတ်နိုင်သောကြောင့် ခိုက်ခိုက်တုန်နေချိန် တရားခံ AA များ နှုတ်ဆိတ်နေကြောင်း NP News က မေးမြန်းထားချက်များနှင့် စုံစမ်း သိရှိရသောအချက်အလက်များအရ သိရသည်။
ရခိုင်ပြည်နယ် AA တို့က တိုက်ပွဲများ ဖော်ဆောင်ပြီးသည့်နောက် ဒေသခံ အများအပြား စစ်ဘေးရှောင်ခဲ့ကြရာ အဆိုပါဒုက္ခသည်များအတွက် AA က အကူအညီ အချို့ကိုပေးခဲ့ဖူးသော်လည်း နောက်ပိုင်း ကာလများတွင် ပြည်သူများကသာ အချင်းချင်း ကူညီခဲ့ကြရသည်။
သို့သော် ရခိုင်ပြည်နယ်မှ AA ထိန်းချုပ်ရာ ဒေသများတွင် မကြုံစဖူး နှုန်းထားဖြင့် ကုန်ဈေးနှုန်း တက်ခြင်း အပါအဝင် ကျပ်တည်းမှုများကြောင့် သာမန် ပြည်သူများပါ စီးပွားရေး အဆင်မပြေသော အခါ စစ်ဘေးရှောင်များကို ကူညီရန် အခက်အခဲများ ရှိလာခဲ့သည်။
တဖန် သာမန်ပြည်သူများ ဘက်တွင်လည်း ဆင်းရဲချို့တဲ့သူ ပမာဏ များပြားလာရာ ယခု ဆောင်းတွင်း ကာလတွင် စစ်ဘေးရှောင်များ နှင့် ချို့တဲ့သူများ အတွက် အနွေးဓာတ်ရရှိရေးမှာ ကြီးမားသော လိုအပ်ချက်ဖြစ်လာကြောင်း သိရသည်။
“ကလေးများတဲ့သူတွေမှာ အနွေးထည် မရှိကြဘူး။ သက်ကြီး၊ ဝါကြီးတွေမှာလည်း မရှိဘူး။ အလှူခံပြီး စားနေတဲ့ အခါ အနွေးထည် ဝယ်မဝတ်နိုင်ဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။
ဖုန်းအဆက်အသွယ် ပြတ်တောက်နေသည့် အတွက် ယခု ကဲ့သို့ အနွေးထည် လိုအပ်နေသူ ပမာဏ မည်မျှ ရှိကြောင်း စာရင်းအတိအကျ ရရှိရန် မလွယ်သော်လည်း မနည်းလှသော ပမာဏ များစွာတို့မှာ အနွေးထည်များ လိုအပ်နေကြောင်းလည်း ၎င်းက ဆိုသည်။
“လက်ရှိမှာတော့ ပြည်သူအချင်းချင်း ကူညီတယ် ဆိုတဲ့ သဘောမျိုးပေါ့။ လိုက်ပြီး မျှတပြီး လှူနေကြတာတော့ ရှိပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ မပြည့်စုံတဲ့သူကလည်း များလာတော့ ဆောင်းတွင်းမှာ တော်တော်လေး လိုအပ်ချက်က ကြီးမားလာပါတယ်။ တစ်နေ့စာ တစ်နေ့ စားဖို့ ရုန်းကန်နေရတဲ့ အခါ အနွေးထည် ဝယ်ဖို့ ဆိုတာ မတတ်နိုင်တဲ့သူတွေ အများကြီးပါ။ AA ဘက်ကတော့ သိရသလောက် ပြည်သူအချင်းချင်း ကူနေတာကိုပဲ ကြည့်နေပုံရတယ်” ဟု ရခိုင်ပြည်နယ် နှင့် အမြဲမပြတ် အဆက်အသွယ် ရှိနေသည့် ရခိုင်တိုင်းရင်းသား တစ်ဦးက ဆိုသည်။

Zawgyi Version:
ေဆာင္းတြင္းမွာ ရခိုင္တြင္ စစ္ေဘးေရွာင္မ်ားႏွင့္ ခ်ိဳ႕တဲ့သူမ်ား အေႏြးထည္မဝတ္ႏိုင္ေသာေၾကာင့္ ခိုက္ခိုက္တုန္ေနခ်ိန္ တရားခံ AA မ်ား ႏႈတ္ဆိတ္ေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၉
ေဆာင္းတြင္းမွာ ရခိုင္ျပည္နယ္တြင္ စစ္ေဘးေရွာင္မ်ားႏွင့္ ခ်ိဳ႕တဲ့သူမ်ား အေႏြးထည္မဝတ္ႏိုင္ေသာေၾကာင့္ ခိုက္ခိုက္တုန္ေနခ်ိန္ တရားခံ AA မ်ား ႏႈတ္ဆိတ္ေနေၾကာင္း NP News က ေမးျမန္းထားခ်က္မ်ားႏွင့္ စုံစမ္း သိရွိရေသာအခ်က္အလက္မ်ားအရ သိရသည္။
ရခိုင္ျပည္နယ္ AA တို႔က တိုက္ပြဲမ်ား ေဖာ္ေဆာင္ၿပီးသည့္ေနာက္ ေဒသခံ အမ်ားအျပား စစ္ေဘးေရွာင္ခဲ့ၾကရာ အဆိုပါဒုကၡသည္မ်ားအတြက္ AA က အကူအညီ အခ်ိဳ႕ကိုေပးခဲ့ဖူးေသာ္လည္း ေနာက္ပိုင္း ကာလမ်ားတြင္ ျပည္သူမ်ားကသာ အခ်င္းခ်င္း ကူညီခဲ့ၾကရသည္။
သို႔ေသာ္ ရခိုင္ျပည္နယ္မွ AA ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ မႀကဳံစဖူး ႏႈန္းထားျဖင့္ ကုန္ေဈးႏႈန္း တက္ျခင္း အပါအဝင္ က်ပ္တည္းမႈမ်ားေၾကာင့္ သာမန္ ျပည္သူမ်ားပါ စီးပြားေရး အဆင္မေျပေသာ အခါ စစ္ေဘးေရွာင္မ်ားကို ကူညီရန္ အခက္အခဲမ်ား ရွိလာခဲ့သည္။
တဖန္ သာမန္ျပည္သူမ်ား ဘက္တြင္လည္း ဆင္းရဲခ်ိဳ႕တဲ့သူ ပမာဏ မ်ားျပားလာရာ ယခု ေဆာင္းတြင္း ကာလတြင္ စစ္ေဘးေရွာင္မ်ား ႏွင့္ ခ်ိဳ႕တဲ့သူမ်ား အတြက္ အေႏြးဓာတ္ရရွိေရးမွာ ႀကီးမားေသာ လိုအပ္ခ်က္ျဖစ္လာေၾကာင္း သိရသည္။
“ကေလးမ်ားတဲ့သူေတြမွာ အေႏြးထည္ မရွိၾကဘူး။ သက္ႀကီး၊ ဝါႀကီးေတြမွာလည္း မရွိဘူး။ အလႉခံၿပီး စားေနတဲ့ အခါ အေႏြးထည္ ဝယ္မဝတ္ႏိုင္ဘူး” ဟု ပုဏၰားကြၽန္းၿမိဳ႕နယ္မွ စစ္ေဘးေရွာင္ ျပည္သူတစ္ဦးက ဆိုသည္။
ဖုန္းအဆက္အသြယ္ ျပတ္ေတာက္ေနသည့္ အတြက္ ယခု ကဲ့သို႔ အေႏြးထည္ လိုအပ္ေနသူ ပမာဏ မည္မွ် ရွိေၾကာင္း စာရင္းအတိအက် ရရွိရန္ မလြယ္ေသာ္လည္း မနည္းလွေသာ ပမာဏ မ်ားစြာတို႔မွာ အေႏြးထည္မ်ား လိုအပ္ေနေၾကာင္းလည္း ၎က ဆိုသည္။
“လက္ရွိမွာေတာ့ ျပည္သူအခ်င္းခ်င္း ကူညီတယ္ ဆိုတဲ့ သေဘာမ်ိဳးေပါ့။ လိုက္ၿပီး မွ်တၿပီး လႉေနၾကတာေတာ့ ရွိပါတယ္။ ဒါေပမယ့္ ရခိုင္ျပည္နယ္မွာ မျပည့္စုံတဲ့သူကလည္း မ်ားလာေတာ့ ေဆာင္းတြင္းမွာ ေတာ္ေတာ္ေလး လိုအပ္ခ်က္က ႀကီးမားလာပါတယ္။ တစ္ေန႔စာ တစ္ေန႔ စားဖို႔ ႐ုန္းကန္ေနရတဲ့ အခါ အေႏြးထည္ ဝယ္ဖို႔ ဆိုတာ မတတ္ႏိုင္တဲ့သူေတြ အမ်ားႀကီးပါ။ AA ဘက္ကေတာ့ သိရသေလာက္ ျပည္သူအခ်င္းခ်င္း ကူေနတာကိုပဲ ၾကည့္ေနပုံရတယ္” ဟု ရခိုင္ျပည္နယ္ ႏွင့္ အၿမဲမျပတ္ အဆက္အသြယ္ ရွိေနသည့္ ရခိုင္တိုင္းရင္းသား တစ္ဦးက ဆိုသည္။