တောင်ကြီး- ပေါမူ-တောင်ကြီး အပျော်စီး ရှုခင်းကြည့်ရထားခရီးစဉ်ကို စီးနင်းသူများပြားလာ

117

စော (NP News) - ဒီဇင်ဘာလ ၁၁
တောင်ကြီး-ပေါမူ-တောင်ကြီး အပျော်စီး ရှုခင်းကြည့်ရထားခရီးစဉ်ကို ရာဂီမုန်တိုင်းကြောင့် ယာယီရပ်နားထားရမှ ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ရက်ဖြစ်သော နိုဝင်ဘာလမှစတင်ကာ ပြေးဆွဲရန်စီစဉ်ခဲ့ပြီး လိုက်ပါစီးနင်းသူများပြားလာ ကြောင်း တောင်ကြီးဘူတာရုံ၏အချက်အလက်များ အရ သိရသည်။
အဆိုပါ တောင်ကြီး-ပေါမူခရီးစဉ်သည် (၁၁ ဒသမ ၄၁) မိုင်ကွာဝေးကာ အသွားအပြန် ပြေး ဆွဲချိန်(၃)နာရီခွဲခန့် ကြာမြင့်ပြီး ရထားသည် မြင်း ကောင်ရေ (၂၀ဝဝ) အား စက်ခေါင်းဖြင့် တွဲဆိုင်း (၃) တွဲ မှ (၄)တွဲအထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲပေးနေ ကြောင်း သိရသည်။
“စီးတဲ့လူက ပြီးခဲ့တဲ့တန်ဆောင်တိုင်က စပြီးတော့ အနည်းဆုံး (၃) တွဲပြေးနေရပါတယ်။ (၃)တွဲရှိတယ်။ (၄)တွဲ ရှိတယ်ပေါ့နော်။ ခရီးသည်က ပျမ်းမျှအားဖြင့် (၁၃၀)မှ (၁၅၀) ပတ်ချာလည်သွား ပါတယ်။ ရာဂီမုန်တိုင်းကြောင့်မို့လို့ လမ်းပိုင်း ထီသိမ် နဲ့ပေါမူကြားထဲမှာရှိတဲ့ တောင်စောင်းက ရေတိုက် စားပြီး လမ်းပိုင်းပျက်သွားတဲ့အတွက် တစ်နှစ်ကျော် လောက်ပိတ်သွားတယ်”ဟု တောင်ကြီးဘူတာမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ရထားခရီးစဉ်သည် တောင်ကြီး ဘူတာမှ နံနက် (၉) နာရီတွင် စတင် ထွက်ခွာမည် ဖြစ်ရာ လမ်းခရီးတွင် ဘဝသံသရာအဝိုင်း အနီးဝန်း ကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ် ဘူတာ၌ မိနစ်အနည်းငယ် ရပ်နားပေးကြောင်း သိရသည်။ ထို့ပြင် ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့် နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် (၃၀) ရပ်တန့်သွားမည် ဖြစ်ပြီး ပေါ်မူဘူတာမှ မွန်းလွဲ (၁၁)နာရီ (၅၀) မိနစ် ခန့်တွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပျော်စီးရှုခင်းကြည့် အသွား၊ အပြန်ခရီးစဉ်အတွက် အထက်တန်းတွဲအတွက် တစ် ဦးလျှင် ငွေကျပ် (၁၀ဝဝဝ) နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀ဝဝ) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်မှတ်ဝယ်ယူခြင်းနှင့်ပတ် သက်၍ ရထားစီးနင်းခဲ့သူခရီးသွားတစ်ဦးက " တစ် ပတ်မှ တနင်္ဂနွေတစ်ရက်ပဲ ထွက်တာမလို့ စီးချင်သူ တွေ အရမ်းများတယ်။ ကျွန်တော်ကတော့ ရှေ့တစ် ပတ်က သွားတာလက်မှတ်မရလို့မစီးရပါဘူး။ ဒီ တစ် ခေါက်တော့ သောကြာနေ့ကတည်းကကြိုပြီး ဘူတာ မှာ လက်မှတ်သွားဝယ်ပါတယ်။ ကြိုမရောင်းပါဘူး ဆိုလို့ ဘွတ်ကင်လုပ်ပြီး တနင်္ဂနွေနေ့မှ တောင် ကြီး ဘူတာကို မနက် (၈) နာရီလောက် အရောက်သွား ပြီးလက်မှတ်ဖြတ်ရပါတယ်။ တောင်ကြီးဘူတာအနေ နဲ့ လက်မှတ်ကို ရက်ကြိုရောင်းပေးတာမျိုးဆိုရင် ပို အဆင်ပြေပါလိမ့်မယ်။ ဘွတ်ကင်တင်တဲ့သူတွေ မရောက်လာသေးလို့ဆိုပြီး လက်မှတ်မရတာ၊ နေရာ မရတာတွေ နေရာလုကြတာတွေလည်းရှိလို့ပါ” ဟု အကြံပြုထောက်ပြထားသည်။
အလားတူ မန္တလေး-လားရှိုးရထား လမ်း ပိုင်းရှိ ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရှေးမူရင်းလက်ရာ ဒီဇိုင်းအတိုင်း အောင်မြင်စွာပြန် လည် ပြင်ဆင်ပြီးစီးခဲ့ပြီဖြစ်၍ ယခင် ပြင်ဦးလွင်ဘူတာ မှ ဂုတ်ထိပ်ဘူတာသို့ပြေးဆွဲပေးလျက်ရှိသော ရှုခင်း ကြည့် RBE ရထားများကိုလည်း မကြာမီ ပြန်လည် ပြေးဆွဲပေးသွားနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ကျောက်မီးသွေးသုံး မီးရထားစက်ခေါင်း များဖြင့် ပြေးဆွဲနိုင်ရေးဆောင်ရွက်သွားရန် နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားခဲ့ဖူးသည်။

Zawgyi Version:
ေတာင္ႀကီး- ေပါမူ-ေတာင္ႀကီး အေပ်ာ္စီး ရႈခင္းၾကည့္ရထားခရီးစဥ္ကို စီးနင္းသူမ်ားျပားလာ
ေစာ (NP News) - ဒီဇင္ဘာလ ၁၁
ေတာင္ႀကီး-ေပါမူ-ေတာင္ႀကီး အေပ်ာ္စီး ရႈခင္းၾကည့္ရထားခရီးစဥ္ကို ရာဂီမုန္တိုင္းေၾကာင့္ ယာယီရပ္နားထားရမွ ယခုႏွစ္ ေတာင္ႀကီးတန္ေဆာင္ တိုင္ပြဲေတာ္ရက္ျဖစ္ေသာ ႏိုဝင္ဘာလမွစတင္ကာ ေျပးဆြဲရန္စီစဥ္ခဲ့ၿပီး လိုက္ပါစီးနင္းသူမ်ားျပားလာ ေၾကာင္း ေတာင္ႀကီးဘူတာ႐ုံ၏အခ်က္အလက္မ်ား အရ သိရသည္။
အဆိုပါ ေတာင္ႀကီး-ေပါမူခရီးစဥ္သည္ (၁၁ ဒသမ ၄၁) မိုင္ကြာေဝးကာ အသြားအျပန္ ေျပး ဆြဲခ်ိန္(၃)နာရီခြဲခန႔္ ၾကာျမင့္ၿပီး ရထားသည္ ျမင္း ေကာင္ေရ (၂၀ဝဝ) အား စက္ေခါင္းျဖင့္ တြဲဆိုင္း (၃) တြဲ မွ (၄)တြဲအထိ အပတ္စဥ္ တနဂၤေႏြေန႔တိုင္း ေျပးဆြဲေပးေန ေၾကာင္း သိရသည္။
“စီးတဲ့လူက ၿပီးခဲ့တဲ့တန္ေဆာင္တိုင္က စၿပီးေတာ့ အနည္းဆုံး (၃) တြဲေျပးေနရပါတယ္။ (၃)တြဲရွိတယ္။ (၄)တြဲ ရွိတယ္ေပါ့ေနာ္။ ခရီးသည္က ပ်မ္းမွ်အားျဖင့္ (၁၃၀)မွ (၁၅၀) ပတ္ခ်ာလည္သြား ပါတယ္။ ရာဂီမုန္တိုင္းေၾကာင့္မို႔လို႔ လမ္းပိုင္း ထီသိမ္ နဲ႔ေပါမူၾကားထဲမွာရွိတဲ့ ေတာင္ေစာင္းက ေရတိုက္ စားၿပီး လမ္းပိုင္းပ်က္သြားတဲ့အတြက္ တစ္ႏွစ္ေက်ာ္ ေလာက္ပိတ္သြားတယ္”ဟု ေတာင္ႀကီးဘူတာမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ရထားခရီးစဥ္သည္ ေတာင္ႀကီး ဘူတာမွ နံနက္ (၉) နာရီတြင္ စတင္ ထြက္ခြာမည္ ျဖစ္ရာ လမ္းခရီးတြင္ ဘဝသံသရာအဝိုင္း အနီးဝန္း က်င္ရွိ သဘာဝရႈခင္းအလွမ်ားကို ၾကည့္ရႈခံစားႏိုင္ရန္ ထီသိမ္ ဘူတာ၌ မိနစ္အနည္းငယ္ ရပ္နားေပးေၾကာင္း သိရသည္။ ထို႔ျပင္ ေပါမူဘူတာသို႔ ေရာက္ရွိခ်ိန္တြင္ ရထားတြဲဆိုင္းအား ေတာင္ႀကီးဘက္သို႔ ျပန္လွည့္ ႏိုင္ရန္ တြဲေ႐ႊ႕ျပဳလုပ္ခ်ိန္ မိနစ္ (၃၀) ရပ္တန႔္သြားမည္ ျဖစ္ၿပီး ေပၚမူဘူတာမွ မြန္းလြဲ (၁၁)နာရီ (၅၀) မိနစ္ ခန႔္တြင္ ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အေပ်ာ္စီးရႈခင္းၾကည့္ အသြား၊ အျပန္ခရီးစဥ္အတြက္ အထက္တန္းတြဲအတြက္ တစ္ ဦးလွ်င္ ေငြက်ပ္ (၁၀ဝဝဝ) ႏွင့္ ႐ိုး႐ိုးတန္းအတြက္ တစ္ဦးလွ်င္ ေငြက်ပ္ (၅၀ဝဝ) က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ လက္မွတ္ဝယ္ယူျခင္းႏွင့္ပတ္ သက္၍ ရထားစီးနင္းခဲ့သူခရီးသြားတစ္ဦးက " တစ္ ပတ္မွ တနဂၤေႏြတစ္ရက္ပဲ ထြက္တာမလို႔ စီးခ်င္သူ ေတြ အရမ္းမ်ားတယ္။ ကြၽန္ေတာ္ကေတာ့ ေရွ႕တစ္ ပတ္က သြားတာလက္မွတ္မရလို႔မစီးရပါဘူး။ ဒီ တစ္ ေခါက္ေတာ့ ေသာၾကာေန႔ကတည္းကႀကိဳၿပီး ဘူတာ မွာ လက္မွတ္သြားဝယ္ပါတယ္။ ႀကိဳမေရာင္းပါဘူး ဆိုလို႔ ဘြတ္ကင္လုပ္ၿပီး တနဂၤေႏြေန႔မွ ေတာင္ ႀကီး ဘူတာကို မနက္ (၈) နာရီေလာက္ အေရာက္သြား ၿပီးလက္မွတ္ျဖတ္ရပါတယ္။ ေတာင္ႀကီးဘူတာအေန နဲ႔ လက္မွတ္ကို ရက္ႀကိဳေရာင္းေပးတာမ်ိဳးဆိုရင္ ပို အဆင္ေျပပါလိမ့္မယ္။ ဘြတ္ကင္တင္တဲ့သူေတြ မေရာက္လာေသးလို႔ဆိုၿပီး လက္မွတ္မရတာ၊ ေနရာ မရတာေတြ ေနရာလုၾကတာေတြလည္းရွိလို႔ပါ” ဟု အႀကံျပဳေထာက္ျပထားသည္။
အလားတူ မႏၲေလး-လားရႈိးရထား လမ္း ပိုင္းရွိ ျပင္ဦးလြင္-ေနာင္ခ်ိဳ-ဂုတ္ထိပ္-ေက်ာက္မဲ ရထားလမ္းပိုင္းကို ျပန္လည္ေျပးဆြဲႏိုင္ေရးအတြက္ ေရွးမူရင္းလက္ရာ ဒီဇိုင္းအတိုင္း ေအာင္ျမင္စြာျပန္ လည္ ျပင္ဆင္ၿပီးစီးခဲ့ၿပီျဖစ္၍ ယခင္ ျပင္ဦးလြင္ဘူတာ မွ ဂုတ္ထိပ္ဘူတာသို႔ေျပးဆြဲေပးလ်က္ရွိေသာ ရႈခင္း ၾကည့္ RBE ရထားမ်ားကိုလည္း မၾကာမီ ျပန္လည္ ေျပးဆြဲေပးသြားႏိုင္ေတာ့မည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ေက်ာက္မီးေသြးသုံး မီးရထားစက္ေခါင္း မ်ားျဖင့္ ေျပးဆြဲႏိုင္ေရးေဆာင္႐ြက္သြားရန္ ႏိုင္ငံ ေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္း ေျပာၾကားခဲ့ဖူးသည္။