ကမ္ဘောဒီးယားရောက် မြန်မာနိုင်ငံသားများ အခက်အခဲ ကြုံတွေ့ပါက သံရုံးကို အကူအညီတောင်းခံနိုင်

 1104

Pearl (NP News) - ဒီဇင်ဘာ ၁၀
ကမ္ဘောဒီးယားရောက် မြန်မာနိုင်ငံသားများ အခက်အခဲ တစ်စုံတစ်ရာကြုံတွေ့ပါက မြန်မာ သံရုံးကို ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ မြန်မာသံရုံးက ယနေ့ ( ဒီဇင်ဘာ ၁၀ရက်) တွင် သတိပေးထုတ်ပြန်ထားသည်။

လတ်တလောဖြစ်ပွားလျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် ပဋိပက္ခဖြစ် ပွားရာ နေရာဒေသများသို့ ခရီးသွားလာခြင်းမှ ရှောင်ရှားကြရန် မြန်မာသံရုံးက သတိပေးထားသည်။

အလားတူ ကမ္ဘောဒီးယားအစိုးရကဖော်ပြ သည့် ယုံကြည်စိတ်ချရသောသတင်းများ၊ ကြေညာချက်များနှင့် လုံခြုံရေးအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လိုက်နာဆောင်ရွက်ကြပါရန်လည်း အသိပေး ထားသည်။

ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏လုံခြုံရေးကို ဂရုပြုကြပါရန်နှင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက မြန်မာသံရုံးဖုန်း နံပါတ် +၈၅၅ ၂၃ ၂၂၃ ၇၆၁ နှင့် +၈၅၅ ၂၃ ၂၂၃ ၇၆၂ များသို့ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အသိပေးကြေညာထားသည်။

Zawgyi Version:
ကေမာၻဒီးယားေရာက္ ျမန္မာႏိုင္ငံသားမ်ား အခက္အခဲ ႀကဳံေတြ႕ပါက သံ႐ုံးကို အကူအညီေတာင္းခံႏိုင္
Pearl (NP News) - ဒီဇင္ဘာ ၁၀
ကေမာၻဒီးယားေရာက္ ျမန္မာႏိုင္ငံသားမ်ား အခက္အခဲ တစ္စုံတစ္ရာႀကဳံေတြ႕ပါက ျမန္မာ သံ႐ုံးကို ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း ကေမာၻဒီးယားႏိုင္ငံ၊ ဖေနာင္ပင္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယေန႔ ( ဒီဇင္ဘာ ၁၀ရက္) တြင္ သတိေပးထုတ္ျပန္ထားသည္။

လတ္တေလာျဖစ္ပြားလ်က္ရွိသည့္ ကေမာၻဒီးယားႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔အၾကား ပဋိပကၡ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ကေမာၻဒီးယားႏိုင္ငံရွိ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ပဋိပကၡျဖစ္ ပြားရာ ေနရာေဒသမ်ားသို႔ ခရီးသြားလာျခင္းမွ ေရွာင္ရွားၾကရန္ ျမန္မာသံ႐ုံးက သတိေပးထားသည္။

အလားတူ ကေမာၻဒီးယားအစိုးရကေဖာ္ျပ သည့္ ယုံၾကည္စိတ္ခ်ရေသာသတင္းမ်ား၊ ေၾကညာခ်က္မ်ားႏွင့္ လုံၿခဳံေရးအေျခအေနမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ေစာင့္ၾကည့္လိုက္နာေဆာင္႐ြက္ၾကပါရန္လည္း အသိေပး ထားသည္။

ကေမာၻဒီးယားႏိုင္ငံသို႔ ေရာက္ရွိေနၾကေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မိမိ၏လုံၿခဳံေရးကို ဂ႐ုျပဳၾကပါရန္ႏွင့္ အခက္အခဲတစ္စုံတစ္ရာ ႀကဳံေတြ႕ရပါက ျမန္မာသံ႐ုံးဖုန္း နံပါတ္ +၈၅၅ ၂၃ ၂၂၃ ၇၆၁ ႏွင့္ +၈၅၅ ၂၃ ၂၂၃ ၇၆၂ မ်ားသို႔ဆက္သြယ္ အကူအညီေတာင္းခံႏိုင္ေၾကာင္း အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.