တိုက်လေယာဉ်တွေကို ရေဒါနဲ့ချိန်ရွယ်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်သံအမတ်ကြီးကို ဂျပန်အစိုးရ ဆင့်ခေါ်

 715

Pika (NP News) - ဒီဇင်ဘာ ၉

ဂျပန်တိုက်လေယာဉ်ကို ရေဒါနဲ့လိုက်လံချိန်ညှိမှုတွေလုပ်ဆောင်ခဲ့တဲ့ တရုတ်စစ်လေယာဉ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တယ်လို့ ဂျပန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တရုတ်(တိုင်ပေ)နဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်အသစ် ဆာနေးတာကိုင်ချီရဲ့မှတ်ချက်တွေကြောင့် ဂျပန်နဲ့တရုတ်ကြား တင်းမာမှု တွေမြင့်တက်နေချိန်မှာပဲ ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
တရုတ်(တိုင်ပေ)အပေါ် တရုတ်က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ဂျပန်စစ်တပ်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ ဆာနေးတာကိုင်ချီက ပြီးခဲ့တဲ့လမှာ မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
တရုတ်ရဲ့ Liaoning လေယာဉ်တင်သင်္ဘောက J-15 တိုက်လေယာဉ်တွေဟာ နိုင်ငံတကာရေပြင်မှာပျံသန်းနေတဲ့ ဂျပန်တိုက်လေယာဉ်တွေကို ရေဒါနဲ့ နှစ်ကြိမ်တိုင်တိုင် လိုက်လံချိန်ရွယ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဂျပန်အစိုးရ က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဖြစ်ရပ်အတွင်း ပျက်စီးတာမျိုး ဒါမှမဟုတ် ထိခိုက် ဒဏ်ရာရရှိတာမျိုးတွေ မရှိခဲ့ဘူးလို့လည်း ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ ဂျပန်အစိုးရရဲ့ပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့စွပ်စွဲပြောဆိုချက်တွေသာဖြစ်ပြီး တရုတ်ရေတပ်ကို အသရေဖျက်နေတာမျိုးတွေ လုပ်ဆောင် နေတာကို ချက်ချင်းရပ်တန့်ဖို့ တရုတ်ရေတပ်က ဂျပန်ကို တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တိုက္ေလယာဥ္ေတြကို ေရဒါနဲ႔ခ်ိန္႐ြယ္တဲ့ျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တ႐ုတ္သံအမတ္ႀကီးကို ဂ်ပန္အစိုးရ ဆင့္ေခၚ
Pika (NP News) - ဒီဇင္ဘာ ၉
ဂ်ပန္တိုက္ေလယာဥ္ကို ေရဒါနဲ႔လိုက္လံခ်ိန္ညႇိမႈေတြလုပ္ေဆာင္ခဲ့တဲ့ တ႐ုတ္စစ္ေလယာဥ္ရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီး တ႐ုတ္သံအမတ္ႀကီးကို ဆင့္ေခၚခဲ့တယ္လို႔ ဂ်ပန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္(တိုင္ေပ)နဲ႔ ပတ္သက္ၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္ ဆာေနးတာကိုင္ခ်ီရဲ႕မွတ္ခ်က္ေတြေၾကာင့္ ဂ်ပန္နဲ႔တ႐ုတ္ၾကား တင္းမာမႈ ေတြျမင့္တက္ေနခ်ိန္မွာပဲ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
တ႐ုတ္(တိုင္ေပ)အေပၚ တ႐ုတ္က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့မယ္ဆိုရင္ ဂ်ပန္စစ္တပ္က စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ႏိုင္တယ္လို႔ ဆာေနးတာကိုင္ခ်ီက ၿပီးခဲ့တဲ့လမွာ မွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ရဲ႕ Liaoning ေလယာဥ္တင္သေဘၤာက J-15 တိုက္ေလယာဥ္ေတြဟာ ႏိုင္ငံတကာေရျပင္မွာပ်ံသန္းေနတဲ့ ဂ်ပန္တိုက္ေလယာဥ္ေတြကို ေရဒါနဲ႔ ႏွစ္ႀကိမ္တိုင္တိုင္ လိုက္လံခ်ိန္႐ြယ္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ဂ်ပန္အစိုးရ က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီျဖစ္ရပ္အတြင္း ပ်က္စီးတာမ်ိဳး ဒါမွမဟုတ္ ထိခိုက္ ဒဏ္ရာရရွိတာမ်ိဳးေတြ မရွိခဲ့ဘူးလို႔လည္း ဂ်ပန္အစိုးရက ေျပာၾကားခဲ့ပါတယ္။ ဂ်ပန္အစိုးရရဲ႕ေျပာဆိုခ်က္ေတြဟာ အေျခအျမစ္မရွိတဲ့စြပ္စြဲေျပာဆိုခ်က္ေတြသာျဖစ္ၿပီး တ႐ုတ္ေရတပ္ကို အသေရဖ်က္ေနတာမ်ိဳးေတြ လုပ္ေဆာင္ ေနတာကို ခ်က္ခ်င္းရပ္တန႔္ဖို႔ တ႐ုတ္ေရတပ္က ဂ်ပန္ကို တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.