ရန်ကုန်ရှိ မြေလွတ်မြေရိုင်းများကို စိုက်၊ မွေးကုန်ထုတ်လုပ်ငန်းများအတွက် အသုံးချသွားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်တွန်း

312

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၂
ရန်ကုန်ရှိ မြေလွတ်မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအတွက် အသုံးချသွားရန်လိုကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(ဒီဇင်ဘာ ၁၁ ရက်)၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ၏ ဝမ်းစာဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မြို့ပေါ်နေပြည်သူများအတွက် လိုအပ်သည့် အသား၊ ငါးနှင့် ဥများကို လုံလောက်စွာထုတ်လုပ်ရောင်းချပေးနိုင်မှသာ ထိုက်သင့်သည့် စားသောက်ကုန်ဈေးနှုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
စားသုံးမှုနှင့် ထုတ်လုပ်မှုများ မျှတမည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိုက်သင့်သလောက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် ရန်ကုန်မြို့တွင်ရှိသည့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ အတွက် အသုံးချသွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ဒေသတွင်း စားသောက်မှုဖူလုံရေးဆောင်ရွက်သွားရန်လိုပြီး လူတန်းစားမရွေး စားသောက်နိုင်ရေး စားရေရိက္ခာဖူလုံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ရွိ ေျမလြတ္ေျမ႐ိုင္းမ်ားကို စိုက္၊ ေမြးကုန္ထုတ္လုပ္ငန္းမ်ားအတြက္ အသုံးခ်သြားရန္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တိုက္တြန္း
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၂
ရန္ကုန္ရွိ ေျမလြတ္ေျမ႐ိုင္းမ်ားကို စိုက္ပ်ိဳးေမြးျမဴေရးကုန္ထုတ္လုပ္ငန္းမ်ားအတြက္ အသုံးခ်သြားရန္လိုေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ဒီဇင္ဘာ ၁၁ ရက္)၊ မြန္းလြဲပိုင္းက တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး မဂၤလာခန္းမ၌ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္မ်ား၊ တိုင္းေဒသႀကီးႏွင့္ ခ႐ိုင္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအား ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြးေျပာၾကားစဥ္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေနထိုင္သည့္ ျပည္သူမ်ား၏ ဝမ္းစာဖူလုံမႈရွိေစေရးအတြက္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္သြားရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ၿမိဳ႕ေပၚေနျပည္သူမ်ားအတြက္ လိုအပ္သည့္ အသား၊ ငါးႏွင့္ ဥမ်ားကို လုံေလာက္စြာထုတ္လုပ္ေရာင္းခ်ေပးႏိုင္မွသာ ထိုက္သင့္သည့္ စားေသာက္ကုန္ေဈးႏႈန္းမ်ား ျဖစ္လာမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
စားသုံးမႈႏွင့္ ထုတ္လုပ္မႈမ်ား မွ်တမည္ဆိုပါက ကုန္ေဈးႏႈန္းႀကီးျမင့္မႈကို ထိုက္သင့္သေလာက္ ထိန္းသိမ္းႏိုင္မည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ ရန္ကုန္ၿမိဳ႕တြင္ရွိသည့္ ေျမလြတ္ေျမ႐ိုင္းမ်ားကို စိုက္ပ်ိဳးေမြးျမဴေရးကုန္ထုတ္လုပ္ငန္းမ်ား အတြက္ အသုံးခ်သြားရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ေဒသတြင္း စားေသာက္မႈဖူလုံေရးေဆာင္႐ြက္သြားရန္လိုၿပီး လူတန္းစားမေ႐ြး စားေသာက္ႏိုင္ေရး စားေရရိကၡာဖူလုံေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။