၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့်အစိုးရဖြစ်သဖြင့် လာမည့်ရွေးကောက်ပွဲသည် မဲစာရင်း မှားယွင်းမှုမရှိရန်လို

130

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၂
၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် လာမည့်ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှုမရှိရန်လိုကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့( ဒီဇင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခုဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မဲမသမာမှု များဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့်ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန်ကန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ဆန္ဒမဲပေးခြင်းမပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင် ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့် နေရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များဖြင့် မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အားလုံးက ဝိုင်းဝန်းဆောင် ရွက်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းထားသည်။
ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံ စနစ်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်သွားရမည့် လုပ်ငန်းရပ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:
၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမွားယြင္းမႈမ်ားေၾကာင့္ တာဝန္ယူခဲ့သည့္အစိုးရျဖစ္သျဖင့္ လာမည့္ေ႐ြးေကာက္ပြဲသည္ မဲစာရင္း မွားယြင္းမႈမရွိရန္လို
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၂
၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမွားယြင္းမႈမ်ားေၾကာင့္ တာဝန္ယူခဲ့သည့္ အစိုးရျဖစ္သျဖင့္ လာမည့္ေ႐ြးေကာက္ပြဲသည္ မဲစာရင္းမွားယြင္းမႈမရွိရန္လိုေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔( ဒီဇင္ဘာ ၁၁ ရက္) မြန္းလြဲပိုင္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ရန္ကုန္ၿမိဳ႕ရွိ တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး မဂၤလာခန္းမ၌ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္မ်ား၊ တိုင္းေဒသႀကီးႏွင့္ ခ႐ိုင္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအား ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြးေျပာၾကားစဥ္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ယခုဒီဇင္ဘာ ၂၈ ရက္တြင္ ေ႐ြးေကာက္ပြဲကို က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး အပိုင္းသုံးပိုင္းခြဲ၍ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေ႐ြးေကာက္ပြဲ ရာႏႈန္းျပည့္ ေအာင္ျမင္စြာက်င္းပႏိုင္ေရး ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
လြတ္လပ္ၿပီးတရားမွ်တေသာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ မဲေပးပိုင္ခြင့္ရွိသူအားလုံးမဲေပးႏိုင္ရန္ အေရးႀကီးသကဲ့သို႔ ၂၀၂၀ ျပည့္ႏွစ္တြင္ က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲကဲ့သို႔ မဲမသမာမႈမ်ား မျဖစ္ေပၚေစေရးေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
မဲမသမာမႈ မ်ားျဖစ္ေပၚခဲ့ျခင္းသည္ မိမိတို႔ႏိုင္ငံအတြက္ဆိုး႐ြားသည့္ ျဖစ္ရပ္တစ္ခုပင္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမ်ား မွားယြင္းမႈမ်ားေၾကာင့္ တာဝန္ယူခဲ့သည့္ အစိုးရျဖစ္သျဖင့္ မိမိတို႔က်င္းပသည့္ေ႐ြးေကာက္ပြဲသည္ မဲစာရင္းမွားယြင္းမႈ မရွိရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ရာႏႈန္းျပည့္မွန္ကန္ႏိုင္မည္ မဟုတ္ေသာ္လည္း အတတ္ႏိုင္ဆုံးမွန္ကန္ေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ မဲစာရင္းတြင္ ပါဝင္သူမ်ား မဲေပးခြင့္မဆုံးရႈံးေစေရးေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ဆႏၵမဲေပးျခင္းမေပးျခင္းသည္ မဲဆႏၵရွင္မ်ား၏ဆႏၵျဖစ္ၿပီး မဲေပးႏိုင္ေအာင္ေဆာင္ ႐ြက္ေပးရမည္မွာ အစိုးရ၏တာဝန္ပင္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရးသည္ ႏိုင္ငံ၏ဂုဏ္သိကၡာျဖစ္၍ ေ႐ြးေကာက္ပြဲက်င္းပမည့္ ေနရာမ်ားအားလုံးတြင္ ေအာင္ျမင္စြာက်င္းပႏိုင္ေရး အတြက္ အားလုံးက ဝိုင္းဝန္းေဆာင္႐ြက္သြားၾကရန္ လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။
ေ႐ြးေကာက္ပြဲက်င္းပရာတြင္ မဲမသမာမႈမ်ားျပဳလုပ္၍မရႏိုင္သည့္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္(MEVM) မ်ားျဖင့္ မဲေပးႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲ၊ သိကၡာရွိသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရး အားလုံးက ဝိုင္းဝန္းေဆာင္ ႐ြက္သြားၾကရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းထားသည္။
ေ႐ြးေကာက္ပြဲက်င္းပၿပီးစီးခ်ိန္တြင္ လႊတ္ေတာ္ကိုေခၚယူ၍ အသစ္ ဖြဲ႕စည္းမည့္အစိုးရအား ႏိုင္ငံေတာ္၏တာဝန္မ်ားကို လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲသည္ ဒီမိုကေရစီႏိုင္ငံ စနစ္အရ၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)အရ မျဖစ္မေန ေအာင္ျမင္ေအာင္ ေဆာင္႐ြက္သြားရမည့္ လုပ္ငန္းရပ္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသ ႀကီးအစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ားအေနျဖင့္လည္း ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရး ဝိုင္းဝန္းေဆာင္႐ြက္သြားၾကရန္လည္း တိုက္တြန္းေျပာၾကားခဲ့သည္။