သင်္ကန်းခြုံ၍ ဟာသလုပ်ကပြခဲ့သော ဇာတ်အဖွဲ့ကိုအမြန်ဆုံး အရေးယူမည်

1581
Pearl (NP News) - ဒီဇင်ဘာ ၉
သင်္ကန်းခြုံ၍ ဟာသလုပ်ကပြခဲ့သော ဇာတ်အဖွဲ့ကိုအမြန်ဆုံး အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်း အရုံး (ဗဟို) က ယနေ့ (ဒီဇင်ဘာ ၉ ရက်) တွင် ထုတ်ပြန်ထားသည်။
Burma Entertainment Facebook Page တွင် ဖော်ပြထားသည့် သင်္ကန်းခြုံ၍ ဟာသလုပ်ကာ ကပြခဲ့သော ဇာတ်အဖွဲ့၏ ဘာသာ သာသနာ ညှိုးနွမ်းစေသော ပြုမူတင်ဆက်မှုအားပြင်းထန်းစွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါ ဇာတ်အဖွဲ့၏ အမည်၊ တည်ထောင်သူနှင့် တည်နေရာတို့ကို စုံစမ်းလျက်ရှိပြီး သဘင်စည်းမျဉ်း စည်းကမ်းများနှင့်အညီ အမြန်ဆုံးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ထုတ်ပြန်ထားသည်။
Zawgyi Version:
သကၤန္းၿခဳံ၍ ဟာသလုပ္ကျပခဲ့ေသာ ဇာတ္အဖြဲ႕ကိုအျမန္ဆုံး အေရးယူမည္
Pearl (NP News) - ဒီဇင္ဘာ ၉
သကၤန္းၿခဳံ၍ ဟာသလုပ္ကျပခဲ့ေသာ ဇာတ္အဖြဲ႕ကိုအျမန္ဆုံး အေရးယူမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္း အ႐ုံး (ဗဟို) က ယေန႔ (ဒီဇင္ဘာ ၉ ရက္) တြင္ ထုတ္ျပန္ထားသည္။
Burma Entertainment Facebook Page တြင္ ေဖာ္ျပထားသည့္ သကၤန္းၿခဳံ၍ ဟာသလုပ္ကာ ကျပခဲ့ေသာ ဇာတ္အဖြဲ႕၏ ဘာသာ သာသနာ ညႇိဳးႏြမ္းေစေသာ ျပဳမူတင္ဆက္မႈအားျပင္းထန္းစြာ ကန႔္ကြက္ရႈံ႕ခ်ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လက္ရွိတြင္ အဆိုပါ ဇာတ္အဖြဲ႕၏ အမည္၊ တည္ေထာင္သူႏွင့္ တည္ေနရာတို႔ကို စုံစမ္းလ်က္ရွိၿပီး သဘင္စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ အျမန္ဆုံးအေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို) က ထုတ္ျပန္ထားသည္။