ရှမ်းပြည်နယ် မှ ရခိုင်ပြည်နယ်သို့ ပို့မည့် ငွေကျပ် (၁၂ ဒသမ ၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြင်ဦးလွင်တွင် ဖမ်းမိ

378

ထိုက်စံ (NP News) – ဒီဇင်ဘာ ၁ဝ
ရှမ်းပြည်နယ် မှ ရခိုင်ပြည်နယ်သို့ ပို့မည့် ငွေကျပ် (၁၂ ဒသမ ၈၈၅) ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၈ နာရီအချိန်တွင် သတင်းအရ ပြင်ဦးလွင်မြို့နယ် ၊ ထုံးဘိုကျေးရွာအနီး စောင့်ဆိုင်းနေစဉ် အောင်သူဖြိုး နှင့် ပြည့်ဖြိုးဟိန်း (ခ) ဖက်တီးတို့ လိုက်ပါလာသော ALPHARD အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား (၂၃.၉) သိန်းဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးသူများအားစစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်တွင် သွားရောက်ရှာဖွေရာ ပြင်ဦးလွင်မြို့နယ်၊ ခြေမြစ်ပင်ကျေးရွာအနီး ခြုံအတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား ၆၂ သိန်း ထပ်မံဖမ်ဆီးရမိခဲ့သောကြောင့် ယင်းဖြစ်စဉ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၁၂ ဒသမ ၈၈၅ ဘီလီယံဖြစ်ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြား သယ်ဆောင်ရာတွင် ပါဝင်သူ ကျော်မိုးထွန်းအား ဒီဇင်ဘာလ ၁ ရက် ည ၁ဝ နာရီအချိန်က ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ ၊ ရတနာပုံရပ်ကွက်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ပန်းတောင်းမြို့နယ်၊ဥသျှစ်ပင်မြို့နေ ကျော်ကျော် ၊ ဟိန်းစည်သူ နှင့် ရွှေတောင်မြို့နေ ကျော်မောင်မောင်လှိုင်(ခ) ကိုချို မှာ ပူးပေါင်းပါဝင်သူများဖြစ်သောကြောင့် တာဝန်ရှိသူများက ဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အားပြင်ဉီးလွင်မြို့ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုှုင့်ထားကြောင်း သိရသည်။

Zawgyi Version:
ရွမ္းျပည္နယ္ မွ ရခိုင္ျပည္နယ္သို႔ ပို႔မည့္ ေငြက်ပ္ (၁၂ ဒသမ ၉) ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ျပင္ဦးလြင္တြင္ ဖမ္းမိ
ထိုက္စံ (NP News) – ဒီဇင္ဘာ ၁ဝ
ရွမ္းျပည္နယ္ မွ ရခိုင္ျပည္နယ္သို႔ ပို႔မည့္ ေငြက်ပ္ (၁၂ ဒသမ ၈၈၅) ဘီလီယံေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ျပင္ဦးလြင္ၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း CCDAC MYANMAR ၏ ထုတ္ျပန္ခ်က္အရ သိရပါသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာပူးေပါင္းအဖြဲ႕က ႏိုဝင္ဘာလ ၂၉ ရက္၊ နံနက္ ၈ နာရီအခ်ိန္တြင္ သတင္းအရ ျပင္ဦးလြင္ၿမိဳ႕နယ္ ၊ ထုံးဘိုေက်း႐ြာအနီး ေစာင့္ဆိုင္းေနစဥ္ ေအာင္သူၿဖိဳး ႏွင့္ ျပည့္ၿဖိဳးဟိန္း (ခ) ဖက္တီးတို႔ လိုက္ပါလာေသာ ALPHARD အမ်ိဳးအစားယာဥ္အား ရပ္တန႔္စစ္ေဆး ရွာေဖြရာ ယာဥ္ေပၚမွ စိတ္ႂကြေဆးျပား (၂၃.၉) သိန္းဖိုး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးသူမ်ားအားစစ္ေဆးေဖာ္ထုတ္ခ်က္အရ ယင္းေန႔နံနက္ ၉ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ သြားေရာက္ရွာေဖြရာ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေျချမစ္ပင္ေက်း႐ြာအနီး ၿခဳံအတြင္းမွ ဆာလာအိတ္မ်ားျဖင့္ ထည့္ထားသည့္ စိတ္ႂကြေဆးျပား ၆၂ သိန္း ထပ္မံဖမ္ဆီးရမိခဲ့ေသာေၾကာင့္ ယင္းျဖစ္စဥ္တြင္ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈတန္ဖိုးမွာ စုစုေပါင္း ေငြက်ပ္ ၁၂ ဒသမ ၈၈၅ ဘီလီယံျဖစ္ေၾကာင္း သိရသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ စိတ္ႂကြေဆးျပား သယ္ေဆာင္ရာတြင္ ပါဝင္သူ ေက်ာ္မိုးထြန္းအား ဒီဇင္ဘာလ ၁ ရက္ ည ၁ဝ နာရီအခ်ိန္က ပန္းေတာင္းၿမိဳ႕နယ္၊ ဥသွ်စ္ပင္ၿမိဳ႕ ၊ ရတနာပုံရပ္ကြက္ရွိေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ပန္းေတာင္းၿမိဳ႕နယ္၊ဥသွ်စ္ပင္ၿမိဳ႕ေန ေက်ာ္ေက်ာ္ ၊ ဟိန္းစည္သူ ႏွင့္ ေ႐ႊေတာင္ၿမိဳ႕ေန ေက်ာ္ေမာင္ေမာင္လႈိင္(ခ) ကိုခ်ိဳ မွာ ပူးေပါင္းပါဝင္သူမ်ားျဖစ္ေသာေၾကာင့္ တာဝန္ရွိသူမ်ားက ဖမ္းဆီးရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ျဖစ္စဥ္တြင္ ေဖာ္ထုတ္ခ်က္အရ ရွမ္းျပည္နယ္မွ ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရၿပီး ၎တို႔အားျပင္ဉီးလြင္ၿမိဳ႕ ရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈွုင့္ထားေၾကာင္း သိရသည္။