" ဝ " နဲ့ ကိုးကန့် ထိန်းချုပ်ဒေသထဲက ဖုံးကွယ်ထားတဲ့ မူးယစ်ဆေး၊ ကျားဖျန့်နဲ့ PDF သေဆုံးမှုအကြောင်း (သီးသန့်အင်တာဗျူး)

93

သုတကျော် (NP News) - ဒီဇင်ဘာလ ၁၁
လက်နက်ကိုင်တို့ နယ်မြေချဲ့ထွင်ရန်အတွက် (၁၀၂၇)ဟု ၎င်းတို့ဘာသာအမည်ပေးခဲ့သော တိုက်ပွဲစဉ်များကိုဖော်ဆောင်ခဲ့ရာ ငြိမ်သက်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်မီးတောက်ခဲ့ရသည်။ လက်ရှိတွင်ငြိမ်သက်နေသော်လည်း ဖွဲမီးကဲ့သို့ တအုံနွေးနွေးအခြေအနေရှိနေဆဲဖြစ်သည်။ အထူးသဖြင့် အစိုးရနှင့်အပစ်ရပ်ထားသော ကိုးကန့်အဖွဲ့ဘက်တွင်လည်း မြေပြင်နှင့်ထွက်ပေါ်နေသောသတင်းများ အကြား ကွဲလွဲချက်အချို့ရှိနေသည်။ တစ်ဖန် "ဝ" အဖွဲ့က လက်ရှိတွင် ထိန်းချုပ်ထားသော ဟိုပန်မြို့ အခြေအနေကလည်း စိတ်ဝင်စားဖွယ်ကောင်းနေသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ယင်းဒေ သတွင်နေထိုင်ခဲ့သူတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ဟိုပန်မြို့မှာ ဘာတွေထူးခြားတာမြင်ရလဲ။
ဖြေ - ကျွန်တော်တို့ဒေသ "ဝ" ဟိုပန်ဘက်တော့ ဗိုလ်ချုပ်ကြီးရာပြည့်ပြောတဲ့စကားကြောင့်လားမသိ ဘူး။ အလံတွေဘာတွေတောင် မလွှင့်တော့ဘူး။
မေး - ဘယ်လိုအလံမလွှင့်တာလဲ။
ဖြေ - အရင်တုန်းကဆို နိုင်ငံတော်အလံရော သူတို့ အလံရော ရုံးတွေမှာလွှင့်တာပေါ့။ ဟိုတစ်လောက ဗိုလ်ချုပ်ကြီးရာပြည့်ကပြောလိုက်တာကိုး။ ပြည်နယ် လိုချင် လွှတ်တော်လမ်းကြောင်းကလာ ဆိုတဲ့စကား ကြောင့်လို့ကြားတာပဲ။ အလံတွေ တစ်ခုမှမလွှင့်တော့ ဘူး။ ဒီကောင်တွေ စိတ်ကောက်သွားတယ်လို့ကြား တာပဲ။
မေး - ဘယ်နေရာတွေမှာမတွေ့တာလဲ။ သိပ်မရှင်း လို့ပါ။
ဖြေ - အရင်တုန်းက ရုံးတွေမှာထားတဲ့အလံတွေ အ ကုန်လုံးဖြုတ်ပစ်တာ။
မေး - အရင်က ကျွန်တော်တို့ မြန်မာနိုင်ငံတော် အလံလည်းလွှင့်တယ်ပေါ့။ အဲဒီလိုနော်။
ဖြေ - ဟုတ်တယ်။ ခုက ဘာအလံမှမလွှင့်တော့ဘူး။
မေး - ဘယ်ရက်လောက်ကစပြီးမလွှင့်တော့တာလို့ ကြားလဲ။
ဖြေ - နေပြည်တော်မှာလုပ်တဲ့ NCA ဖိုရမ်အပြီး လောက်မှာ စမလွှင့်တော့တာလို့ကြားရတယ်။ တစ်လ လောက်ရှိပြီနေမှာပေါ့။ ကူးတဲ့တံတားမှာလည်း ဒီဘက်ကိုးကန့်က အလံရှိတယ်။ "ဝ" ဘက်က အရင် တုန်းက အလံရှိတယ်။ အခုမရှိတော့ဘူး။ ကိုးကန့်က တော့ ကိုးကန့်အလံရော၊ မြန်မာနိုင်ငံတော်အလံရော လွှင့်ထားတယ်။
မေး - ဖောင်ဆိပ်တံတားပေါ့။
ဖြေ - ဖောင်ဆိပ်တံတား ဟုတ်တယ်။ တိုက်ပွဲဖြစ် တုန်းက မိုင်းခွဲခံရပြီး "ဝ" က ဟိုပန်ကိုဝင်တော့ပြန်ပြင် ကြတာပေါ့။ ပြင်လိုက်တာ။ ပြန်ပြင်ပြီးတော့မှ အကျိုး ကိုဆက်ထားတာပေါ့။ ဆက်ထားတာက အခုကတော့ ကျွဲကားတွေရော၊ နွားကားတွေရော တရုတ်ပြည်က ကားတွေကဖြတ်တော့ မခံနိုင်တော့ ပြန်ပြင်ရမှာ။ ဟို ဘက် ချင်းရွှေဟော်နဲ့ နန့်တစ်ထွက်တဲ့တံတားကတော့ လုံးဝကျိုးသွားတာလေ။ သူ့ဘာသာသူ ကျိုးတာ။
မေး - နန့်တစ်တံတားက ပြင်နေပြီလား။
ဖြေ - နန့်တစ်တံတားက မပြင်သေးဘူး။ ဟိုပန်ကို သွားတဲ့တံတားကိုပဲပြင်မှာ။ ပြင်တာက သူက နေ့ လယ်(၁၂)နာရီခွဲဆိုပိတ်ပြီ။ ညဆိုပေးမဖြတ်တော့ဘူး ပေါ့ဗျာ။ ကျွန်တော်မြင်ခဲ့တာတော့ ကျွဲတွေကိုချပြီး တော့ဆွဲသွားရတာ။ ကားကိုဝိတ်လျှော့တာပေါ့။ လူနဲ့ ဆွဲပြီးဖြတ်တာပေါ့။ တစ်ဝက်လောက်ကတော့ ကား ပေါ်ကျန်တာပေါ့။
မေး - ဒါတွေက တရုတ်ဘက်ကိုပို့တာလား။
ဖြေ - သေချာတာပေါ့။
မေး - ပို့တဲ့သူတွေကျတော့ ဒေသခံတွေလား။
ဖြေ - ဒေသခံမရှိဘူး။ ဘယ်ကလာတဲ့ ကုလားတွေ လည်းမသိဘူး။ ကျွဲနွားရောင်းတဲ့သူတွေပဲ။ ကုန်သည် ကားတွေနေမှာပေါ့။ ကားလေးဆိုရင် ကိုးကန့်က လည်း (တရုတ်ငွေ)တစ်ဆယ်၊ ဟိုဘက်ဝကလည်း တစ်ဆယ်။ ကားတွေကတော့ သွားသွားလာလာပေါ့ ဗျာ။ ဝင်ငွေကတော့ ဖြောင့်တာပေါ့။
မေး - အုပ်ချုပ်ရေးအခြေအနေကကော ဘယ်လို ရှိလဲ။
ဖြေ - အုပ်ချုပ်ရေးအခြေအနေကတော့ "ဝ" အစည်း အဝေးခေါ်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို။ သူတို့က ခေါ်ပြီးအမိန့်ပေးတာ။ ဒီကနေ ပြန်တင်ပြတာ မလုပ်နဲ့တဲ့။ သူတို့ခိုင်းတာလုပ်ပေါ့ဗျာ အုပ်ချုပ်ရေး ကတော့။ (ရယ်လျက်)
မေး - ဘယ်လိုမျိုးလဲ။
ဖြေ - သူတို့အုပ်ချုပ်နေတဲ့မြို့ပေါ် အုပ်ချုပ်ရေးမှူး တွေကိုခေါ်တာပေါ့။ အစည်းအဝေးခေါ်ပြီးရင် ဘာ လုပ်ဘာလုပ် ခိုင်းတာပေါ့။ သူတို့ဖြစ်ချင်တာကို ချပြ ပြီးခိုင်းတာ။ အောက်ကအုပ်ကြီးတွေက ပြန်ပြီးမတင် ပြနဲ့ ငါတို့ခိုင်းတာလုပ် ဆိုတဲ့ပုံစံ။ မြို့နယ်အုပ်ချုပ်ရေး မှူးရုံးတွေကမရှိတော့ဘူး။ တရုတ်စာနဲ့ပုဂ္ဂလိက ဆေး ရုံတွေဘာတွေ ဆောက်နေတာ။
မေး - အစိုးရ အရင်ပိုင်တဲ့အဆောက်အအုံတွေကို တရုတ်တွေဝင်စီးသွားပြီပေါ့။
ဖြေ - တရုတ်တွေကတော့ မဟုတ်ဘူးပေါ့ဗျာ။ "ဝ" တွေပေါ့။ တပ်အဆောက်အအုံတွေကျတော့ ]ဝ}တပ် ကထိန်းတယ်။ ရဲတို့၊ မီးသတ်စခန်းတို့ကျတော့ "ဝ" ရဲကထိန်းတယ်။ ကျန်တဲ့ အရပ်ဘက်ဌာနဆိုင်ရာရုံး တွေကျတော့ အုပ်ချုပ်ရေးကထိန်းတယ်။ အဲဒီလိုလုပ် တာ။
မေး - ပြည်နယ်အစိုးရ အာဏာမရှိတော့ဘူးပေါ့။
ဖြေ - ဘယ်လိုလုပ်ရှိတော့မှာတုံး။ အခု ကျန်းမာရေး နဲ့ပညာရေးဝန်ထမ်း နှစ်ခုပဲရှိတာလေ။
မေး - တရုတ်စာတွေနဲ့ တရုတ်ဆေးရုံတွေဆိုတာ ဘယ်သူဆောက်တာလဲ။ "ဝ" တွေပဲလား။
ဖြေ - "ဝ" တွေပေါ့ဗျာ။ "ဝ" တွေ သူတို့ခေါ်ပြီး တရုတ် တွေက ရှယ်ယာတွေဘာတွေပါမှာပေါ့ဗျာ။ အဲဒီမှာက ဆိုင်းဘုတ်တွေက ဗမာစာလည်း နည်းနည်းပါတယ်၊ တရုတ်စာလည်းပါတယ်၊ "ဝ" စာလည်းပါတယ်။ သုံး မျိုးရေးရတာ။ နေလို့ထိုင်လို့ မကောင်းပါဘူးဗျာ။
မေး - မြို့ခံတွေကကော နေရတာအဆင်ပြေရဲ့လား။ သူတို့ ဘယ်လိုဖြစ်နေလဲ။
ဖြေ - ဘယ်ပြေမှာတုံး လူထုက အကုန်စိတ်ညစ်နေ ကြတာပေါ့။
မေး - ဘယ်လိုဖိအားရှိလို့လဲ။
ဖြေ - ဖိအားတွေကတော့ အခွန်အမျိုးမျိုးကောက် တယ်ဗျာ။ လမ်းဘေးက ကွမ်းယာဆိုင်ကအစ အခွန်။ အမှိုက်ခွန်၊ လုပ်ငန်းလိုင်စင် အခွန်၊ ကျန်းမာရေးအခွန် ဘာတွေမှန်းကိုမသိဘူး ရှုပ်နေတယ်။ တရုတ်ငွေနဲ့ ကောက်တာ။
မေး - ဒီဘက်က မြန်မာတွေသွားရင်ကော။
ဖြေ - အဲဒီလိုကရတယ်။
မေး - သွားရင် ဘာတွေကောက်လဲ။
ဖြေ - ကားပါလာခဲ့ရင် တစ်ဆယ်ဖြတ်ပေါ့ဗျာ။ ဧည့် စာရင်းတိုင်ပေါ့။ ဒါပါပဲ။ အကုန်သွားလို့ရတယ်။ ဗမာ တွေလည်း အများကြီး အောက်ပြည်ကတက်လာပြီး လုပ်စားနေကြတာလည်း အများကြီးရယ်။
မေး - နေတဲ့သူတွေက မှတ်ပုံတင်နဲ့လား။ သူတို့ကတ် လုပ်ရသေးလား။
ဖြေ - မှတ်ပုံတင်မဟုတ်ဘူး။ နေထိုင်ခွင့်လုပ်ရတာပေါ့။ တစ်လလား၊ သုံးလလား နေထိုင်ခွင့်မှာ ပိုက်ဆံ ကောက်လိုက်တာ။ ဧည့်စာရင်းတိုင်တဲ့ပုံစံပေါ့။ တစ် လ တစ်ဆယ်လားမသိဘူး အများကြီးတော့မဟုတ် ဘူးပေါ့။
မေး - မြို့ခံတွေကကော နေထိုင်ခွင့် ပိုက်ဆံပေးရ လား။
ဖြေ - မြို့ခံတွေကတော့ မပေးရဘူး။ အိမ်ထောင်စု အသစ်လုပ်ခိုင်းတာ။ သူတို့စဝင်ပြီး (၂၀၂၄)ကတည်း ကလုပ်ခိုင်းတာ။ အိမ်ထောင်စုက တရုတ်ငွေ တစ်ရာ ပေးရတယ်။ မြန်မာငွေ ခြောက်သောင်းနီးပါးပေါ့ဗျာ။ စရောက်တည်းက လယ်ဘယ်လောက်ရှိတယ်၊ ခြံ ဘယ်လောက်ရှိတယ်။ စစ်တမ်းက အဲဒီကတည်းက စကောက်တာ။ လည်တယ်၊ လည်တယ် အ မနေဘူး။ တစ်နယ်လုံးစာရင်းကောက်ပြီးပြီ။ သူတို့ အိမ်ထောင်စု စာရင်းကလည်း တစ်ရာပေးရတာက တန်တယ်ပြောရ မယ်ဗျ။ ကျွန်တော်တို့ဆီကစာရွက်က တစ်သျှူးစက္ကူ လောက်ရယ်။ သူတို့စာရွက်က ပလတ်စတစ်အဖုံးနဲ့ ရှယ်လုပ်ထားတာ။ ကိုယ့်အိမ်ထောင်စုစာရွက်က လေ တိုက်ရင်တောင်စုတ်ချင်တယ်။ အဲဒီလိုလေးတွေ လည်းကွာသွားပြန်ရောဗျ။ ကားလိုင်စင်လုပ်ခိုင်းတယ်၊ ဆိုင်ကယ်လိုင်စင်လုပ်ခိုင်းတယ်။ ရမယ့်နေရာ အကုန် ပေါ့ဗျာ။ ပြီးတော့ သူတို့တွေက ဘယ်လိုလဲဆိုတော့ အမှိုက်ခွန်တို့ဘာတို့က ကန်ထရိုက်ပေးလိုက်တာတဲ့။ အဲဒီကောင်က တစ်နှစ်လုံး ဟိုပန်မြို့ပေါ် (၁၀)ရပ် ကွက်ရှိရင် အကုန်လုံးကို သူက တရုတ်ငွေ ဆယ်သိန်း ဆိုဆယ်သိန်းပေါ့။ ဘယ်လောက်နဲ့ဆွဲလဲတော့မသိ ဘူး။ အဲဒီကောင်က သူ့အတွက်ကျန်အောင်ကောက် တော့ လူထုကခံရတာပေါ့ဗျာ။ အဲဒီသဘောတရား ဖြစ်သွားတာ။ သူတို့က အကုန်လေလံပေးတာ။
မေး - တစ်ခု ရှင်းအောင်မေးချင်တာက"ဝ" အုပ်ချုပ် ရေးမရောက်ခင် အစိုးရအုပ်ချုပ်နေတုန်းနဲ့ အခု "ဝ" အုပ်ချုပ်နေတုန်း ကွာခြားချက်ကဘာလဲ။
ဖြေ - သူတို့လက်အောက်ဆိုတော့ အခွန်၊ အကောက် တွေကကွာခြားသွားတာပေါ့ဗျာ။ တစ်သွေးတစ်သံ တစ်မိန့်ဖြစ်သွားတာပေါ့။ ဘယ်အစိုးရဖြစ်ဖြစ် အရင် တုန်းကတော့ ပြေပြေလည်လည်ပြောလို့ရတာပေါ့ဗျာ။ ပြန်လည်တင်ပြခွင့်ရှိတာပေါ့နော်။ အထက်ကòန် ကြားရင် ဘာဆိုတာပြန်ရှင်းလင်းပြောလို့ရတယ်။ အခုကပြောမရဘူးလေ။ သူတို့က ဒါလုပ်ဆို လုပ်ရ တာပဲ။
မေး - မလုပ်ရင်ဘာလုပ်လဲ။
ဖြေ - မလုပ်ရင် ဖမ်းချုပ်မယ်၊ ဘာညာကွိကွရစ်တာ ပေါ့။ ခြိမ်းခြောက်တာပေါ့ဗျာ။
မေး - မြို့ခံတွေက သဘောပေါက်သွားတာပေါ့။
ဖြေ - ပေါက်တာပေါ့။ ဘယ်အစိုးရတက်တက် မြန် မာအစိုးရအုပ်ချုပ်တာပဲကောင်းတယ်လို့ပြောတာ။ မြန်မြန်ပြန်လာပါစေဆုတောင်းနေကြတာ။ မြန်မြန် ပြန်လာနိုင်ဖို့ကတော့ ကျွန်တော်တို့လည်းမသိတော့ ဘူးလေ။ (ရယ်လျက်)
မေး - ဆိုတော့ လားရှိုးပတ်ချာလည်အခြေအနေက ကော ဘယ်လိုရှိပါသလဲ။
ဖြေ - လားရှိုးပတ်ချာလည်အခြေအနေက သတင်း တွေမှာသာ (ကိုးကန့်တွေ) ဆုတ်တယ်ပြောတာ ဘာ မှမဆုတ်ဘူး။ အလံတွေထောင်ပြီးတော့အကုန်ရှိ တယ်။ ဘာမှ မဆုတ်ဘူး။
မေး - လားရှိုး ပတ်ပတ်လည် ကိုးကန့်တွေရှိနေသေး တယ်ပေါ့။
ဖြေ - ရှိတာပေါ့။ သူတို့ဖောက်ထားတဲ့လမ်းကျနေ တာပဲ၊ ကားသေးဆို တစ်ထောင် ဒီကောင်တွေက ကောက်တာ။ လားရှိုးမြို့အဝင် မယ်ဟန်နားမှာ တစ် ထောင်၊ သီပေါနဲ့လားရှိုးကြား နမ့်လန်လမ်းခွဲမှာ တစ် ထောင်၊ လားရှိုးကပြန်ထွက်တော့ မယ်ဟန်မှာ တစ် ထောင်၊ မိုင်းရယ်ရောက်ခါနီး ဟိုယနား၊ လွင်ငင်းမှာ တစ်ထောင်ကောက်တယ်။ ကားလေးတွေတော့ တစ်ထောင်ကောက်တယ်။ ကားကြီးတွေတော့ ဘယ်လောက်ကောက်လဲမသိဘူး။ ဟိုယမှာလည်း ကိုက်တစ်ရာတောင်မရှိပါဘူး (၇၅) ကိုက်လောက်ပဲရှိ မယ်ထင်တယ်။ တပ်နဲ့ကိုးကန့်နဲ့က။ တပ်ကလည်း တရုတ်ဘက်ကပစ္စည်းကိုသိမ်းတယ်။
မေး - တရုတ်ပစ္စည်းကို ပေးမဖြတ်ဘူးဆိုတဲ့သဘော ပေါ့။
ဖြေ - တရုတ်ပစ္စည်းကို တစ်ခါတည်းသိမ်းတာ။ ရပ် စောက်ဘက်မှာလည်း ဖမ်းထားတယ်ကြားတယ် နမ့် လန်ကထွက်သွားတဲ့အာလူးကားတွေ။ ဟိုပုန်းမှာကျ တော့ ရဲစခန်းရှေ့မှာတော့ အာလူးကားတွေဖမ်းထား တာ အားလူးတွေကပုပ်ပြီးတော့ အရည်တွေကျပြီး တော့ ဖြတ်သွားရင်တောင် နံစော်နေတယ်သိလား။ လမ်းကတော့ ဘာတွေမှန်းကိုမသိတော့ပါဘူးဗျာ။
မေး - လားရှိုးကနေအထွက်တော့ တစ်လျှောက်လုံး ကိုးကန့်တွေကိုတွေ့တယ်နော်။
ဖြေ - ရှိတယ်၊ ရှိတယ်။
မေး - ဟိုပန်ကနေ လားရှိုးကို ဘယ်လောက် မောင်း ရလဲ။ လမ်းကောကောင်းလား။
ဖြေ - သုံးနာရီမောင်းရတယ်။ လမ်းကကောင်းတယ်။
မေး - ဂိတ်တွေကောရှိလား။
ဖြေ - ဂိတ်တွေက ရှိတယ်။ လားရှိုးအထွက်မှာ အေဒီ တံတား ရှိတယ်။ တံတားရဲ့ လားရှိုးဘက် အခြမ်းမှာက တပ်။ တံတားက ပေ (၁၀ဝ)လောက်ပဲ ရှိတယ်။ ဟိုဘက်ထိပ်မှာ ကိုးကန့်။ အဲဒီကနေ ထွက်ပြီး လားရှိုး အထွက် တိုးဂိတ်မှာတော့ ဒီကောင်တွေ မနေဘူး။ လားရှိုးအကျော် နမ့်တွင်းဘက် တံတားမှာတော့ သူ တို့ရှိတယ် လေးငါးယောက်ပေါ့။ ကင်း ရှိတယ်။ အဲဒီက ဆက်သွားရင် ဟိုတုန်းက ရေပူစစ်ဆေးရေး ဂိတ်မှာ တစ်ထောင်ပေးရတယ်။ လမ်းတံတားကြေးတဲ့။ ကားလေးတွေကော ဘာတွေကော ကောက်တယ်။ သိန္နီကနေ ကွမ်လုံဘက် သွားတဲ့ဘက်မှာလည်း အစောင့်ကလည်း နှစ်ယောက်လောက်ပဲ ရှိတာပါ။ အဲဒီကနေ ဆက်သွားတော့ နမ့်ဆလပ် တိုးဂိတ်မှာ တော့ တစ်ယောက်၊ နှစ်ယောက် အဲဒီလောက်ပဲ။ ဒေ သခံ ပြည်သူ့စစ်တွေကို ဆွဲထည့်၊ သေနတ်ပေးပြီးတော့ စောင့်ခိုင်းတဲ့သဘောပါ တွေ့တာတော့။ ဆက်သွားရင် နားတီး ဆိုတာ ရှိတယ်။ ဗျူဟာတောင် မရောက်ခင်။ အရင်တုန်းက ဗျူဟာမှူး သူရကျော်ကျော်ချို တိုက် ပွဲကျထားတဲ့ နေရာမို့ ဗျူဟာကုန်းလို့ ခေါ်တာ။ ဗျူဟာ တောင်မှာ ဒီကောင်တွေ Check point တစ်ခု လုပ် ထားတယ်။ စစ်ဆေးတာ တစ်ခု ရှိတယ်။ အဲဒီကနေ နားတီးတို့ ဘာတို့ ကျော်သွားတော့ ကွမ်းလုံ တံတား ထိပ်ရယ်၊ ဟိုပန်ဘက်ကူးတဲ့ ဘက်မှာရယ် ဒါပဲရှိပါတယ်။
မေး - လားရှိုး - သိန္နီ - ကွမ်လုံ - ဟိုပန် အတိုင်း သွားခဲ့တာပေါ့။ ကိုးကန့်တွေ တက်လာခဲ့တဲ့ လမ်း ကြောင်းကြီးပေါ့။
ဖြေ - အဲဒီလမ်းကြောင်းကြီးပဲ။ ချင်းရွှေဟော် အထိ ဖောက်ထားတာက အကုန်လုံးက Asia World နာမည်ပြောင်း Oriental Highway က ဖောက်ထား တာလေ။ အခု လမ်းတံတား ကောက်စားတာက သူတို့ (MNDAA) က ကောက်စားနေတာ (ရယ်လျက်)။ Oriental Highway လောက်တော့ ဈေးမများဘူး ပေါ့ဗျာ။ Oriental Highway ဆို အရင်က ဟိုပန်၊ လားရှိုးလာရင် ခြောက်ထောင်၊ ခုနှစ်ထောင်လောက် ကုန်တာ။ အခုက တစ်ထောင်ပဲ ပေးရတာပေါ့ဗျာ။
မေး - ကားတွေကော အသွားအလာ များလား အဲဒီလမ်းကြောမှာ။
ဖြေ - များတယ်၊ များတယ် ဒေသခံတွေလည်း သွား ကြပါတယ်။ သွားတော့ သွားနေကြတယ်။ တရုတ် ကုန်တွေကလည်း လားရှိုးမြို့ရှောင်လမ်းကလည်း အုပ်ချုပ်ရေးပိုင်းက မစိုးမိုးနိုင်ဘူးလေ။ မြို့ရှောင်လမ်း တစ်လျှောက်ကလည်း ဒီကောင်တွေပဲ ထိန်းထား တာကိုး။ နမ္မတူဘက်က သတ္တုတွေ ဘာတွေ ဆိုရင် လည်း သူတို့က မြို့ရှောင်လမ်းကပဲ သယ်နေတာပဲ လေ။
မေး - လားရှိုးမြို့အပြင်က ကိုးကန့်တွေ ရွှေ့နေပြီ ဘာညာဆိုတာက သတင်းအချက်အလက်အမှား တွေပေါ့။
ဖြေ - ဘာမှ မရွှေ့ဘူး။ ရှိတယ်။
မေး - လားရှိုးမြို့ပတ်ဝန်းကျင်မှာ ကိုးကန့်တွေ ရှိနေသေးတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ "ဝ" တွေကော ဝင်နေတာ တွေ့လား။
ဖြေ - ရှိတယ်။ "ဝ" ကတော့ မတွေ့ဘူးဗျ။ နည်းနည်း မသင်္ကာတာ ရှိတယ်ဗျ။ ကိုးကန့် ပိုက်ဆံ ကောက်တဲ့ နေရာမှာ ကိုးကန့်ပုံ တရုတ်ပုံ မပေါက်ဘူးဗျ။ ဗမာပုံ တွေ ပေါက်နေတယ်။ ကြည့်ရတာ PDF တွေ ကျန် သေးတယ်ထင်တယ်ဗျ။ ဗမာစကားလည်း ပီပီသသ ပြောနိုင်တယ်။ တရုတ်လိုလည်း ပြောတတ်တယ်။ တချို့ကောင်တွေက စကားမပြောဘဲ ထိုင်နေတဲ့ ကောင်တွေက ဗမာပုံတွေပေါက်တယ်။ အညာသားပုံ တွေပဲ။
မေး - ဒါဆို ကျန်နေသေးမယ် ထင်တယ် PDF တွေ က။
ဖြေ - ရှိနေသေးတယ်။ သူတို့ ကိုးကန့် ယူနီဖောင်း ဝတ်ပြီး ရှိနေတယ်။ ပုံစံကတော့။
မေး - ဟိုပန်နဲ့ ကွမ်လုံကြားမှာ တံတားနှစ်စင်း ဖြတ်ရတယ်နော်။ ကွမ်းလုံတံတားအသစ်ရယ်၊ ဖောင်ဆိပ်ရယ်။
ဖြေ - ဟုတ်တယ်။
မေး - ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ကော ကိုးကန့် ရှိလား။
ဖြေ - ကွမ်းလုံတံတားအသစ်မှာတော့ ကွမ်းလုံ ဘက်ခြမ်းမှာပဲ သူတို့ စောင့်တာပါ။ တံတားဟောင်း ဘက်က သိပ်မသွားဘူး။ တံတားအဟောင်းဘက်က တပ်ရဲ့ ဗျူဟာတွေ ဘာတွေ ရှိတယ်။
မေး - အခု တပ်က ရှိလို့လား။
ဖြေ - အဲဒီ ဗျူဟာရုံးတွေထဲမှာ ဒီကောင်တွေ (MNDAA) ထိုင်နေသေးတာလေ။ သုံ့ပန်းလည်း (၂၀ဝ) လောက် ကျန်နေသေးတယ်ပြောတယ်။ လွတ် လာတဲ့တစ်ယောက်ကို မေးကြည့်တာ (၂၀ဝ) လောက်ကျန်သေးတယ်ပြောတာပဲ။ ကွမ်လုံမှာ။ ချင်း ရွှေဟော်မှာလည်း ကျန်သေးတယ်။ အရေးကြီးတဲ့ သူတွေကတော့ လောက်ကိုင်မှာထားတယ် ပြောတယ်။
မေး - ဟိုပန်ရောက်တော့ ရှောရှောရှူရှူ ဖြစ်လား။
ဖြေ - ဖြစ်ပါတယ်။ သူတို့ကတော့ ဟိုလို မမေးပါဘူး။ ကိုးကန့်ကောင်လေးတွေထဲမှာလည်း ဗမာလို တတ်တဲ့ ကောင်လေးတွေ ပါတာကိုးဗျ။ ဗမာစာ တတ်၊ ကျောင်းထွက်ပြီး အတင်းခေါ်လို့ ပါတာ နေမှာပေါ့။ ကျွန်တော်တို့ပုံကြည့်ပြီး ဘယ်သွားမှာတုံး ကောင်းကောင်းမေးတာ။ ငါ ဟိုပန်သွားမလိုကွလို့ အဲဒီလိုပဲ ပြောလိုက်တာပဲ။
မေး - သူတို့ မျက်နှာမှာကော ရန်လိုတဲ့အရိပ်အ ယောင် ရှိသေးလား။
ဖြေ - အဲဒီလိုတော့ မရှိဘူး။ သူတို့လည်း အေးအေး ဆေးဆေးပါပဲ။
မေး - လားရှိုးကနေ ဟိုပန်အထိကို ပိုက်ဆံ ဘယ် လောက် ကုန်သွားလဲ။
ဖြေ - လားရှိုးကနေ ရေပူအထိကို ပိုက်ဆံတစ် ထောင်ပဲ ကောက်တာပါ။ အဲဒီတစ်ထောင်ပဲ ကုန်တာ ပါ လမ်းကြေး။ မြန်မာငွေ ကျပ်တစ်ထောင်ပေါ့။ အရင် ကတော့ တိုးဂိတ်လေးခု ဖြတ်ရတာပေါ့။ အခု အဲဒီ တိုးဂိတ်တွေက ပိုက်ဆံမကောက်ဘဲနဲ့ ရေပူဂိတ် နေရာကနေ ကောက်တာ။ တစ်ထောင်ပဲ ဖြတ်ပိုင်း လေး ပေးတယ်။ ဖြတ်ပိုင်းမပေးတဲ့ဟာကတော့ ကျွန်တော်တို့ဆီကပဲရှိတာ။ တစ်ထောင်နဲ့လည်း မရဘူး ငါးထောင်၊ တစ်သောင်းမှ။ အဲဒါတွေကတော့ ရှိတာပေါ့။ ကျွန်တော်တို့သွားတော့ ကိုယ်ပိုင်ကား တော့ မတောင်းဘူးဗျ။ ခရီးသည်ကားတို့၊ ကုန်တင် လာတဲ့ကားတို့ တောင်းတယ်ဗျ။ ကျွန်တော်တို့ ကိုယ်ပိုင်ကားတော့ လိုင်စင်ပြလိုက်ရင် မတောင်းဘူး။
မေး - ဟိုပန်ဘက်ကလူတွေ ဘာလုပ်စားနေကြလဲ။
ဖြေ - ဟိုပန်ဘက်က စိုက်ပျိုးရေးပဲဗျ။ ပြောင်းဖူး ရှိတယ်၊ ရော်ဘာရှိတယ်၊ ကြံစိုက်တယ်။ ဆောင်း တွင်းဆို တိုင်ထောင်ပဲ စိုက်တာဗျ။ တိုင်ထောင်ပဲသီး တွေက တရုတ်ကို ပြန်သွင်းတာ။ အရင် ဈေးကောင်း တဲ့ နှစ်ကဆိုရင် တော်တော်လေး ချမ်းသာကြပါတယ်။ ရွာကလူတွေ တရုတ်ငွေနဲ့ တော်တော်ရတယ်။
မေး - အခု တရုတ်နဲ့ ဆက်ဆံရေးက ခြံစည်းရိုးတံခါး ပိတ်ထားလား။
ဖြေ - သွားလို့တော့၊ သယ်လို့တော့ ရပါတယ်။ ဒေသ ထွက်ကုန်တွေ သွားပါတယ်။ တရုတ်ထဲကို ကျွဲတွေ၊ နွားတွေတောင် ပို့ပါတယ်။ သူတို့ဘာသာ သူတို့ လမ်းကြောင်းတော့ ရှိပါတယ်။
မေး - ဟိုပန်ရဲ့ အုပ်ချုပ်ရေးကိုတော့ "ဝ" က အကုန် အပိုင်စီးထားပြီပေါ့။
ဖြေ - အပိုင်ချည်ပြီး တုပ်ပြီး အပိုင်သိမ်းသွားပြီ။ နောက်ကျမှ လွှတ်တော်ပေါ်၊ အစိုးရတစ်ရပ် ပေါ်လာ မှ ဘယ်လိုလာကြမလဲ မပြောတတ်ဘူးပေါ့ဗျာ။ မခန့် မှန်းနိုင်တော့ပါဘူး။
မေး - နောက် အဲဒီခရီး အတွေ့အကြုံကကော ဘာ တွေ ကြုံရသေးလဲ။
ဖြေ - အတွေ့အကြုံကတော့ ထူးထူးခြားခြား မြန်မာ နိုင်ငံက ဘိန်းဖြူ အစိုက်ပျိုးဆုံး နိုင်ငံမှာတော့ ပထမကနေကို ဆင်းမှာ မဟုတ်ဘူး။
မေး - ဘာလို့လဲ။
ဖြေ - ဘာလို့လဲဆိုတော့ ကျွန်တော် ပြန်လာတော့ ပင်လုံကနေ ဟိုပုန်းကိုသွားတော့ ကျောက်တန်း လမ်းဆိုတာ ဖြတ်တာလေ။ ပအို့ဝ်ရွာတွေ။ ကျွန်တော် လည်း ကွမ်လုံဘက် ဘိန်းစိုက်တာတွေ မြင်ဖူးပါတယ် ဗျာ။ အဲဒီဘက် စိုက်ထားတာကတော့ ရက်ရက်စက် စက်ဗျာ။ ကားလမ်းဘေး အိမ်ထဲတွေပါ စိုက်ထားတာ။ ဧက ကို သောင်းချီ၊ သိန်းချီတောင် ရှိမယ် ထင်တယ်။
မေး - ပင်လုံ နဲ့ ဟိုပုန်းကြားလား။
ဖြေ - ဟုတ်တယ်။
မေး - အဲဒီကြားမှာကို စိုက်နေတာလား။
ဖြေ - ရက်ရက်စက်စက်ဗျာ။ ကျွန်တော်တောင် တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲမြင်ဖူးတာ။ ကျွန်တော် ရှမ်းမြောက်မှာ ဘိန်းစိုက်တာတွေကို အများကြီး မြင်ခဲ့ဖူးတယ်။ မျက်စိတစ်ဆုံး တောင်တစ်လုံး တစ်လုံး အပြည့်စိုက်ထားတာ။ ရောင်စုံပန်းလေးတွေ၊ ပန်းရောင်လေးတွေ၊ ကြက်သွေးရောင်လေးတွေနဲ့ လန်ထွက်နေတာ။ အင်း အာဖဂန်၊ တာလီဘန်က တော့သတ်တယ်ဆိုတော့ ငါတို့ကတော့ နံပါတ် တစ်က နံပါတ်တစ်ဖြစ်ဦးမယ် ထင်ပါတယ်ကွာလို့။
မေး - ပင်လုံဘက်က လှည့်ပြန်တယ်ဆိုတာက မိုင်းရယ်တို့၊ ရပ်စောက်တို့ ဘက်က လှည့်ပြန်တာလား။
ဖြေ - ဟုတ်တယ်လေ။ သီပေါကတံတားက ပိတ် ထားတယ် သွားမရတော့ ကျွန်တော့်ကားနဲ့ မိုင်းရယ် ကနေ ကျေးသီး၊ ကျေးသီးကနေ လဲချား၊ လဲချား ကနေ ပင်လုံ၊ ပင်လုံကနေ ကျောက်တန်းလမ်းကနေ ဟိုပုန်း၊ ဟိုပုန်း ကနေ တောင်ကြီး အဲဒီလိုလာတာ။ လားရှိုးကနေ မယ်ဟန်ကျော်ပြီးတော့ တန့်ယန်း- မိုင်းရယ် လမ်းအတိုင်း သွားရတယ်လေ။ ဟိုယ ဆိုတဲ့ နေရာကျတော့ မိုင်းရယ်ကို သတ်သတ်ခွဲသွားတာ။
မေး - ဒါဆိုရင် မိုင်းရယ်နား တစ်ဝိုက် အဲဒီဘက်တွေ ကိုးကန့်တွေ တွေ့ခဲ့မှာပေါ့။
ဖြေ - အလံတွေတောင်မှ တလူလူနဲ့ရှိတာပေါ့။ မဆုတ်သေးဘူး ရှိတယ်။
မေး - ဘိန်းက ဟိုပုန်းနဲ့ပင်လုံကြားမှာစိုက်တာကို သွားတွေ့နေရတာပေါ့။
ဖြေ - ရက်ရက်စက်စက်ပဲ။
မေး - ကျေးသီးတို့ဘက်ကော မတွေ့ဘူးလား။
ဖြေ - မရှိဘူး။ အဲဒီဘက်တွေက မရှိဘူး။ မိုင်းရယ် နဲ့ ကျေးသီးကြားက ကြံတို့ ပြောင်းဖူးတို့ စိုက်တာ။ လဲချားနဲ့ ပင်လုံကြားလည်း ပြောင်းဖူးစိုက်တာများ တယ်။ ပင်လုံနဲ့ ဟိုပုန်းကြားမှာပဲ ရက်ရက်စက်စက်။
မေး - ဟိုပန်ကနေပြန်တော့ ဟိုပန်ထဲမှာကော ကျားဖျန့်ကိစ္စတွေ ကြားမိသေးလား။
ဖြေ - ရှိသေးတယ်လို့တော့ ကြားခဲ့တယ်ဗျ။ သိုးသိုး သန့်သန့်ပေါ့ဗျာ။ ကျွန်တော်ကလည်း မနက်သွား၊ ည ပြန်ဆိုတော့ ရှိသေးတယ်တော့ကြားတယ်။ ပိုင်ရာ ဆိုင်ရာနဲ့ လုပ်မှာပေါ့ဗျာ။ ရှိသေးတယ်လို့တော့ ကြား ခဲ့တယ်။ တရုတ်တွေလည်း များတယ်။ ဟိုပန်က အရင်က ဘာမှမရှိတာ။ အနှိပ်ခန်းတွေ၊ ဖာခန်းတွေ တအား တိုးလာတယ်။ အဲဒီလိုကြီးဗျာ။ စိတ်ဆင်းရဲ တာပေါ့ဗျာ။
မေး - တစ်ခုသိချင်တာက "ဝ" တွေက ဘာကို ကြောက်လဲ။
ဖြေ - သူတို့ မြို့တွေ ပျက်စီးမှာ ကြောက်တာပေါ့ဗျာ။ သူတို့ တည်ဆောက်ထားခဲ့တာ ဗုံးကြဲခံရပြီး ပျက်စီးမှာ တအားကြောက်တယ်။ တကယ်တမ်းပြောရင်။ ဒီ (၁၀၂၇) မှာ ဒီကောင်တွေပါတယ်။ ယူနီဖောင်းလဲပြီး ပါတာ သုံးထောင်ကျော် သေသွားတယ်။ အဲဒါလည်း သတင်းတစ်ခုကြားခဲ့တယ်။ သုံးထောင်ကျော်တဲ့။ တောင်ခမ်းမှာလည်း ပါလောက်တယ်။ လားရှိုး ဘက်လည်းပါတယ်ပြောတယ်။ ယူနီဖောင်းတော့ သူတို့ တံဆိပ်မဝတ်ဘူး။ ကိုးကန့် ယူနီဖောင်းပဲဖြစ်မှာ ပေါ့။ ဒေသခံပြောတာတော့ PDF တွေက သူတို့ ပြောနေတာပေါ့။ အင်အား ရှစ်ထောင်လောက် ရှိမယ်။ (၁၀၂၇) လုပ်ဖို့ စုဖွဲ့လေ့ကျင့်တာပေါ့။ လေ့ကျင့်ခဲ့ပြီးတော့ လားရှိုးရောက်တော့ နှစ်ထောင် ကျော် ပြုတ်သွားတယ်ပြောတယ်တဲ့။ နောက်ပိုင်း လည်း ထပ်သေဦးမှာပေါ့ဗျာ။
မေး - လားရှိုးအရောက် နှစ်ထောင်ကျော် ဆက်တက် ရင်း ထပ်သေဦးမှာပေါ့။
ဖြေ - သေဦးမှာပေါ့။ သူတို့ အဲဒီလိုပြောတာ ကြား တယ်။
မေး - "ဝ" နဲ့ ကိုးကန့် အပေါ်တော့ သံသယ ကြီးကြီး ထားရမယ့် သဘောရှိတယ်နော်။
ဖြေ - သေချာတာပေါ့။ မယုံရဘူး။ အဲဒီလိုတွေ ဖြစ်နေတယ်။ သူတို့က ကွန်မြူနစ်စတိုင်ပေါ့ဗျာ။ တစ်သွေးတစ်သံတစ်မိန့် ဒါမျိုးတွေပေါ့။ ခက်တာက အဲဒီလို ဖြစ်နေတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
" ဝ " နဲ႔ ကိုးကန႔္ ထိန္းခ်ဳပ္ေဒသထဲက ဖုံးကြယ္ထားတဲ့ မူးယစ္ေဆး၊ က်ားဖ်န႔္နဲ႔ PDF ေသဆုံးမႈအေၾကာင္း (သီးသန႔္အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဒီဇင္ဘာလ ၁၁
လက္နက္ကိုင္တို႔ နယ္ေျမခ်ဲ႕ထြင္ရန္အတြက္ (၁၀၂၇)ဟု ၎တို႔ဘာသာအမည္ေပးခဲ့ေသာ တိုက္ပြဲစဥ္မ်ားကိုေဖာ္ေဆာင္ခဲ့ရာ ၿငိမ္သက္ေနေသာ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ စစ္မီးေတာက္ခဲ့ရသည္။ လက္ရွိတြင္ၿငိမ္သက္ေနေသာ္လည္း ဖြဲမီးကဲ့သို႔ တအုံေႏြးေႏြးအေျခအေနရွိေနဆဲျဖစ္သည္။ အထူးသျဖင့္ အစိုးရႏွင့္အပစ္ရပ္ထားေသာ ကိုးကန႔္အဖြဲ႕ဘက္တြင္လည္း ေျမျပင္ႏွင့္ထြက္ေပၚေနေသာသတင္းမ်ား အၾကား ကြဲလြဲခ်က္အခ်ိဳ႕ရွိေနသည္။ တစ္ဖန္ "ဝ" အဖြဲ႕က လက္ရွိတြင္ ထိန္းခ်ဳပ္ထားေသာ ဟိုပန္ၿမိဳ႕ အေျခအေနကလည္း စိတ္ဝင္စားဖြယ္ေကာင္းေနသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ယင္းေဒ သတြင္ေနထိုင္ခဲ့သူတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ဟိုပန္ၿမိဳ႕မွာ ဘာေတြထူးျခားတာျမင္ရလဲ။
ေျဖ - ကြၽန္ေတာ္တို႔ေဒသ "ဝ" ဟိုပန္ဘက္ေတာ့ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ေျပာတဲ့စကားေၾကာင့္လားမသိ ဘူး။ အလံေတြဘာေတြေတာင္ မလႊင့္ေတာ့ဘူး။
ေမး - ဘယ္လိုအလံမလႊင့္တာလဲ။
ေျဖ - အရင္တုန္းကဆို ႏိုင္ငံေတာ္အလံေရာ သူတို႔ အလံေရာ ႐ုံးေတြမွာလႊင့္တာေပါ့။ ဟိုတစ္ေလာက ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ကေျပာလိုက္တာကိုး။ ျပည္နယ္ လိုခ်င္ လႊတ္ေတာ္လမ္းေၾကာင္းကလာ ဆိုတဲ့စကား ေၾကာင့္လို႔ၾကားတာပဲ။ အလံေတြ တစ္ခုမွမလႊင့္ေတာ့ ဘူး။ ဒီေကာင္ေတြ စိတ္ေကာက္သြားတယ္လို႔ၾကား တာပဲ။
ေမး - ဘယ္ေနရာေတြမွာမေတြ႕တာလဲ။ သိပ္မရွင္း လို႔ပါ။
ေျဖ - အရင္တုန္းက ႐ုံးေတြမွာထားတဲ့အလံေတြ အ ကုန္လုံးျဖဳတ္ပစ္တာ။
ေမး - အရင္က ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံေတာ္ အလံလည္းလႊင့္တယ္ေပါ့။ အဲဒီလိုေနာ္။
ေျဖ - ဟုတ္တယ္။ ခုက ဘာအလံမွမလႊင့္ေတာ့ဘူး။
ေမး - ဘယ္ရက္ေလာက္ကစၿပီးမလႊင့္ေတာ့တာလို႔ ၾကားလဲ။
ေျဖ - ေနျပည္ေတာ္မွာလုပ္တဲ့ NCA ဖိုရမ္အၿပီး ေလာက္မွာ စမလႊင့္ေတာ့တာလို႔ၾကားရတယ္။ တစ္လ ေလာက္ရွိၿပီေနမွာေပါ့။ ကူးတဲ့တံတားမွာလည္း ဒီဘက္ကိုးကန႔္က အလံရွိတယ္။ "ဝ" ဘက္က အရင္ တုန္းက အလံရွိတယ္။ အခုမရွိေတာ့ဘူး။ ကိုးကန႔္က ေတာ့ ကိုးကန႔္အလံေရာ၊ ျမန္မာႏိုင္ငံေတာ္အလံေရာ လႊင့္ထားတယ္။
ေမး - ေဖာင္ဆိပ္တံတားေပါ့။
ေျဖ - ေဖာင္ဆိပ္တံတား ဟုတ္တယ္။ တိုက္ပြဲျဖစ္ တုန္းက မိုင္းခြဲခံရၿပီး "ဝ" က ဟိုပန္ကိုဝင္ေတာ့ျပန္ျပင္ ၾကတာေပါ့။ ျပင္လိုက္တာ။ ျပန္ျပင္ၿပီးေတာ့မွ အက်ိဳး ကိုဆက္ထားတာေပါ့။ ဆက္ထားတာက အခုကေတာ့ ကြၽဲကားေတြေရာ၊ ႏြားကားေတြေရာ တ႐ုတ္ျပည္က ကားေတြကျဖတ္ေတာ့ မခံႏိုင္ေတာ့ ျပန္ျပင္ရမွာ။ ဟို ဘက္ ခ်င္းေ႐ႊေဟာ္နဲ႔ နန႔္တစ္ထြက္တဲ့တံတားကေတာ့ လုံးဝက်ိဳးသြားတာေလ။ သူ႔ဘာသာသူ က်ိဳးတာ။
ေမး - နန႔္တစ္တံတားက ျပင္ေနၿပီလား။
ေျဖ - နန႔္တစ္တံတားက မျပင္ေသးဘူး။ ဟိုပန္ကို သြားတဲ့တံတားကိုပဲျပင္မွာ။ ျပင္တာက သူက ေန႔ လယ္(၁၂)နာရီခြဲဆိုပိတ္ၿပီ။ ညဆိုေပးမျဖတ္ေတာ့ဘူး ေပါ့ဗ်ာ။ ကြၽန္ေတာ္ျမင္ခဲ့တာေတာ့ ကြၽဲေတြကိုခ်ၿပီး ေတာ့ဆြဲသြားရတာ။ ကားကိုဝိတ္ေလွ်ာ့တာေပါ့။ လူနဲ႔ ဆြဲၿပီးျဖတ္တာေပါ့။ တစ္ဝက္ေလာက္ကေတာ့ ကား ေပၚက်န္တာေပါ့။
ေမး - ဒါေတြက တ႐ုတ္ဘက္ကိုပို႔တာလား။
ေျဖ - ေသခ်ာတာေပါ့။
ေမး - ပို႔တဲ့သူေတြက်ေတာ့ ေဒသခံေတြလား။
ေျဖ - ေဒသခံမရွိဘူး။ ဘယ္ကလာတဲ့ ကုလားေတြ လည္းမသိဘူး။ ကြၽဲႏြားေရာင္းတဲ့သူေတြပဲ။ ကုန္သည္ ကားေတြေနမွာေပါ့။ ကားေလးဆိုရင္ ကိုးကန႔္က လည္း (တ႐ုတ္ေငြ)တစ္ဆယ္၊ ဟိုဘက္ဝကလည္း တစ္ဆယ္။ ကားေတြကေတာ့ သြားသြားလာလာေပါ့ ဗ်ာ။ ဝင္ေငြကေတာ့ ေျဖာင့္တာေပါ့။
ေမး - အုပ္ခ်ဳပ္ေရးအေျခအေနကေကာ ဘယ္လို ရွိလဲ။
ေျဖ - အုပ္ခ်ဳပ္ေရးအေျခအေနကေတာ့ "ဝ" အစည္း အေဝးေခၚတယ္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကို။ သူတို႔က ေခၚၿပီးအမိန႔္ေပးတာ။ ဒီကေန ျပန္တင္ျပတာ မလုပ္နဲ႔တဲ့။ သူတို႔ခိုင္းတာလုပ္ေပါ့ဗ်ာ အုပ္ခ်ဳပ္ေရး ကေတာ့။ (ရယ္လ်က္)
ေမး - ဘယ္လိုမ်ိဳးလဲ။
ေျဖ - သူတို႔အုပ္ခ်ဳပ္ေနတဲ့ၿမိဳ႕ေပၚ အုပ္ခ်ဳပ္ေရးမႉး ေတြကိုေခၚတာေပါ့။ အစည္းအေဝးေခၚၿပီးရင္ ဘာ လုပ္ဘာလုပ္ ခိုင္းတာေပါ့။ သူတို႔ျဖစ္ခ်င္တာကို ခ်ျပ ၿပီးခိုင္းတာ။ ေအာက္ကအုပ္ႀကီးေတြက ျပန္ၿပီးမတင္ ျပနဲ႔ ငါတို႔ခိုင္းတာလုပ္ ဆိုတဲ့ပုံစံ။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး မႉး႐ုံးေတြကမရွိေတာ့ဘူး။ တ႐ုတ္စာနဲ႔ပုဂၢလိက ေဆး ႐ုံေတြဘာေတြ ေဆာက္ေနတာ။
ေမး - အစိုးရ အရင္ပိုင္တဲ့အေဆာက္အအုံေတြကို တ႐ုတ္ေတြဝင္စီးသြားၿပီေပါ့။
ေျဖ - တ႐ုတ္ေတြကေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။ "ဝ" ေတြေပါ့။ တပ္အေဆာက္အအုံေတြက်ေတာ့ ]ဝ}တပ္ ကထိန္းတယ္။ ရဲတို႔၊ မီးသတ္စခန္းတို႔က်ေတာ့ "ဝ" ရဲကထိန္းတယ္။ က်န္တဲ့ အရပ္ဘက္ဌာနဆိုင္ရာ႐ုံး ေတြက်ေတာ့ အုပ္ခ်ဳပ္ေရးကထိန္းတယ္။ အဲဒီလိုလုပ္ တာ။
ေမး - ျပည္နယ္အစိုးရ အာဏာမရွိေတာ့ဘူးေပါ့။
ေျဖ - ဘယ္လိုလုပ္ရွိေတာ့မွာတုံး။ အခု က်န္းမာေရး နဲ႔ပညာေရးဝန္ထမ္း ႏွစ္ခုပဲရွိတာေလ။
ေမး - တ႐ုတ္စာေတြနဲ႔ တ႐ုတ္ေဆး႐ုံေတြဆိုတာ ဘယ္သူေဆာက္တာလဲ။ "ဝ" ေတြပဲလား။
ေျဖ - "ဝ" ေတြေပါ့ဗ်ာ။ "ဝ" ေတြ သူတို႔ေခၚၿပီး တ႐ုတ္ ေတြက ရွယ္ယာေတြဘာေတြပါမွာေပါ့ဗ်ာ။ အဲဒီမွာက ဆိုင္းဘုတ္ေတြက ဗမာစာလည္း နည္းနည္းပါတယ္၊ တ႐ုတ္စာလည္းပါတယ္၊ "ဝ" စာလည္းပါတယ္။ သုံး မ်ိဳးေရးရတာ။ ေနလို႔ထိုင္လို႔ မေကာင္းပါဘူးဗ်ာ။
ေမး - ၿမိဳ႕ခံေတြကေကာ ေနရတာအဆင္ေျပရဲ႕လား။ သူတို႔ ဘယ္လိုျဖစ္ေနလဲ။
ေျဖ - ဘယ္ေျပမွာတုံး လူထုက အကုန္စိတ္ညစ္ေန ၾကတာေပါ့။
ေမး - ဘယ္လိုဖိအားရွိလို႔လဲ။
ေျဖ - ဖိအားေတြကေတာ့ အခြန္အမ်ိဳးမ်ိဳးေကာက္ တယ္ဗ်ာ။ လမ္းေဘးက ကြမ္းယာဆိုင္ကအစ အခြန္။ အမႈိက္ခြန္၊ လုပ္ငန္းလိုင္စင္ အခြန္၊ က်န္းမာေရးအခြန္ ဘာေတြမွန္းကိုမသိဘူး ရႈပ္ေနတယ္။ တ႐ုတ္ေငြနဲ႔ ေကာက္တာ။
ေမး - ဒီဘက္က ျမန္မာေတြသြားရင္ေကာ။
ေျဖ - အဲဒီလိုကရတယ္။
ေမး - သြားရင္ ဘာေတြေကာက္လဲ။
ေျဖ - ကားပါလာခဲ့ရင္ တစ္ဆယ္ျဖတ္ေပါ့ဗ်ာ။ ဧည့္ စာရင္းတိုင္ေပါ့။ ဒါပါပဲ။ အကုန္သြားလို႔ရတယ္။ ဗမာ ေတြလည္း အမ်ားႀကီး ေအာက္ျပည္ကတက္လာၿပီး လုပ္စားေနၾကတာလည္း အမ်ားႀကီးရယ္။
ေမး - ေနတဲ့သူေတြက မွတ္ပုံတင္နဲ႔လား။ သူတို႔ကတ္ လုပ္ရေသးလား။
ေျဖ - မွတ္ပုံတင္မဟုတ္ဘူး။ ေနထိုင္ခြင့္လုပ္ရတာေပါ့။ တစ္လလား၊ သုံးလလား ေနထိုင္ခြင့္မွာ ပိုက္ဆံ ေကာက္လိုက္တာ။ ဧည့္စာရင္းတိုင္တဲ့ပုံစံေပါ့။ တစ္ လ တစ္ဆယ္လားမသိဘူး အမ်ားႀကီးေတာ့မဟုတ္ ဘူးေပါ့။
ေမး - ၿမိဳ႕ခံေတြကေကာ ေနထိုင္ခြင့္ ပိုက္ဆံေပးရ လား။
ေျဖ - ၿမိဳ႕ခံေတြကေတာ့ မေပးရဘူး။ အိမ္ေထာင္စု အသစ္လုပ္ခိုင္းတာ။ သူတို႔စဝင္ၿပီး (၂၀၂၄)ကတည္း ကလုပ္ခိုင္းတာ။ အိမ္ေထာင္စုက တ႐ုတ္ေငြ တစ္ရာ ေပးရတယ္။ ျမန္မာေငြ ေျခာက္ေသာင္းနီးပါးေပါ့ဗ်ာ။ စေရာက္တည္းက လယ္ဘယ္ေလာက္ရွိတယ္၊ ၿခံ ဘယ္ေလာက္ရွိတယ္။ စစ္တမ္းက အဲဒီကတည္းက စေကာက္တာ။ လည္တယ္၊ လည္တယ္ အ မေနဘူး။ တစ္နယ္လုံးစာရင္းေကာက္ၿပီးၿပီ။ သူတို႔ အိမ္ေထာင္စု စာရင္းကလည္း တစ္ရာေပးရတာက တန္တယ္ေျပာရ မယ္ဗ်။ ကြၽန္ေတာ္တို႔ဆီကစာ႐ြက္က တစ္သွ်ဴးစကၠဴ ေလာက္ရယ္။ သူတို႔စာ႐ြက္က ပလတ္စတစ္အဖုံးနဲ႔ ရွယ္လုပ္ထားတာ။ ကိုယ့္အိမ္ေထာင္စုစာ႐ြက္က ေလ တိုက္ရင္ေတာင္စုတ္ခ်င္တယ္။ အဲဒီလိုေလးေတြ လည္းကြာသြားျပန္ေရာဗ်။ ကားလိုင္စင္လုပ္ခိုင္းတယ္၊ ဆိုင္ကယ္လိုင္စင္လုပ္ခိုင္းတယ္။ ရမယ့္ေနရာ အကုန္ ေပါ့ဗ်ာ။ ၿပီးေတာ့ သူတို႔ေတြက ဘယ္လိုလဲဆိုေတာ့ အမႈိက္ခြန္တို႔ဘာတို႔က ကန္ထ႐ိုက္ေပးလိုက္တာတဲ့။ အဲဒီေကာင္က တစ္ႏွစ္လုံး ဟိုပန္ၿမိဳ႕ေပၚ (၁၀)ရပ္ ကြက္ရွိရင္ အကုန္လုံးကို သူက တ႐ုတ္ေငြ ဆယ္သိန္း ဆိုဆယ္သိန္းေပါ့။ ဘယ္ေလာက္နဲ႔ဆြဲလဲေတာ့မသိ ဘူး။ အဲဒီေကာင္က သူ႔အတြက္က်န္ေအာင္ေကာက္ ေတာ့ လူထုကခံရတာေပါ့ဗ်ာ။ အဲဒီသေဘာတရား ျဖစ္သြားတာ။ သူတို႔က အကုန္ေလလံေပးတာ။
ေမး - တစ္ခု ရွင္းေအာင္ေမးခ်င္တာက"ဝ" အုပ္ခ်ဳပ္ ေရးမေရာက္ခင္ အစိုးရအုပ္ခ်ဳပ္ေနတုန္းနဲ႔ အခု "ဝ" အုပ္ခ်ဳပ္ေနတုန္း ကြာျခားခ်က္ကဘာလဲ။
ေျဖ - သူတို႔လက္ေအာက္ဆိုေတာ့ အခြန္၊ အေကာက္ ေတြကကြာျခားသြားတာေပါ့ဗ်ာ။ တစ္ေသြးတစ္သံ တစ္မိန႔္ျဖစ္သြားတာေပါ့။ ဘယ္အစိုးရျဖစ္ျဖစ္ အရင္ တုန္းကေတာ့ ေျပေျပလည္လည္ေျပာလို႔ရတာေပါ့ဗ်ာ။ ျပန္လည္တင္ျပခြင့္ရွိတာေပါ့ေနာ္။ အထက္ကòန္ ၾကားရင္ ဘာဆိုတာျပန္ရွင္းလင္းေျပာလို႔ရတယ္။ အခုကေျပာမရဘူးေလ။ သူတို႔က ဒါလုပ္ဆို လုပ္ရ တာပဲ။
ေမး - မလုပ္ရင္ဘာလုပ္လဲ။
ေျဖ - မလုပ္ရင္ ဖမ္းခ်ဳပ္မယ္၊ ဘာညာကြိကြရစ္တာ ေပါ့။ ၿခိမ္းေျခာက္တာေပါ့ဗ်ာ။
ေမး - ၿမိဳ႕ခံေတြက သေဘာေပါက္သြားတာေပါ့။
ေျဖ - ေပါက္တာေပါ့။ ဘယ္အစိုးရတက္တက္ ျမန္ မာအစိုးရအုပ္ခ်ဳပ္တာပဲေကာင္းတယ္လို႔ေျပာတာ။ ျမန္ျမန္ျပန္လာပါေစဆုေတာင္းေနၾကတာ။ ျမန္ျမန္ ျပန္လာႏိုင္ဖို႔ကေတာ့ ကြၽန္ေတာ္တို႔လည္းမသိေတာ့ ဘူးေလ။ (ရယ္လ်က္)
ေမး - ဆိုေတာ့ လားရႈိးပတ္ခ်ာလည္အေျခအေနက ေကာ ဘယ္လိုရွိပါသလဲ။
ေျဖ - လားရႈိးပတ္ခ်ာလည္အေျခအေနက သတင္း ေတြမွာသာ (ကိုးကန႔္ေတြ) ဆုတ္တယ္ေျပာတာ ဘာ မွမဆုတ္ဘူး။ အလံေတြေထာင္ၿပီးေတာ့အကုန္ရွိ တယ္။ ဘာမွ မဆုတ္ဘူး။
ေမး - လားရႈိး ပတ္ပတ္လည္ ကိုးကန႔္ေတြရွိေနေသး တယ္ေပါ့။
ေျဖ - ရွိတာေပါ့။ သူတို႔ေဖာက္ထားတဲ့လမ္းက်ေန တာပဲ၊ ကားေသးဆို တစ္ေထာင္ ဒီေကာင္ေတြက ေကာက္တာ။ လားရႈိးၿမိဳ႕အဝင္ မယ္ဟန္နားမွာ တစ္ ေထာင္၊ သီေပါနဲ႔လားရႈိးၾကား နမ့္လန္လမ္းခြဲမွာ တစ္ ေထာင္၊ လားရႈိးကျပန္ထြက္ေတာ့ မယ္ဟန္မွာ တစ္ ေထာင္၊ မိုင္းရယ္ေရာက္ခါနီး ဟိုယနား၊ လြင္ငင္းမွာ တစ္ေထာင္ေကာက္တယ္။ ကားေလးေတြေတာ့ တစ္ေထာင္ေကာက္တယ္။ ကားႀကီးေတြေတာ့ ဘယ္ေလာက္ေကာက္လဲမသိဘူး။ ဟိုယမွာလည္း ကိုက္တစ္ရာေတာင္မရွိပါဘူး (၇၅) ကိုက္ေလာက္ပဲရွိ မယ္ထင္တယ္။ တပ္နဲ႔ကိုးကန႔္နဲ႔က။ တပ္ကလည္း တ႐ုတ္ဘက္ကပစၥည္းကိုသိမ္းတယ္။
ေမး - တ႐ုတ္ပစၥည္းကို ေပးမျဖတ္ဘူးဆိုတဲ့သေဘာ ေပါ့။
ေျဖ - တ႐ုတ္ပစၥည္းကို တစ္ခါတည္းသိမ္းတာ။ ရပ္ ေစာက္ဘက္မွာလည္း ဖမ္းထားတယ္ၾကားတယ္ နမ့္ လန္ကထြက္သြားတဲ့အာလူးကားေတြ။ ဟိုပုန္းမွာက် ေတာ့ ရဲစခန္းေရွ႕မွာေတာ့ အာလူးကားေတြဖမ္းထား တာ အားလူးေတြကပုပ္ၿပီးေတာ့ အရည္ေတြက်ၿပီး ေတာ့ ျဖတ္သြားရင္ေတာင္ နံေစာ္ေနတယ္သိလား။ လမ္းကေတာ့ ဘာေတြမွန္းကိုမသိေတာ့ပါဘူးဗ်ာ။
ေမး - လားရႈိးကေနအထြက္ေတာ့ တစ္ေလွ်ာက္လုံး ကိုးကန႔္ေတြကိုေတြ႕တယ္ေနာ္။
ေျဖ - ရွိတယ္၊ ရွိတယ္။
ေမး - ဟိုပန္ကေန လားရႈိးကို ဘယ္ေလာက္ ေမာင္း ရလဲ။ လမ္းေကာေကာင္းလား။
ေျဖ - သုံးနာရီေမာင္းရတယ္။ လမ္းကေကာင္းတယ္။
ေမး - ဂိတ္ေတြေကာရွိလား။
ေျဖ - ဂိတ္ေတြက ရွိတယ္။ လားရႈိးအထြက္မွာ ေအဒီ တံတား ရွိတယ္။ တံတားရဲ႕ လားရႈိးဘက္ အျခမ္းမွာက တပ္။ တံတားက ေပ (၁၀ဝ)ေလာက္ပဲ ရွိတယ္။ ဟိုဘက္ထိပ္မွာ ကိုးကန႔္။ အဲဒီကေန ထြက္ၿပီး လားရႈိး အထြက္ တိုးဂိတ္မွာေတာ့ ဒီေကာင္ေတြ မေနဘူး။ လားရႈိးအေက်ာ္ နမ့္တြင္းဘက္ တံတားမွာေတာ့ သူ တို႔ရွိတယ္ ေလးငါးေယာက္ေပါ့။ ကင္း ရွိတယ္။ အဲဒီက ဆက္သြားရင္ ဟိုတုန္းက ေရပူစစ္ေဆးေရး ဂိတ္မွာ တစ္ေထာင္ေပးရတယ္။ လမ္းတံတားေၾကးတဲ့။ ကားေလးေတြေကာ ဘာေတြေကာ ေကာက္တယ္။ သိႏၷီကေန ကြမ္လုံဘက္ သြားတဲ့ဘက္မွာလည္း အေစာင့္ကလည္း ႏွစ္ေယာက္ေလာက္ပဲ ရွိတာပါ။ အဲဒီကေန ဆက္သြားေတာ့ နမ့္ဆလပ္ တိုးဂိတ္မွာ ေတာ့ တစ္ေယာက္၊ ႏွစ္ေယာက္ အဲဒီေလာက္ပဲ။ ေဒ သခံ ျပည္သူ႔စစ္ေတြကို ဆြဲထည့္၊ ေသနတ္ေပးၿပီးေတာ့ ေစာင့္ခိုင္းတဲ့သေဘာပါ ေတြ႕တာေတာ့။ ဆက္သြားရင္ နားတီး ဆိုတာ ရွိတယ္။ ဗ်ဴဟာေတာင္ မေရာက္ခင္။ အရင္တုန္းက ဗ်ဴဟာမႉး သူရေက်ာ္ေက်ာ္ခ်ိဳ တိုက္ ပြဲက်ထားတဲ့ ေနရာမို႔ ဗ်ဴဟာကုန္းလို႔ ေခၚတာ။ ဗ်ဴဟာ ေတာင္မွာ ဒီေကာင္ေတြ Check point တစ္ခု လုပ္ ထားတယ္။ စစ္ေဆးတာ တစ္ခု ရွိတယ္။ အဲဒီကေန နားတီးတို႔ ဘာတို႔ ေက်ာ္သြားေတာ့ ကြမ္းလုံ တံတား ထိပ္ရယ္၊ ဟိုပန္ဘက္ကူးတဲ့ ဘက္မွာရယ္ ဒါပဲရွိပါတယ္။
ေမး - လားရႈိး - သိႏၷီ - ကြမ္လုံ - ဟိုပန္ အတိုင္း သြားခဲ့တာေပါ့။ ကိုးကန႔္ေတြ တက္လာခဲ့တဲ့ လမ္း ေၾကာင္းႀကီးေပါ့။
ေျဖ - အဲဒီလမ္းေၾကာင္းႀကီးပဲ။ ခ်င္းေ႐ႊေဟာ္ အထိ ေဖာက္ထားတာက အကုန္လုံးက Asia World နာမည္ေျပာင္း Oriental Highway က ေဖာက္ထား တာေလ။ အခု လမ္းတံတား ေကာက္စားတာက သူတို႔ (MNDAA) က ေကာက္စားေနတာ (ရယ္လ်က္)။ Oriental Highway ေလာက္ေတာ့ ေဈးမမ်ားဘူး ေပါ့ဗ်ာ။ Oriental Highway ဆို အရင္က ဟိုပန္၊ လားရႈိးလာရင္ ေျခာက္ေထာင္၊ ခုႏွစ္ေထာင္ေလာက္ ကုန္တာ။ အခုက တစ္ေထာင္ပဲ ေပးရတာေပါ့ဗ်ာ။
ေမး - ကားေတြေကာ အသြားအလာ မ်ားလား အဲဒီလမ္းေၾကာမွာ။
ေျဖ - မ်ားတယ္၊ မ်ားတယ္ ေဒသခံေတြလည္း သြား ၾကပါတယ္။ သြားေတာ့ သြားေနၾကတယ္။ တ႐ုတ္ ကုန္ေတြကလည္း လားရႈိးၿမိဳ႕ေရွာင္လမ္းကလည္း အုပ္ခ်ဳပ္ေရးပိုင္းက မစိုးမိုးႏိုင္ဘူးေလ။ ၿမိဳ႕ေရွာင္လမ္း တစ္ေလွ်ာက္ကလည္း ဒီေကာင္ေတြပဲ ထိန္းထား တာကိုး။ နမၼတူဘက္က သတၱဳေတြ ဘာေတြ ဆိုရင္ လည္း သူတို႔က ၿမိဳ႕ေရွာင္လမ္းကပဲ သယ္ေနတာပဲ ေလ။
ေမး - လားရႈိးၿမိဳ႕အျပင္က ကိုးကန႔္ေတြ ေ႐ႊ႕ေနၿပီ ဘာညာဆိုတာက သတင္းအခ်က္အလက္အမွား ေတြေပါ့။
ေျဖ - ဘာမွ မေ႐ႊ႕ဘူး။ ရွိတယ္။
ေမး - လားရႈိးၿမိဳ႕ပတ္ဝန္းက်င္မွာ ကိုးကန႔္ေတြ ရွိေနေသးတယ္ ဆိုတဲ့ အဓိပၸာယ္ေပါ့။ "ဝ" ေတြေကာ ဝင္ေနတာ ေတြ႕လား။
ေျဖ - ရွိတယ္။ "ဝ" ကေတာ့ မေတြ႕ဘူးဗ်။ နည္းနည္း မသကၤာတာ ရွိတယ္ဗ်။ ကိုးကန႔္ ပိုက္ဆံ ေကာက္တဲ့ ေနရာမွာ ကိုးကန႔္ပုံ တ႐ုတ္ပုံ မေပါက္ဘူးဗ်။ ဗမာပုံ ေတြ ေပါက္ေနတယ္။ ၾကည့္ရတာ PDF ေတြ က်န္ ေသးတယ္ထင္တယ္ဗ်။ ဗမာစကားလည္း ပီပီသသ ေျပာႏိုင္တယ္။ တ႐ုတ္လိုလည္း ေျပာတတ္တယ္။ တခ်ိဳ႕ေကာင္ေတြက စကားမေျပာဘဲ ထိုင္ေနတဲ့ ေကာင္ေတြက ဗမာပုံေတြေပါက္တယ္။ အညာသားပုံ ေတြပဲ။
ေမး - ဒါဆို က်န္ေနေသးမယ္ ထင္တယ္ PDF ေတြ က။
ေျဖ - ရွိေနေသးတယ္။ သူတို႔ ကိုးကန႔္ ယူနီေဖာင္း ဝတ္ၿပီး ရွိေနတယ္။ ပုံစံကေတာ့။
ေမး - ဟိုပန္နဲ႔ ကြမ္လုံၾကားမွာ တံတားႏွစ္စင္း ျဖတ္ရတယ္ေနာ္။ ကြမ္းလုံတံတားအသစ္ရယ္၊ ေဖာင္ဆိပ္ရယ္။
ေျဖ - ဟုတ္တယ္။
ေမး - ဟိုဘက္ထိပ္၊ ဒီဘက္ထိပ္ေကာ ကိုးကန႔္ ရွိလား။
ေျဖ - ကြမ္းလုံတံတားအသစ္မွာေတာ့ ကြမ္းလုံ ဘက္ျခမ္းမွာပဲ သူတို႔ ေစာင့္တာပါ။ တံတားေဟာင္း ဘက္က သိပ္မသြားဘူး။ တံတားအေဟာင္းဘက္က တပ္ရဲ႕ ဗ်ဴဟာေတြ ဘာေတြ ရွိတယ္။
ေမး - အခု တပ္က ရွိလို႔လား။
ေျဖ - အဲဒီ ဗ်ဴဟာ႐ုံးေတြထဲမွာ ဒီေကာင္ေတြ (MNDAA) ထိုင္ေနေသးတာေလ။ သုံ႔ပန္းလည္း (၂၀ဝ) ေလာက္ က်န္ေနေသးတယ္ေျပာတယ္။ လြတ္ လာတဲ့တစ္ေယာက္ကို ေမးၾကည့္တာ (၂၀ဝ) ေလာက္က်န္ေသးတယ္ေျပာတာပဲ။ ကြမ္လုံမွာ။ ခ်င္း ေ႐ႊေဟာ္မွာလည္း က်န္ေသးတယ္။ အေရးႀကီးတဲ့ သူေတြကေတာ့ ေလာက္ကိုင္မွာထားတယ္ ေျပာတယ္။
ေမး - ဟိုပန္ေရာက္ေတာ့ ေရွာေရွာရႉရႉ ျဖစ္လား။
ေျဖ - ျဖစ္ပါတယ္။ သူတို႔ကေတာ့ ဟိုလို မေမးပါဘူး။ ကိုးကန႔္ေကာင္ေလးေတြထဲမွာလည္း ဗမာလို တတ္တဲ့ ေကာင္ေလးေတြ ပါတာကိုးဗ်။ ဗမာစာ တတ္၊ ေက်ာင္းထြက္ၿပီး အတင္းေခၚလို႔ ပါတာ ေနမွာေပါ့။ ကြၽန္ေတာ္တို႔ပုံၾကည့္ၿပီး ဘယ္သြားမွာတုံး ေကာင္းေကာင္းေမးတာ။ ငါ ဟိုပန္သြားမလိုကြလို႔ အဲဒီလိုပဲ ေျပာလိုက္တာပဲ။
ေမး - သူတို႔ မ်က္ႏွာမွာေကာ ရန္လိုတဲ့အရိပ္အ ေယာင္ ရွိေသးလား။
ေျဖ - အဲဒီလိုေတာ့ မရွိဘူး။ သူတို႔လည္း ေအးေအး ေဆးေဆးပါပဲ။
ေမး - လားရႈိးကေန ဟိုပန္အထိကို ပိုက္ဆံ ဘယ္ ေလာက္ ကုန္သြားလဲ။
ေျဖ - လားရႈိးကေန ေရပူအထိကို ပိုက္ဆံတစ္ ေထာင္ပဲ ေကာက္တာပါ။ အဲဒီတစ္ေထာင္ပဲ ကုန္တာ ပါ လမ္းေၾကး။ ျမန္မာေငြ က်ပ္တစ္ေထာင္ေပါ့။ အရင္ ကေတာ့ တိုးဂိတ္ေလးခု ျဖတ္ရတာေပါ့။ အခု အဲဒီ တိုးဂိတ္ေတြက ပိုက္ဆံမေကာက္ဘဲနဲ႔ ေရပူဂိတ္ ေနရာကေန ေကာက္တာ။ တစ္ေထာင္ပဲ ျဖတ္ပိုင္း ေလး ေပးတယ္။ ျဖတ္ပိုင္းမေပးတဲ့ဟာကေတာ့ ကြၽန္ေတာ္တို႔ဆီကပဲရွိတာ။ တစ္ေထာင္နဲ႔လည္း မရဘူး ငါးေထာင္၊ တစ္ေသာင္းမွ။ အဲဒါေတြကေတာ့ ရွိတာေပါ့။ ကြၽန္ေတာ္တို႔သြားေတာ့ ကိုယ္ပိုင္ကား ေတာ့ မေတာင္းဘူးဗ်။ ခရီးသည္ကားတို႔၊ ကုန္တင္ လာတဲ့ကားတို႔ ေတာင္းတယ္ဗ်။ ကြၽန္ေတာ္တို႔ ကိုယ္ပိုင္ကားေတာ့ လိုင္စင္ျပလိုက္ရင္ မေတာင္းဘူး။
ေမး - ဟိုပန္ဘက္ကလူေတြ ဘာလုပ္စားေနၾကလဲ။
ေျဖ - ဟိုပန္ဘက္က စိုက္ပ်ိဳးေရးပဲဗ်။ ေျပာင္းဖူး ရွိတယ္၊ ေရာ္ဘာရွိတယ္၊ ႀကံစိုက္တယ္။ ေဆာင္း တြင္းဆို တိုင္ေထာင္ပဲ စိုက္တာဗ်။ တိုင္ေထာင္ပဲသီး ေတြက တ႐ုတ္ကို ျပန္သြင္းတာ။ အရင္ ေဈးေကာင္း တဲ့ ႏွစ္ကဆိုရင္ ေတာ္ေတာ္ေလး ခ်မ္းသာၾကပါတယ္။ ႐ြာကလူေတြ တ႐ုတ္ေငြနဲ႔ ေတာ္ေတာ္ရတယ္။
ေမး - အခု တ႐ုတ္နဲ႔ ဆက္ဆံေရးက ၿခံစည္း႐ိုးတံခါး ပိတ္ထားလား။
ေျဖ - သြားလို႔ေတာ့၊ သယ္လို႔ေတာ့ ရပါတယ္။ ေဒသ ထြက္ကုန္ေတြ သြားပါတယ္။ တ႐ုတ္ထဲကို ကြၽဲေတြ၊ ႏြားေတြေတာင္ ပို႔ပါတယ္။ သူတို႔ဘာသာ သူတို႔ လမ္းေၾကာင္းေတာ့ ရွိပါတယ္။
ေမး - ဟိုပန္ရဲ႕ အုပ္ခ်ဳပ္ေရးကိုေတာ့ "ဝ" က အကုန္ အပိုင္စီးထားၿပီေပါ့။
ေျဖ - အပိုင္ခ်ည္ၿပီး တုပ္ၿပီး အပိုင္သိမ္းသြားၿပီ။ ေနာက္က်မွ လႊတ္ေတာ္ေပၚ၊ အစိုးရတစ္ရပ္ ေပၚလာ မွ ဘယ္လိုလာၾကမလဲ မေျပာတတ္ဘူးေပါ့ဗ်ာ။ မခန႔္ မွန္းႏိုင္ေတာ့ပါဘူး။
ေမး - ေနာက္ အဲဒီခရီး အေတြ႕အႀကဳံကေကာ ဘာ ေတြ ႀကဳံရေသးလဲ။
ေျဖ - အေတြ႕အႀကဳံကေတာ့ ထူးထူးျခားျခား ျမန္မာ ႏိုင္ငံက ဘိန္းျဖဴ အစိုက္ပ်ိဳးဆုံး ႏိုင္ငံမွာေတာ့ ပထမကေနကို ဆင္းမွာ မဟုတ္ဘူး။
ေမး - ဘာလို႔လဲ။
ေျဖ - ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ျပန္လာေတာ့ ပင္လုံကေန ဟိုပုန္းကိုသြားေတာ့ ေက်ာက္တန္း လမ္းဆိုတာ ျဖတ္တာေလ။ ပအို႔ဝ္႐ြာေတြ။ ကြၽန္ေတာ္ လည္း ကြမ္လုံဘက္ ဘိန္းစိုက္တာေတြ ျမင္ဖူးပါတယ္ ဗ်ာ။ အဲဒီဘက္ စိုက္ထားတာကေတာ့ ရက္ရက္စက္ စက္ဗ်ာ။ ကားလမ္းေဘး အိမ္ထဲေတြပါ စိုက္ထားတာ။ ဧက ကို ေသာင္းခ်ီ၊ သိန္းခ်ီေတာင္ ရွိမယ္ ထင္တယ္။
ေမး - ပင္လုံ နဲ႔ ဟိုပုန္းၾကားလား။
ေျဖ - ဟုတ္တယ္။
ေမး - အဲဒီၾကားမွာကို စိုက္ေနတာလား။
ေျဖ - ရက္ရက္စက္စက္ဗ်ာ။ ကြၽန္ေတာ္ေတာင္ တစ္သက္နဲ႔တစ္ကိုယ္ ဒီတစ္ခါပဲျမင္ဖူးတာ။ ကြၽန္ေတာ္ ရွမ္းေျမာက္မွာ ဘိန္းစိုက္တာေတြကို အမ်ားႀကီး ျမင္ခဲ့ဖူးတယ္။ မ်က္စိတစ္ဆုံး ေတာင္တစ္လုံး တစ္လုံး အျပည့္စိုက္ထားတာ။ ေရာင္စုံပန္းေလးေတြ၊ ပန္းေရာင္ေလးေတြ၊ ၾကက္ေသြးေရာင္ေလးေတြနဲ႔ လန္ထြက္ေနတာ။ အင္း အာဖဂန္၊ တာလီဘန္က ေတာ့သတ္တယ္ဆိုေတာ့ ငါတို႔ကေတာ့ နံပါတ္ တစ္က နံပါတ္တစ္ျဖစ္ဦးမယ္ ထင္ပါတယ္ကြာလို႔။
ေမး - ပင္လုံဘက္က လွည့္ျပန္တယ္ဆိုတာက မိုင္းရယ္တို႔၊ ရပ္ေစာက္တို႔ ဘက္က လွည့္ျပန္တာလား။
ေျဖ - ဟုတ္တယ္ေလ။ သီေပါကတံတားက ပိတ္ ထားတယ္ သြားမရေတာ့ ကြၽန္ေတာ့္ကားနဲ႔ မိုင္းရယ္ ကေန ေက်းသီး၊ ေက်းသီးကေန လဲခ်ား၊ လဲခ်ား ကေန ပင္လုံ၊ ပင္လုံကေန ေက်ာက္တန္းလမ္းကေန ဟိုပုန္း၊ ဟိုပုန္း ကေန ေတာင္ႀကီး အဲဒီလိုလာတာ။ လားရႈိးကေန မယ္ဟန္ေက်ာ္ၿပီးေတာ့ တန႔္ယန္း- မိုင္းရယ္ လမ္းအတိုင္း သြားရတယ္ေလ။ ဟိုယ ဆိုတဲ့ ေနရာက်ေတာ့ မိုင္းရယ္ကို သတ္သတ္ခြဲသြားတာ။
ေမး - ဒါဆိုရင္ မိုင္းရယ္နား တစ္ဝိုက္ အဲဒီဘက္ေတြ ကိုးကန႔္ေတြ ေတြ႕ခဲ့မွာေပါ့။
ေျဖ - အလံေတြေတာင္မွ တလူလူနဲ႔ရွိတာေပါ့။ မဆုတ္ေသးဘူး ရွိတယ္။
ေမး - ဘိန္းက ဟိုပုန္းနဲ႔ပင္လုံၾကားမွာစိုက္တာကို သြားေတြ႕ေနရတာေပါ့။
ေျဖ - ရက္ရက္စက္စက္ပဲ။
ေမး - ေက်းသီးတို႔ဘက္ေကာ မေတြ႕ဘူးလား။
ေျဖ - မရွိဘူး။ အဲဒီဘက္ေတြက မရွိဘူး။ မိုင္းရယ္ နဲ႔ ေက်းသီးၾကားက ႀကံတို႔ ေျပာင္းဖူးတို႔ စိုက္တာ။ လဲခ်ားနဲ႔ ပင္လုံၾကားလည္း ေျပာင္းဖူးစိုက္တာမ်ား တယ္။ ပင္လုံနဲ႔ ဟိုပုန္းၾကားမွာပဲ ရက္ရက္စက္စက္။
ေမး - ဟိုပန္ကေနျပန္ေတာ့ ဟိုပန္ထဲမွာေကာ က်ားဖ်န႔္ကိစၥေတြ ၾကားမိေသးလား။
ေျဖ - ရွိေသးတယ္လို႔ေတာ့ ၾကားခဲ့တယ္ဗ်။ သိုးသိုး သန႔္သန႔္ေပါ့ဗ်ာ။ ကြၽန္ေတာ္ကလည္း မနက္သြား၊ ည ျပန္ဆိုေတာ့ ရွိေသးတယ္ေတာ့ၾကားတယ္။ ပိုင္ရာ ဆိုင္ရာနဲ႔ လုပ္မွာေပါ့ဗ်ာ။ ရွိေသးတယ္လို႔ေတာ့ ၾကား ခဲ့တယ္။ တ႐ုတ္ေတြလည္း မ်ားတယ္။ ဟိုပန္က အရင္က ဘာမွမရွိတာ။ အႏွိပ္ခန္းေတြ၊ ဖာခန္းေတြ တအား တိုးလာတယ္။ အဲဒီလိုႀကီးဗ်ာ။ စိတ္ဆင္းရဲ တာေပါ့ဗ်ာ။
ေမး - တစ္ခုသိခ်င္တာက "ဝ" ေတြက ဘာကို ေၾကာက္လဲ။
ေျဖ - သူတို႔ ၿမိဳ႕ေတြ ပ်က္စီးမွာ ေၾကာက္တာေပါ့ဗ်ာ။ သူတို႔ တည္ေဆာက္ထားခဲ့တာ ဗုံးႀကဲခံရၿပီး ပ်က္စီးမွာ တအားေၾကာက္တယ္။ တကယ္တမ္းေျပာရင္။ ဒီ (၁၀၂၇) မွာ ဒီေကာင္ေတြပါတယ္။ ယူနီေဖာင္းလဲၿပီး ပါတာ သုံးေထာင္ေက်ာ္ ေသသြားတယ္။ အဲဒါလည္း သတင္းတစ္ခုၾကားခဲ့တယ္။ သုံးေထာင္ေက်ာ္တဲ့။ ေတာင္ခမ္းမွာလည္း ပါေလာက္တယ္။ လားရႈိး ဘက္လည္းပါတယ္ေျပာတယ္။ ယူနီေဖာင္းေတာ့ သူတို႔ တံဆိပ္မဝတ္ဘူး။ ကိုးကန႔္ ယူနီေဖာင္းပဲျဖစ္မွာ ေပါ့။ ေဒသခံေျပာတာေတာ့ PDF ေတြက သူတို႔ ေျပာေနတာေပါ့။ အင္အား ရွစ္ေထာင္ေလာက္ ရွိမယ္။ (၁၀၂၇) လုပ္ဖို႔ စုဖြဲ႕ေလ့က်င့္တာေပါ့။ ေလ့က်င့္ခဲ့ၿပီးေတာ့ လားရႈိးေရာက္ေတာ့ ႏွစ္ေထာင္ ေက်ာ္ ျပဳတ္သြားတယ္ေျပာတယ္တဲ့။ ေနာက္ပိုင္း လည္း ထပ္ေသဦးမွာေပါ့ဗ်ာ။
ေမး - လားရႈိးအေရာက္ ႏွစ္ေထာင္ေက်ာ္ ဆက္တက္ ရင္း ထပ္ေသဦးမွာေပါ့။
ေျဖ - ေသဦးမွာေပါ့။ သူတို႔ အဲဒီလိုေျပာတာ ၾကား တယ္။
ေမး - "ဝ" နဲ႔ ကိုးကန႔္ အေပၚေတာ့ သံသယ ႀကီးႀကီး ထားရမယ့္ သေဘာရွိတယ္ေနာ္။
ေျဖ - ေသခ်ာတာေပါ့။ မယုံရဘူး။ အဲဒီလိုေတြ ျဖစ္ေနတယ္။ သူတို႔က ကြန္ျမဴနစ္စတိုင္ေပါ့ဗ်ာ။ တစ္ေသြးတစ္သံတစ္မိန႔္ ဒါမ်ိဳးေတြေပါ့။ ခက္တာက အဲဒီလို ျဖစ္ေနတယ္။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။