နှစ် (၅ဝ) ပြည့်ရွှေရတုအလွန် ရခိုင်ပြည်နယ် သမင်လည်ပြန်

168

ကျွန်းသားငမန်း (NP News) - ဒီဇင်ဘာ ၁၂
ဒီဇင်ဘာလ (၁၅)ရက်သည် ရခိုင်ပြည်နယ်နေ့ ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ လက်ထက် တိုင်းရင်းသားပြည်သူများ၏ဆန္ဒသဘောထားကိုရယူအတ
ည်ပြုခဲ့သော (၁၉၇၄)ခုနှစ်ဖွဲ့စည်း ပုံ အခြေခံဥပဒေနှင့်အညီ ရခိုင်ပြည်နယ်ဟု ဖြစ်တည် လာခဲ့သည်မှာ ယခု (၂၀၂၅)ခုနှစ်တွင် (၅၁)နှစ်ရှိခဲ့ ပြီ ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများတွင် အမှတ်တရနေ့များ ရှိကြသည်။ ထိုနေ့များတွင် မိမိတို့ပြည်နယ် အတွက် ဂုဏ်ယူကြသည်မှာ ပြည်နယ်နေ့များပင်ဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် ပြည်နယ်ဟု ဖြစ်ပေါ်လာပြီးနောက် တိုင်းရင်းသားပြည်သူတိုင်းဂုဏ်ယူရသည့် အမျိုးသားရေးလက္ခဏာများကို ဖော် ထုတ်ခွင့်ရခဲ့ကြသည်။ မိမိတို့လူမျိုးကိုကိုယ်စားပြုသော တိုင်းရင်းသား အလံ၊ တိုင်းရင်းသားဝတ်စုံ၊ တိုင်း ရင်းသားတို့၏ယဉ်ကျေးမှုအနုပညာနှင့် ရိုးရာဓလေ့ထုံးစံများကိုဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဘာ သာစကားနှင့်စာပေများကို ဖော်ထုတ်ထိန်းသိမ်းခြင်းများပြုလုပ်နိုင်ခဲ့ကြသည်။ ထို့အတူပင် ဖွဲ့စည်းပုံ အခြေခံဥပဒေများက ခွင့်ပြုပေးထားသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကိစ္စ ရပ်များကို လည်း တိုင်းရင်းသားပြည် သူများကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်ရခဲ့ကြသည်။ မိမိတို့ပြည်နယ်၏ ဖွံ့ဖြိုး တက်ရေးအတွက်ကိုလည်း ကောင်းစွာဆောင်ရွက်နိုင်ခဲ့ကြသည်။
(၁၉၇၄)ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် အခြေခံဥပဒေ အရ ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သူများဖြင့် ဖွဲ့ စည်းထားသည့် ပြည်နယ်ပြည်သူ့ကောင်စီ၊ မြို့နယ်ပြည်သူ့ ကောင်စီများဖြင့် စီမံအုပ်ချုပ်ခဲ့ကြသည်။ (၁၉၈၈) ခုနှစ်အလွန်တွင် (၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းခံလိုက်ရပြီးနောက် (၂၀၁၀) ပြည့်နှစ်အထိ တပ်မတော်၏အုပ်ချုပ်မှုအောက်သို့ရောက်ခဲ့ရသည်။ (၂၀၁၀)ပြည့်နှစ်တွင် တပ်မတော် အစိုးရက ရေးဆွဲပြဋ္ဌာန်းခဲ့သည့် (၁၉၈၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်သူများက ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တရားသူ ကြီးအဖွဲ့ စသည်များကိုဖွဲ့စည်းကာ ပြည်နယ်၏ စီမံခန့်ခွဲရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးလုပ်ငန်းများ ကိုဆောင်ရွက်နိုင်ခဲ့သည်။
ငြိမ်းချမ်းစွာတောင်းဆိုခဲ့
ရခိုင်ပြည်နယ်ဟုဖြစ်ပေါ်လာခဲ့ခြင်းမှာ လွယ်လွယ်နှင့်ရရှိခဲ့ခြင်းကား မဟုတ်။ လွတ်လပ်ရေးရပြီး နောက် ရခိုင်တိုင်းရင်းသားခေါင်းဆောင်များသည် နိုင်ငံရေးနည်းလမ်းဖြင့် ပြည်နယ်ရရှိရေးအတွက် တစ်စိုက်မတ်မတ် တောင်းဆိုလှုပ်ရှားမှုများပြုလုပ်ခဲ့ ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးပြီး နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလျှိုအလျှိုပေါ်ပေါက်ကာ တိုင်းရင်းသားအခွင့်အရေးအ တွက်တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ပေါ်လာခြင်းမှာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်ရန်နှင့် မိမိတို့တိုင်းရင်းသားများ၏ လူနေမှုအဆင့်အ တန်းများကိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံအား အုပ် ချုပ်ခဲ့သည့် အစိုးရအဆက်ဆက်သည် တိုင်းရင်းသားများ၏ရပိုင်ခွင့်ကိုလျစ်လျူရှုထားခဲ့သည်ဟု ယူဆ ချက်ဖြင့် မိမိတို့တိုင်းရင်းသားများ၏ရပိုင်ခွင့်ကို လက်နက်စွဲကိုင်ကာ တိုက်ပွဲဝင်တောင်းဆိုခြင်းဖြစ်သည် ဟုကြွေးကြော်ကြသည်။ (၁၉၄၉)ခုနှစ် ဇန်နဝါရီလ(၂၉)ရက်တွင် စောဘဦးကြီးခေါင်းဆောင်သော ကေ အင်ဒီအိုများက ဖဆပလအစိုးရကို အတိအလင်းအံတုကာ လက်နက်စွဲကိုင်ပုန်ကန်တိုက်ခိုက်ခဲ့ကြပြီး နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံတို့ ပေါ်ပေါက်လာခဲ့သည်။ ကရင်နီလက်နက်ကိုင်များ၏ KNPP အဖွဲ့၊ ထို့အတူ ကရင်နီလက်နက်ကိုင်များသည် (၁၉၄၈) ခုနှစ် ဩဂုတ်လ (၁၇)ရက်တွင် လက်နက်ကိုင်တော်လှန်ခဲ့ ကြပြီး (၁၉၅၇)ခုနှစ်တွင် KNPP ကိုဖွဲ့စည်း ခဲ့ကြသည်။ ဆက်လက်၍ ကချင်လက်နက်ကိုင်(ကေအိုင် အေ)နှင့် ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ)တို့ ပေါ်ပေါက်လာပြန်သည်။ ဤကဲ့သို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေ ဖြင့် လက် နက်စွဲကိုင်ပြီး တိုင်းရင်းသားအခွင့်အရေးရရှိရေး၊ တန်းတူညီမျှရေး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြ သော်လည်း ရခိုင်ပြည်သူများအနေဖြင့် မိမိတို့အခွင့်အရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းများ မရှိ ခဲ့ပေ။ နိုင်ငံရေးလမ်းကြောင်းဖြင့်သာ ငြိမ်းချမ်းစွာတောင်းဆို ခဲ့ကြကြောင်းတွေ့ရသည်။
ရခိုင်ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပါဝင်သောဒေသတစ်ခုဖြစ်သည်။ မြန်မာ နိုင်ငံရှိ တိုင်းဒေသကြီး(၇ ခုနှင့် ပြည်နယ်(၇)ခုတို့တွင်နေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားပြည်သူများနှင့်အတူ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် နေထိုင် ကြသူများ ဖြစ်သည်။ ပြည်ထောင်စုနိုင်ငံသားများသည် အမျိုးသားစိတ်ဓာတ်ကိုအခြေခံသော ပြည် ထောင်စုကို ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် မြန်မာနိုင်ငံကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ မျိုးချစ် စိတ်ဓာတ်ဟူသည်မှာ တိုင်းပြည်နှင့်လူမျိုးကို ချစ်သောစိတ်ဓာတ်ဟူ၍ အဘိဓာန်ကဖွင့်ဆိုထားသည်။ လူမျိုးတို့ တည်တံ့ရန်၊ တိုးတက်ဖွံ့ဖြိုးရန် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်နေဖို့လိုအပ်သည်။ မျိုးချစ် စိတ်ဓာတ်သည် အပြုသဘောကိုဆောင်ပြီး စည်းလုံးညီညွတ်မှုကိုဖြစ်စေသည်။ စည်းလုံးညီညွတ်မှုမှ တစ်ဆင့် တိုင်းပြည်နှင့်လူမျိုးတို့၏ဖွံ့ဖြိုးတိုးတက်မှု၊ တည်တံ့ခိုင်မြဲမှုကို ဖြစ်ထွန်းစေသည်။ ရခိုင်ပြည်သူ များအပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားပြည်သူများ အားလုံးတို့သည် စစ်မှန်သော အမျိုးသားရေးအမြင်၊ အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ ရှိနေရန် လိုအပ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက်ကျရောက် နေခဲ့ရချိန်က နယ်ချဲ့သမားများက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့ စိတ်ဓာတ်နှင့်အားမာန်ကို ချိုးနှိမ်ထားခြင်း ခံခဲ့ရသည်။ အမျိုး၊ ဘာသာ၊ သာသနာတို့ မှေးမှိန် အောင် အမျိုးသားရေးစိတ်ဓာတ်ကိုဖျက်ဆီးခဲ့ကြသည်။ သွေးခွဲအုပ်ချုပ်သည့်စနစ်ဖြင့် တောင်တန်းနှင့်ပြည်မဟူ၍ ခွဲခြားဆက်ဆံခြင်းခံခဲ့ရသည်။ သို့ရာတွင် မြန်မာပြည်သူတို့၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် မြန်မာ့လွတ်လပ်ရေးကိုရယူနိုင်ခဲ့သည်။
နှစ် (၅၀)ပြည့်လွန် ရခိုင်ပြည်နယ်သို့ သမင်လည်ပြန်
ရခိုင်ပြည်နယ်သည် ရခိုင်၊ မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာကြီးနှင့်ကမန် စသည့် ရခိုင်မျိုးနွယ်စု ဝင်များဖြင့် လူမျိုးကို အခြေခံဖွဲ့စည်းထားသောပြည်နယ်ဖြစ်သည်။ ဧရိယာအကျယ်အဝန်း (၁၄၂၀ဝ. ၁၁) စတုရန်းမိုင်ရှိသည်။ ခရိုင်(၇)ခရိုင်၊ မြို့နယ် (၁၇) မြို့နယ်၊ မြို့ (၂၈) မြို့ဖြင့် ဖွဲ့စည်းထားပြီး ပြည်နယ် အတွင်း ရခိုင်တိုင်းရင်းသားများနေထိုင်မှု စုစုပေါင်း (၇၄.၄၃) ရာခိုင်နှုန်းရှိကာ၊ ကျေးလက်နေထိုင်သူမှာ ရခိုင်ပြည်နယ်လူဦးရေ၏ (၈၀)ရာခိုင်နှုန်းခန့်ရှိသည်။ ရခိုင်ပြည်နယ်၏စီးပွားရေးမှာ လယ်ယာစိုက်ပျိုး ရေးကိုအခြေခံသည်။
ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သဖြင့် ရေလုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိကြသည်။ ကမ်းခြေ အခြေပြုခရီးသွားလုပ်ငန်များ၊ ရခိုင်ရှေးဟောင်းယဉ် ကျေးမှုနယ်မြေခရီးသွားလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြ သည်။ ရခိုင်ပြည်နယ်ဟုဖြစ်ပေါ်လာသည့် နှစ်(၅၀) အတွင်း ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေးလုပ် ငန်းများ တိုးတက်ဖြစ်ထွန်းလာခဲ့သည်။ စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်၊ စစ်တွေကွန် ပျူတာတက္ကသိုလ်တို့ကိုဖွင့်လှစ်နိုင်ခဲ့သည်။ ကျောက်ဖြူမြို့တွင် ဆရာအတတ်သင် ကောလိပ်နှင့် တောင် ကုတ်တက္ကသိုလ်များကို ဖွင့်လှစ်ပေးခဲ့သည်။ မြို့နယ်များတွင်ဆေးရုံများကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ သည်သာမက စစ်တွေပြည်သူ့ဆေးရုံကို ခုတင်(၅၀ဝ)ဆံ့အထိတိုးမြှင့်ပေးခဲ့သည်။ လမ်းပန်းဆက်သွယ် ရေးတွင် မြို့နယ်ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများသာမက၊ ရိုးမအရှေ့နှင့် ဆက်သွယ်သွား လာနိုင်ခဲ့သည့် တောင်ကုတ်-ပန်းတောင်းလမ်းကို အဆင့်မြှင့်တင်ဖောက်လုပ်ပေးခဲ့ ခြင်း၊ စစ်တွေ-အမ်း-ရန်ကုန်လမ်းမကြီးကိုဖောက် လုပ်ပေးခဲ့ကာ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တင် ပေးခြင်းဖြင့် လမ်း စတင် ဖောက်လုပ်စဉ်က စစ်တွေ-အမ်း-စစ်တွေခရီးကို (၃၂)နာရီကြာအောင်သွားခဲ့ ရာမှ (၁၂)နာရီ အတွင်းသွားလာနိုင်ခဲ့ကာ အဆင့်မြင့် လေအိတ်ကားများပြေးဆွဲပေးသဖြင့် ခရီးသွားပြည်သူတို့ ရခိုင်နှင့် ရိုးမအရှေ့ဒေသများသို့ သက်သောင့်သက်သာဖြင့်သွားလာနိုင်ခဲ့ကြသည်။
ငါးသိုင်းချောင်း-ဂွ-သံတွဲလမ်းကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့သဖြင့် သွားလမ်းသာ၍ လာလမ်းတို့ဖြောင့်ခဲ့သည်။ ရခိုင်ပြည်နယ်နှင့် ရိုးမအရှေ့သို့ဆက်သွယ်ရာတွင် စစ်တွေ-အမ်း-ရန်ကုန် လမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်း၊ ငါး သိုင်းချောင်း-ဂွလမ်းစသည်ဖြင့် လမ်းကြောင်းသုံး သွယ် ရှိခဲ့ပြီးဖြစ်သော်လည်း နောက်ထပ် လမ်းမကြီးတစ်ခုအဖြစ် ဂွ-မကျည်းစင်-ကမ်းသာယာ-ပုသိမ် သို့သွား ရောက်နိုင်မည့် ကမ်းခြေပတ်လမ်းကို ဖောက်လုပ်ပေးလျက်ရှိသည်။ လမ်းတံတားများ တိုးချဲ့ဖောက်လုပ် ပေးခဲ့ခြင်းဖြင့် ရခိုင်ပြည်နယ် (၁၇)မြို့နယ်အတွင်း မာန်အောင်မြို့နယ်မှအပ အားလုံး မြို့နယ်များသို့ ကားဖြင့်သွားလာနိုင်ခဲ့ကြသည်။
မောင်တော-နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ခဲ့သည်။ အိန္ဒိယနိုင်ငံနှင့်ဆက်သွယ်မည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းအတွက် အသင့်ဖြစ်နေခဲ့ပြီလည်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအားလုံးတွင် လျှပ်စစ်မီးရရှိခဲ့သလို၊ ကျေးလက်တောရွာများတွင်လည်း မီးလင်းနိုင်ခဲ့ပြီ။ သို့ရာတွင် ယနေ့ရခိုင်ပြည်နယ်မှပြည်သူများသည် တည်ငြိမ်အေးချမ်းခြင်းမရှိ။ စိုးရိမ်ထိတ်လန့်မှုများဖြင့် ဘဝကို ဖြတ်သန်းနေကြရသည်။ စစ်ပွဲသည် လက် တစ်ကမ်းတွင်ရှိနေသည်။ AA အနေဖြင့် ရခိုင်ပြည်နယ်၏ မြို့နယ်(၁၇)မြို့နယ်အနက် (၁၄)မြို့ နယ်ကို ထိန်းချုပ်ထားသည်ဖြစ်ရာ နိုင်ငံတော်၏အုပ် ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ခြင်းမရှိတော့သည်မှာ နှစ်နှစ်ကျော်ကာလသို့ရောက်ရှိခဲ့ပြီဖြစ်သည်။
ပြည်သူများ၏စီးပွားရေးလုပ်ငန်းများ ရပ်တန့်ကုန်သည်။ ပညာရေး၊ ကျန်းမာရေး နိမ့်ပါးခြင်း နှင့်ကြုံတွေ့နေကြရသည်။ တောင်သူလယ်လုပ်သူလည်း တောင်သူအလျောက်၊ စီးပွားရေးလုပ်ငန်းရှင် များလည်း စီးပွားရေးအလျောက် ပြည်သူတို့ ဒုက္ခရောက်နေကြရသည်။ ထို့ထက်ဆိုးသည်ကား အနောက် ဘက်မှငြိမ်းခြောက်နေသော ခိုးဝင်ဘင်္ဂါလီများ၏အန္တရာယ်ဆိုးကြီးပင်ဖြစ်သည်။ ဖြစ်ပွားနေသော ပဋိ ပက္ခများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကျိုးပေါက်ခဲ့ပြီးဖြစ်ရာ မောင်တော မြို့နယ် မြောက်ပိုင်းရှိ နယ်စပ်လယ်မြေအချို့တွင် ကျူးဝင်ဘင်္ဂါလီများ တဲထိုးနေထိုင်လာကြသည် ကိုတွေ့နေရ ကြောင်း ဒေသခံအချို့၏လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့မြင်နေရသည်။ အခြားတစ်ဖက်တွင် လည်း အမေရိကန်နိုင်ငံအပါအဝင် OIC နိုင်ငံများက ကုလသမဂ္ဂစင်မြင့်ကိုအသုံးချပြီး မြန်မာနိုင်ငံ ဘင်္ဂါ လီအရေးကို ရှေ့တန်းတင်တောင်းဆိုမှုများရှိနေခဲ့သည်။ ထို့ပြင်လည်း မောင်တောနယ်စပ်တွင် ARSA , RSO စသည့် ဘင်္ဂါလီသောင်းကျန်းသူများ တစ်စင်ထောင်ထကြွလာခြင်းဖြစ်ရာ လွတ်လပ်ရေးရပြီးစ (၁၉၄၈-၁၉၅၅) ခုနှစ်အခြေအနေကို ပြန်ပြောင်းသတိရစေသည်။
ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ နိုင်ငံ သားပြည်သူအချင်းချင်း၊ တိုင်းရင်းသားပြည်သူ များ စည်းလုံးညီညွတ်မှုသည်လည်း အခြေခံလိုအပ်ချက် ဖြစ်သည်။ အကြောင်းအမျိုးမျိုးပြကာ နိုင်ငံ တကာဖိ အားအမျိုးမျိုးနှင့်ရင်ဆိုင်နေရသည့် ယခုလိုအချိန်အခါတွင် ပြည်သူတစ်ရပ်လုံး သွေးစည်းညီ ညွတ်ကြရန်လိုသည်။ ယခုအခါ နိုင်ငံခြားတိုင်းပြည်ကြီးအချို့၏မြန်မာနိုင်ငံပြည်တွင်းရေးကို ပြောင် ပြောင်တင်းတင်း ဖိအားပေး ပြောဆိုဝင်ရောက်စွက်ဖက်မှုများရှိနေသည်ကိုလည်း တိုင်းရင်းသားနိုင်ငံ သား ပြည်သူများ သတိရှိကြရန်လိုအပ်သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် လက်ရှိ တည်ရှိနေ သော မြန်မာနိုင်ငံအဝိုင်းအဝန်းသည် မိမိတို့ကိုယ်ပိုင်မြေဖြစ်သည်ဆိုသည့် တိုင်းပြည်နှင့်လူမျိုးကို ချစ် မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ်၊ အမျိုးဘာသာ သာသနာကို မြတ်နိုးတန်ဖိုးထားတတ်သည့် အမျိုးသား ရေးစိတ်ဓာတ်၊ မိမိတို့ပိုင်နက်နယ်မြေတစ်ခုလုံးအားတန်ဖိုးထားတတ်သည့် နိုင်ငံကိုချစ်သည့် ပြည် ထောင်စုစိတ်ဓာတ်ထားရှိကြရန်လိုသည်။ မျိုးချစ်စိတ်ဓာတ်သည် အပြုသဘောကိုဆောင်ပြီး စည်းလုံးညီ ညွတ်မှုကိုဖြစ်စေသည်။ စည်းလုံးညီညွတ်မှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု၊တည်တံ့ခိုင်မြဲမှုကိုဖြစ်ထွန်းစေ သည်။
ဤနေရာတွင် တစ်ခုသတိထားကြရန်မှာ မျိုးချစ်စိတ်မှ အမျိုးသားရေးစိတ်ဓာတ်ကို ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ အမျိုးသားရေးစိတ်ကား လူမျိုးကိုအခြေခံ ထားခြင်းဖြစ်ရာ ကျဉ်းမြောင်းသော သဘော ထားရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံလို တိုင်းရင်းသား လူမျိုးပေါင်း စုံတို့ဖြင့်ဖွဲ့စည်းထားသော ပြည် ထောင်စုနိုင်ငံအဖို့ လူမျိုးတစ်မျိုးတည်းကိုအခြေခံသော အမျိုးသားရေးစိတ်ဓာတ်များလွှမ်းမိုးမသွားရန် အရေးကြီးသည်။ မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများအားလုံးတို့သည် စစ်မှန်သောအမျိုးသားရေး အ မြင်၊ အမျိုးသားရေး အသိ၊ အမျိုးသားရေးသတိရှိနေရန်လိုအပ်သည်။ ထို့ကြောင့် မျိုးချစ်စိတ်ကို အခြေခံ သော ပြည်ထောင်စုစိတ်ကိုမွေးမြူကြပြီး အချုပ်အခြာအာဏာ တည်တံ့ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုး တက်ရေးအတွက် လုပ်ဆောင်သွားကြရန်လိုကြောင်း ရွှေရတု နှစ်(၅၀) ပြည့်လွန် (၅၁)နှစ်ပြည့် ရခိုင် ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် သမင်လည်ပြန်ကြည့်ရင်း တိုက်တွန်းရေးသားလိုက်ရပေ သည်။

Zawgyi Version:
ႏွစ္ (၅ဝ) ျပည့္ေ႐ႊရတုအလြန္ ရခိုင္ျပည္နယ္ သမင္လည္ျပန္
ကြၽန္းသားငမန္း (NP News) - ဒီဇင္ဘာ ၁၂
ဒီဇင္ဘာလ (၁၅)ရက္သည္ ရခိုင္ျပည္နယ္ေန႔ ျဖစ္သည္။ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီအစိုးရ လက္ထက္ တိုင္းရင္းသားျပည္သူမ်ား၏ဆႏၵသေဘာထားကိုရယူအတ
ည္ျပဳခဲ့ေသာ (၁၉၇၄)ခုႏွစ္ဖြဲ႕စည္း ပုံ အေျခခံဥပေဒႏွင့္အညီ ရခိုင္ျပည္နယ္ဟု ျဖစ္တည္ လာခဲ့သည္မွာ ယခု (၂၀၂၅)ခုႏွစ္တြင္ (၅၁)ႏွစ္ရွိခဲ့ ၿပီ ျဖစ္သည္။
တိုင္းရင္းသားလူမ်ိဳးမ်ားတြင္ အမွတ္တရေန႔မ်ား ရွိၾကသည္။ ထိုေန႔မ်ားတြင္ မိမိတို႔ျပည္နယ္ အတြက္ ဂုဏ္ယူၾကသည္မွာ ျပည္နယ္ေန႔မ်ားပင္ျဖစ္သည္။ တိုင္းရင္းသားမ်ားအေနျဖင့္ ျပည္နယ္ဟု ျဖစ္ေပၚလာၿပီးေနာက္ တိုင္းရင္းသားျပည္သူတိုင္းဂုဏ္ယူရသည့္ အမ်ိဳးသားေရးလကၡဏာမ်ားကို ေဖာ္ ထုတ္ခြင့္ရခဲ့ၾကသည္။ မိမိတို႔လူမ်ိဳးကိုကိုယ္စားျပဳေသာ တိုင္းရင္းသား အလံ၊ တိုင္းရင္းသားဝတ္စုံ၊ တိုင္း ရင္းသားတို႔၏ယဥ္ေက်းမႈအႏုပညာႏွင့္ ႐ိုးရာဓေလ့ထုံးစံမ်ားကိုေဖာ္ထုတ္ျခင္း၊ ထိန္းသိမ္းျခင္းႏွင့္ ဘာ သာစကားႏွင့္စာေပမ်ားကို ေဖာ္ထုတ္ထိန္းသိမ္းျခင္းမ်ားျပဳလုပ္ႏိုင္ခဲ့ၾကသည္။ ထို႔အတူပင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒမ်ားက ခြင့္ျပဳေပးထားသည့္ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးကိစၥ ရပ္မ်ားကို လည္း တိုင္းရင္းသားျပည္ သူမ်ားကိုယ္တိုင္ပါဝင္ေဆာင္႐ြက္ခြင့္ရခဲ့ၾကသည္။ မိမိတို႔ျပည္နယ္၏ ဖြံ႕ၿဖိဳး တက္ေရးအတြက္ကိုလည္း ေကာင္းစြာေဆာင္႐ြက္ႏိုင္ခဲ့ၾကသည္။
(၁၉၇၄)ခုႏွစ္တြင္ျပ႒ာန္းခဲ့သည့္ အေျခခံဥပေဒ အရ ရခိုင္ျပည္နယ္ကို ရခိုင္ျပည္သူမ်ားျဖင့္ ဖြဲ႕ စည္းထားသည့္ ျပည္နယ္ျပည္သူ႔ေကာင္စီ၊ ၿမိဳ႕နယ္ျပည္သူ႔ ေကာင္စီမ်ားျဖင့္ စီမံအုပ္ခ်ဳပ္ခဲ့ၾကသည္။ (၁၉၈၈) ခုႏွစ္အလြန္တြင္ (၁၉၇၄)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒဖ်က္သိမ္းခံလိုက္ရၿပီးေနာက္ (၂၀၁၀) ျပည့္ႏွစ္အထိ တပ္မေတာ္၏အုပ္ခ်ဳပ္မႈေအာက္သို႔ေရာက္ခဲ့ရသည္။ (၂၀၁၀)ျပည့္ႏွစ္တြင္ တပ္မေတာ္ အစိုးရက ေရးဆြဲျပ႒ာန္းခဲ့သည့္ (၁၉၈၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ ျပည္သူမ်ားက ဒီမိုကေရစီ နည္းက် ေ႐ြးခ်ယ္တင္ေျမႇာက္လိုက္သည့္ ျပည္နယ္လႊတ္ေတာ္၊ ျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္တရားသူ ႀကီးအဖြဲ႕ စသည္မ်ားကိုဖြဲ႕စည္းကာ ျပည္နယ္၏ စီမံခန႔္ခြဲေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးလုပ္ငန္းမ်ား ကိုေဆာင္႐ြက္ႏိုင္ခဲ့သည္။
ၿငိမ္းခ်မ္းစြာေတာင္းဆိုခဲ့
ရခိုင္ျပည္နယ္ဟုျဖစ္ေပၚလာခဲ့ျခင္းမွာ လြယ္လြယ္ႏွင့္ရရွိခဲ့ျခင္းကား မဟုတ္။ လြတ္လပ္ေရးရၿပီး ေနာက္ ရခိုင္တိုင္းရင္းသားေခါင္းေဆာင္မ်ားသည္ ႏိုင္ငံေရးနည္းလမ္းျဖင့္ ျပည္နယ္ရရွိေရးအတြက္ တစ္စိုက္မတ္မတ္ ေတာင္းဆိုလႈပ္ရွားမႈမ်ားျပဳလုပ္ခဲ့ ၾကသည္။ သို႔ရာတြင္ ျမန္မာႏိုင္ငံလြတ္လပ္ေရးၿပီး ေနာက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား အလွ်ိဳအလွ်ိဳေပၚေပါက္ကာ တိုင္းရင္းသားအခြင့္အေရးအ တြက္ေတာင္းဆိုတိုက္ပြဲဝင္ခဲ့ၾကသည္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား ျဖစ္ေပၚလာျခင္းမွာ မိမိတို႔ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို လုပ္ေဆာင္ႏိုင္ရန္ႏွင့္ မိမိတို႔တိုင္းရင္းသားမ်ား၏ လူေနမႈအဆင့္အ တန္းမ်ားကိုျမႇင့္တင္ေပးႏိုင္ရန္ ရည္႐ြယ္ျခင္းျဖစ္သည္။ လြတ္လပ္ေရးရၿပီးေနာက္ ျမန္မာႏိုင္ငံအား အုပ္ ခ်ဳပ္ခဲ့သည့္ အစိုးရအဆက္ဆက္သည္ တိုင္းရင္းသားမ်ား၏ရပိုင္ခြင့္ကိုလ်စ္လ်ဴရႈထားခဲ့သည္ဟု ယူဆ ခ်က္ျဖင့္ မိမိတို႔တိုင္းရင္းသားမ်ား၏ရပိုင္ခြင့္ကို လက္နက္စြဲကိုင္ကာ တိုက္ပြဲဝင္ေတာင္းဆိုျခင္းျဖစ္သည္ ဟုေႂကြးေၾကာ္ၾကသည္။ (၁၉၄၉)ခုႏွစ္ ဇန္နဝါရီလ(၂၉)ရက္တြင္ ေစာဘဦးႀကီးေခါင္းေဆာင္ေသာ ေက အင္ဒီအိုမ်ားက ဖဆပလအစိုးရကို အတိအလင္းအံတုကာ လက္နက္စြဲကိုင္ပုန္ကန္တိုက္ခိုက္ခဲ့ၾကၿပီး ေနာက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေပါင္းစုံတို႔ ေပၚေပါက္လာခဲ့သည္။ ကရင္နီလက္နက္ကိုင္မ်ား၏ KNPP အဖြဲ႕၊ ထို႔အတူ ကရင္နီလက္နက္ကိုင္မ်ားသည္ (၁၉၄၈) ခုႏွစ္ ဩဂုတ္လ (၁၇)ရက္တြင္ လက္နက္ကိုင္ေတာ္လွန္ခဲ့ ၾကၿပီး (၁၉၅၇)ခုႏွစ္တြင္ KNPP ကိုဖြဲ႕စည္း ခဲ့ၾကသည္။ ဆက္လက္၍ ကခ်င္လက္နက္ကိုင္(ေကအိုင္ ေအ)ႏွင့္ ကခ်င္လြတ္ေျမာက္ေရးေကာင္စီ (ေကအိုင္စီ)တို႔ ေပၚေပါက္လာျပန္သည္။ ဤကဲ့သို႔တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေန ျဖင့္ လက္ နက္စြဲကိုင္ၿပီး တိုင္းရင္းသားအခြင့္အေရးရရွိေရး၊ တန္းတူညီမွ်ေရး ေတာင္းဆိုတိုက္ပြဲဝင္ခဲ့ၾက ေသာ္လည္း ရခိုင္ျပည္သူမ်ားအေနျဖင့္ မိမိတို႔အခြင့္အေရးအတြက္ လက္နက္ကိုင္တိုက္ပြဲဝင္ျခင္းမ်ား မရွိ ခဲ့ေပ။ ႏိုင္ငံေရးလမ္းေၾကာင္းျဖင့္သာ ၿငိမ္းခ်မ္းစြာေတာင္းဆို ခဲ့ၾကေၾကာင္းေတြ႕ရသည္။
ရခိုင္ျပည္နယ္သည္ ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္း ပါဝင္ေသာေဒသတစ္ခုျဖစ္သည္။ ျမန္မာ ႏိုင္ငံရွိ တိုင္းေဒသႀကီး(၇ ခုႏွင့္ ျပည္နယ္(၇)ခုတို႔တြင္ေနထိုင္ၾကေသာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္း စေသာ တိုင္းရင္းသားျပည္သူမ်ားႏွင့္အတူ ေအးအတူပူအမွ် ဥမကြဲသိုက္မပ်က္ ေနထိုင္ ၾကသူမ်ား ျဖစ္သည္။ ျပည္ေထာင္စုႏိုင္ငံသားမ်ားသည္ အမ်ိဳးသားစိတ္ဓာတ္ကိုအေျခခံေသာ ျပည္ ေထာင္စုကို ခ်စ္ျမတ္ႏိုးသည့္ မ်ိဳးခ်စ္စိတ္ဓာတ္ျဖင့္ ျမန္မာႏိုင္ငံကို ဖြဲ႕စည္းထားျခင္းျဖစ္သည္။ မ်ိဳးခ်စ္ စိတ္ဓာတ္ဟူသည္မွာ တိုင္းျပည္ႏွင့္လူမ်ိဳးကို ခ်စ္ေသာစိတ္ဓာတ္ဟူ၍ အဘိဓာန္ကဖြင့္ဆိုထားသည္။ လူမ်ိဳးတို႔ တည္တံ့ရန္၊ တိုးတက္ဖြံ႕ၿဖိဳးရန္ မ်ိဳးခ်စ္စိတ္ဓာတ္ရွင္သန္ထက္ျမက္ေနဖို႔လိုအပ္သည္။ မ်ိဳးခ်စ္ စိတ္ဓာတ္သည္ အျပဳသေဘာကိုေဆာင္ၿပီး စည္းလုံးညီၫြတ္မႈကိုျဖစ္ေစသည္။ စည္းလုံးညီၫြတ္မႈမွ တစ္ဆင့္ တိုင္းျပည္ႏွင့္လူမ်ိဳးတို႔၏ဖြံ႕ၿဖိဳးတိုးတက္မႈ၊ တည္တံ့ခိုင္ၿမဲမႈကို ျဖစ္ထြန္းေစသည္။ ရခိုင္ျပည္သူ မ်ားအပါအဝင္ ျမန္မာႏိုင္ငံတိုင္းရင္းသားျပည္သူမ်ား အားလုံးတို႔သည္ စစ္မွန္ေသာ အမ်ိဳးသားေရးအျမင္၊ အမ်ိဳးသားေရးအသိ၊ အမ်ိဳးသားေရးသတိ ရွိေနရန္ လိုအပ္သည္။ ကိုလိုနီနယ္ခ်ဲ႕လက္ေအာက္က်ေရာက္ ေနခဲ့ရခ်ိန္က နယ္ခ်ဲ႕သမားမ်ားက ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ိဳးတို႔ စိတ္ဓာတ္ႏွင့္အားမာန္ကို ခ်ိဳးႏွိမ္ထားျခင္း ခံခဲ့ရသည္။ အမ်ိဳး၊ ဘာသာ၊ သာသနာတို႔ ေမွးမွိန္ ေအာင္ အမ်ိဳးသားေရးစိတ္ဓာတ္ကိုဖ်က္ဆီးခဲ့ၾကသည္။ ေသြးခြဲအုပ္ခ်ဳပ္သည့္စနစ္ျဖင့္ ေတာင္တန္းႏွင့္ျပည္မဟူ၍ ခြဲျခားဆက္ဆံျခင္းခံခဲ့ရသည္။ သို႔ရာတြင္ ျမန္မာျပည္သူတို႔၏ စည္းလုံးညီၫြတ္မႈအင္အားျဖင့္ ျမန္မာ့လြတ္လပ္ေရးကိုရယူႏိုင္ခဲ့သည္။
ႏွစ္ (၅၀)ျပည့္လြန္ ရခိုင္ျပည္နယ္သို႔ သမင္လည္ျပန္
ရခိုင္ျပည္နယ္သည္ ရခိုင္၊ ၿမိဳ၊ ခမီး၊ သက္၊ ဒိုင္းနက္၊ မာရမာႀကီးႏွင့္ကမန္ စသည့္ ရခိုင္မ်ိဳးႏြယ္စု ဝင္မ်ားျဖင့္ လူမ်ိဳးကို အေျခခံဖြဲ႕စည္းထားေသာျပည္နယ္ျဖစ္သည္။ ဧရိယာအက်ယ္အဝန္း (၁၄၂၀ဝ. ၁၁) စတုရန္းမိုင္ရွိသည္။ ခ႐ိုင္(၇)ခ႐ိုင္၊ ၿမိဳ႕နယ္ (၁၇) ၿမိဳ႕နယ္၊ ၿမိဳ႕ (၂၈) ၿမိဳ႕ျဖင့္ ဖြဲ႕စည္းထားၿပီး ျပည္နယ္ အတြင္း ရခိုင္တိုင္းရင္းသားမ်ားေနထိုင္မႈ စုစုေပါင္း (၇၄.၄၃) ရာခိုင္ႏႈန္းရွိကာ၊ ေက်းလက္ေနထိုင္သူမွာ ရခိုင္ျပည္နယ္လူဦးေရ၏ (၈၀)ရာခိုင္ႏႈန္းခန႔္ရွိသည္။ ရခိုင္ျပည္နယ္၏စီးပြားေရးမွာ လယ္ယာစိုက္ပ်ိဳး ေရးကိုအေျခခံသည္။
ပင္လယ္ကမ္း႐ိုးတန္းေဒသျဖစ္သျဖင့္ ေရလုပ္ငန္းကိုလည္း လုပ္ကိုင္လ်က္ရွိၾကသည္။ ကမ္းေျခ အေျချပဳခရီးသြားလုပ္ငန္မ်ား၊ ရခိုင္ေရွးေဟာင္းယဥ္ ေက်းမႈနယ္ေျမခရီးသြားလုပ္ငန္းမ်ား လုပ္ကိုင္ခဲ့ၾက သည္။ ရခိုင္ျပည္နယ္ဟုျဖစ္ေပၚလာသည့္ ႏွစ္(၅၀) အတြင္း ရခိုင္ျပည္နယ္၏ စီးပြားေရး၊ လူမႈေရးလုပ္ ငန္းမ်ား တိုးတက္ျဖစ္ထြန္းလာခဲ့သည္။ စစ္ေတြတကၠသိုလ္၊ စစ္ေတြနည္းပညာတကၠသိုလ္၊ စစ္ေတြကြန္ ပ်ဴတာတကၠသိုလ္တို႔ကိုဖြင့္လွစ္ႏိုင္ခဲ့သည္။ ေက်ာက္ျဖဴၿမိဳ႕တြင္ ဆရာအတတ္သင္ ေကာလိပ္ႏွင့္ ေတာင္ ကုတ္တကၠသိုလ္မ်ားကို ဖြင့္လွစ္ေပးခဲ့သည္။ ၿမိဳ႕နယ္မ်ားတြင္ေဆး႐ုံမ်ားကို အဆင့္ျမႇင့္တင္ေပးႏိုင္ခဲ့ သည္သာမက စစ္ေတြျပည္သူ႔ေဆး႐ုံကို ခုတင္(၅၀ဝ)ဆံ့အထိတိုးျမႇင့္ေပးခဲ့သည္။ လမ္းပန္းဆက္သြယ္ ေရးတြင္ ၿမိဳ႕နယ္ခ်င္းဆက္လမ္းမ်ား၊ ေက်း႐ြာခ်င္းဆက္လမ္းမ်ားသာမက၊ ႐ိုးမအေရွ႕ႏွင့္ ဆက္သြယ္သြား လာႏိုင္ခဲ့သည့္ ေတာင္ကုတ္-ပန္းေတာင္းလမ္းကို အဆင့္ျမႇင့္တင္ေဖာက္လုပ္ေပးခဲ့ ျခင္း၊ စစ္ေတြ-အမ္း-ရန္ကုန္လမ္းမႀကီးကိုေဖာက္ လုပ္ေပးခဲ့ကာ တစ္ဆင့္ၿပီးတစ္ဆင့္ အဆင့္ျမႇင့္တင္ ေပးျခင္းျဖင့္ လမ္း စတင္ ေဖာက္လုပ္စဥ္က စစ္ေတြ-အမ္း-စစ္ေတြခရီးကို (၃၂)နာရီၾကာေအာင္သြားခဲ့ ရာမွ (၁၂)နာရီ အတြင္းသြားလာႏိုင္ခဲ့ကာ အဆင့္ျမင့္ ေလအိတ္ကားမ်ားေျပးဆြဲေပးသျဖင့္ ခရီးသြားျပည္သူတို႔ ရခိုင္ႏွင့္ ႐ိုးမအေရွ႕ေဒသမ်ားသို႔ သက္ေသာင့္သက္သာျဖင့္သြားလာႏိုင္ခဲ့ၾကသည္။
ငါးသိုင္းေခ်ာင္း-ဂြ-သံတြဲလမ္းကိုလည္း အဆင့္ျမႇင့္တင္ေဆာင္႐ြက္ေပးခဲ့သျဖင့္ သြားလမ္းသာ၍ လာလမ္းတို႔ေျဖာင့္ခဲ့သည္။ ရခိုင္ျပည္နယ္ႏွင့္ ႐ိုးမအေရွ႕သို႔ဆက္သြယ္ရာတြင္ စစ္ေတြ-အမ္း-ရန္ကုန္ လမ္း၊ ျပည္-ပန္းေတာင္း-ေတာင္ကုတ္လမ္း၊ ငါး သိုင္းေခ်ာင္း-ဂြလမ္းစသည္ျဖင့္ လမ္းေၾကာင္းသုံး သြယ္ ရွိခဲ့ၿပီးျဖစ္ေသာ္လည္း ေနာက္ထပ္ လမ္းမႀကီးတစ္ခုအျဖစ္ ဂြ-မက်ည္းစင္-ကမ္းသာယာ-ပုသိမ္ သို႔သြား ေရာက္ႏိုင္မည့္ ကမ္းေျခပတ္လမ္းကို ေဖာက္လုပ္ေပးလ်က္ရွိသည္။ လမ္းတံတားမ်ား တိုးခ်ဲ႕ေဖာက္လုပ္ ေပးခဲ့ျခင္းျဖင့္ ရခိုင္ျပည္နယ္ (၁၇)ၿမိဳ႕နယ္အတြင္း မာန္ေအာင္ၿမိဳ႕နယ္မွအပ အားလုံး ၿမိဳ႕နယ္မ်ားသို႔ ကားျဖင့္သြားလာႏိုင္ခဲ့ၾကသည္။
ေမာင္ေတာ-နယ္စပ္ကုန္သြယ္ေရးလုပ္ငန္း၊ စစ္ေတြ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုး တက္ခဲ့သည္။ အိႏၵိယႏိုင္ငံႏွင့္ဆက္သြယ္မည့္ ကုလားတန္ျမစ္ေၾကာင္း ဘက္စုံသုံးစီမံကိန္းအတြက္ အသင့္ျဖစ္ေနခဲ့ၿပီလည္းျဖစ္သည္။ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္မ်ားအားလုံးတြင္ လွ်ပ္စစ္မီးရရွိခဲ့သလို၊ ေက်းလက္ေတာ႐ြာမ်ားတြင္လည္း မီးလင္းႏိုင္ခဲ့ၿပီ။ သို႔ရာတြင္ ယေန႔ရခိုင္ျပည္နယ္မွျပည္သူမ်ားသည္ တည္ၿငိမ္ေအးခ်မ္းျခင္းမရွိ။ စိုးရိမ္ထိတ္လန႔္မႈမ်ားျဖင့္ ဘဝကို ျဖတ္သန္းေနၾကရသည္။ စစ္ပြဲသည္ လက္ တစ္ကမ္းတြင္ရွိေနသည္။ AA အေနျဖင့္ ရခိုင္ျပည္နယ္၏ ၿမိဳ႕နယ္(၁၇)ၿမိဳ႕နယ္အနက္ (၁၄)ၿမိဳ႕ နယ္ကို ထိန္းခ်ဳပ္ထားသည္ျဖစ္ရာ ႏိုင္ငံေတာ္၏အုပ္ ခ်ဳပ္ေရးယႏၲရားမ်ား လည္ပတ္ႏိုင္ျခင္းမရွိေတာ့သည္မွာ ႏွစ္ႏွစ္ေက်ာ္ကာလသို႔ေရာက္ရွိခဲ့ၿပီျဖစ္သည္။
ျပည္သူမ်ား၏စီးပြားေရးလုပ္ငန္းမ်ား ရပ္တန႔္ကုန္သည္။ ပညာေရး၊ က်န္းမာေရး နိမ့္ပါးျခင္း ႏွင့္ႀကဳံေတြ႕ေနၾကရသည္။ ေတာင္သူလယ္လုပ္သူလည္း ေတာင္သူအေလ်ာက္၊ စီးပြားေရးလုပ္ငန္းရွင္ မ်ားလည္း စီးပြားေရးအေလ်ာက္ ျပည္သူတို႔ ဒုကၡေရာက္ေနၾကရသည္။ ထို႔ထက္ဆိုးသည္ကား အေနာက္ ဘက္မွၿငိမ္းေျခာက္ေနေသာ ခိုးဝင္ဘဂၤါလီမ်ား၏အႏၲရာယ္ဆိုးႀကီးပင္ျဖစ္သည္။ ျဖစ္ပြားေနေသာ ပဋိ ပကၡမ်ားေၾကာင့္ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ၿခံစည္း႐ိုးက်ိဳးေပါက္ခဲ့ၿပီးျဖစ္ရာ ေမာင္ေတာ ၿမိဳ႕နယ္ ေျမာက္ပိုင္းရွိ နယ္စပ္လယ္ေျမအခ်ိဳ႕တြင္ က်ဴးဝင္ဘဂၤါလီမ်ား တဲထိုးေနထိုင္လာၾကသည္ ကိုေတြ႕ေနရ ေၾကာင္း ေဒသခံအခ်ိဳ႕၏လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ ေတြ႕ျမင္ေနရသည္။ အျခားတစ္ဖက္တြင္ လည္း အေမရိကန္ႏိုင္ငံအပါအဝင္ OIC ႏိုင္ငံမ်ားက ကုလသမဂၢစင္ျမင့္ကိုအသုံးခ်ၿပီး ျမန္မာႏိုင္ငံ ဘဂၤါ လီအေရးကို ေရွ႕တန္းတင္ေတာင္းဆိုမႈမ်ားရွိေနခဲ့သည္။ ထို႔ျပင္လည္း ေမာင္ေတာနယ္စပ္တြင္ ARSA , RSO စသည့္ ဘဂၤါလီေသာင္းက်န္းသူမ်ား တစ္စင္ေထာင္ထႂကြလာျခင္းျဖစ္ရာ လြတ္လပ္ေရးရၿပီးစ (၁၉၄၈-၁၉၅၅) ခုႏွစ္အေျခအေနကို ျပန္ေျပာင္းသတိရေစသည္။
ျပည္ေထာင္စုစိတ္ဓာတ္ကို အေျခခံ၍
ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈဆိုသည္မွာ ႏိုင္ငံ သားျပည္သူအခ်င္းခ်င္း၊ တိုင္းရင္းသားျပည္သူ မ်ား စည္းလုံးညီၫြတ္မႈသည္လည္း အေျခခံလိုအပ္ခ်က္ ျဖစ္သည္။ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ ႏိုင္ငံ တကာဖိ အားအမ်ိဳးမ်ိဳးႏွင့္ရင္ဆိုင္ေနရသည့္ ယခုလိုအခ်ိန္အခါတြင္ ျပည္သူတစ္ရပ္လုံး ေသြးစည္းညီ ၫြတ္ၾကရန္လိုသည္။ ယခုအခါ ႏိုင္ငံျခားတိုင္းျပည္ႀကီးအခ်ိဳ႕၏ျမန္မာႏိုင္ငံျပည္တြင္းေရးကို ေျပာင္ ေျပာင္တင္းတင္း ဖိအားေပး ေျပာဆိုဝင္ေရာက္စြက္ဖက္မႈမ်ားရွိေနသည္ကိုလည္း တိုင္းရင္းသားႏိုင္ငံ သား ျပည္သူမ်ား သတိရွိၾကရန္လိုအပ္သည္။ တိုင္းရင္းသားျပည္သူမ်ားအေနျဖင့္ လက္ရွိ တည္ရွိေန ေသာ ျမန္မာႏိုင္ငံအဝိုင္းအဝန္းသည္ မိမိတို႔ကိုယ္ပိုင္ေျမျဖစ္သည္ဆိုသည့္ တိုင္းျပည္ႏွင့္လူမ်ိဳးကို ခ်စ္ ျမတ္ႏိုးသည့္ မ်ိဳးခ်စ္စိတ္ဓာတ္၊ အမ်ိဳးဘာသာ သာသနာကို ျမတ္ႏိုးတန္ဖိုးထားတတ္သည့္ အမ်ိဳးသား ေရးစိတ္ဓာတ္၊ မိမိတို႔ပိုင္နက္နယ္ေျမတစ္ခုလုံးအားတန္ဖိုးထားတတ္သည့္ ႏိုင္ငံကိုခ်စ္သည့္ ျပည္ ေထာင္စုစိတ္ဓာတ္ထားရွိၾကရန္လိုသည္။ မ်ိဳးခ်စ္စိတ္ဓာတ္သည္ အျပဳသေဘာကိုေဆာင္ၿပီး စည္းလုံးညီ ၫြတ္မႈကိုျဖစ္ေစသည္။ စည္းလုံးညီၫြတ္မႈမွတစ္ဆင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ၊တည္တံ့ခိုင္ၿမဲမႈကိုျဖစ္ထြန္းေစ သည္။
ဤေနရာတြင္ တစ္ခုသတိထားၾကရန္မွာ မ်ိဳးခ်စ္စိတ္မွ အမ်ိဳးသားေရးစိတ္ဓာတ္ကို ျဖစ္ေပၚလာ ျခင္းျဖစ္သည္။ အမ်ိဳးသားေရးစိတ္ကား လူမ်ိဳးကိုအေျခခံ ထားျခင္းျဖစ္ရာ က်ဥ္းေျမာင္းေသာ သေဘာ ထားရွိသည္။ အထူးသျဖင့္ ျမန္မာႏိုင္ငံလို တိုင္းရင္းသား လူမ်ိဳးေပါင္း စုံတို႔ျဖင့္ဖြဲ႕စည္းထားေသာ ျပည္ ေထာင္စုႏိုင္ငံအဖို႔ လူမ်ိဳးတစ္မ်ိဳးတည္းကိုအေျခခံေသာ အမ်ိဳးသားေရးစိတ္ဓာတ္မ်ားလႊမ္းမိုးမသြားရန္ အေရးႀကီးသည္။ ျမန္မာႏိုင္ငံ တိုင္းရင္းသားျပည္သူမ်ားအားလုံးတို႔သည္ စစ္မွန္ေသာအမ်ိဳးသားေရး အ ျမင္၊ အမ်ိဳးသားေရး အသိ၊ အမ်ိဳးသားေရးသတိရွိေနရန္လိုအပ္သည္။ ထို႔ေၾကာင့္ မ်ိဳးခ်စ္စိတ္ကို အေျခခံ ေသာ ျပည္ေထာင္စုစိတ္ကိုေမြးျမဴၾကၿပီး အခ်ဳပ္အျခာအာဏာ တည္တံ့ေရးႏွင့္ တိုင္းျပည္ဖြံ႕ၿဖိဳး တိုး တက္ေရးအတြက္ လုပ္ေဆာင္သြားၾကရန္လိုေၾကာင္း ေ႐ႊရတု ႏွစ္(၅၀) ျပည့္လြန္ (၅၁)ႏွစ္ျပည့္ ရခိုင္ ျပည္နယ္၏ ျဖစ္ေပၚတိုးတက္မႈမ်ားအေပၚ သမင္လည္ျပန္ၾကည့္ရင္း တိုက္တြန္းေရးသားလိုက္ရေပ သည္။