ဂျပန်နိုင်ငံရှိ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုက ရေခဲသေတ္တာထဲမှာ အပိုင်းပိုင်းဖြတ်ထားတဲ့ကလေးငယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ရှိ

332

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၂
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဆူမီဒါရပ်ကွက်ရှိ အရွယ်ရောက်ပြီးသူတွေအတွက် သီးသန့်ဖျော်ဖြေရေးလုပ်ငန်းတစ်ခု ရဲ့ရေခဲသေတ္တာထဲမှာ ကလေးငယ်တစ်ဦးရဲ့ဦးခေါင်း၊ လက်မောင်းနဲ့ ခြေထောက်အပိုင်းအစတွေကို တွေ့ရှိခဲ့ရတယ် လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဒီအကြောင်းကို ဒီဇင်ဘာလ ၆ ရက် ဒေသစံတော်ချိန် ည ၉ နာရီ (စင်ကာပူစံတော်ချိန် ည ၈ နာရီ) ခန့်မှာ လုပ်ငန်းမှ ဝန်ထမ်းတစ်ဦးက ရေခဲသေတ္တတာထဲမှာ ကလေးငယ်ဦးခေါင်းနဲ့တူတဲ့အရာတစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဆိုကာ တိုကျိုရဲတပ်ဖွဲ့ဆီ ဖုန်းခေါ်ဆို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ကနဦးစုံစမ်းစစ်ဆေးမှုတွေ ပြုလု ပ်ခဲ့ပြီး အဆောက်အအုံကို ရှာဖွေစဉ်မှာ ရေခဲသေတ္တာထဲက ပလတ်စတစ်အိတ်နဲ့ထည့်ထားတဲ့ဦးခေါင်းကို တွေ့ရှိခဲ့ပါ တယ်။ အဲဒီခေါင်းပြတ်အောက်က အစားအစာထည့်တဲ့ ဘူးတစ်ခုထဲမှာတော့ ကလေးရဲ့လက်နဲ့ ခြေထောက် အပိုင်းအစတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးနေတဲ့ကလေးငယ်ဟာ အသက်တစ်နှစ်အောက် အရွယ်ပဲ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
လက်ရှိတော့ ကလေးရဲ့အမည်နဲ့ ဘယ်လိုသေဆုံးခဲ့တယ်၊ ဘာအတွက်နဲ့ အင်္ဂါအစိတ်အပိုင်းတွေကို သိမ်းဆည်းထားတယ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံရွိ ေဖ်ာ္ေျဖေရးလုပ္ငန္းတစ္ခုက ေရခဲေသတၱာထဲမွာ အပိုင္းပိုင္းျဖတ္ထားတဲ့ကေလးငယ္ခႏၶာကိုယ္ အစိတ္အပိုင္းေတြ ေတြ႕ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၂
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ ဆူမီဒါရပ္ကြက္ရွိ အ႐ြယ္ေရာက္ၿပီးသူေတြအတြက္ သီးသန႔္ေဖ်ာ္ေျဖေရးလုပ္ငန္းတစ္ခု ရဲ႕ေရခဲေသတၱာထဲမွာ ကေလးငယ္တစ္ဦးရဲ႕ဦးေခါင္း၊ လက္ေမာင္းနဲ႔ ေျခေထာက္အပိုင္းအစေတြကို ေတြ႕ရွိခဲ့ရတယ္ လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
ဒီအေၾကာင္းကို ဒီဇင္ဘာလ ၆ ရက္ ေဒသစံေတာ္ခ်ိန္ ည ၉ နာရီ (စင္ကာပူစံေတာ္ခ်ိန္ ည ၈ နာရီ) ခန႔္မွာ လုပ္ငန္းမွ ဝန္ထမ္းတစ္ဦးက ေရခဲေသတၱတာထဲမွာ ကေလးငယ္ဦးေခါင္းနဲ႔တူတဲ့အရာတစ္ခုကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုကာ တိုက်ိဳရဲတပ္ဖြဲ႕ဆီ ဖုန္းေခၚဆို တိုင္ၾကားခဲ့တာျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕က ကနဦးစုံစမ္းစစ္ေဆးမႈေတြ ျပဳလု ပ္ခဲ့ၿပီး အေဆာက္အအုံကို ရွာေဖြစဥ္မွာ ေရခဲေသတၱာထဲက ပလတ္စတစ္အိတ္နဲ႔ထည့္ထားတဲ့ဦးေခါင္းကို ေတြ႕ရွိခဲ့ပါ တယ္။ အဲဒီေခါင္းျပတ္ေအာက္က အစားအစာထည့္တဲ့ ဘူးတစ္ခုထဲမွာေတာ့ ကေလးရဲ႕လက္နဲ႔ ေျခေထာက္ အပိုင္းအစေတြကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ေသဆုံးေနတဲ့ကေလးငယ္ဟာ အသက္တစ္ႏွစ္ေအာက္ အ႐ြယ္ပဲ ရွိမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။
လက္ရွိေတာ့ ကေလးရဲ႕အမည္နဲ႔ ဘယ္လိုေသဆုံးခဲ့တယ္၊ ဘာအတြက္နဲ႔ အဂၤါအစိတ္အပိုင္းေတြကို သိမ္းဆည္းထားတယ္ဆိုတာကိုေတာ့ စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ပါတယ္။