စာအုပ်ကောင်းထွက်ရှိမှုနည်းလာသဖြင့် စာအုပ်အဟောင်းတန်းများဘက် ဝယ်သူပြန်လှည့်လာ
724
NP News - ဒီဇင်ဘာ ၉
ယခုနောက်ပိုင်းတွင် စာအုပ်ကောင်းထွက်ရှိမှုနည်းလာသဖြင့် စာအုပ်အဟောင်းတန်းတွင် ယခင်ထုတ်စာအုပ် ဟောင်းများကို ရှာကြံဝယ်ယူလာသဖြင့် စာအုပ်အဟောင်းစျေးကွက် ပြန်အရောင်းအဝယ်ဖြစ်လာကြောင်း ရန်ကုန်မြို့ရှိ စာအုပ်အဟောင်းအရောင်းဆိုင်များမှ သိရသည်။
“စာအုပ်အသစ်စျေးမြင့်တာလည်း ပါမယ်ထင်တယ်။ နောက်တစ်ခုက လာဝယ်တဲ့သူအများစုက အသစ်ထက် အဟောင်းထဲက စာကောင်းတာတွေ ရှာလာကြတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရောင်းနေတာကြာပြီ၊ အခု စာအုပ်ရှာသူတွေ၊ အခုမှ စာအုပ်အဟောင်းတန်းမှာ လာရှာသူတွေနဲ့ ဘာပဲပြောပြော ကျွန်တော်တို့ ဆိုင်လေးတွေ ကတော့ ရောင်းရတဲ့အနေအထားမျိုး ကြုံရတယ်” ဟု ၃၇ လမ်းအတွင်း စာအုပ်အဟောင်းဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
ထိုစာအုပ်အဟောင်းဆိုင်များထံသို့ ဖတ်ပြီးသောစာအုပ်များကို ပြန်လည်သွင်းရောင်းချသူများလည်းရှိပြီး မဖတ်ရသေးသော စာအုပ်ကောင်းများနှင့် ငွေအနည်းငယ်အလိုက်ပေး၍လဲလှယ်သွားသူများလည်းရှိလာကြောင်း သိရသည်။
ထိုစာအုပ်အဟောင်းစျေးကွက်တွင် အရောင်းအဝယ်အေးခဲ့ဖူးသော ရက်များစွာကြုံခဲ့ရပြီး ယခုအခါ အရောင်း အဝယ် အနည်းငယ်ပြန်ဖြစ်လာသလို ပွင့်လင်းရာသီကာလလည်းရောက်လာပြီဖြစ်၍ အရောင်းအဝယ်များ ဆက်လက်ကောင်းမွန်ရန် မျှော်လင့်ထားကြသည်။
ထိုစာအုပ်အဟောင်းစျေးကွက်တွင် ရှားပါးစာအုပ်ကောင်းများစွာလည်းရှိနေပြီး အနည်းဆုံးကျပ်ထောင်ဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ အသီးသီးရှိတတ်ကြောင်းလည်း သိရသည်။
Zawgyi Version:
NP News - ဒီဇင်ဘာ ၉
ယခုနောက်ပိုင်းတွင် စာအုပ်ကောင်းထွက်ရှိမှုနည်းလာသဖြင့် စာအုပ်အဟောင်းတန်းတွင် ယခင်ထုတ်စာအုပ် ဟောင်းများကို ရှာကြံဝယ်ယူလာသဖြင့် စာအုပ်အဟောင်းဈေးကွက် ပြန်အရောင်းအဝယ်ဖြစ်လာကြောင်း ရန်ကုန်မြို့ရှိ စာအုပ်အဟောင်းအရောင်းဆိုင်များမှ သိရသည်။
ထိုစာအုပ်အဟောင်းဈေးကွက်တွင် အရောင်းအဝယ်အေးခဲ့ဖူးသော ရက်များစွာကြုံခဲ့ရပြီး ယခုအခါ အရောင်း အဝယ် အနည်းငယ်ပြန်ဖြစ်လာသလို ပွင့်လင်းရာသီကာလလည်းရောက်လာပြီဖြစ်၍ အရောင်းအဝယ်များ ဆက်လက်ကောင်းမွန်ရန် မျှော်လင့်ထားကြသည်။
ထိုစာအုပ်အဟောင်းဈေးကွက်တွင် ရှားပါးစာအုပ်ကောင်းများစွာလည်းရှိနေပြီး အနည်းဆုံးကျပ်ထောင်ဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ အသီးသီးရှိတတ်ကြောင်းလည်း သိရသည်။