လက်တင်အမေရိက၏ မြို့တော်အဖြစ်သတ်မှတ်ခံထားရသည့် မိုင်ယာမီမြို့အကြောင်း

 340

Pika (NP News) - ဒီဇင်ဘာ ၁၂

မိုင်ယာမီမြို့သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကမ်းခြေမြို့တစ်မြို့ဖြစ်ပြီး ရွှေရောင် ကမ်းခြေများ၊ သာယာသော အပူပိုင်းရာ သီဥတု၊ ညဘက်ပျော်စရာနေရာများ၊ လက်တင်အမေရိက ယဉ် ကျေးမှုများကြောင့် အမေရိကန်တွင် လာရောက်လည်ပတ်ရန် အကောင်းဆုံးမြို့များထဲမှတစ်မြို့အဖြစ် နာမည်ကျော်ကြားသည်။ မိုင်ယာမီ မြို့တွင်နေထိုင်သူလူဦးရေမှာ (၄၄၂၂၄၁)ဦးရှိပြီး ဖလော်ရီဒါပြည်နယ် တွင် ဒုတိယမြောက် လူဦးရေ အထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။ မိုင်ယာမီမြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၆ ဒသမ ၄၆) သန်းရှိပြီး အမေရိကန်နိုင်ငံတွင်းတွင် ခြောက်ခုမြောက်အကြီးဆုံး မြို့ပြ ဧရိယာတစ်ခုဖြစ်ကြောင်းသိရသည်။ ထို့ပြင် မိုင်ယာမီမြို့တွင် အထပ်မြင့်အဆောက်အအုံပေါင်း (၃၀ဝ) ကျော်ရှိပြီး ယင်းတို့အနက် အဆောက်အအုံ(၇၀)မှာ (၄၉၁)ပေကျော်ရှိကြောင်းသိရသည်။
မိုင်ယာမီမြို့သည် ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှု၊ အနုပညာနှင့် နိုင်ငံတကာ ကုန်သွယ်ရေးတို့တွင် အဓိကအချက်အချာ နေရာနှင့် ဦးဆောင်သူမြို့တစ်မြို့ဖြစ်ပြီး မိုင်ယာမီ မြို့ပြ ဧရိယာသည် ဖလော်ရီဒါပြည်နယ်တွင် အကြီးဆုံး မြို့ပြစီးပွားရေးဖြစ်ကာ (၂၀၁၇)ခုနှစ်တွင် ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၃၄၄ ဒသမ ၉) ဘီလျံရှိခဲ့ကြောင်းသိရသည်။ (၂၀၁၈)ခုနှစ်တွင်လုပ်ဆောင်ခဲ့သော UBS ၏ ကမ္ဘာ့မြို့ကြီး (၇၇) မြို့၏လေ့လာမှုတစ်ခုတွင် မိုင်ယာမီမြို့သည် အမေရိကန်တွင် တတိယ မြောက် အချမ်းသာဆုံးမြို့နှင့် ကမ္ဘာပေါ်တွင် ဝယ်ယူနိုင်စွမ်းအရ တတိယမြောက် အချမ်းသာဆုံး မြို့တစ် မြို့ဖြစ်ကြောင်းသိရသည်။
မိုင်ယာမီမြို့လယ်ကောင်သည် အမေရိကန်နိုင်ငံတွင် နိုင်ငံတကာဘဏ်များ အများဆုံးစုဝေးရာ နေရာများထဲမှတစ်ခုဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီကြီးများစွာ၏ အခြေစိုက်ရာနေရာတစ်ခု လည်းဖြစ်သည်။ မိုင်ယာမီမြို့၏ ကျန်းမာရေး ခရိုင်တွင် ခုတင်ပေါင်း(၁၅၄၇)လုံးပါသော Jackson Memorial ဆေးရုံ၊ မိုင်ယာမီတက္ကသိုလ်၏ ပညာရေး ဆိုင်ရာ ဆေးဘက်ဆိုင်ရာစင်တာနှင့် သင်ကြားရေး ဆေးရုံဖြစ်သော Miller School of Medicine ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုနှင့် သုတေသနတွင် ပါဝင်သည့် အခြားဆေးရုံများအပါအဝင် မိုင်ယာ မီတက္ကသိုလ်နှင့်ဆက်စပ်နေသော အဓိကဆေးရုံနှင့် ကျန်းမာရေးဌာနများစွာရှိကြောင်းသိရသည်။
မိုင်ယာမီမြို့၏ဆိပ်ကမ်းဖြစ်သော မိုင်ယာမီ ဆိပ်ကမ်းသည် ခရီးသည်အသွားအလာနှင့် အပျော် စီးသင်္ဘောလိုင်းနှစ်ခုစလုံးတွင် ကမ္ဘာပေါ်၌ အလုပ်အများဆုံး အပျော်စီးသင်္ဘောဆိပ်ကမ်းတစ်ခုဖြစ် ကြောင်း သိရသည်။ မိုင်ယာမီမြို့ပြဧရိယာသည် နယူးယောက်မြို့ပြီးလျှင် အမေရိကန်နိုင်ငံတွင် ဒုတိယ မြောက်လာရောက်လည်ပတ်မှုအများဆုံး မြို့ပြဧရိယာဖြစ်ပြီး (၂၀၂၂)ခုနှစ်တွင် လာရောက်လည်ပတ်သူ (၄)သန်းကျော်ရှိခဲ့ကြောင်းသိရသည်။ လက်တင် အမေရိကနှင့်ဆက်စပ်သော ခိုင်မာသောစီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများကြောင့် မိုင်ယာမီမြို့ကို လက်တင်အမေရိကသို့ဝင်ပေါက် သို့မဟုတ် လက်တင်အမေရိက၏မြို့တော်ဟုခေါ်ဆိုကြကြောင်း သိရသည်။
မိုင်ယာမီမြို့သည် ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဓိကအချက်အချာနေရာ တစ်ခုဖြစ်ပြီး ခိုင်မာသော နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းတစ်ခုရှိကြောင်းသိရသည်။Globalization and World Cities Research Net­work(GaWC) ၏ (၂၀၂၂)ခုနှစ် ကမ္ဘာ့မြို့ကြီးများ၏အဆင့်သတ်မှတ် ချက်အရ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရိတ်ဝန်ဆောင်မှုအဖွဲ့အစည်းများ၏ရှိနေမှုအဆင့် အပေါ်အခြေခံကာ မိုင်ယာမီမြို့ကို အတ္တလန္တာ၊ ဒဲလက်စ်၊ ဟူစတန်မြို့တို့နှင့်အတူ Beta + အဆင့်ရှိ မြို့တစ်မြို့အဖြစ် သတ် မှတ်ခဲ့ကြောင်းသိရသည်။ Ak­erman LLP ၊ Alienware ၊ Arquitectonica ၊ Brightstar Corporation ၊ Celebrity Cruises ၊ Carnival Corporation ၊ Duany Plater-Zyberk ၊ Greenberg Traurig ၊ Inktel Direct ၊ Lennar Corporation ၊ Norwegian Cruise Line ၊ Oceania Cruises ၊ OPKO Health ၊ Parkjockey ၊ RCTV International ၊ Royal Caribbean International ၊ Sitel ၊ Southern Wine & Spirits ၊ Telemundo ၊ Vector Group ၊ Watsco နှင့် World Fuel Services ကုမ္ပဏီတို့အပါအဝင် ကုမ္ပဏီကြီးများစွာသည် မိုင်ယာမီမြို့တွင် ရုံးချုပ်ရှိကြကြောင်းသိရသည်။ (၂၀၂၂)ခုနှစ်တွင် hedge fund Citadel LLC ကုမ္ပဏီနှင့် ဈေးကွက်ဖန်တီးသူ Citadel Securities ကုမ္ပဏီတို့သည် ၎င်းတို့၏ရုံးချုပ်ကို ချီ ကာဂိုမြို့မှ မိုင်ယာမီသို့ပြောင်းရွှေ့ခဲ့ကြကြောင်းသိရသည်။ ထို့ပြင် နိုင်ငံတကာကုမ္ပဏီပေါင်း (၁၄၀ဝ) ကျော်သည် မိုင်ယာမီမြို့တွင်တည်ရှိပြီး Walmar ကော်ပိုရေးရှင်းအပါအဝင် အဓိက ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများစွာသည် ၎င်းတို့၏လက်တင်အမေရိကလုပ်ငန်းလည်ပတ်မှုများ သို့မဟုတ် ဒေသဆိုင်ရာ ရုံးများကို မိုင်ယာမီမြို့တွင်ထားရှိထားကြောင်းသိရသည်။
မိုင်ယာမီမြို့သည် အဓိကရုပ်မြင်သံကြားထုတ်လုပ်ရေးအချက်အချာနေရာတစ်ခုဖြစ်ပြီး အမေရိ ကန်နိုင်ငံတွင် စပိန်ဘာသာမီဒီယာအတွက် အရေးအကြီးဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ Telemundo နှင့် UniMás ကုမ္ပဏီတို့သည် မိုင်ယာမီမြို့တွင် ၎င်းတို့၏ရုံးချုပ်များရှိပြီး Univisión Studios နှင့် Tele- mundo Global Studios တို့သည် သတင်းများ၊ အားကစားနှင့် စကားပြောရှိုးများကဲ့သို့သော မူရင်းအစီ အစဉ်များစွာကို ၎င်းတို့၏မိခင်ကွန်ရက်များအတွက် ထုတ်လုပ်ပေးကြောင်းသိရသည်။
(၂၀ဝဝ)ပြည့်နှစ်များအတွင်း မိုင်ယာမီမြို့သည် အကြီးမားဆုံး အိမ်ခြံမြေတိုးတက်မှုများကို ကြုံ တွေ့ခဲ့ရပြီး မြို့တွင်အတည်ပြုထားသော အထပ်မြင့်ဆောက်လုပ်ရေးစီမံကိန်း(၁၀ဝ)ကျော်ရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း လက်တွေ့တွင် အထပ်မြင့်ဆောက်လုပ်ရေးစီမံကိန်း (၅၀)ကျော်ကိုသာ တည် ဆောက်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်၌ မိုင်ယာမီတွင် ဖလော်ရီဒါပြည်နယ်ရှိ အမြင့်ဆုံး မိုးမျှော် တိုက်(၇)ခုအပြင် ထိပ်တန်းမိုး မျှော်တိုက်(၂၀)ခုတွင် (၁၅)ခုရှိပြီး အမြင့်ဆုံး မိုးမျှော်တိုက်မှာ (၈၆၈) ပေရှိ သော Panorama Tower မိုးမျှော်တိုက်ဖြစ်ကြောင်းသိရသည်။
မိုင်ယာမီမြို့သည် အမျိုးသားဟာရီကိန်း စင်တာနှင့် အလယ်ပိုင်းနှင့်တောင်အမေရိကရှိ စစ်ဆင် ရေးများအတွက်တာဝန်ရှိသော အမေရိကန်တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်၏ရုံးချုပ်များ အခြေစိုက်ရာ နေရာတစ်ခုလည်းဖြစ်သည်။ ထို့ပြင် မိုင်ယာမီမြို့သည် အထူးသဖြင့် ကျောက်တူးဖော်ခြင်း နှင့် ဂိုဒေါင် များအတွက် စက်မှုလုပ်ငန်းအချက်အချာ နေရာတစ်ခုလည်းဖြစ်သည်။ အဆိုပါ စက်မှုလုပ်ငန်းများသည် မိုင်ယာမီမြို့၏ အနောက်ဘက်အစွန်အဖျားတွင် အဓိကအားဖြင့် အခြေစိုက်ကြကြောင်း သိရသည်။

Zawgyi Version:
လက္တင္အေမရိက၏ ၿမိဳ႕ေတာ္အျဖစ္သတ္မွတ္ခံထားရသည့္ မိုင္ယာမီၿမိဳ႕အေၾကာင္း
Pika (NP News) - ဒီဇင္ဘာ ၁၂
မိုင္ယာမီၿမိဳ႕သည္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ရွိ ကမ္းေျခၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ေ႐ႊေရာင္ ကမ္းေျခမ်ား၊ သာယာေသာ အပူပိုင္းရာ သီဥတု၊ ညဘက္ေပ်ာ္စရာေနရာမ်ား၊ လက္တင္အေမရိက ယဥ္ ေက်းမႈမ်ားေၾကာင့္ အေမရိကန္တြင္ လာေရာက္လည္ပတ္ရန္ အေကာင္းဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕အျဖစ္ နာမည္ေက်ာ္ၾကားသည္။ မိုင္ယာမီ ၿမိဳ႕တြင္ေနထိုင္သူလူဦးေရမွာ (၄၄၂၂၄၁)ဦးရွိၿပီး ဖေလာ္ရီဒါျပည္နယ္ တြင္ ဒုတိယေျမာက္ လူဦးေရ အထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းသိရသည္။ မိုင္ယာမီၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူလူဦးေရမွာ (၆ ဒသမ ၄၆) သန္းရွိၿပီး အေမရိကန္ႏိုင္ငံတြင္းတြင္ ေျခာက္ခုေျမာက္အႀကီးဆုံး ၿမိဳ႕ျပ ဧရိယာတစ္ခုျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ မိုင္ယာမီၿမိဳ႕တြင္ အထပ္ျမင့္အေဆာက္အအုံေပါင္း (၃၀ဝ) ေက်ာ္ရွိၿပီး ယင္းတို႔အနက္ အေဆာက္အအုံ(၇၀)မွာ (၄၉၁)ေပေက်ာ္ရွိေၾကာင္းသိရသည္။
မိုင္ယာမီၿမိဳ႕သည္ ဘ႑ာေရး၊ ကူးသန္းေရာင္းဝယ္ေရး၊ ယဥ္ေက်းမႈ၊ အႏုပညာႏွင့္ ႏိုင္ငံတကာ ကုန္သြယ္ေရးတို႔တြင္ အဓိကအခ်က္အခ်ာ ေနရာႏွင့္ ဦးေဆာင္သူၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး မိုင္ယာမီ ၿမိဳ႕ျပ ဧရိယာသည္ ဖေလာ္ရီဒါျပည္နယ္တြင္ အႀကီးဆုံး ၿမိဳ႕ျပစီးပြားေရးျဖစ္ကာ (၂၀၁၇)ခုႏွစ္တြင္ ဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ (၃၄၄ ဒသမ ၉) ဘီလ်ံရွိခဲ့ေၾကာင္းသိရသည္။ (၂၀၁၈)ခုႏွစ္တြင္လုပ္ေဆာင္ခဲ့ေသာ UBS ၏ ကမာၻ႔ၿမိဳ႕ႀကီး (၇၇) ၿမိဳ႕၏ေလ့လာမႈတစ္ခုတြင္ မိုင္ယာမီၿမိဳ႕သည္ အေမရိကန္တြင္ တတိယ ေျမာက္ အခ်မ္းသာဆုံးၿမိဳ႕ႏွင့္ ကမာၻေပၚတြင္ ဝယ္ယူႏိုင္စြမ္းအရ တတိယေျမာက္ အခ်မ္းသာဆုံး ၿမိဳ႕တစ္ ၿမိဳ႕ျဖစ္ေၾကာင္းသိရသည္။
မိုင္ယာမီၿမိဳ႕လယ္ေကာင္သည္ အေမရိကန္ႏိုင္ငံတြင္ ႏိုင္ငံတကာဘဏ္မ်ား အမ်ားဆုံးစုေဝးရာ ေနရာမ်ားထဲမွတစ္ခုျဖစ္ၿပီး ျပည္တြင္းႏွင့္ ႏိုင္ငံတကာကုမၸဏီႀကီးမ်ားစြာ၏ အေျခစိုက္ရာေနရာတစ္ခု လည္းျဖစ္သည္။ မိုင္ယာမီၿမိဳ႕၏ က်န္းမာေရး ခ႐ိုင္တြင္ ခုတင္ေပါင္း(၁၅၄၇)လုံးပါေသာ Jackson Memorial ေဆး႐ုံ၊ မိုင္ယာမီတကၠသိုလ္၏ ပညာေရး ဆိုင္ရာ ေဆးဘက္ဆိုင္ရာစင္တာႏွင့္ သင္ၾကားေရး ေဆး႐ုံျဖစ္ေသာ Miller School of Medicine ၊ က်န္းမာေရးဆိုင္ရာေစာင့္ေရွာက္မႈႏွင့္ သုေတသနတြင္ ပါဝင္သည့္ အျခားေဆး႐ုံမ်ားအပါအဝင္ မိုင္ယာ မီတကၠသိုလ္ႏွင့္ဆက္စပ္ေနေသာ အဓိကေဆး႐ုံႏွင့္ က်န္းမာေရးဌာနမ်ားစြာရွိေၾကာင္းသိရသည္။
မိုင္ယာမီၿမိဳ႕၏ဆိပ္ကမ္းျဖစ္ေသာ မိုင္ယာမီ ဆိပ္ကမ္းသည္ ခရီးသည္အသြားအလာႏွင့္ အေပ်ာ္ စီးသေဘၤာလိုင္းႏွစ္ခုစလုံးတြင္ ကမာၻေပၚ၌ အလုပ္အမ်ားဆုံး အေပ်ာ္စီးသေဘၤာဆိပ္ကမ္းတစ္ခုျဖစ္ ေၾကာင္း သိရသည္။ မိုင္ယာမီၿမိဳ႕ျပဧရိယာသည္ နယူးေယာက္ၿမိဳ႕ၿပီးလွ်င္ အေမရိကန္ႏိုင္ငံတြင္ ဒုတိယ ေျမာက္လာေရာက္လည္ပတ္မႈအမ်ားဆုံး ၿမိဳ႕ျပဧရိယာျဖစ္ၿပီး (၂၀၂၂)ခုႏွစ္တြင္ လာေရာက္လည္ပတ္သူ (၄)သန္းေက်ာ္ရွိခဲ့ေၾကာင္းသိရသည္။ လက္တင္ အေမရိကႏွင့္ဆက္စပ္ေသာ ခိုင္မာေသာစီးပြားေရးႏွင့္ ယဥ္ေက်းမႈဆိုင္ရာ ဆက္ႏႊယ္မႈမ်ားေၾကာင့္ မိုင္ယာမီၿမိဳ႕ကို လက္တင္အေမရိကသို႔ဝင္ေပါက္ သို႔မဟုတ္ လက္တင္အေမရိက၏ၿမိဳ႕ေတာ္ဟုေခၚဆိုၾကေၾကာင္း သိရသည္။
မိုင္ယာမီၿမိဳ႕သည္ ကူးသန္းေရာင္းဝယ္ေရးႏွင့္ ဘ႑ာေရးဆိုင္ရာ အဓိကအခ်က္အခ်ာေနရာ တစ္ခုျဖစ္ၿပီး ခိုင္မာေသာ ႏိုင္ငံတကာ စီးပြားေရးအသိုင္းအဝိုင္းတစ္ခုရွိေၾကာင္းသိရသည္။Globalization and World Cities Research Net­work(GaWC) ၏ (၂၀၂၂)ခုႏွစ္ ကမာၻ႔ၿမိဳ႕ႀကီးမ်ား၏အဆင့္သတ္မွတ္ ခ်က္အရ ကမာၻလုံးဆိုင္ရာ ေကာ္ပိုရိတ္ဝန္ေဆာင္မႈအဖြဲ႕အစည္းမ်ား၏ရွိေနမႈအဆင့္ အေပၚအေျခခံကာ မိုင္ယာမီၿမိဳ႕ကို အတၱလႏၲာ၊ ဒဲလက္စ္၊ ဟူစတန္ၿမိဳ႕တို႔ႏွင့္အတူ Beta + အဆင့္ရွိ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ သတ္ မွတ္ခဲ့ေၾကာင္းသိရသည္။ Ak­erman LLP ၊ Alienware ၊ Arquitectonica ၊ Brightstar Corporation ၊ Celebrity Cruises ၊ Carnival Corporation ၊ Duany Plater-Zyberk ၊ Greenberg Traurig ၊ Inktel Direct ၊ Lennar Corporation ၊ Norwegian Cruise Line ၊ Oceania Cruises ၊ OPKO Health ၊ Parkjockey ၊ RCTV International ၊ Royal Caribbean International ၊ Sitel ၊ Southern Wine & Spirits ၊ Telemundo ၊ Vector Group ၊ Watsco ႏွင့္ World Fuel Services ကုမၸဏီတို႔အပါအဝင္ ကုမၸဏီႀကီးမ်ားစြာသည္ မိုင္ယာမီၿမိဳ႕တြင္ ႐ုံးခ်ဳပ္ရွိၾကေၾကာင္းသိရသည္။ (၂၀၂၂)ခုႏွစ္တြင္ hedge fund Citadel LLC ကုမၸဏီႏွင့္ ေဈးကြက္ဖန္တီးသူ Citadel Securities ကုမၸဏီတို႔သည္ ၎တို႔၏႐ုံးခ်ဳပ္ကို ခ်ီ ကာဂိုၿမိဳ႕မွ မိုင္ယာမီသို႔ေျပာင္းေ႐ႊ႕ခဲ့ၾကေၾကာင္းသိရသည္။ ထို႔ျပင္ ႏိုင္ငံတကာကုမၸဏီေပါင္း (၁၄၀ဝ) ေက်ာ္သည္ မိုင္ယာမီၿမိဳ႕တြင္တည္ရွိၿပီး Walmar ေကာ္ပိုေရးရွင္းအပါအဝင္ အဓိက ကမာၻလုံးဆိုင္ရာ အဖြဲ႕အစည္းမ်ားစြာသည္ ၎တို႔၏လက္တင္အေမရိကလုပ္ငန္းလည္ပတ္မႈမ်ား သို႔မဟုတ္ ေဒသဆိုင္ရာ ႐ုံးမ်ားကို မိုင္ယာမီၿမိဳ႕တြင္ထားရွိထားေၾကာင္းသိရသည္။
မိုင္ယာမီၿမိဳ႕သည္ အဓိက႐ုပ္ျမင္သံၾကားထုတ္လုပ္ေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္ၿပီး အေမရိ ကန္ႏိုင္ငံတြင္ စပိန္ဘာသာမီဒီယာအတြက္ အေရးအႀကီးဆုံး ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ Telemundo ႏွင့္ UniMás ကုမၸဏီတို႔သည္ မိုင္ယာမီၿမိဳ႕တြင္ ၎တို႔၏႐ုံးခ်ဳပ္မ်ားရွိၿပီး Univisión Studios ႏွင့္ Tele- mundo Global Studios တို႔သည္ သတင္းမ်ား၊ အားကစားႏွင့္ စကားေျပာရႈိးမ်ားကဲ့သို႔ေသာ မူရင္းအစီ အစဥ္မ်ားစြာကို ၎တို႔၏မိခင္ကြန္ရက္မ်ားအတြက္ ထုတ္လုပ္ေပးေၾကာင္းသိရသည္။
(၂၀ဝဝ)ျပည့္ႏွစ္မ်ားအတြင္း မိုင္ယာမီၿမိဳ႕သည္ အႀကီးမားဆုံး အိမ္ၿခံေျမတိုးတက္မႈမ်ားကို ႀကဳံ ေတြ႕ခဲ့ရၿပီး ၿမိဳ႕တြင္အတည္ျပဳထားေသာ အထပ္ျမင့္ေဆာက္လုပ္ေရးစီမံကိန္း(၁၀ဝ)ေက်ာ္ရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း လက္ေတြ႕တြင္ အထပ္ျမင့္ေဆာက္လုပ္ေရးစီမံကိန္း (၅၀)ေက်ာ္ကိုသာ တည္ ေဆာက္ခဲ့ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္၌ မိုင္ယာမီတြင္ ဖေလာ္ရီဒါျပည္နယ္ရွိ အျမင့္ဆုံး မိုးေမွ်ာ္ တိုက္(၇)ခုအျပင္ ထိပ္တန္းမိုး ေမွ်ာ္တိုက္(၂၀)ခုတြင္ (၁၅)ခုရွိၿပီး အျမင့္ဆုံး မိုးေမွ်ာ္တိုက္မွာ (၈၆၈) ေပရွိ ေသာ Panorama Tower မိုးေမွ်ာ္တိုက္ျဖစ္ေၾကာင္းသိရသည္။
မိုင္ယာမီၿမိဳ႕သည္ အမ်ိဳးသားဟာရီကိန္း စင္တာႏွင့္ အလယ္ပိုင္းႏွင့္ေတာင္အေမရိကရွိ စစ္ဆင္ ေရးမ်ားအတြက္တာဝန္ရွိေသာ အေမရိကန္ေတာင္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္၏႐ုံးခ်ဳပ္မ်ား အေျခစိုက္ရာ ေနရာတစ္ခုလည္းျဖစ္သည္။ ထို႔ျပင္ မိုင္ယာမီၿမိဳ႕သည္ အထူးသျဖင့္ ေက်ာက္တူးေဖာ္ျခင္း ႏွင့္ ဂိုေဒါင္ မ်ားအတြက္ စက္မႈလုပ္ငန္းအခ်က္အခ်ာ ေနရာတစ္ခုလည္းျဖစ္သည္။ အဆိုပါ စက္မႈလုပ္ငန္းမ်ားသည္ မိုင္ယာမီၿမိဳ႕၏ အေနာက္ဘက္အစြန္အဖ်ားတြင္ အဓိကအားျဖင့္ အေျခစိုက္ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.