အင်းဝစွယ်တော်စင် ပြန်လည်တည်ဆောက်သည့် လုပ်ငန်းများ စတင်နေ

 629

စော (NP News) - ဒီဇင်ဘာ ၁ဝ

မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်းရှိ အုတ်ပုံသဖွယ်ပျက်စီးနေသော စွယ်တော်စင်ကို (ဒီဇင်ဘာ ၂ရက်) က ရွှေပန္နက်၊ ငွေပန္နက်၊ မြပန္နက်၊ ပတ္တမြားပန္နက်ချ မင်္ဂလာတော်ပြုလုပ်ပြီးနောက် ပြန်လည်တည်ထားနေပြီဖြစ်ကြောင်း စွယ်တော်စင် ဖြစ်မြောက်ရေးဆောင်ရွက်ပေးနေသော ရှေး ဟောင်း သုတေသီ၊ စာရေးဆရာ ဗိုလ်ရှိတ် (ရတနာပူရ)က NP News ကို ပြောသည်။
အဆိုပါ အင်းဝစွယ်တော်စင် ပြန်လည်တည်ဆောက်ခွင့်ကို ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနက ဇူလိုင်လအတွင်းက ခွင့်ပြုမိန့်ပေးလိုက်သည့်အတွက် ပုရပိုက်ပါ ပန်းချီလက် ရာအတိုင်း ရှေးမူမပျက် ပြန်လည်တည်ဆောက်ရေးကို မြန်မာမှုဗိသုကာပညာရှင် ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင်က ဒီဇိုင်းဆွဲကာ ကြီးကြပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်တည်ထားမည့် အင်းဝစွယ်တော်စင်ကို နန်းဦးစေတီဟုသာ လူသိများခဲ့ပြီး အင်းဝမြို့ကို လေးကြိမ်မြောက်တည်ခဲ့သော ဘကြီးတော် စစ်ကိုင်းမင်းက မြန်မာသက္ကရာဇ် (၁၁၈၃) ခုနှစ်တွင် တည် ထားခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များက ခန့်မှန်းထားကာ အင်းဝ၊ အမရပူရနှင့် မန္တလေးမြို့တို့တွင် စွယ် တော်စင်(၁)ဆူစီသာရှိကြောင်း သိရသည်။
“စွယ်တော်စင် ပန္နက်ချပြီးရင် စဆောက် တော့မှာ။ အခုလောလောဆယ်ကတော့ ချောမွေ့နေ ပါတယ်။ ကြာချိန်ကတော့ (၆) လ။ (၆)လဆိုတာ ကြာချိန်က တစ်နှစ်သတ်မှတ်ထားတာပေါ့။ ရှေးသုကို တင်ထားတာ။ ဆောက်လုပ်ရေးကတော့ ဒီဟာက (၆) လအတွင်း ပြီးမယ်ပေါ့”ဟု ၎င်းကပြောသည်။
ထိုသို့ အင်းဝစွယ်တော်စင် ပြန်လည်တည် ဆောက်နိုင်ရေးအတွက် ကုန်ကျစရိတ်အားလုံးကို အလှူရှင်မိသားစုတစ်စုတည်းကသာကုန်ကျခံပေးခဲ့ကြောင်းနှင့် စက်တင်ဘာလ (၇) ရက်က တည် ဆောက်ရန် မြေတူးစဉ်ရရှိသောရှေးလက်ရာ ရှားပါး မနုဿီဟရုပ်ကို လုံခြုံရေးအရ အင်းဝပြတိုက်တွင် ယာယီထိန်းသိမ်းထားကြောင်း သိရသည်။

Zawgyi Version:
အင္းဝစြယ္ေတာ္စင္ ျပန္လည္တည္ေဆာက္သည့္ လုပ္ငန္းမ်ား စတင္ေန
ေစာ (NP News) - ဒီဇင္ဘာ ၁ဝ
မႏၲေလးတိုင္းေဒသႀကီး အင္းဝၿမိဳ႕ေဟာင္းရွိ အုတ္ပုံသဖြယ္ပ်က္စီးေနေသာ စြယ္ေတာ္စင္ကို (ဒီဇင္ဘာ ၂ရက္) က ေ႐ႊပႏၷက္၊ ေငြပႏၷက္၊ ျမပႏၷက္၊ ပတၱျမားပႏၷက္ခ် မဂၤလာေတာ္ျပဳလုပ္ၿပီးေနာက္ ျပန္လည္တည္ထားေနၿပီျဖစ္ေၾကာင္း စြယ္ေတာ္စင္ ျဖစ္ေျမာက္ေရးေဆာင္႐ြက္ေပးေနေသာ ေရွး ေဟာင္း သုေတသီ၊ စာေရးဆရာ ဗိုလ္ရွိတ္ (ရတနာပူရ)က NP News ကို ေျပာသည္။
အဆိုပါ အင္းဝစြယ္ေတာ္စင္ ျပန္လည္တည္ေဆာက္ခြင့္ကို ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳး သားျပတိုက္ဦးစီးဌာနက ဇူလိုင္လအတြင္းက ခြင့္ျပဳမိန႔္ေပးလိုက္သည့္အတြက္ ပုရပိုက္ပါ ပန္းခ်ီလက္ ရာအတိုင္း ေရွးမူမပ်က္ ျပန္လည္တည္ေဆာက္ေရးကို ျမန္မာမႈဗိသုကာပညာရွင္ ဆရာႀကီး တမၸဝတီ ဦးဝင္းေမာင္က ဒီဇိုင္းဆြဲကာ ႀကီးၾကပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ျပန္လည္တည္ထားမည့္ အင္းဝစြယ္ေတာ္စင္ကို နန္းဦးေစတီဟုသာ လူသိမ်ားခဲ့ၿပီး အင္းဝၿမိဳ႕ကို ေလးႀကိမ္ေျမာက္တည္ခဲ့ေသာ ဘႀကီးေတာ္ စစ္ကိုင္းမင္းက ျမန္မာသကၠရာဇ္ (၁၁၈၃) ခုႏွစ္တြင္ တည္ ထားခဲ့ျခင္းျဖစ္သည္ဟု ပညာရွင္မ်ားက ခန႔္မွန္းထားကာ အင္းဝ၊ အမရပူရႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ စြယ္ ေတာ္စင္(၁)ဆူစီသာရွိေၾကာင္း သိရသည္။
“စြယ္ေတာ္စင္ ပႏၷက္ခ်ၿပီးရင္ စေဆာက္ ေတာ့မွာ။ အခုေလာေလာဆယ္ကေတာ့ ေခ်ာေမြ႕ေန ပါတယ္။ ၾကာခ်ိန္ကေတာ့ (၆) လ။ (၆)လဆိုတာ ၾကာခ်ိန္က တစ္ႏွစ္သတ္မွတ္ထားတာေပါ့။ ေရွးသုကို တင္ထားတာ။ ေဆာက္လုပ္ေရးကေတာ့ ဒီဟာက (၆) လအတြင္း ၿပီးမယ္ေပါ့”ဟု ၎ကေျပာသည္။
ထိုသို႔ အင္းဝစြယ္ေတာ္စင္ ျပန္လည္တည္ ေဆာက္ႏိုင္ေရးအတြက္ ကုန္က်စရိတ္အားလုံးကို အလႉရွင္မိသားစုတစ္စုတည္းကသာကုန္က်ခံေပးခဲ့ေၾကာင္းႏွင့္ စက္တင္ဘာလ (၇) ရက္က တည္ ေဆာက္ရန္ ေျမတူးစဥ္ရရွိေသာေရွးလက္ရာ ရွားပါး မႏုႆီဟ႐ုပ္ကို လုံၿခဳံေရးအရ အင္းဝျပတိုက္တြင္ ယာယီထိန္းသိမ္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.