Bo Bo Tun
12/12/2025 17:46
မြန်မာ့လက်ရွေးစင် အဆက်ဆက် AFC A License နည်းပြတွေခန့်တယ်ဆိုတာ ။ ဟန်ပြ ကြိုးဆွဲသာသာရယ်ပါ။ ဘာလုပ်ပိုင်ခွင့်မှမယ်မယ်ရရ ရကြတာမဟုတ်ခဲ့ပါဘူး။ အဓိက လက်သင့်ရာ စားတော်ခေါ်နေကြတာ မန်နေဂျာတွေ၊ လထ နည်းပြတွေပါ။ ဆရာမွေး တပည့်မွေး ပုံစံနဲ့ခေါ်နေတဲ့အပြင်၊ အဓိက လူရွေးနေတာကိုက ဦးဇော်ဇော် ကိုယ်တိုင်ရယ်ပါ။ သူ့စိတ်ကြိုက် Squad ကို ဟန်ပြနည်းပြချုပ်က Listing လုပ်ပြီး ကစားကွက်ဖော်နေရတာပါပဲ။ ဥက္ကဌက Centralize လုပ်လွန်းတာ၊ မလုပ်မရှုပ် မပြုတ်လူတွေ ဘောလုံးအဖွဲ့ချုပ်မှာ ဥက္ကဌကို ဖားပြီးနေကြသူတွေ အများကြီးပါ။ လွန်ခဲ့တဲ့ ကိုဗစ်မတိုင်ခင်က အဖွဲ့ချုပ်အကြောင်း ဖော်ကောင်လုပ်မယ် လို့ ခြိမ်းခြောက်ခဲ့ရတဲ့ ဦးကြည်လွင်လိုလူမျိုးတောင် ဘာတွေဆက်ဖြစ်ခဲ့လဲ?? လုပ်ပွဲကိစ္စတွေဖြစ်ခဲ့တဲ့ MNL အသင်းတွေ ကိစ္စ ဘာတွေဆက်ဖြစ်ခဲ့လဲ? ဦးဇော်ဇော်အသိဆုံးပါ။ အဓိက ပြသနာက မာဖီးယား ဖွတ်ဘော ဖက်ဒရေးရှင်းဆန်ဆန်နဲ့ Right People, Right Position ကြောင့်ရယ်၊ FIFA ကရတဲ့ Project တွေကရတဲ့ Interest တွေကြောင့်ရယ်..ဆက်ပြောရရင်တော့..အကျိုးစီးပွားတွေရောပေါ့။ သေချာတာကတော့ ကမ္ဘာ့အကောင်းဆုံးတွေထဲမှာပါတဲ့ နည်းပြတွေဖြစ်တဲ့ ပတ်ဂွာဒီယိုလာတို့၊ မောရင်ညိုတို့ လိုလူမျိုးတွေခေါ်ပြီး၊ အမ်ဘာပေတို့၊ ဟာလန်းတို့၊ ဆာလာတို့ကို မွေးစားသားလုပ်ခိုင်းပြီး(ပိုက်ဆံပုံပေးပြီး ရောက်လာခဲ့ရင်တောင်) မြန်မာ့ဘောလုံးက ကျရှုံးနေမှာပဲ။ ဘာလို့လဲဆိုတော့ Right People,Right Position မှမဟုတ်တာ။