ဂျပန်ကာကွယ်ရေးဝန်ကြီး အကြောင်း တစေ့တစောင်း (ဘာသာပြန်ဆောင်းပါး)

 181

ဂျန်ဇက် (NP News) - ဒီဇင်ဘာလ ၁၁

ဂျပန်နဲ့တရုတ်နိုင်ငံကြား အပြန်အလှန် ဝေဖန်ပြစ်တင်မှုတွေဟာ လက်ရှိအချိန်မှာ လူစိတ်ဝင် စားမှုမြင့်တက်လျက်ရှိနေပါတယ်။ တရုတ်တိုင်ပေ ကို တရုတ်နိုင်ငံက အင်အားသုံးတိုက်ခိုက်လာမယ်ဆိုရင် စစ်ရေးနည်းလမ်းနဲ့တုံ့ပြန်ပေးမယ်လို့ ဂျပန်ဝန်ကြီး ချုပ်အသစ် တာကိုင်ချီက ထုတ်ဖော်ပြောဆိုလိုက်ပြီး နောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ စတင်ဖြစ်ပွားခဲ့ ပါတယ်။
ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ ခါးသီးတဲ့ အတိတ်သမိုင်းကြောင်း ရှိခဲ့တဲ့နိုင်ငံများဖြစ်ရာ ဂျပန် ဝန်ကြီးချုပ်ရဲ့ပြောဆိုမှုများက တင်းမာမှုတွေစတင် စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တရုတ်အစိုးရကလည်း ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောဆိုမှုများကို တုံ့ပြန်ဝေဖန်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာခဲ့ပါ တယ်။ တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီယိုကိုအီဇူမီက တရုတ် တိုင်ပေမှာ ဒုံးကျည်တွေ ဖြန့်ကြက်ချထားသွားမယ် လို့ ထပ်မံပြောဆိုလာခဲ့ရာ မီးလောင်ရာ လေပင့်သလို မျိုးဖြစ်ခဲ့ပါတယ်။ ကိုအီဇူမီဟာ (၂၀၂၅) ခုနှစ် အောက်တိုဘာလမှစတင်ပြီး ဂျပန်ကာကွယ်ရေးဝန် ကြီးအဖြစ် စတင်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ဂျူနီချီယိုကိုအီဇူမီရဲ့ ဒုတိယမြောက်သားဖြစ်သလို မင်းသား ကာတာရိုကို အီဇူမီ ရဲ့အကိုလည်းဖြစ်ပါတယ်။ ကိုအီဇူမီဟာ ဖခင် ခြေရာကိုနင်းသူလို့ဆိုနိုင်ပြီး ဂျပန်နိုင်ငံရေးလောက ကို ဝင်ရောက်လုပ်ကိုင်ခဲ့ကာ (၂၀ဝ၉) ခုနှစ်တည်းက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး အောက်လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ယူ ခဲ့သူဖြစ်ပါတယ်။
ကိုအီဇူမီဟာ အဘိုးဖြစ်သူကလည်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကာ ၎င်းတို့မိသားစုဝင်များဟာ ဂျပန်အစိုးရအဖွဲ့မှာ ပါဝင်လုပ်ကိုင်ခဲ့သူများလည်း ဖြစ်ပါတယ်။ ၎င်းဟာ ဂျပန်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်မယူခင် ဂျပန်အစိုးရအဖွဲ့ သဘာဝပတ်ဝန်း ကျင် ဝန်ကြီးအဖြစ် (၂ဝ၁၉) ခုနှစ်ကနေ (၂ဝ၂၁)ခုနှစ်အထိ တာဝန်ခဲ့ဖူးသလို (၂ဝ၂၅) ခုနှစ် မေလက နေ အောက်တိုဘာလအထိ စိုက်ပျိုးရေး၊ သစ်တော နဲ့ ငါးလုပ်ငန်း ဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးပါတယ်။
အသက် (၄၄) နှစ်အရွယ်ရှိ ကိုအီဇူမီဟာ ကာနာဂါဝါပြည်နယ်ရှိ ယိုကိုဆူကာ အရပ်ဒေသမှာ မွေးဖွားကြီးပြင်းခဲ့ရပြီး အဲဒီအရပ်ဒေသက စာသင် ကျောင်းတွေမှာပဲ ပညာသင်ယူခဲ့ရပါတယ်။ ၎င်းဟာ အားကစားလိုက်စားသူဖြစ်ပြီးအထူးသဖြင့် baseball အားကစားနည်းကို ဝါသနာခုံမင်သူဖြစ်ပါတယ်။ ၎င်း ဟာ အထက်တန်းအောင်မြင်ပြီးနောက် ဟိုကိုဟားမား ပြည်နယ်ရှိ Columbia University တက္ကသိုလ်ကို တက် ရောက်ခဲ့ကာ (၂၀ဝ၄) ခုနှစ်မှာ စီးပွားရေးဘာသာရပ် နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုအီဇူမီဟာ အမေရိ ကန်နိုင်ငံရှိ ဃသူကာဘငေ့ညငလနမျငအပ မှာလည်း နိုင်ငံ ရေး သိပ္ပံဘာသာရပ်ကို မဟာဘွဲ့ထပ်မံရယူခဲ့ပြီး ဂျပန် နိုင်ငံကို ပြန်မလာခင် အမေရိကန်သုတေသီအဖွဲ့ ဖြစ်တဲ့ Center for Strategic and International Studies CSIS မှာ သုတေသီတစ်ဦးအဖြစ် လုပ်ကိုင် ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို (၂၀ဝ၇) ခုနှစ်မှာ ပြန်လာ ခဲ့ပြီးနောက်ပိုင်း မကြာမီ ဂျပန်နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီး (၂၀ဝ၉) ခုနှစ်မှာ ၎င်းရဲ့ ဖခင်ဖြစ်သူ နှစ်ပေါင်း (၃၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပါ တယ်။ ၎င်းဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာ ဘေးဦးဆောင်တဲ့အစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီး၊ ဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ကိုအီဇူမီဟာ သဘောထားတင်းမာတဲ့ ပုံစံမျိုးရှိနေပြီး ဂျပန်နိုင်ငံ နျူကလီးယားပိုင်ဆိုင်မှု စွန့်လွှတ်ဖို့အတွက် ဖခင်ဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ် ဟောင်းရဲ့ပြောဆိုချက်များကို ငြင်းပယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ဂျူနီချီယိုကိုအီ ဇူမီက ဂျပန်နိုင်ငံအနေနဲ့ နျူကလီးယားစွမ်းအင်ကို ချက်ချင်း စွန့်လွှတ်ရမယ်လို့ပြောဆိုခဲ့ရာ သားဖြစ်တဲ့ ရှင်ဂျီယို ကိုအီဇူမီက ငြင်းဆန်ပယ်ချခဲ့ဖူးပါတယ်။ ကိုအီဇူမီဟာ ဂျပန်အာဏာရပါတီအဖြစ် နှစ်ပေါင်း များစွာ ကြာရပ်တည်ခဲ့တဲ့ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ LDP ပါတီရဲ့ ခေါင်းဆောင်အဖြစ် ဝင်ရောက် အရွေးခံခဲ့ရာ ရှုံးနိမ့်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၎င်းဟာ (၂ဝ၂၁) ခုနှစ်က LDP ပါတီခေါင်းဆောင် ရွေးချယ်ပွဲမှာ ရှုံးနိမ့်ခဲ့သလို (၂၀၂၅) ခုနှစ်မှာ ကျင်းပ တဲ့ ပါတီခေါင်းဆောင်ရွေးကောက်ပွဲမှာလည်း လက်ရှိ ဝန်ကြီးချုပ် တာကိုင်ချီကို ရှုံးနိမ့်ခဲ့ပါတယ်။
ကိုအီဇူမီဟာ ပါတီခေါင်းဆောင်ရွေးချယ်ပွဲ မှာ ရှုံးနိမ့်ခဲ့ပေမယ့် ၎င်းရဲ့ပြိုင်ဘက်ဖြစ်ခဲ့သလို လက် ရှိ ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီက ၎င်းကို ဂျပန်အစိုး ရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပါ တယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးများဟာ တိုက်ခိုက် ရေး စွမ်းရည်ပိုမိုတိုးတက်ကောင်းမွန်ဖို့နဲ့ ပဋိပက္ခ မဖြစ်အောင် ထိန်းချုပ်ရေးမူဝါဒကို အလေးထားသလို အမေရိကန်နိုင်ငံနဲ့ ဂျပန်နိုင်ငံကြား နှစ်ပေါင်းများစွာ ကြာ မဟာမိတ်ဆက်ဆံရေးကို အလေးထားတတ်တဲ့ အတိုင်း ကိုအီဇူမီကလည်း အဲဒီအစဉ်အလာကို လိုက်နာကျင့်သုံးဖွယ်ရှိနေပါတယ်။ ဂျပန်ကာကွယ် ရေးဝန်ကြီးများဟာ တရုတ်ယမြောက်ကိုရီးယား စတဲ့ ပြည်ပနိုင်ငံများရဲ့ စစ်ရေးဖိအားများကြောင့် ဂျပန် နိုင်ငံရဲ့လုံခြုံရေးကို အခြေခံထားလုပ်ကိုင်ကြပြီး နှစ်ပေါင်းများစွာကြာ တိုးမြှင့်ခြင်းမရှိခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြန်လည်မြှင့်တင်ဖို့ ဆုံး ဖြတ်ထားပါတယ်။
ကိုအီဇူမီဟာ ဂျပန်ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူချိန်အတွင်း ကာကွယ်ရေးအသုံး စရိတ်ကို နိုင်ငံဂျီဒီပီရဲ့ (၂) ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဉ်လျက်ရှိနေပါတယ်။ ၎င်းဟာ drone စတဲ့ နည်းပညာ၊ ဒေသဆိုင်ရာ စစ်ဆင်ရေးနည်းလမ်းများ၊ နဲ့ စစ်ဆင်ရေးစနစ်များကို ပြင်ဆင်ထားရန် တိုက် တွန်းထားသူလည်းဖြစ်ပါတယ်။ ကိုအီဇူမီဟာ နောက် ဆုံးပေါ် စစ်သင်္ဘောများအပါအဝင် ဂျပန်နိုင်ငံရဲ့ ကာ ကွယ်ရေးပစ္စည်းများကို ပြည်ပနိုင်ငံများထံ တင်ပို့ဖို့ အမေရိကန် ၊ ဩစတြေးလျ စတဲ့နိုင်ငံများနဲ့ စစ်ဘက် သုံးပစ္စည်းပူးပေါင်းအသုံးပြုရေး သဘောတူစာချုပ် များ (ACSA) ချုပ်ဆိုလုပ်ကိုင်ဖို့ လိုလားနေသူ ဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီဟာ အမေရိကန်နဲ့ မဟာမိတ်အဖြစ် ရပ်တည်မှုများကို ခိုင်မာအားကောင်းဖို့အပြင် ဒုတိယ ကမ္ဘာစစ်ပြီးနောက် ပိုင်း ဂျပန်နိုင်ငံရဲ့လုံခြုံရေးသဘောထားများကို ပြန် လည်ဖြည့်ဆည်းဖို့ ကြိုးပမ်းနေသူဖြစ်တယ်လို့ဆိုကြပါတယ်။ ၎င်းဟာ ဂျပန်နိုင်ငံအတွင်းမှာ စစ်တပ်စွမ်း ဆောင်ရည်များ၊ စစ်အင်္ဂါရပ်နည်းပညာများ၊ စစ်ဆင် ရေးစနစ်များ၊ လူအရင်းအမြစ်များကို ပြင်ဆင်တိုး တက်စေဖို့အပြင် ဂျပန်နိုင်ငံကို ဒေသအတွင်း နိုင်ငံ များထဲမှာ အဓိကအရေးပါတဲ့နိုင်ငံအဖြစ် ရပ်တည် နိုင်အောင် ဦးဆောင်ကြိုးပမ်းနေသူလည်းဖြစ်ပါ တယ်။ ကိုအီဇူမီဟာ ဂျပန်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူပြီးနောက်ပိုင်းတည်းက ဂျပန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး လုံခြုံရေး အန္တရာယ်အခြေအနေကို ရင်ဆိုင်နေရတာကို ဖော်ပြ ခဲ့ပြီး ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေများကို ပြန် လည်သုံးသပ်ခြင်း၊ ကာကွယ်ရေးစွမ်းရည်များကို အင် အားမြှင့်ခြင်း စတဲ့လုပ်ငန်းများကို အလေးထားလုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းဟာ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျတဲ့လုပ်ငန်းများနဲ့ လက် တွေ့လိုအပ်ချက်"တွေကို အမြန်လက်ခံပြီး စီမံခန့်ခွဲ နိုင်အောင် ဦးဆောင်ကြိုးပမ်းလျက်ရှိနေသူလည်း ဖြစ်ပါတယ်။ ကိုအီဇူမီဟာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေး စွမ်းရည် (defense capability) ကို ပြန်လည် ပြင် ဆင်ဖို့ အားထုတ်မှုများ၊ ဆန်းသစ်မှုများ လုပ်ကိုင်ဖို့ ဆန္ဒရှိသူဖြစ်ပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောပိုင်ဆိုင်ရေးကို စဉ်းစားနေသူလည်းဖြစ်ပါ တယ်။ ကိုအီဇူမီဟာ သူရဲ့ဖခင်လိုမျိုးအငြင်းပွားဖွယ် ရာဖြစ်နေတဲ့ ယာဆုကူနီ စစ်ဗိမာန်ကို သွားရောက်သူ ဖြစ်ပြီး (၂၀၂၅) ခုနှစ် ဩဂုတ်လတုန်းကလည်း ဒုတိယ ကမ္ဘာစစ်အတွင်း ကျဆုံးသူများမြှုပ်နှံထားတဲ့ စစ်ဗိမာန်ကို သွားရောက်လှည်ပတ်ခဲ့ဖူးပါတယ်။
အဲဒီစစ်ဗိမာန်ကြောင့်ဂျပန်နိုင်ငံဟာ အိမ် နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ကိုရီးယား နိုင်ငံ တို့နဲ့ အငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ၎င်းဟာ ခေတ်သစ် ကာကွယ်ရေး ဗဟိုဗေဒကိုစီမံခန့် ခွဲဖို့လိုလားသူဖြစ်သလို ပြင်းထန် စစ်ရေးအခြေအနေ များနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင် အားဖြည့်နေသူ အဖြစ် ဂျပန်ပြည်တွင်းမီဒီယာများက ရေးသားလျက် ရှိနေပါတယ်။ ကိုအီဇူမီဟာ ဂျပန်နိုင်ငံရဲ့ ကာကွယ် ရေးကို နိုင်ငံတကာလုံခြုံရေးအသိုင်းအဝိုင်းမှာ ခုခံသူ၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့နိုင်ငံအဖြစ် မဟုတ်ဘဲ “တက်ကြွလှုပ်ရှားမှုရှိပြီး မဟာဗျူဟာမြောက် မိတ် ဖက်နိုင်ငံနဲ့ဒေသအတွင်းတည်ငြိမ်ရေးမှာ အဓိက အရေးပါတဲ့နိုင်ငံအဖြစ် ပုံဖော်နေသူအဖြစ် ရှုမြင်ခံရ သူလည်းဖြစ်ပါတယ်။
၎င်းဟာ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပြောင်းလဲရေးကိုလိုလားသူ ဖြစ်သလို တရုတ်နိုင်ငံရဲ့ ဝါဒဖြန့်ချီရေးကိုလည်း ငြင်းဆန်ပယ် ချထားသူဖြစ်ပါတယ်။ ၎င်းဟာ အသက် (၄၄) နှစ် အရွယ်ရှိပေမယ့် ဆက်ဆံရေးကောင်းမွန်သူတစ်ဦး လို့ သတ်မှတ်ပြောဆိုခံနေရသူဖြစ်ပြီး ဂျပန်သတင်း ဌာန ဖြစ်တဲ့ Nikkei က ဂျပန်နိုင်ငံရေးသမားများထဲ မှာ ပေါင်းသင်းဆက်ဆံရေး အကောင်းဆုံး နိုင်ငံရေး သမားတစ်ဦးအဖြစ်သတ်မှတ်ဖော်ပြခဲ့ပါတယ်။ ၎င်း ဟာ ပြုပြင်ပြောင်းလဲရေးကို လိုလားသူတစ်ဦးဖြစ်ရာ ဂျပန်အာဏာရပါတီအတွင်းမှာလည်း အပြောင်းအလဲ များစွာလုပ်ဖို့ ဆန္ဒပြင်းပြသူဖြစ်တယ်လို့ဆိုကြပါ တယ်။ ကိုအီဇူမီဟာ ဂျပန်သတင်းဌာနရဲ့သတင်း ကြေညာသူဖြစ်တဲ့ ခရစ်တယ်တာကီဂါဝါနဲ့ (၂၀၁၉) ခုနှစ်မှာလက်ထပ်ခဲ့ပြီး သမီးတစ်ဦးပိုင်ဆိုင်ထားသူ လည်းဖြစ်ပါတယ်။ ၎င်းဟာ ဂျပန်နိုင်ငံရဲ့ ကာကွယ် ရေးကို ပိုမိုခေတ်မီအောင်လုပ်ကိုင်လိုသူဖြစ်ရာ အနာ ဂတ်မှာ ခါးသီးတဲ့အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ မြောက် ကိုရီးယား၊ တရုတ်နိုင်ငံတို့နဲ့ ထိပ်တိုက်တွေ့ဆုံလာ ဖွယ်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုအီဇူမီဟာ တရုတ်နိုင်ငံနဲ့တင်းမာမှုများရှိနေချိန်မှာပဲ တရုတ်တိုင် ပေရှိ ဂျပန်ရေတပ်အခြေစိုက်စခန်းများကို သွား ရောက်လည်ပတ်ခဲ့ပြီး စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ဖို့စီစဉ်ခဲ့ပါတယ်။
ကိုအီဇူမီဟာ တရုတ်တိုင်ပေနားရှိ မီယာ ကို ရေငုပ်သင်္ဘောအခြေစိုက်စခန်း၊ အိုင်ရှီဂါကီ စစ် အခြေစိုက်စခန်း၊ ယိုဂါဂူနီ ဂါရီဆန် စစ်အခြေစိုက် စခန်းများကို သွားရောက်လည်ပတ်ခဲ့ရာ တရုတ် နိုင်ငံ နဲ့ တင်းမာမှုများပိုမိုဖြစ်လာစေခဲ့ပါတယ်။ တရုတ် တိုင်ပေကျွန်းနားရှိ စစ်အခြေစိုက်စခန်းများကို သွား ရောက်ပြီးနောက် တစ်ရက်အကြာမှာပဲ ဂျပန်တိုက် လေယာဉ်များက တရုတ်စစ်ဘက်သုံးဒရုန်းများကို ကြားဖြတ်ဟန့်တားမှုများ လုပ်ဆောင်ခဲ့ရာ တင်းမာမှု များပိုမိုဖြစ်လာစေခဲ့ပါတယ်။ ကိုအီဇူမီဝန်ကြီးအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ ဂျပန်ကာကွယ် ရေး အစီမံများထဲမှာ ဂျပန်နိုင်ငံရဲ့ပိုင်နက် နယ်မြေ များပြန်လည်သိမ်းယူနိုင်အောင် ကူညီပေးရေးအချက် များပါဝင်နေရာ အငြင်းပွားမှုများပိုမိုဖြစ်လာဖွယ်ရှိနေ ပါတယ်။

Zawgyi Version:
ဂ်ပန္ကာကြယ္ေရးဝန္ႀကီး အေၾကာင္း တေစ့တေစာင္း (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာလ ၁၁
ဂ်ပန္နဲ႔တ႐ုတ္ႏိုင္ငံၾကား အျပန္အလွန္ ေဝဖန္ျပစ္တင္မႈေတြဟာ လက္ရွိအခ်ိန္မွာ လူစိတ္ဝင္ စားမႈျမင့္တက္လ်က္ရွိေနပါတယ္။ တ႐ုတ္တိုင္ေပ ကို တ႐ုတ္ႏိုင္ငံက အင္အားသုံးတိုက္ခိုက္လာမယ္ဆိုရင္ စစ္ေရးနည္းလမ္းနဲ႔တုံ႔ျပန္ေပးမယ္လို႔ ဂ်ပန္ဝန္ႀကီး ခ်ဳပ္အသစ္ တာကိုင္ခ်ီက ထုတ္ေဖာ္ေျပာဆိုလိုက္ၿပီး ေနာက္ ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ စတင္ျဖစ္ပြားခဲ့ ပါတယ္။
ဂ်ပန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ခါးသီးတဲ့ အတိတ္သမိုင္းေၾကာင္း ရွိခဲ့တဲ့ႏိုင္ငံမ်ားျဖစ္ရာ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ရဲ႕ေျပာဆိုမႈမ်ားက တင္းမာမႈေတြစတင္ ေစခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ တ႐ုတ္အစိုးရကလည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ရဲ႕ေျပာဆိုမႈမ်ားကို တုံ႔ျပန္ေဝဖန္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာခဲ့ပါ တယ္။ တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာပဲ ဂ်ပန္ ကာကြယ္ေရးဝန္ႀကီး ရွင္ဂ်ီယိုကိုအီဇူမီက တ႐ုတ္ တိုင္ေပမွာ ဒုံးက်ည္ေတြ ျဖန႔္ၾကက္ခ်ထားသြားမယ္ လို႔ ထပ္မံေျပာဆိုလာခဲ့ရာ မီးေလာင္ရာ ေလပင့္သလို မ်ိဳးျဖစ္ခဲ့ပါတယ္။ ကိုအီဇူမီဟာ (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာလမွစတင္ၿပီး ဂ်ပန္ကာကြယ္ေရးဝန္ ႀကီးအျဖစ္ စတင္တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ၎ဟာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဂ်ဴနီခ်ီယိုကိုအီဇူမီရဲ႕ ဒုတိယေျမာက္သားျဖစ္သလို မင္းသား ကာတာ႐ိုကို အီဇူမီ ရဲ႕အကိုလည္းျဖစ္ပါတယ္။ ကိုအီဇူမီဟာ ဖခင္ ေျခရာကိုနင္းသူလို႔ဆိုႏိုင္ၿပီး ဂ်ပန္ႏိုင္ငံေရးေလာက ကို ဝင္ေရာက္လုပ္ကိုင္ခဲ့ကာ (၂၀ဝ၉) ခုႏွစ္တည္းက လစ္ဘရယ္ဒီမိုကရက္တစ္ပါတီကို ကိုယ္စားျပဳၿပီး ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္တာဝန္ယူ ခဲ့သူျဖစ္ပါတယ္။
ကိုအီဇူမီဟာ အဘိုးျဖစ္သူကလည္း ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာန ထိပ္တန္းအရာရွိႀကီးအျဖစ္ တာဝန္ယူခဲ့သူျဖစ္ကာ ၎တို႔မိသားစုဝင္မ်ားဟာ ဂ်ပန္အစိုးရအဖြဲ႕မွာ ပါဝင္လုပ္ကိုင္ခဲ့သူမ်ားလည္း ျဖစ္ပါတယ္။ ၎ဟာ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္မယူခင္ ဂ်ပန္အစိုးရအဖြဲ႕ သဘာဝပတ္ဝန္း က်င္ ဝန္ႀကီးအျဖစ္ (၂ဝ၁၉) ခုႏွစ္ကေန (၂ဝ၂၁)ခုႏွစ္အထိ တာဝန္ခဲ့ဖူးသလို (၂ဝ၂၅) ခုႏွစ္ ေမလက ေန ေအာက္တိုဘာလအထိ စိုက္ပ်ိဳးေရး၊ သစ္ေတာ နဲ႔ ငါးလုပ္ငန္း ဝန္ႀကီးအျဖစ္တာဝန္ယူခဲ့ဖူးပါတယ္။
အသက္ (၄၄) ႏွစ္အ႐ြယ္ရွိ ကိုအီဇူမီဟာ ကာနာဂါဝါျပည္နယ္ရွိ ယိုကိုဆူကာ အရပ္ေဒသမွာ ေမြးဖြားႀကီးျပင္းခဲ့ရၿပီး အဲဒီအရပ္ေဒသက စာသင္ ေက်ာင္းေတြမွာပဲ ပညာသင္ယူခဲ့ရပါတယ္။ ၎ဟာ အားကစားလိုက္စားသူျဖစ္ၿပီးအထူးသျဖင့္ baseball အားကစားနည္းကို ဝါသနာခုံမင္သူျဖစ္ပါတယ္။ ၎ ဟာ အထက္တန္းေအာင္ျမင္ၿပီးေနာက္ ဟိုကိုဟားမား ျပည္နယ္ရွိ Columbia University တကၠသိုလ္ကို တက္ ေရာက္ခဲ့ကာ (၂၀ဝ၄) ခုႏွစ္မွာ စီးပြားေရးဘာသာရပ္ နဲ႔ ဘြဲ႕ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ကိုအီဇူမီဟာ အေမရိ ကန္ႏိုင္ငံရွိ ဃသူကာဘေင့ညငလနမ်ငအပ မွာလည္း ႏိုင္ငံ ေရး သိပၸံဘာသာရပ္ကို မဟာဘြဲ႕ထပ္မံရယူခဲ့ၿပီး ဂ်ပန္ ႏိုင္ငံကို ျပန္မလာခင္ အေမရိကန္သုေတသီအဖြဲ႕ ျဖစ္တဲ့ Center for Strategic and International Studies CSIS မွာ သုေတသီတစ္ဦးအျဖစ္ လုပ္ကိုင္ ခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံကို (၂၀ဝ၇) ခုႏွစ္မွာ ျပန္လာ ခဲ့ၿပီးေနာက္ပိုင္း မၾကာမီ ဂ်ပန္ႏိုင္ငံေရးေလာကကို ဝင္ေရာက္ခဲ့ၿပီး (၂၀ဝ၉) ခုႏွစ္မွာ ၎ရဲ႕ ဖခင္ျဖစ္သူ ႏွစ္ေပါင္း (၃၅) ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ခံရပါ တယ္။ ၎ဟာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာ ေဘးဦးေဆာင္တဲ့အစိုးရအဖြဲ႕မွာ ဒုတိယဝန္ႀကီး၊ ဝန္ႀကီးတာဝန္မ်ားကို ထမ္းေဆာင္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။ ကိုအီဇူမီဟာ သေဘာထားတင္းမာတဲ့ ပုံစံမ်ိဳးရွိေနၿပီး ဂ်ပန္ႏိုင္ငံ န်ဴကလီးယားပိုင္ဆိုင္မႈ စြန႔္လႊတ္ဖို႔အတြက္ ဖခင္ျဖစ္တဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ေဟာင္းရဲ႕ေျပာဆိုခ်က္မ်ားကို ျငင္းပယ္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဂ်ဴနီခ်ီယိုကိုအီ ဇူမီက ဂ်ပန္ႏိုင္ငံအေနနဲ႔ န်ဴကလီးယားစြမ္းအင္ကို ခ်က္ခ်င္း စြန႔္လႊတ္ရမယ္လို႔ေျပာဆိုခဲ့ရာ သားျဖစ္တဲ့ ရွင္ဂ်ီယို ကိုအီဇူမီက ျငင္းဆန္ပယ္ခ်ခဲ့ဖူးပါတယ္။ ကိုအီဇူမီဟာ ဂ်ပန္အာဏာရပါတီအျဖစ္ ႏွစ္ေပါင္း မ်ားစြာ ၾကာရပ္တည္ခဲ့တဲ့ လစ္ဘရယ္ဒီမိုကရက္တစ္ ပါတီ LDP ပါတီရဲ႕ ေခါင္းေဆာင္အျဖစ္ ဝင္ေရာက္ အေ႐ြးခံခဲ့ရာ ရႈံးနိမ့္မႈမ်ားနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ၎ဟာ (၂ဝ၂၁) ခုႏွစ္က LDP ပါတီေခါင္းေဆာင္ ေ႐ြးခ်ယ္ပြဲမွာ ရႈံးနိမ့္ခဲ့သလို (၂၀၂၅) ခုႏွစ္မွာ က်င္းပ တဲ့ ပါတီေခါင္းေဆာင္ေ႐ြးေကာက္ပြဲမွာလည္း လက္ရွိ ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီကို ရႈံးနိမ့္ခဲ့ပါတယ္။
ကိုအီဇူမီဟာ ပါတီေခါင္းေဆာင္ေ႐ြးခ်ယ္ပြဲ မွာ ရႈံးနိမ့္ခဲ့ေပမယ့္ ၎ရဲ႕ၿပိဳင္ဘက္ျဖစ္ခဲ့သလို လက္ ရွိ ဂ်ပန္ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီက ၎ကို ဂ်ပန္အစိုး ရအဖြဲ႕မွာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ခန႔္အပ္ခဲ့ပါ တယ္။ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးမ်ားဟာ တိုက္ခိုက္ ေရး စြမ္းရည္ပိုမိုတိုးတက္ေကာင္းမြန္ဖို႔နဲ႔ ပဋိပကၡ မျဖစ္ေအာင္ ထိန္းခ်ဳပ္ေရးမူဝါဒကို အေလးထားသလို အေမရိကန္ႏိုင္ငံနဲ႔ ဂ်ပန္ႏိုင္ငံၾကား ႏွစ္ေပါင္းမ်ားစြာ ၾကာ မဟာမိတ္ဆက္ဆံေရးကို အေလးထားတတ္တဲ့ အတိုင္း ကိုအီဇူမီကလည္း အဲဒီအစဥ္အလာကို လိုက္နာက်င့္သုံးဖြယ္ရွိေနပါတယ္။ ဂ်ပန္ကာကြယ္ ေရးဝန္ႀကီးမ်ားဟာ တ႐ုတ္ယေျမာက္ကိုရီးယား စတဲ့ ျပည္ပႏိုင္ငံမ်ားရဲ႕ စစ္ေရးဖိအားမ်ားေၾကာင့္ ဂ်ပန္ ႏိုင္ငံရဲ႕လုံၿခဳံေရးကို အေျခခံထားလုပ္ကိုင္ၾကၿပီး ႏွစ္ေပါင္းမ်ားစြာၾကာ တိုးျမႇင့္ျခင္းမရွိခဲ့တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ ကာကြယ္ေရးအသုံးစရိတ္ကို ျပန္လည္ျမႇင့္တင္ဖို႔ ဆုံး ျဖတ္ထားပါတယ္။
ကိုအီဇူမီဟာ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း ကာကြယ္ေရးအသုံး စရိတ္ကို ႏိုင္ငံဂ်ီဒီပီရဲ႕ (၂) ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ဖို႔ စီစဥ္လ်က္ရွိေနပါတယ္။ ၎ဟာ drone စတဲ့ နည္းပညာ၊ ေဒသဆိုင္ရာ စစ္ဆင္ေရးနည္းလမ္းမ်ား၊ နဲ႔ စစ္ဆင္ေရးစနစ္မ်ားကို ျပင္ဆင္ထားရန္ တိုက္ တြန္းထားသူလည္းျဖစ္ပါတယ္။ ကိုအီဇူမီဟာ ေနာက္ ဆုံးေပၚ စစ္သေဘၤာမ်ားအပါအဝင္ ဂ်ပန္ႏိုင္ငံရဲ႕ ကာ ကြယ္ေရးပစၥည္းမ်ားကို ျပည္ပႏိုင္ငံမ်ားထံ တင္ပို႔ဖို႔ အေမရိကန္ ၊ ဩစေၾတးလ် စတဲ့ႏိုင္ငံမ်ားနဲ႔ စစ္ဘက္ သုံးပစၥည္းပူးေပါင္းအသုံးျပဳေရး သေဘာတူစာခ်ဳပ္ မ်ား (ACSA) ခ်ဳပ္ဆိုလုပ္ကိုင္ဖို႔ လိုလားေနသူ ျဖစ္ပါတယ္။
ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ကိုအီဇူမီဟာ အေမရိကန္နဲ႔ မဟာမိတ္အျဖစ္ ရပ္တည္မႈမ်ားကို ခိုင္မာအားေကာင္းဖို႔အျပင္ ဒုတိယ ကမာၻစစ္ၿပီးေနာက္ ပိုင္း ဂ်ပန္ႏိုင္ငံရဲ႕လုံၿခဳံေရးသေဘာထားမ်ားကို ျပန္ လည္ျဖည့္ဆည္းဖို႔ ႀကိဳးပမ္းေနသူျဖစ္တယ္လို႔ဆိုၾကပါတယ္။ ၎ဟာ ဂ်ပန္ႏိုင္ငံအတြင္းမွာ စစ္တပ္စြမ္း ေဆာင္ရည္မ်ား၊ စစ္အဂၤါရပ္နည္းပညာမ်ား၊ စစ္ဆင္ ေရးစနစ္မ်ား၊ လူအရင္းအျမစ္မ်ားကို ျပင္ဆင္တိုး တက္ေစဖို႔အျပင္ ဂ်ပန္ႏိုင္ငံကို ေဒသအတြင္း ႏိုင္ငံ မ်ားထဲမွာ အဓိကအေရးပါတဲ့ႏိုင္ငံအျဖစ္ ရပ္တည္ ႏိုင္ေအာင္ ဦးေဆာင္ႀကိဳးပမ္းေနသူလည္းျဖစ္ပါ တယ္။ ကိုအီဇူမီဟာ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္းတည္းက ဂ်ပန္ႏိုင္ငံဟာ ဒုတိယ ကမာၻစစ္ေနာက္ပိုင္း အႀကီးမားဆုံး လုံၿခဳံေရး အႏၲရာယ္အေျခအေနကို ရင္ဆိုင္ေနရတာကို ေဖာ္ျပ ခဲ့ၿပီး ကာကြယ္ေရးနဲ႔ပတ္သက္တဲ့ ဥပေဒမ်ားကို ျပန္ လည္သုံးသပ္ျခင္း၊ ကာကြယ္ေရးစြမ္းရည္မ်ားကို အင္ အားျမႇင့္ျခင္း စတဲ့လုပ္ငန္းမ်ားကို အေလးထားလုပ္ကိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ၎ဟာ ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး သိပၸံနည္းက်တဲ့လုပ္ငန္းမ်ားနဲ႔ လက္ ေတြ႕လိုအပ္ခ်က္"ေတြကို အျမန္လက္ခံၿပီး စီမံခန႔္ခြဲ ႏိုင္ေအာင္ ဦးေဆာင္ႀကိဳးပမ္းလ်က္ရွိေနသူလည္း ျဖစ္ပါတယ္။ ကိုအီဇူမီဟာ ဂ်ပန္ႏိုင္ငံရဲ႕ လုံၿခဳံေရး စြမ္းရည္ (defense capability) ကို ျပန္လည္ ျပင္ ဆင္ဖို႔ အားထုတ္မႈမ်ား၊ ဆန္းသစ္မႈမ်ား လုပ္ကိုင္ဖို႔ ဆႏၵရွိသူျဖစ္ၿပီး န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္ သေဘၤာပိုင္ဆိုင္ေရးကို စဥ္းစားေနသူလည္းျဖစ္ပါ တယ္။ ကိုအီဇူမီဟာ သူရဲ႕ဖခင္လိုမ်ိဳးအျငင္းပြားဖြယ္ ရာျဖစ္ေနတဲ့ ယာဆုကူနီ စစ္ဗိမာန္ကို သြားေရာက္သူ ျဖစ္ၿပီး (၂၀၂၅) ခုႏွစ္ ဩဂုတ္လတုန္းကလည္း ဒုတိယ ကမာၻစစ္အတြင္း က်ဆုံးသူမ်ားျမႇဳပ္ႏွံထားတဲ့ စစ္ဗိမာန္ကို သြားေရာက္လွည္ပတ္ခဲ့ဖူးပါတယ္။
အဲဒီစစ္ဗိမာန္ေၾကာင့္ဂ်ပန္ႏိုင္ငံဟာ အိမ္ နီးခ်င္းႏိုင္ငံမ်ားျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ၊ ကိုရီးယား ႏိုင္ငံ တို႔နဲ႔ အျငင္းပြားမႈမ်ား မၾကာခဏျဖစ္ေပၚခဲ့ဖူးပါတယ္။ ၎ဟာ ေခတ္သစ္ ကာကြယ္ေရး ဗဟိုေဗဒကိုစီမံခန႔္ ခြဲဖို႔လိုလားသူျဖစ္သလို ျပင္းထန္ စစ္ေရးအေျခအေန မ်ားနဲ႔ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္ အားျဖည့္ေနသူ အျဖစ္ ဂ်ပန္ျပည္တြင္းမီဒီယာမ်ားက ေရးသားလ်က္ ရွိေနပါတယ္။ ကိုအီဇူမီဟာ ဂ်ပန္ႏိုင္ငံရဲ႕ ကာကြယ္ ေရးကို ႏိုင္ငံတကာလုံၿခဳံေရးအသိုင္းအဝိုင္းမွာ ခုခံသူ၊ ကိုယ့္ကိုယ္ကိုယ္ကာကြယ္တဲ့ႏိုင္ငံအျဖစ္ မဟုတ္ဘဲ “တက္ႂကြလႈပ္ရွားမႈရွိၿပီး မဟာဗ်ဴဟာေျမာက္ မိတ္ ဖက္ႏိုင္ငံနဲ႔ေဒသအတြင္းတည္ၿငိမ္ေရးမွာ အဓိက အေရးပါတဲ့ႏိုင္ငံအျဖစ္ ပုံေဖာ္ေနသူအျဖစ္ ရႈျမင္ခံရ သူလည္းျဖစ္ပါတယ္။
၎ဟာ ဂ်ပန္ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေျပာင္းလဲေရးကိုလိုလားသူ ျဖစ္သလို တ႐ုတ္ႏိုင္ငံရဲ႕ ဝါဒျဖန႔္ခ်ီေရးကိုလည္း ျငင္းဆန္ပယ္ ခ်ထားသူျဖစ္ပါတယ္။ ၎ဟာ အသက္ (၄၄) ႏွစ္ အ႐ြယ္ရွိေပမယ့္ ဆက္ဆံေရးေကာင္းမြန္သူတစ္ဦး လို႔ သတ္မွတ္ေျပာဆိုခံေနရသူျဖစ္ၿပီး ဂ်ပန္သတင္း ဌာန ျဖစ္တဲ့ Nikkei က ဂ်ပန္ႏိုင္ငံေရးသမားမ်ားထဲ မွာ ေပါင္းသင္းဆက္ဆံေရး အေကာင္းဆုံး ႏိုင္ငံေရး သမားတစ္ဦးအျဖစ္သတ္မွတ္ေဖာ္ျပခဲ့ပါတယ္။ ၎ ဟာ ျပဳျပင္ေျပာင္းလဲေရးကို လိုလားသူတစ္ဦးျဖစ္ရာ ဂ်ပန္အာဏာရပါတီအတြင္းမွာလည္း အေျပာင္းအလဲ မ်ားစြာလုပ္ဖို႔ ဆႏၵျပင္းျပသူျဖစ္တယ္လို႔ဆိုၾကပါ တယ္။ ကိုအီဇူမီဟာ ဂ်ပန္သတင္းဌာနရဲ႕သတင္း ေၾကညာသူျဖစ္တဲ့ ခရစ္တယ္တာကီဂါဝါနဲ႔ (၂၀၁၉) ခုႏွစ္မွာလက္ထပ္ခဲ့ၿပီး သမီးတစ္ဦးပိုင္ဆိုင္ထားသူ လည္းျဖစ္ပါတယ္။ ၎ဟာ ဂ်ပန္ႏိုင္ငံရဲ႕ ကာကြယ္ ေရးကို ပိုမိုေခတ္မီေအာင္လုပ္ကိုင္လိုသူျဖစ္ရာ အနာ ဂတ္မွာ ခါးသီးတဲ့အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္တဲ့ ေျမာက္ ကိုရီးယား၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔ ထိပ္တိုက္ေတြ႕ဆုံလာ ဖြယ္ရွိေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကိုအီဇူမီဟာ တ႐ုတ္ႏိုင္ငံနဲ႔တင္းမာမႈမ်ားရွိေနခ်ိန္မွာပဲ တ႐ုတ္တိုင္ ေပရွိ ဂ်ပန္ေရတပ္အေျခစိုက္စခန္းမ်ားကို သြား ေရာက္လည္ပတ္ခဲ့ၿပီး စစ္အင္အားျဖည့္တင္းမႈမ်ား လုပ္ေဆာင္ဖို႔စီစဥ္ခဲ့ပါတယ္။
ကိုအီဇူမီဟာ တ႐ုတ္တိုင္ေပနားရွိ မီယာ ကို ေရငုပ္သေဘၤာအေျခစိုက္စခန္း၊ အိုင္ရွီဂါကီ စစ္ အေျခစိုက္စခန္း၊ ယိုဂါဂူနီ ဂါရီဆန္ စစ္အေျခစိုက္ စခန္းမ်ားကို သြားေရာက္လည္ပတ္ခဲ့ရာ တ႐ုတ္ ႏိုင္ငံ နဲ႔ တင္းမာမႈမ်ားပိုမိုျဖစ္လာေစခဲ့ပါတယ္။ တ႐ုတ္ တိုင္ေပကြၽန္းနားရွိ စစ္အေျခစိုက္စခန္းမ်ားကို သြား ေရာက္ၿပီးေနာက္ တစ္ရက္အၾကာမွာပဲ ဂ်ပန္တိုက္ ေလယာဥ္မ်ားက တ႐ုတ္စစ္ဘက္သုံးဒ႐ုန္းမ်ားကို ၾကားျဖတ္ဟန႔္တားမႈမ်ား လုပ္ေဆာင္ခဲ့ရာ တင္းမာမႈ မ်ားပိုမိုျဖစ္လာေစခဲ့ပါတယ္။ ကိုအီဇူမီဝန္ႀကီးအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း ျပဳလုပ္ခဲ့တဲ့ ဂ်ပန္ကာကြယ္ ေရး အစီမံမ်ားထဲမွာ ဂ်ပန္ႏိုင္ငံရဲ႕ပိုင္နက္ နယ္ေျမ မ်ားျပန္လည္သိမ္းယူႏိုင္ေအာင္ ကူညီေပးေရးအခ်က္ မ်ားပါဝင္ေနရာ အျငင္းပြားမႈမ်ားပိုမိုျဖစ္လာဖြယ္ရွိေန ပါတယ္။

Related news

© 2021. All rights reserved.