ထိုင်းရောက်မြန်မာလုပ်သားအချို့ လုပ်ငန်းခွင်အတွင်းဆုံးပါးမှုအတွက် လျော်ကြေးတောင်းရန် စာရွက်စာတမ်းအတုများဖြင့် ထောက်ခံစာလျှောက်ထားမှုများရှိနေ

 153

ထိုက်စံ (NP News) - ဒီဇင်ဘာ ၁၂
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအချို့ လုပ်ငန်းတွင်အတွင်း ကွယ်လွန်ဆုံးပါးမှုများအတွက် လျော်ကြေးငွေ တောင်းခံရန် စာရွက်စာတမ်းများအတုများဖြင့် ထောက်ခံစာလျှောက်ထားမှုများရှိနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယမန်နေ့( ဒီဇင်ဘာ ၁၁ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်း ခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်း နိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေး တောင်းခံ ခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိကြောင်း သံရုံးကဆိုသည်။
ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည် တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများ ရှိနေကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့် နိုဝင်ဘာ (၃)ရက်က ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ဆုံးပါးခဲ့သည့်မြန်မာလုပ်သားတစ်ဦးအတွက် ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိ မနှင်းချို ဆိုသူ အမျိုးသမီးတစ်ဦးက နိုဝင်ဘာ (၂၅) ရက်တွင် မြန်မာသံရုံး၌ ထောက်ခံစာ လာရောက် လျှောက်ထားခဲ့ရာ ၎င်းတင်ပြလာသောစာရွက်စာတမ်းပါ အချက်အလက်များအား မြန်မာသံရုံးရှိ မှတ်တမ်းနှင့် တိုက်ဆိုင်စိစစ်ခဲ့ရာ အချက်အလက်များကွဲလွဲနေကြောင်း စစ်ဆေးတွေ့ ရှိရကြောင်း သံရုံးက ဆိုသည်။
ထိုသို့ စစ်ဆေးတွေ့ ရှိရသဖြင့် ကာယကံရှင်ကိုယ်တိုင် စာရွက်စာတမ်း မူရင်းများနှင့်တကွ မြန်မာသံရုံး၌ ရောက် ရှင်းလင်းတင်ပြရန် မနှင်းချိုထံ ဆက်သွယ်အသိပေးခဲ့သော်လည်း ယနေ့တိုင် လာရောက်ဖြေရှင်း ခြင်းမရှိကြောင်း သိရသည်။
ထို့ကြောင်း မနှင်းချို အနေဖြင့် စာရွက်စာတမ်းမူရင်း များနှင့်တကွ မြန်မာသံရုံး (ဗန်ကောက်မြို့) သို့ အသိပေးကြေညာချက် ထုတ်ပြန်သည့်နေ့မှ စ၍ လာမည့် ဒီဇင်ဘာ (၁၉) ရက်နေ့အတွင်း လာရောက်ဖြေရှင်းရန် ထပ်မံ အသိပေးထားသည်။
အလားတူ စာရွက်စာတမ်းအတုအပ ကိုင်ဆောင်သူ၊ အတုအပပြုလုပ်ပေးသူများကို စစ်ဆေး တွေ့ရှိပါက မြန်မာသံရုံးအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်း၍ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်းကိုလည်း သံရုံးက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ထိုင္းေရာက္ျမန္မာလုပ္သားမ်ား လုပ္ငန္းခြင္အတြင္းဆုံးပါးမႈအတြက္ ေလ်ာ္ေၾကးေတာင္းရန္ စာ႐ြက္စာတမ္းအတုမ်ားျဖင့္ ေထာက္ခံစာေလွ်ာက္ထားမႈမ်ားရွိေန
ထိုက္စံ (NP News) - ဒီဇင္ဘာ ၁၂
ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ား လုပ္ငန္းတြင္အတြင္း ကြယ္လြန္ဆုံးပါးမႈမ်ားအတြက္ ေလ်ာ္ေၾကးေငြ ေတာင္းခံရန္ စာ႐ြက္စာတမ္းမ်ားအတုမ်ားျဖင့္ ေထာက္ခံစာေလွ်ာက္ထားမႈမ်ားရွိေနေၾကာင္း ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယမန္ေန႔( ဒီဇင္ဘာ ၁၁ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာအလုပ္သမားမ်ား ထိုင္းႏိုင္ငံတြင္ေရာက္ရွိ အလုပ္လုပ္ကိုင္ေနစဥ္အတြင္း လုပ္ငန္း ခြင္မေတာ္တဆမႈမ်ားအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြယ္လြန္ဆုံးပါးသြားပါက ထိုင္း ႏိုင္ငံအတြင္း ၎တို႔၏မိသားစုဝင္မ်ားမွ ရသင့္ရထိုက္သည့္ ေလ်ာ္ေၾကးေငြရရွိႏိုင္ေရးအတြက္ ၎တို႔တင္ျပလာေသာ စာ႐ြက္စာတမ္းမ်ားအား စိစစ္ၿပီး ျမန္မာသံ႐ုံးမွ ေလ်ာ္ေၾကး ေတာင္းခံ ျခင္းေထာက္ခံစာ ထုတ္ေပးလ်က္ရွိေၾကာင္း သံ႐ုံးကဆိုသည္။
ယင္းသို႔ ထုတ္ေပးလ်က္ရွိရာတြင္ အခ်ိဳ႕သည္ စာ႐ြက္စာတမ္းမ်ားအတုမ်ားျဖင့္ လိမ္လည္ တင္ျပ၍ ေလ်ာ္ေၾကးေငြ ေတာင္းခံျခင္းအတြက္ေထာက္ခံစာ လာေရာက္ေလွ်ာက္ထားမႈမ်ား ရွိေနေၾကာင္း ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အတူ ထိုင္းႏိုင္ငံ၌ ၿပီးခဲ့သည့္ ႏိုဝင္ဘာ (၃)ရက္က ယာဥ္မေတာ္တဆမႈေၾကာင့္ ကြယ္လြန္ဆုံးပါးခဲ့သည့္ျမန္မာလုပ္သားတစ္ဦးအတြက္ ရသင့္ရထိုက္သည့္ ေလ်ာ္ေၾကးေငြရရွိ မႏွင္းခ်ိဳ ဆိုသူ အမ်ိဳးသမီးတစ္ဦးက ႏိုဝင္ဘာ (၂၅) ရက္တြင္ ျမန္မာသံ႐ုံး၌ ေထာက္ခံစာ လာေရာက္ ေလွ်ာက္ထားခဲ့ရာ ၎တင္ျပလာေသာစာ႐ြက္စာတမ္းပါ အခ်က္အလက္မ်ားအား ျမန္မာသံ႐ုံးရွိ မွတ္တမ္းႏွင့္ တိုက္ဆိုင္စိစစ္ခဲ့ရာ အခ်က္အလက္မ်ားကြဲလြဲေနေၾကာင္း စစ္ေဆးေတြ႕ ရွိရေၾကာင္း သံ႐ုံးက ဆိုသည္။
ထိုသို႔ စစ္ေဆးေတြ႕ ရွိရသျဖင့္ ကာယကံရွင္ကိုယ္တိုင္ စာ႐ြက္စာတမ္း မူရင္းမ်ားႏွင့္တကြ ျမန္မာသံ႐ုံး၌ ေရာက္ ရွင္းလင္းတင္ျပရန္ မႏွင္းခ်ိဳထံ ဆက္သြယ္အသိေပးခဲ့ေသာ္လည္း ယေန႔တိုင္ လာေရာက္ေျဖရွင္း ျခင္းမရွိေၾကာင္း သိရသည္။
ထို႔ေၾကာင္း မႏွင္းခ်ိဳ အေနျဖင့္ စာ႐ြက္စာတမ္းမူရင္း မ်ားႏွင့္တကြ ျမန္မာသံ႐ုံး (ဗန္ေကာက္ၿမိဳ႕) သို႔ အသိေပးေၾကညာခ်က္ ထုတ္ျပန္သည့္ေန႔မွ စ၍ လာမည့္ ဒီဇင္ဘာ (၁၉) ရက္ေန႔အတြင္း လာေရာက္ေျဖရွင္းရန္ ထပ္မံ အသိေပးထားသည္။
အလားတူ စာ႐ြက္စာတမ္းအတုအပ ကိုင္ေဆာင္သူ၊ အတုအပျပဳလုပ္ေပးသူမ်ားကို စစ္ေဆး ေတြ႕ရွိပါက ျမန္မာသံ႐ုံးအေနျဖင့္ သက္ဆိုင္ရာ အာဏာပိုင္မ်ားႏွင့္ပူးေပါင္း၍ လိုအပ္သည့္ အေရးယူေဆာင္႐ြက္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ပါေၾကာင္းကိုလည္း သံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.