ရော်ဘာပင်များကြား ကော်ဖီပင် သီးညှပ်စိုက်ပျိုးရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များပြား

 375

Pearl (NP News)- ဒီဇင်ဘာလ ၁၁

ရော်ဘာပင်များကြား ကော်ဖီပင်ကို သီး ညှပ်စိုက်ပျိုးရန်စိတ်ဝင်စားသည့်လုပ်ငန်းရှင်များပြား ကြောင်း ရော်ဘာလုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
လွန်ခဲ့သည့်နှစ်နှစ်ခန့်ကစတင်ကာ ရော် ဘာခြံကြီးများတွင် တိုင်းအစိုးရအစီအစဉ်ဖြင့် မြေနိမ့် ကော်ဖီအမျိုးအစား ရိုဘတ်စတာကော်ဖီနှင့် ငရုတ် ကောင်းပင်များကို စမ်းသပ်စိုက်ပျိုးခဲ့ကြောင်းသိရ သည်။ " အခုတော့ စမ်းသပ်တဲ့အဆင့်ပေါ့။ အဓိ ကတော့ ခြံကြီးတွေပါ။ ခြံကြီးတွေမှာ တိုင်းအစိုးရအ စီအစဉ်နဲ့ စိုက်ဆိုတော့စိုက်ကြတာပေါ့။ တကယ်တမ်း ပြောရင်တော့ ရော်ဘာပင်ကြားထဲမှာစိုက်တဲ့အတွက် ရော်ဘာပင်အတွက်လိုအပ်တဲ့ မြေဆီ မြေဩဇာတွေ ကို သူတို့က မျှဝေသုံးတာပေါ့။ ဒါပေမဲ့လည်း အထွက် နှုန်းနဲ့ ငွေကြေးပြန်လည်ရရှိမှုပေါ်မူတည်ကာ လိုအပ် တဲ့မြေဆီကိုဖြည့်ဆည်းပေးပြီးစိုက်ရင် ရော်ဘာကို သိပ်မထိခိုက်ပါဘူး။ အဓိကကတော့ မြေဩဇာထည့် ရမှာပေါ့။ စိုက်တာတော့မကြာသေးဘူး နှစ်နှစ်တော့ ကျော်ပြီ။ ကော်ဖီက နှစ်ရှည်ပင်ဆိုတော့ စီးပွားဖြစ် မဖြစ်က ပြောလို့မရဘူး။ သီးတဲ့အချိန်မရောက်သေး ဘူး။ စိုက်တော့စိုက်နေကြတယ်။ စောင့်ကြည့်ရဦးမှာ ပေါ့။ ငရုတ်ကောင်းပင်လည်း စမ်းစိုက်ထားတာတော့ ရှိတယ်"ဟု ရော်ဘာလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
ထိုကဲ့သို့ ရော်ဘာပင်ကြား သီးညှပ်စိုက်ပျိုး ရန် လုပ်ငန်းရှင်များစိတ်ဝင်စားကြသော်လည်း လက် ရှိ စမ်းသပ်စိုက်ပျိုးထားသည့်ကော်ဖီအပါအဝင် ငရုတ်ကောင်းပင်များ၏အထွက်နှုန်းအပါအဝင် ‌ရော် ဘာအစေးထွက်နှုန်းများကိုစောင့်ကြည့်နေပြီး တွက် ချေကိုက်ပါက စိုက်ပျိုးမည့်သူ များပြားကြောင်းလည်း သိရသည်။
" တိုးချဲ့ဖို့ကတော့ စမ်းသပ်စိုက်ပျိုးထားတဲ့ အပင်တွေပေါ်မှာမူတည်တာပေါ့။ တကယ် သူတို့က သီးထွက်နှုန်းတွေကောင်းပြီးစီးပွားဖြစ်ရင် စိုက်ကြမှာ ပေါ့။ သီးညှပ်စိုက်ပျိုးဖို့ လုပ်ငန်းရှင်တွေက စမ်းသပ် စိုက်ထားတာတွေပေါ်မူတည်ပြီး ရော်ဘာအစေးထွက် နှုန်းကိုလည်း ထိခိုက်မှုမရှိဘူး။ သူလည်း အသီးထွက် နှုန်းက စီးပွားဖြစ် တွက်ချေကိုက်မယ်ဆိုရင်တော့ သူ လည်း စိုက်သင့်တဲ့အပင်တစ်မျိုးပေါ့နော်။ စိုက်ချင် တဲ့လူတွေကများပါတယ်။ စိုက်ဖို့အတွက်က စိတ်ဝင် စားကြတာပေါ့နော်။ ရော်ဘာပင်က (၄)လလောက်ကို အစေးထုတ်လုပ်ဖို့မရှိဘူး။ ရပ်နားထားတဲ့အချိန်မှာ ကော်ဖီပင်က အတိုင်းအတာတစ်ခုအထိရရင် စိတ် ဝင်စားကြတာပေါ့"ဟု ၎င်းကပြောသည်။
မွန်ပြည်နယ်တွင် စိုက်ပျိုးထားရှိပြီးဖြစ် သည့် ရော်ဘာ၊ မင်းဂွတ်၊ ဒူးရင်း စသည့် နှစ်ရှည် ပင်များအတွင်း မြေနိမ့်ကော်ဖီကို သီးညှပ်စိုက်ပျိုးရန် အတွက်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားထားဖူးသည်။

Zawgyi Version:
ေရာ္ဘာပင္မ်ားၾကား ေကာ္ဖီပင္ သီးညႇပ္စိုက္ပ်ိဳးရန္ စိတ္ဝင္စားသည့္ လုပ္ငန္းရွင္မ်ားျပား
Pearl (NP News)- ဒီဇင္ဘာလ ၁၁

ေရာ္ဘာပင္မ်ားၾကား ေကာ္ဖီပင္ကို သီး ညႇပ္စိုက္ပ်ိဳးရန္စိတ္ဝင္စားသည့္လုပ္ငန္းရွင္မ်ားျပား ေၾကာင္း ေရာ္ဘာလုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
လြန္ခဲ့သည့္ႏွစ္ႏွစ္ခန႔္ကစတင္ကာ ေရာ္ ဘာၿခံႀကီးမ်ားတြင္ တိုင္းအစိုးရအစီအစဥ္ျဖင့္ ေျမနိမ့္ ေကာ္ဖီအမ်ိဳးအစား ႐ိုဘတ္စတာေကာ္ဖီႏွင့္ င႐ုတ္ ေကာင္းပင္မ်ားကို စမ္းသပ္စိုက္ပ်ိဳးခဲ့ေၾကာင္းသိရ သည္။ " အခုေတာ့ စမ္းသပ္တဲ့အဆင့္ေပါ့။ အဓိ ကေတာ့ ၿခံႀကီးေတြပါ။ ၿခံႀကီးေတြမွာ တိုင္းအစိုးရအ စီအစဥ္နဲ႔ စိုက္ဆိုေတာ့စိုက္ၾကတာေပါ့။ တကယ္တမ္း ေျပာရင္ေတာ့ ေရာ္ဘာပင္ၾကားထဲမွာစိုက္တဲ့အတြက္ ေရာ္ဘာပင္အတြက္လိုအပ္တဲ့ ေျမဆီ ေျမဩဇာေတြ ကို သူတို႔က မွ်ေဝသုံးတာေပါ့။ ဒါေပမဲ့လည္း အထြက္ ႏႈန္းနဲ႔ ေငြေၾကးျပန္လည္ရရွိမႈေပၚမူတည္ကာ လိုအပ္ တဲ့ေျမဆီကိုျဖည့္ဆည္းေပးၿပီးစိုက္ရင္ ေရာ္ဘာကို သိပ္မထိခိုက္ပါဘူး။ အဓိကကေတာ့ ေျမဩဇာထည့္ ရမွာေပါ့။ စိုက္တာေတာ့မၾကာေသးဘူး ႏွစ္ႏွစ္ေတာ့ ေက်ာ္ၿပီ။ ေကာ္ဖီက ႏွစ္ရွည္ပင္ဆိုေတာ့ စီးပြားျဖစ္ မျဖစ္က ေျပာလို႔မရဘူး။ သီးတဲ့အခ်ိန္မေရာက္ေသး ဘူး။ စိုက္ေတာ့စိုက္ေနၾကတယ္။ ေစာင့္ၾကည့္ရဦးမွာ ေပါ့။ င႐ုတ္ေကာင္းပင္လည္း စမ္းစိုက္ထားတာေတာ့ ရွိတယ္"ဟု ေရာ္ဘာလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
ထိုကဲ့သို႔ ေရာ္ဘာပင္ၾကား သီးညႇပ္စိုက္ပ်ိဳး ရန္ လုပ္ငန္းရွင္မ်ားစိတ္ဝင္စားၾကေသာ္လည္း လက္ ရွိ စမ္းသပ္စိုက္ပ်ိဳးထားသည့္ေကာ္ဖီအပါအဝင္ င႐ုတ္ေကာင္းပင္မ်ား၏အထြက္ႏႈန္းအပါအဝင္ ‌ေရာ္ ဘာအေစးထြက္ႏႈန္းမ်ားကိုေစာင့္ၾကည့္ေနၿပီး တြက္ ေခ်ကိုက္ပါက စိုက္ပ်ိဳးမည့္သူ မ်ားျပားေၾကာင္းလည္း သိရသည္။
" တိုးခ်ဲ႕ဖို႔ကေတာ့ စမ္းသပ္စိုက္ပ်ိဳးထားတဲ့ အပင္ေတြေပၚမွာမူတည္တာေပါ့။ တကယ္ သူတို႔က သီးထြက္ႏႈန္းေတြေကာင္းၿပီးစီးပြားျဖစ္ရင္ စိုက္ၾကမွာ ေပါ့။ သီးညႇပ္စိုက္ပ်ိဳးဖို႔ လုပ္ငန္းရွင္ေတြက စမ္းသပ္ စိုက္ထားတာေတြေပၚမူတည္ၿပီး ေရာ္ဘာအေစးထြက္ ႏႈန္းကိုလည္း ထိခိုက္မႈမရွိဘူး။ သူလည္း အသီးထြက္ ႏႈန္းက စီးပြားျဖစ္ တြက္ေခ်ကိုက္မယ္ဆိုရင္ေတာ့ သူ လည္း စိုက္သင့္တဲ့အပင္တစ္မ်ိဳးေပါ့ေနာ္။ စိုက္ခ်င္ တဲ့လူေတြကမ်ားပါတယ္။ စိုက္ဖို႔အတြက္က စိတ္ဝင္ စားၾကတာေပါ့ေနာ္။ ေရာ္ဘာပင္က (၄)လေလာက္ကို အေစးထုတ္လုပ္ဖို႔မရွိဘူး။ ရပ္နားထားတဲ့အခ်ိန္မွာ ေကာ္ဖီပင္က အတိုင္းအတာတစ္ခုအထိရရင္ စိတ္ ဝင္စားၾကတာေပါ့"ဟု ၎ကေျပာသည္။
မြန္ျပည္နယ္တြင္ စိုက္ပ်ိဳးထားရွိၿပီးျဖစ္ သည့္ ေရာ္ဘာ၊ မင္းဂြတ္၊ ဒူးရင္း စသည့္ ႏွစ္ရွည္ ပင္မ်ားအတြင္း ေျမနိမ့္ေကာ္ဖီကို သီးညႇပ္စိုက္ပ်ိဳးရန္ အတြက္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားထားဖူးသည္။

Related news

© 2021. All rights reserved.