မင်္ဂလာဒုံမြို့နယ်တွင် ဆီဘောက်ဆာတစ်စီးကို ရပ်ထားသော အခြားယာဉ်တစ်စီးကို ဝင်တိုက်ရာမှ မီးလောင်မှု ဖြစ်ပွား

 837

ပီယ (NP News) – ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် တွင် ဆီဘောက်ဆာတစ်စီးကို ရပ်ထားသော အခြားယာဉ်တစ်စီးကို ဝင်တိုက်ရာမှ ယမန်နေ့ (ဒီဇင်ဘာလ ၁ဝ ရက်) ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နှင့် ဒေသခံများထံက သိရသည်။
ဖြစ်စဉ်မှာ ယင်နေ့ ညပိုင်း ၁ဝ နာရီ ၁၇ မိနစ် အချိန်က မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ဘုရားလေး လမ်းကွေ့တွင် ဆီဘောက်ဆာယာဉ်(၁)စီးသည် ရပ်ထားသောယာဉ်(၁)စီးအား ဝင်တိုက်ရာမှ မီးအကြီးကျယ် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
“ဆီဘောက်ဆာ ဆိုတော့ မီးက အကြီးအကျယ်လောင်ကျွမ်းတာပါ။ ဆီဘောက်ဆာကားက လူ ၂ ယောက် မီးလောင်ပြီး သေတယ်လို့ ကြားတယ်။ ညက အနားတောင် ကပ်လို့မရဘူး။ မီးက အဲဒီလောက်ကြီးတာ” ဟု အခင်းဖြစ်ချိန်တွင် သွားရောက်ခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။
မီးလောင်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အင်းစိန်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ LUF-60 ယာဉ်(၁)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညပိုင်း ၁၀ နာရီ ၅၄ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

Zawgyi Version:
မဂၤလာဒုံၿမိဳ႕နယ္တြင္ ဆီေဘာက္ဆာတစ္စီးကို ရပ္ထားေသာ အျခားယာဥ္တစ္စီးကို ဝင္တိုက္ရာမွ မီးေလာင္မႈ ျဖစ္ပြား
ပီယ (NP News) – ဒီဇင္ဘာ ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္ တြင္ ဆီေဘာက္ဆာတစ္စီးကို ရပ္ထားေသာ အျခားယာဥ္တစ္စီးကို ဝင္တိုက္ရာမွ ယမန္ေန႔ (ဒီဇင္ဘာလ ၁ဝ ရက္) ညပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ ႏွင့္ ေဒသခံမ်ားထံက သိရသည္။
ျဖစ္စဥ္မွာ ယင္ေန႔ ညပိုင္း ၁ဝ နာရီ ၁၇ မိနစ္ အခ်ိန္က မဂၤလာဒုံၿမိဳ႕နယ္၊ ေျမာက္ပိုင္းရပ္ကြက္၊ ဘုရားေလး လမ္းေကြ႕တြင္ ဆီေဘာက္ဆာယာဥ္(၁)စီးသည္ ရပ္ထားေသာယာဥ္(၁)စီးအား ဝင္တိုက္ရာမွ မီးအႀကီးက်ယ္ ေလာင္ကြၽမ္းခဲ့ျခင္း ျဖစ္သည္။
“ဆီေဘာက္ဆာ ဆိုေတာ့ မီးက အႀကီးအက်ယ္ေလာင္ကြၽမ္းတာပါ။ ဆီေဘာက္ဆာကားက လူ ၂ ေယာက္ မီးေလာင္ၿပီး ေသတယ္လို႔ ၾကားတယ္။ ညက အနားေတာင္ ကပ္လို႔မရဘူး။ မီးက အဲဒီေလာက္ႀကီးတာ” ဟု အခင္းျဖစ္ခ်ိန္တြင္ သြားေရာက္ခဲ့သူ အမ်ိဳးသားတစ္ဦးက ဆိုသည္။
မီးေလာင္ေနေၾကာင္း သတင္းရရွိသျဖင့္ မဂၤလာဒုံၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၂)စီး၊ မီးသတ္ ေရသယ္ယာဥ္(၁)စီး၊ ေမွာ္ဘီၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ မီးသတ္ေရသယ္ယာဥ္(၁)စီး၊ အင္းစိန္ခ႐ိုင္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ မီးသတ္ေရသယ္ယာဥ္(၁)စီး၊ LUF-60 ယာဥ္(၁)စီး၊ ပုလဲအရန္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၂)စီး၊ မီးသတ္ေရသယ္ယာဥ္(၂)စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ ညပိုင္း ၁၀ နာရီ ၅၄ မိနစ္ အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.