ရန်ကုန်မြို့လယ်ခေါင်ရှိ ရွှေဇင်ရွှေဆိုင်ဓားပြတိုက်ခံရမှုမှ ကျူးလွန်သူများကို ဖမ်းမိ

2251

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ရွှေဇင်ရွှေဆိုင်ဓားတိုက်ခံရမှုမှ ကျူးလွန်သူများကို ယမန်နေ့(ဒီဇင်ဘာ ၉ရက်)က ဖမ်းဆီးရမိခဲ့ ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၅ရက်၊ နံနက် ၉ နာရီအချိန်က လသာမြိုနယ်၊မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဇင်ရွှေဆိုင်ရှေ့တွင် ဆိုင်ပိုင်က ပစ္စည်းများကို ကားပေါ်မှချနေစဉ် လူ (၂)ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ပြကာ ရွှေထုတ်နှင့် ငွေကျပ်သိန်း (၁၀၀၀)ခန့်ကို ဓားတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ဓားပြမှုဖြစ်ပွားရာနေရာအနီးမှ CCTV များအားကြည့်ရှုစစ်ဆေး ချက်အရ ဓားပြမှုကျူးလွန်သူများသည် သာကေမြိုနယ် (၈) ရပ်ကွက်မှ အောင်ဘရားသား လက်ဖက်ရည်ဆိုင်ပိုင်ရှင်အောင်ကိုဇင်နှင့် အဖျော်ဆရာစိုးတို့ ဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုက်ရာပါပစ္စည်းများကိုလည်း မသင်းမိုးကြူဆိုသူက အောင်ဘရားသား လက်ဖက်ရည်ဆိုင်တွင်သိမ်းဆည်းပေးခဲ့ပြီး ပူးပေါင်း ကြံစည်သူအဖြစ် ဒဂုံအရှေ့ပိုင်းမြိုနယ်နေ စည်ပင်ရေစက်မောင်းသူ ဦးသန်းထွန်းကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဓားပြမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် သေနတ်များနှင့် ကျည်များကိုသိမ်းဆည်းများအပါအဝင် တိုက်ရာပါ ရွှေထည်များနှင့် ငွေများကိုလည်း သိမ်းဆည်းထားပြီး ကျူးလွန်သူများအား ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕လယ္ေခါင္ရွိ ေ႐ႊဇင္ေ႐ႊဆိုင္ဓားျပတိုက္ခံရမႈမွ က်ဴးလြန္သူမ်ားကို ဖမ္းမိ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၀
ရန္ကုန္တိုင္းေဒသႀကီး၊ လသာၿမိဳ႕နယ္ရွိ ေ႐ႊဇင္ေ႐ႊဆိုင္ဓားတိုက္ခံရမႈမွ က်ဴးလြန္သူမ်ားကို ယမန္ေန႔(ဒီဇင္ဘာ ၉ရက္)က ဖမ္းဆီးရမိခဲ့ ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာ ၅ရက္၊ နံနက္ ၉ နာရီအခ်ိန္က လသာၿမိဳနယ္၊မဟာဗႏၶဳလလမ္းေပၚရွိ ေ႐ႊဇင္ေ႐ႊဆိုင္ေရွ႕တြင္ ဆိုင္ပိုင္က ပစၥည္းမ်ားကို ကားေပၚမွခ်ေနစဥ္ လူ (၂)ဦးက ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီး ေသနတ္ျပကာ ေ႐ႊထုတ္ႏွင့္ ေငြက်ပ္သိန္း (၁၀၀၀)ခန႔္ကို ဓားတိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ရာ ဓားျပမႈျဖစ္ပြားရာေနရာအနီးမွ CCTV မ်ားအားၾကည့္ရႈစစ္ေဆး ခ်က္အရ ဓားျပမႈက်ဴးလြန္သူမ်ားသည္ သာေကၿမိဳနယ္ (၈) ရပ္ကြက္မွ ေအာင္ဘရားသား လက္ဖက္ရည္ဆိုင္ပိုင္ရွင္ေအာင္ကိုဇင္ႏွင့္ အေဖ်ာ္ဆရာစိုးတို႔ ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ တိုက္ရာပါပစၥည္းမ်ားကိုလည္း မသင္းမိုးၾကဴဆိုသူက ေအာင္ဘရားသား လက္ဖက္ရည္ဆိုင္တြင္သိမ္းဆည္းေပးခဲ့ၿပီး ပူးေပါင္း ႀကံစည္သူအျဖစ္ ဒဂုံအေရွ႕ပိုင္းၿမိဳနယ္ေန စည္ပင္ေရစက္ေမာင္းသူ ဦးသန္းထြန္းကိုလည္း ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဓားျပမႈက်ဴးလြန္ရာတြင္အသုံးျပဳခဲ့သည့္ ေသနတ္မ်ားႏွင့္ က်ည္မ်ားကိုသိမ္းဆည္းမ်ားအပါအဝင္ တိုက္ရာပါ ေ႐ႊထည္မ်ားႏွင့္ ေငြမ်ားကိုလည္း သိမ္းဆည္းထားၿပီး က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။