စင်ကာပူမှာ Kpod ကိုင်ဆောင်မှုကြောင့် မြန်မာနိုင်ငံသားတစ်ဦး ရေရှည်နေထိုင်ခွင့် ဆုံးရှုံး

 80

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၂

စင်ကာပူနိုင်ငံမှာ တရားမဝင် Kpod (e-vaporiser pod) ပိုင်ဆိုင်ထားရှိမှုနဲ့ မြန်မာနိုင်ငံသား အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ စင်ကာပူမှာ ရေရှည်နေထိုင်ခွင့်ဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ စင်ကာပူမှာ Kpod ကိုင်ဆောင်မှုကြောင့် ကာလရှည်ကြာ နေထိုင်ခွင့်ဆုံးရှုံးခဲ့ရတဲ့ ပထမဆုံးနိုင်ငံခြားသားဖြစ်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်က ရဲအရာရှိတွေရဲ့ပုံမှန်စစ်ဆေးမှုတစ်ခုအတွင်းမှာ မူးယစ်ဆေးဝါး ပါဝင်တဲ့ vape pod တစ်ခုကို သူမရဲ့ပိုင်ဆိုင်မှုအဖြစ်တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန (MHA) နဲ့ ကျန်းမာရေးသိပ္ပံအာဏာပိုင် (HSA) တို့က တနင်္လာနေ့ (ဒီဇင်ဘာ ၈ ရက်) ပူးတွဲသတင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားပါတယ်။
အခြား စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် သူမကို လတ်တလော နေထိုင်ခွင့် အထူးလက်မှတ် ထုတ်ပေး ထားတယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးမှုပြီးရင်တော့ သူမကို စင်ကာပူနိုင်ငံဝင်ခွင့် ပိတ်ပင်သွားမယ်လို့ သိရပါတယ်။
စင်ကာပူမှာ စက်တင်ဘာ ၁ ရက်ကစ အသက်ဝင်တဲ့ vaping ဆန့်ကျင်ရေး မူဘောင်အရ Kpods လက်ဝယ် ထားရှိခြင်း (သို့) အသုံးပြုခြင်အတွက် ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေ (သို့) etomidate အတွက် ပိုးတွေ့ရှိသူတွေ ဟာ လူဝင်မှုကြီးကြပ်ရေးစာရွက်စာတမ်း ရုပ်သိမ်းခံရနိုင်ပြီး စင်ကာပူနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် ဆုံးရှုံးနိုင်ပါ တယ်။

Zawgyi Version:
စင္ကာပူမွာ Kpod ကိုင္ေဆာင္မႈေၾကာင့္ ျမန္မာႏိုင္ငံသားတစ္ဦး ေရရွည္ေနထိုင္ခြင့္ ဆုံးရႈံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၂
စင္ကာပူႏိုင္ငံမွာ တရားမဝင္ Kpod (e-vaporiser pod) ပိုင္ဆိုင္ထားရွိမႈနဲ႔ ျမန္မာႏိုင္ငံသား အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးဟာ စင္ကာပူမွာ ေရရွည္ေနထိုင္ခြင့္ဆုံးရႈံးခဲ့ပါတယ္။ ဒါဟာ စင္ကာပူမွာ Kpod ကိုင္ေဆာင္မႈေၾကာင့္ ကာလရွည္ၾကာ ေနထိုင္ခြင့္ဆုံးရႈံးခဲ့ရတဲ့ ပထမဆုံးႏိုင္ငံျခားသားျဖစ္ပါတယ္။
ႏိုဝင္ဘာ ၁၄ ရက္က ရဲအရာရွိေတြရဲ႕ပုံမွန္စစ္ေဆးမႈတစ္ခုအတြင္းမွာ မူးယစ္ေဆးဝါး ပါဝင္တဲ့ vape pod တစ္ခုကို သူမရဲ႕ပိုင္ဆိုင္မႈအျဖစ္ေတြ႕ရွိခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန (MHA) နဲ႔ က်န္းမာေရးသိပၸံအာဏာပိုင္ (HSA) တို႔က တနလၤာေန႔ (ဒီဇင္ဘာ ၈ ရက္) ပူးတြဲသတင္းထုတ္ျပန္ခ်က္တစ္ခုမွာ ေျပာၾကားပါတယ္။
အျခား စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ႏိုင္ေရးအတြက္ သူမကို လတ္တေလာ ေနထိုင္ခြင့္ အထူးလက္မွတ္ ထုတ္ေပး ထားတယ္လို႔ သိရပါတယ္။ စုံစမ္းစစ္ေဆးမႈၿပီးရင္ေတာ့ သူမကို စင္ကာပူႏိုင္ငံဝင္ခြင့္ ပိတ္ပင္သြားမယ္လို႔ သိရပါတယ္။
စင္ကာပူမွာ စက္တင္ဘာ ၁ ရက္ကစ အသက္ဝင္တဲ့ vaping ဆန႔္က်င္ေရး မူေဘာင္အရ Kpods လက္ဝယ္ ထားရွိျခင္း (သို႔) အသုံးျပဳျခင္အတြက္ ဖမ္းဆီးခံရတဲ့ ႏိုင္ငံျခားသားေတြ (သို႔) etomidate အတြက္ ပိုးေတြ႕ရွိသူေတြ ဟာ လူဝင္မႈႀကီးၾကပ္ေရးစာ႐ြက္စာတမ္း ႐ုပ္သိမ္းခံရႏိုင္ၿပီး စင္ကာပူႏိုင္ငံကို ျပန္လည္ဝင္ေရာက္ခြင့္ ဆုံးရႈံးႏိုင္ပါ တယ္။

Related news

© 2021. All rights reserved.