တာချီလိတ်မှ တစ်ဆင့် ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုကာ အလိမ်ခံထားရသည့် မြန်မာလုပ်သား (၇ဝဝ)ကျော် ထိုင်းတွင် သောင်တင်နေ

2454

Pearl (NP News) - ဒီဇင်ဘာ ၁၁
တာချီလိတ်မှ တစ်ဆင့် ဂျပန်သို့ ပို့ဆောင်ပေးမည်ဟု အလိမ်ခံထားရသည့် မြန်မာလုပ်သား (၇၀၀)ကျော် မှာ ထိုင်းတွင်သောင်တင်နေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက NP News သို့ပြောသည်။
ဂျပန်သို့ လုပ်သားစေလွှတ်မှုကို အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ထားသည့်အတွက် လိုင်စင်အသိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့က ဘာသာစကားသင်တန်းကျောင်းများနှင့် ပေါင်း၍ တာချီလိတ်မှတဆင့် ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုကာ အတုအယောင်အင်တာဗျူးများပြုလုပ်ပြီး ထိုင်းနိုင်ငံသို့ ပို့ဆောင်ခြင်းများရှိနေကြောင်း သိရသည်။
ထိုသို့ ဂျပန်တွင် သွားရောက်အလုပ်လုပ်ကိုင်ရခြင်းမရှိဘဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သောင်တင်နေသည့် လုပ်သား (၇၀၀) ထက်မနည်းရှိကာ အချို့မှာလည်း ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာပြီး မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းထံ တိုင်ကြားမှုများရှိကြောင်းလည်း သိရသည်။
"လိုင်စင်ရ အေဂျင်စီက အမှုတွေ အများကြီးပဲ ရှေ့မှာလည်းရှိလို့ အရေးယူပြီး ပိတ်လိုက်ပြီ။ ဒါပေမဲ့ သူက အဲဒီနာမည်နဲ့ပဲ ဂျပန်စာသင်ကျောင်းတွေနဲ့ချိတ်ပြီး ဂျပန်ကို တာချီလိတ်လမ်းကြောင်းကနေ ပို့မယ်ဆိုပြီး အင်တာဗျူးအတုတွေ လုပ်ပြီး ကလေးတွေကို ငွေတွေ လိမ်ထားတယ်။ လူ (၇၀၀)လောက်က ဘန်ကောက်ကို ရောက်နေကြတယ်။ အဲဒီမှာ အိမ်ငှားပြီးတော့ ပစ်ထားတာ။ တချို့ဆို (၁၀)လ လောက်ဖြစ်နေပြီ။ အဲဒီကလေးတွေက ဒေါ်လာ (၂၈၀၀) သွင်းလိုက်တယ်။ ပြီးတော့ လမ်းကြောင်းကြေးက (၈၂၁၀၀၀၀) သွင်းရတယ်။ ထိုင်းမှာ (၂) ထပ်တိုက်ကြီး ငှားပြီး လူ (၁၀၀)လောက်ထည့်ထားတာပေါ့နော်။ ဂျပန်လည်းမသွားရဘူး။ထိုင်းမှာ ဘတ်တွေ ပြန်ဖွင့်တော့မယ်။ ဘတ်ရိုက်ပြီးတော့မှ ဆက်နေဆိုပြီးပြောတယ်တဲ့ ။ ထိုင်းမှာပဲ အလုပ်လုပ်ရမဲ့ကိန်းဆိုက်နေတာပေါ့လေ" ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက NP News သို့ပြောသည်။
အလားတူ ပြည်တွင်း၌လည်း တာချီလိတ်မှတဆင့် ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကြေးများတောင်းခံ၍ နိုင်ငံကူးလက်မှတ်များ သိမ်းထားခံရသူများလည်း လူ (၅၀၀) ထက်မနည်းရှိကြောင်းလည်း သိရသည်။
"ဘက်မှာလည်း လူ (၅၀၀)လောက်ရှိတယ်။ ကျောင်းတွေ အများကြီးပေါ့။ Training Visa နဲ့ဆိုပြီးတော့ (၂၈၀၀) ကို (၂၀၀၀) ကောက်ထားတယ်။ နောက် ကမ့်ဝင်ရမယ့်သင်တန်းကြေးက ဂျပန်စာသင်တန်းရယ်၊ ကွန်ပျူတာသင်တန်းရယ်၊ Gym ကစားတာရယ် အဲဒါကို (၁၆)သိန်းတောင်းတယ်။ သူတို့ ပက်စပို့တွေ ယူထားတယ်။ ယူထားပြီးတော့ တိုင်မယ်ဘာညာဆိုလည်း ခြိမ်းခြောက်ထားတယ်။ အဖွဲ့လိုက် လှုပ်ရှားတာပေါ့။ လောလောဆယ်အလိမ်ခံရထားတာ လူထောင်ဂဏာန်းရှိတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

zawgyi version
တာခ်ီလိတ္မွ တစ္ဆင့္ ဂ်ပန္သို႔ ပို႔ေဆာင္ေပးမည္ဟုဆိုကာ အလိမ္ခံထားရသည့္ ျမန္မာလုပ္သား (၇ဝဝ)ေက်ာ္ ထိုင္းတြင္ ေသာင္တင္ေန
Pearl (NP News) - ဒီဇင္ဘာ ၁၁
တာခ်ီလိတ္မွ တစ္ဆင့္ ဂ်ပန္သို႔ ပို႔ေဆာင္ေပးမည္ဟု အလိမ္ခံထားရသည့္ ျမန္မာလုပ္သား (၇၀၀)ေက်ာ္ မွာ ထိုင္းတြင္ေသာင္တင္ေနေၾကာင္း ျပည္ပအလုပ္အကိုင္ရွာေဖြေရး လုပ္ငန္းလုပ္ကိုင္သူတစ္ဦးက NP News သို႔ေျပာသည္။
ဂ်ပန္သို႔ လုပ္သားေစလႊတ္မႈကို အလုပ္သမားဝန္ႀကီးဌာနက ကန႔္သတ္ထားသည့္အတြက္ လိုင္စင္အသိမ္းခံထားရသည့္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီအခ်ိဳ႕က ဘာသာစကားသင္တန္းေက်ာင္းမ်ားႏွင့္ ေပါင္း၍ တာခ်ီလိတ္မွတဆင့္ ဂ်ပန္သို႔ ပို႔ေဆာင္ေပးမည္ဟုဆိုကာ အတုအေယာင္အင္တာဗ်ဴးမ်ားျပဳလုပ္ၿပီး ထိုင္းႏိုင္ငံသို႔ ပို႔ေဆာင္ျခင္းမ်ားရွိေနေၾကာင္း သိရသည္။
ထိုသို႔ ဂ်ပန္တြင္ သြားေရာက္အလုပ္လုပ္ကိုင္ရျခင္းမရွိဘဲ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕၌ ေသာင္တင္ေနသည့္ လုပ္သား (၇၀၀) ထက္မနည္းရွိကာ အခ်ိဳ႕မွာလည္း ျပည္တြင္းသို႔ ျပန္လည္ေရာက္ရွိလာၿပီး ျမန္မာႏိုင္ငံျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအသင္းထံ တိုင္ၾကားမႈမ်ားရွိေၾကာင္းလည္း သိရသည္။
"လိုင္စင္ရ ေအဂ်င္စီက အမႈေတြ အမ်ားႀကီးပဲ ေရွ႕မွာလည္းရွိလို႔ အေရးယူၿပီး ပိတ္လိုက္ၿပီ။ ဒါေပမဲ့ သူက အဲဒီနာမည္နဲ႔ပဲ ဂ်ပန္စာသင္ေက်ာင္းေတြနဲ႔ခ်ိတ္ၿပီး ဂ်ပန္ကို တာခ်ီလိတ္လမ္းေၾကာင္းကေန ပို႔မယ္ဆိုၿပီး အင္တာဗ်ဴးအတုေတြ လုပ္ၿပီး ကေလးေတြကို ေငြေတြ လိမ္ထားတယ္။ လူ (၇၀၀)ေလာက္က ဘန္ေကာက္ကို ေရာက္ေနၾကတယ္။ အဲဒီမွာ အိမ္ငွားၿပီးေတာ့ ပစ္ထားတာ။ တခ်ိဳ႕ဆို (၁၀)လ ေလာက္ျဖစ္ေနၿပီ။ အဲဒီကေလးေတြက ေဒၚလာ (၂၈၀၀) သြင္းလိုက္တယ္။ ၿပီးေတာ့ လမ္းေၾကာင္းေၾကးက (၈၂၁၀၀၀၀) သြင္းရတယ္။ ထိုင္းမွာ (၂) ထပ္တိုက္ႀကီး ငွားၿပီး လူ (၁၀၀)ေလာက္ထည့္ထားတာေပါ့ေနာ္။ ဂ်ပန္လည္းမသြားရဘူး။ထိုင္းမွာ ဘတ္ေတြ ျပန္ဖြင့္ေတာ့မယ္။ ဘတ္႐ိုက္ၿပီးေတာ့မွ ဆက္ေနဆိုၿပီးေျပာတယ္တဲ့ ။ ထိုင္းမွာပဲ အလုပ္လုပ္ရမဲ့ကိန္းဆိုက္ေနတာေပါ့ေလ" ဟု ျပည္ပအလုပ္အကိုင္ရွာေဖြေရး လုပ္ငန္းလုပ္ကိုင္သူတစ္ဦးက NP News သို႔ေျပာသည္။
အလားတူ ျပည္တြင္း၌လည္း တာခ်ီလိတ္မွတဆင့္ ဂ်ပန္သို႔ ပို႔ေဆာင္ေပးမည္ဟုဆိုကာ ေငြေၾကးမ်ားေတာင္းခံ၍ ႏိုင္ငံကူးလက္မွတ္မ်ား သိမ္းထားခံရသူမ်ားလည္း လူ (၅၀၀) ထက္မနည္းရွိေၾကာင္းလည္း သိရသည္။
"ဘက္မွာလည္း လူ (၅၀၀)ေလာက္ရွိတယ္။ ေက်ာင္းေတြ အမ်ားႀကီးေပါ့။ Training Visa နဲ႔ဆိုၿပီးေတာ့ (၂၈၀၀) ကို (၂၀၀၀) ေကာက္ထားတယ္။ ေနာက္ ကမ့္ဝင္ရမယ့္သင္တန္းေၾကးက ဂ်ပန္စာသင္တန္းရယ္၊ ကြန္ပ်ဴတာသင္တန္းရယ္၊ Gym ကစားတာရယ္ အဲဒါကို (၁၆)သိန္းေတာင္းတယ္။ သူတို႔ ပက္စပို႔ေတြ ယူထားတယ္။ ယူထားၿပီးေတာ့ တိုင္မယ္ဘာညာဆိုလည္း ၿခိမ္းေျခာက္ထားတယ္။ အဖြဲ႕လိုက္ လႈပ္ရွားတာေပါ့။ ေလာေလာဆယ္အလိမ္ခံရထားတာ လူေထာင္ဂဏာန္းရွိတယ္" ဟု ၎က ဆက္လက္ေျပာသည္။