ရွေးကောက်ပွဲဝင်ပြိုင်မည့်သူများအား အရေးယူမည်ဆိုသော NUG၊ CRPH ၏ဥပဒေကို မစိုးရိမ်ကြောင်း တစညဒုဥက္ကဋ္ဌပြော

685

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၀
ရွေးကောက်ပွဲဝင်ပြိုင်မည့်သူများအား အရေးယူမည်ဆိုသော NUG၊ CRPH ၏ဥပဒေကို မစိုးရိမ်ကြောင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည) ဒုတိယဥက္ကဋ္ဌဦးသိန်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဦးသိန်းထွန်က ယနေ့(ဒီဇင်ဘာ ၁၀ရက်)၊ မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တစညပါတီ ဗဟိုကော်မတီဌာနချုပ် ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးခန်းမတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
NUG၊ CRPH ပြဌန်းထားသည်ဟုဖော်ပြထားသော ဥပဒေအတွင် ရွေးကောက်ပွဲပါဝင်သူများအား ထောင် (၃)နှစ်မှ (၅)နှစ်အထိ ဖြစ်စေ ငွေကျပ်သိန်း (၅၀)မှ သိန်း (၅၀၀)အောက်မနိမ့်သော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင် ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ မစိုးရိမ်ပါဘူး။ မစိုးရိမ်ဘူးဆိုတာက ပြည်သူက လိုလားတယ်။ ပြည်သူလိုလားတဲ့အတွက်ကြောင့်မို့ ပြည်သူကပါဝင်ပြီး တော့ ပူးပေါင်ဆောင်ရွက်မယ်။ နောက်တစ်ခုက မလိုလားအပ်တဲ့လုပ်ငန်းတွေမှာက နိုင်ငံတော်က တာဝန်ရှိတယ်။ နိုင်ငံတော်က ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဥပဒေရပ်ကို ဖော်ဆောင်ပြီးတော့ ပေါ်အောင်လို့ လုပ်ကိုင်ဆောင်ရွက်ဖို့ အတွက် အကြိမ်ကြိမ်ကတိပေးပြီးတော့ ပြောဆိုလုပ်ကိုင်ဆောင်ရွက်နေတာတွေ့ရပါတယ်”ဟု တစညပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်းက ပြောသည်။
ထို့ပြင် မည်သို့သောအခြေအနေမျိုးမှာပင်ဖြစ်စေ ပါတီအနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင် နေကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ရဲဘော်တွေအတွက်က တာဝန်ယူပြီးတော့ ပါဝင်ယှဉ်ပြိုင်မယ်။ အခုလည်းပဲ မြို့နယ်အလိုက် ပထမအကြိမ် ဒီဇင်ဘာ (၂၈) ရက်နေ့မှာ (၁၀၂)မြို့နယ်။ နောက်ပြီး ဇန်နဝါရီ ၁၁ရက်မှာ မြို့နယ် (၁၀၀)။ နောက် တတိယအသုပ်က ဇန်နဝါရီနောက်ဆုံးအပတ်မှာ ဖြစ်မယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာလည်းပဲအခြေနေတကယ်လို့ မပေးတဲ့ဟာတွေကို ကျေးရွာတွေပေါ့။ ဒါတွေကို ပြင်ဆင်ထား တာရှိတယ်။ အဲဒီတော့ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် နိုင်ငံတော်အပိုင်းကလည်း နိုင်ငံတော်ရဲ့ တာဝန်ရှိတဲ့ တာဝန်နဲ့အညီ လုပ်နေတယ်။ ကျွန်တော်တို့ပါတီကလည်း ရွေးကောက်ပွဲအောင်မြင်ရေးကို ပြည်သူနဲ့အတူပူးပေါင်းပြီးလုပ်တယ်။ လုပ်တဲ့အခါမှာလည်း အခြေနေမပေးလို့ အဖျက်သမားလုပ်မယ့်အရိပ်အယောင်ဆိုရင်တော့ တစ်ဖက်ကလည်း သတိဝီရိယနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဦးသိန်းထွန်းက ပြောသည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းစားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် လောင်း (၆၉၁)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (၆)ပါတီအတွင်းကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးပါတီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မည့္သူမ်ားအား အေရးယူမည္ဆိုေသာ NUG၊ CRPH ၏ဥပေဒကို မစိုးရိမ္ေၾကာင္း တစညဒုဥကၠ႒ေျပာ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၀
ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မည့္သူမ်ားအား အေရးယူမည္ဆိုေသာ NUG၊ CRPH ၏ဥပေဒကို မစိုးရိမ္ေၾကာင္း တိုင္းရင္းသားစည္းလုံး ညီၫြတ္ေရးပါတီ (တစည) ဒုတိယဥကၠ႒ဦးသိန္းထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဦးသိန္းထြန္က ယေန႔(ဒီဇင္ဘာ ၁၀ရက္)၊ မြန္းတည့္ ၁၂ နာရီက ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္းရွိ တစညပါတီ ဗဟိုေကာ္မတီဌာနခ်ဳပ္ ၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ အစည္းအေဝးခန္းမတြင္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
NUG၊ CRPH ျပဌန္းထားသည္ဟုေဖာ္ျပထားေသာ ဥပေဒအတြင္ ေ႐ြးေကာက္ပြဲပါဝင္သူမ်ားအား ေထာင္ (၃)ႏွစ္မွ (၅)ႏွစ္အထိ ျဖစ္ေစ ေငြက်ပ္သိန္း (၅၀)မွ သိန္း (၅၀၀)ေအာက္မနိမ့္ေသာ ေငြဒဏ္ျဖစ္ေစ ခ်မွတ္ႏိုင္ ၎တို႔ကိုယ္တိုင္ ထုတ္ျပန္ထားေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ မစိုးရိမ္ပါဘူး။ မစိုးရိမ္ဘူးဆိုတာက ျပည္သူက လိုလားတယ္။ ျပည္သူလိုလားတဲ့အတြက္ေၾကာင့္မို႔ ျပည္သူကပါဝင္ၿပီး ေတာ့ ပူးေပါင္ေဆာင္႐ြက္မယ္။ ေနာက္တစ္ခုက မလိုလားအပ္တဲ့လုပ္ငန္းေတြမွာက ႏိုင္ငံေတာ္က တာဝန္ရွိတယ္။ ႏိုင္ငံေတာ္က ဒီေ႐ြးေကာက္ပြဲကို လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲဥပေဒရပ္ကို ေဖာ္ေဆာင္ၿပီးေတာ့ ေပၚေအာင္လို႔ လုပ္ကိုင္ေဆာင္႐ြက္ဖို႔ အတြက္ အႀကိမ္ႀကိမ္ကတိေပးၿပီးေတာ့ ေျပာဆိုလုပ္ကိုင္ေဆာင္႐ြက္ေနတာေတြ႕ရပါတယ္”ဟု တစညပါတီဒုတိယဥကၠ႒ဦးသိန္းထြန္းက ေျပာသည္။
ထို႔ျပင္ မည္သို႔ေသာအေျခအေနမ်ိဳးမွာပင္ျဖစ္ေစ ပါတီအေနျဖင့္ ေ႐ြးေကာက္ပြဲေအာင္ျမင္ေရးအတြက္ ျပည္သူမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္ ေနေၾကာင္း ၎ကဆိုသည္။
“ကြၽန္ေတာ္တို႔ရဲေဘာ္ေတြအတြက္က တာဝန္ယူၿပီးေတာ့ ပါဝင္ယွဥ္ၿပိဳင္မယ္။ အခုလည္းပဲ ၿမိဳ႕နယ္အလိုက္ ပထမအႀကိမ္ ဒီဇင္ဘာ (၂၈) ရက္ေန႔မွာ (၁၀၂)ၿမိဳ႕နယ္။ ေနာက္ၿပီး ဇန္နဝါရီ ၁၁ရက္မွာ ၿမိဳ႕နယ္ (၁၀၀)။ ေနာက္ တတိယအသုပ္က ဇန္နဝါရီေနာက္ဆုံးအပတ္မွာ ျဖစ္မယ္လို႔ သိရပါတယ္။ အဲဒီအေပၚမွာလည္းပဲအေျခေနတကယ္လို႔ မေပးတဲ့ဟာေတြကို ေက်း႐ြာေတြေပါ့။ ဒါေတြကို ျပင္ဆင္ထား တာရွိတယ္။ အဲဒီေတာ့ ေ႐ြးေကာက္ပြဲေအာင္ျမင္ေရးအတြက္ ႏိုင္ငံေတာ္အပိုင္းကလည္း ႏိုင္ငံေတာ္ရဲ႕ တာဝန္ရွိတဲ့ တာဝန္နဲ႔အညီ လုပ္ေနတယ္။ ကြၽန္ေတာ္တို႔ပါတီကလည္း ေ႐ြးေကာက္ပြဲေအာင္ျမင္ေရးကို ျပည္သူနဲ႔အတူပူးေပါင္းၿပီးလုပ္တယ္။ လုပ္တဲ့အခါမွာလည္း အေျခေနမေပးလို႔ အဖ်က္သမားလုပ္မယ့္အရိပ္အေယာင္ဆိုရင္ေတာ့ တစ္ဖက္ကလည္း သတိဝီရိယနဲ႔ ေဆာင္႐ြက္ရမွာျဖစ္ပါတယ္”ဟု ဦးသိန္းထြန္းက ေျပာသည္။
လာမည့္ ဒီဇင္ဘာ ၂၈ ရက္တြင္ စတင္က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲတြင္ တိုင္းရင္းစားစည္းလုံးညီၫြတ္ေရးပါတီမွ ကိုယ္စားလွယ္ ေလာင္း (၆၉၁)ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ျပည္ေထာင္စုအဆင့္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီ (၆)ပါတီအတြင္းကိုယ္စားလွယ္ေလာင္း ဒုတိယအမ်ားဆုံးပါတီျဖစ္ေၾကာင္း သိရသည္။