ဂျပန်မှာ လှဲလျောင်းထိုင်ခုံတွေပါတဲ့ ပထမဆုံး ဘတ်စ်ကားဝန်ဆောင်မှု စတင်

 132

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၂

ဂျပန်နိုင်ငံမှာ ညအိပ်လဲလျောင်းလို့ရတဲ့ ထိုင်ခုံတွေပါဝင်တဲ့ ဘတ်စ်ကားဝန်ဆောင်မှုကို ဒီဇင်ဘာ ၆ ရက်က စတင်မိတ်ဆက်လိုက်ပါတယ်။ တိုကျိုမြို့မှ ၁ဝ နာရီခန့် မောင်းနှင်ရမယ့်ခရီးစဉ်တွေမှာ ခရီးသည်တွေ အပန်းဖြေ နိုင်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ဒီဝန်ဆောင်မှုကို ကိုချီစီရင်စုအခြေစိုက် ဘတ်စ်ကားအော်ပရေတာ Kochi Ekimae Kanko က မိတ်ဆက်ခဲ့ တာဖြစ်ပြီး လဲလျောင်းကာ ညအိပ်လိုက်ပါ စီးနင်းနိုင်တဲ့ ဘတ်စ်ကားစီးခြင်းဟာ ခရီးရှည်အတွက် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လေ့ရှိတဲ့ ဘတ်စ်ကားခရီးသွားတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ကာ ဝန်ဆောင်မှုကို စတင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘတ်စ်ကားမှာ ထိုင်ခုံတွေဟာ အိပ်ရာနှစ်ထပ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ လာမယ့် ဇန်နဝါရီလမှစ အဆိုပါဝန်ဆောင်မှုကို တစ်ပတ်ကို ဘတ်စ်ကားသုံးစီးမှ လေးစီး အထိ တိုးချဲ့သွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေကတော့ ထိုင်ခုံရရှိနိုင်မှုအပေါ် မူတည်ပြီး အောက်ဘက် အိပ်ယာထိုင်ခုံအတွက် ယန်း ၁၀၀၀၀ ခန့် ကုန်ကျပြီး အပေါ်ဘက်အိပ်ယာထိုင်ခုံအတွက် ယန်း ၁၂ဝဝဝ (သို့) အဲဒီထက်ပိုကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။ အိပ်ယာတစ်ခုစီဟာ အရှည် ၁၈ဝ စင်တီမီတာ၊ အကျယ် ၅၀ စင်တီမီတာခန့်ရှိပြီး စမတ်ဖုန်းအားသွင်းကိရိယာ၊ ကိုယ်ရေးကိုယ်တာကုလားကာတွေနဲ့ ဘေးကင်းရေး လက်ရန်း တွေ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။
အခြားဘတ်စ်ကားလုပ်ငန်းရှင်တွေလည်း အလားတူ ဝန်ဆောင်မှုပေးဆောင်နိုင်စေဖို့ ကုမ္ပဏီက လာမယ့် နွေဦးရာသီမှာ အိပ်ယာထိုင်ခုံတွေ ရောင်းချဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္မွာ လွဲေလ်ာင္းထိုင္ခုံေတြပါတဲ့ ပထမဆုံး ဘတ္စ္ကားဝန္ေဆာင္မႈ စတင္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၂
ဂ်ပန္ႏိုင္ငံမွာ ညအိပ္လဲေလ်ာင္းလို႔ရတဲ့ ထိုင္ခုံေတြပါဝင္တဲ့ ဘတ္စ္ကားဝန္ေဆာင္မႈကို ဒီဇင္ဘာ ၆ ရက္က စတင္မိတ္ဆက္လိုက္ပါတယ္။ တိုက်ိဳၿမိဳ႕မွ ၁ဝ နာရီခန႔္ ေမာင္းႏွင္ရမယ့္ခရီးစဥ္ေတြမွာ ခရီးသည္ေတြ အပန္းေျဖ ႏိုင္ေစဖို႔ ရည္႐ြယ္တယ္လို႔ သိရပါတယ္။
ဒီဝန္ေဆာင္မႈကို ကိုခ်ီစီရင္စုအေျခစိုက္ ဘတ္စ္ကားေအာ္ပေရတာ Kochi Ekimae Kanko က မိတ္ဆက္ခဲ့ တာျဖစ္ၿပီး လဲေလ်ာင္းကာ ညအိပ္လိုက္ပါ စီးနင္းႏိုင္တဲ့ ဘတ္စ္ကားစီးျခင္းဟာ ခရီးရွည္အတြက္ ႐ုပ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္ေလ့ရွိတဲ့ ဘတ္စ္ကားခရီးသြားေတြရဲ႕လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ေမွ်ာ္လင့္ကာ ဝန္ေဆာင္မႈကို စတင္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဘတ္စ္ကားမွာ ထိုင္ခုံေတြဟာ အိပ္ရာႏွစ္ထပ္အျဖစ္ ေျပာင္းလဲႏိုင္ပါတယ္။ လာမယ့္ ဇန္နဝါရီလမွစ အဆိုပါဝန္ေဆာင္မႈကို တစ္ပတ္ကို ဘတ္စ္ကားသုံးစီးမွ ေလးစီး အထိ တိုးခ်ဲ႕သြားမယ္လို႔ သိရပါတယ္။ ေဈးႏႈန္းေတြကေတာ့ ထိုင္ခုံရရွိႏိုင္မႈအေပၚ မူတည္ၿပီး ေအာက္ဘက္ အိပ္ယာထိုင္ခုံအတြက္ ယန္း ၁၀၀၀၀ ခန႔္ ကုန္က်ၿပီး အေပၚဘက္အိပ္ယာထိုင္ခုံအတြက္ ယန္း ၁၂ဝဝဝ (သို႔) အဲဒီထက္ပိုကုန္က်ႏိုင္တယ္လို႔ ဆိုပါတယ္။ အိပ္ယာတစ္ခုစီဟာ အရွည္ ၁၈ဝ စင္တီမီတာ၊ အက်ယ္ ၅၀ စင္တီမီတာခန႔္ရွိၿပီး စမတ္ဖုန္းအားသြင္းကိရိယာ၊ ကိုယ္ေရးကိုယ္တာကုလားကာေတြနဲ႔ ေဘးကင္းေရး လက္ရန္း ေတြ တပ္ဆင္ေပးထားတယ္လို႔ သိရပါတယ္။
အျခားဘတ္စ္ကားလုပ္ငန္းရွင္ေတြလည္း အလားတူ ဝန္ေဆာင္မႈေပးေဆာင္ႏိုင္ေစဖို႔ ကုမၸဏီက လာမယ့္ ေႏြဦးရာသီမွာ အိပ္ယာထိုင္ခုံေတြ ေရာင္းခ်ဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.