ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားစေခဲ့သည့် သရုပ်ဆောင်မိုးအောင်ရင်ကို ဗဟန်းမြို့မရဲစခန်းက အမှုဖွင့်ထား

14109

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မြန်မာပလာဇာရှေ့မီးပွိုင့်တွင် ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားစေခဲ့သည့် သရုပ်ဆောင်မိုးအောင် ရင်ကို ဗဟန်းမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၁၀ရက်)၊ ည ၁၀ နာရီခွဲဝန်းကျင်အချိန်ခန့်က ရန်ကင်းမြို့နယ်၊ မြန်မာပလာဇာရှေ့မီးပွိုင့်၊ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတိုက်တာပါ။ သူ့ကိုအမှုဖွင့်ထားတာပါ။ စုစုပေါင်း (၅)ပေါ့။ သူ့အစီးအပါအဝင်ဆိုရင်တော့ (၅)စီးပေါ့နော်။ ရှေ့က (၄)စီးခင်ဗျ။ ဒီလိုပေါ့ မြန်မာပလာဇာမီးပွိုင့်ပေါ့။ မြန်မာပလာဇာမီးပွိုင့်ကကျတော့ မီးနီရင် ရှေ့ကယာဉ်ကရပ်တာပေါ့နော်။ ရပ်တဲ့အခါကျတော့ နောက်က အချိန်မှီဘရိတ်မနင်းမိလိုက်တာတို့ တစ်ခါတစ်လေကျရင် ဖုန်းတို့ဘာတို့လာတို့ မက်ဆေ့ဝင်တို့ကို ကြည့်လိုက်လို့ရှိရင် သတိလေး တစ်စက္ကန့် လောက်လွတ်သွားရင်ကို ရှေ့ကယာဉ်ကိုတိုက်မိတာပေါ့နော်။ တိုက်မိတော့ရှေ့ကိုတိုက်တဲ့အရှိနဲ့ နောက်တစ်စီးကိုထပ်တိုက်မိ တယ်ခင်ဗျ။ အဲဒါကို ယာဉ် (၂)စီးကတော့ ပျက်စီးတယ်ဗျ။ ရှေ့ဆုံး (၂)စီးကတော့ ထိမိရုံထိမိပြီးတော့ ဘန်ကာလေးတွေ ဆေးပွန်းပေါ့။ ဖောင်းလိုင်းတွေမှာ ကွဲတာလေးတွေဒီလောက်ပဲဖြစ်တာပါဗျ။
အဆိုပါ ယာဉ်တိုက်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဆင့်တိုက်မိသည့် ကား(၅)စီးအနက် (၃)စီးမှာ ပျက်ဆီးမှုအချို့ရှိခဲ့သော်လည်း (၂)စီးတွင် အနည်းငယ်သာ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်တိုက်မှုဖြစ်ပွားစေသည့် သရုပ်ဆောင်မိုးအောင်ရင်ကို ဗဟန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
“ပြောရရင် ရွှေဂုံတိုင်ဘက်ကနေ ချော်တွင်းကုန်းဘက်ကိုသွားတာမှာပါ။ တံတားပေါ်က ဆင်းတဲ့ မြန်မာပလာဇာရှေ့တည့်တည့်ပေါ့နော်။ အမှုဖွင့်ထားတယ်ပေါ့။ လူတွေထိမိတာမရှိပါဘူး။ သူ့ကားအပါဆိုရင်တော့ (၃)စီးကတော့ ပျက်စီးတာပေါ့။ကျန်တာကတော့ နည်းတာ ပေါ့။ ညကတော့ ဖြစ်တဲ့လူတွေအကုန်ခေါ်သွားတယ်။ စကားပြောတာတော့ပုံမှန်ပါပဲ။ လိုင်းပေါ်မှာဖြစ်တာတွေနဲ့တော့မတူပါဘူး”ဟု ၎င်းက ပြောသည်။

Zawgyi Version:
ယာဥ္(၅)စီးဆင့္တိုက္မႈျဖစ္ပြားေစခဲ့သည့္ သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ဗဟန္းၿမိဳ႕မရဲစခန္းက အမႈဖြင့္ထား
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကင္းၿမိဳ႕နယ္၊ ျမန္မာပလာဇာေရွ႕မီးပြိဳင့္တြင္ ယာဥ္(၅)စီးဆင့္တိုက္မႈျဖစ္ပြားေစခဲ့သည့္ သ႐ုပ္ေဆာင္မိုးေအာင္ ရင္ကို ဗဟန္းၿမိဳ႕မရဲစခန္းက အမႈဖြင့္ထားေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာ ၁၀ရက္)၊ ည ၁၀ နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ရန္ကင္းၿမိဳ႕နယ္၊ ျမန္မာပလာဇာေရွ႕မီးပြိဳင့္၊ ကမာၻေအးဘုရား လမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတိုက္တာပါ။ သူ႔ကိုအမႈဖြင့္ထားတာပါ။ စုစုေပါင္း (၅)ေပါ့။ သူ႔အစီးအပါအဝင္ဆိုရင္ေတာ့ (၅)စီးေပါ့ေနာ္။ ေရွ႕က (၄)စီးခင္ဗ်။ ဒီလိုေပါ့ ျမန္မာပလာဇာမီးပြိဳင့္ေပါ့။ ျမန္မာပလာဇာမီးပြိဳင့္ကက်ေတာ့ မီးနီရင္ ေရွ႕ကယာဥ္ကရပ္တာေပါ့ေနာ္။ ရပ္တဲ့အခါက်ေတာ့ ေနာက္က အခ်ိန္မွီဘရိတ္မနင္းမိလိုက္တာတို႔ တစ္ခါတစ္ေလက်ရင္ ဖုန္းတို႔ဘာတို႔လာတို႔ မက္ေဆ့ဝင္တို႔ကို ၾကည့္လိုက္လို႔ရွိရင္ သတိေလး တစ္စကၠန႔္ ေလာက္လြတ္သြားရင္ကို ေရွ႕ကယာဥ္ကိုတိုက္မိတာေပါ့ေနာ္။ တိုက္မိေတာ့ေရွ႕ကိုတိုက္တဲ့အရွိနဲ႔ ေနာက္တစ္စီးကိုထပ္တိုက္မိ တယ္ခင္ဗ်။ အဲဒါကို ယာဥ္ (၂)စီးကေတာ့ ပ်က္စီးတယ္ဗ်။ ေရွ႕ဆုံး (၂)စီးကေတာ့ ထိမိ႐ုံထိမိၿပီးေတာ့ ဘန္ကာေလးေတြ ေဆးပြန္းေပါ့။ ေဖာင္းလိုင္းေတြမွာ ကြဲတာေလးေတြဒီေလာက္ပဲျဖစ္တာပါဗ်။
အဆိုပါ ယာဥ္တိုက္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ဆင့္တိုက္မိသည့္ ကား(၅)စီးအနက္ (၃)စီးမွာ ပ်က္ဆီးမႈအခ်ိဳ႕ရွိခဲ့ေသာ္လည္း (၂)စီးတြင္ အနည္းငယ္သာ ထိခိုက္မႈရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ယာဥ္တိုက္မႈျဖစ္ပြားေစသည့္ သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ဗဟန္းၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
“ေျပာရရင္ ေ႐ႊဂုံတိုင္ဘက္ကေန ေခ်ာ္တြင္းကုန္းဘက္ကိုသြားတာမွာပါ။ တံတားေပၚက ဆင္းတဲ့ ျမန္မာပလာဇာေရွ႕တည့္တည့္ေပါ့ေနာ္။ အမႈဖြင့္ထားတယ္ေပါ့။ လူေတြထိမိတာမရွိပါဘူး။ သူ႔ကားအပါဆိုရင္ေတာ့ (၃)စီးကေတာ့ ပ်က္စီးတာေပါ့။က်န္တာကေတာ့ နည္းတာ ေပါ့။ ညကေတာ့ ျဖစ္တဲ့လူေတြအကုန္ေခၚသြားတယ္။ စကားေျပာတာေတာ့ပုံမွန္ပါပဲ။ လိုင္းေပၚမွာျဖစ္တာေတြနဲ႔ေတာ့မတူပါဘူး”ဟု ၎က ေျပာသည္။