ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ မီးခိုးမြူ ထူထပ်စွာကျရောက်မှုကြောင့် စက်ရုံတွေကို ထုတ်လုပ်မှုလျှော့ချဖို့ တိုက်တွန်း

85

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၂
ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ သီတင်းတစ်ပတ်ကြာထိ မီးခိုးမြူတွေ ထူထပ်စွာ ကျရောက်နေတဲ့ ဖြစ်စဉ်ကြောင့် မြို့ရှိ စက်မှုလုပ်ငန်းစက်ရုံတွေကို လုပ်ငန်းလည်ပတ်မှုတွေ လျှော့ချဖို့ အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။
ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အစောပိုင်းက PM2.5 လို့ လူသိများတဲ့ အန္တရာယ်ရှိ အမှုန်အမွှားငယ် ပမာဏကို တိုင်းတာတဲ့ အညွှန်းကိန်းအရ လေထုအရည်အသွေးညွှန်းကိန်း (AQI) ၂၀၀ ထက်ကျော်လွန်နေခဲ့တာကြောင့် လျှပ်စစ်ဓာတ်အား၊ သံမဏိနဲ့ ဓာတုဗေဒစက်ရုံတွေကို ထုတ်လုပ်မှု လျှော့ချဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၁ ရက် မွန်းတည့်ချိန်မှာ AQI အဆင့်ဟာ ၂၄၃ ထိ ရောက်ရှိနေခဲ့ပြီး ဟနွိုင်းမြို့ဟာ ကမ္ဘာ့လေထူ အညစ်ညမ်းဆုံးမြို့တွေစာရင်းမှာ စတုတ္ထနေရာ ရောက်ရှိခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ၊ မြို့ပြဖွံ့ဖြိုးရေးဒေသတွင်း ထုတ်လုပ်ရေး ဗဟိုချက်တစ်ခုဖြစ်တဲ့ ဟနွိုင်းဟာ ပြင်းထန် လေထုညစ်ညမ်းမှုကိုကြုံတွေ့နေရတာ နှစ်တိုင်းလိုလိုဖြစ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့တွေထဲမှာ ဟနွိုင်းက ပထမဖြစ်ခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းထုတ်လုပ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အမှိုက်နဲ့ စိုက်ပျိုးရေး အကြွင်းအကျန်တွေကို မီးရှို့ခြင်းဟာ လေထုညစ်ညမ်းမှုရဲ့အဓိကရင်းမြစ်တွေဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ "ဟနွိုင်းမှာ ဓာတ်ဆီသုံး မော်တော်ဆိုင်ကယ်တွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး အဲဒါကလည်း လေထု ညစ်ညမ်းမှုရဲ့အဓိကရင်းမြစ်တစ်ခု ဖြစ်စေတယ်" လို့ မြို့တော်ရဲ့ စိုက်ပျိုးရေးနဲ့ ပတ်ဝန်းကျင်ဌာနမှ အရာရှိ လီသန်သွေက ပြောကြားပါတယ်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် မြို့တော်ဟာ ၂ဝ၂၆ ခုနှစ်လယ်မှစ မြို့လယ်ခေါင်နေရာတွေမှာ ဓာတ်ဆီသုံး မော်တော်ဆိုင်ကယ်တွေကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ဖို့လည်း ရည်မှန်း ထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕မွာ မီးခိုးျမဴ ထူထပ္စြာက်ေရာက္မႈေၾကာင့္ စက္႐ုံေတြကို ထုတ္လုပ္မႈေလွ်ာ့ခ်ဖို႔ တိုက္တြန္း
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၂
ဗီယက္နမ္ႏိုင္ငံ ၿမိဳ႕ေတာ္ ဟႏြိဳင္းမွာ သီတင္းတစ္ပတ္ၾကာထိ မီးခိုးျမဴေတြ ထူထပ္စြာ က်ေရာက္ေနတဲ့ ျဖစ္စဥ္ေၾကာင့္ ၿမိဳ႕ရွိ စက္မႈလုပ္ငန္းစက္႐ုံေတြကို လုပ္ငန္းလည္ပတ္မႈေတြ ေလွ်ာ့ခ်ဖို႔ အာဏာပိုင္ေတြက တိုက္တြန္းလိုက္ပါတယ္။
ဗီယက္နမ္ က်န္းမာေရးဝန္ႀကီးဌာနက ယခုသီတင္းပတ္အေစာပိုင္းက PM2.5 လို႔ လူသိမ်ားတဲ့ အႏၲရာယ္ရွိ အမႈန္အမႊားငယ္ ပမာဏကို တိုင္းတာတဲ့ အၫႊန္းကိန္းအရ ေလထုအရည္အေသြးၫႊန္းကိန္း (AQI) ၂၀၀ ထက္ေက်ာ္လြန္ေနခဲ့တာေၾကာင့္ လွ်ပ္စစ္ဓာတ္အား၊ သံမဏိနဲ႔ ဓာတုေဗဒစက္႐ုံေတြကို ထုတ္လုပ္မႈ ေလွ်ာ့ခ်ဖို႔ တိုက္တြန္းခဲ့တယ္လို႔ ဆိုပါတယ္။ ဒီဇင္ဘာ ၁၁ ရက္ မြန္းတည့္ခ်ိန္မွာ AQI အဆင့္ဟာ ၂၄၃ ထိ ေရာက္ရွိေနခဲ့ၿပီး ဟႏြိဳင္းၿမိဳ႕ဟာ ကမာၻ႔ေလထူ အညစ္ညမ္းဆုံးၿမိဳ႕ေတြစာရင္းမွာ စတုတၳေနရာ ေရာက္ရွိခဲ့ပါတယ္။ အေရွ႕ေတာင္အာရွႏိုင္ငံ၊ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးေဒသတြင္း ထုတ္လုပ္ေရး ဗဟိုခ်က္တစ္ခုျဖစ္တဲ့ ဟႏြိဳင္းဟာ ျပင္းထန္ ေလထုညစ္ညမ္းမႈကိုႀကဳံေတြ႕ေနရတာ ႏွစ္တိုင္းလိုလိုျဖစ္ေနၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလကလည္း ကမာၻ႔ေလထု အညစ္ညမ္းဆုံးၿမိဳ႕ေတြထဲမွာ ဟႏြိဳင္းက ပထမျဖစ္ခဲ့ပါတယ္။
သယ္ယူပို႔ေဆာင္ေရး၊ စက္မႈလုပ္ငန္းထုတ္လုပ္မႈ၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ အမႈိက္နဲ႔ စိုက္ပ်ိဳးေရး အႂကြင္းအက်န္ေတြကို မီးရႈိ႕ျခင္းဟာ ေလထုညစ္ညမ္းမႈရဲ႕အဓိကရင္းျမစ္ေတြျဖစ္တယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။ "ဟႏြိဳင္းမွာ ဓာတ္ဆီသုံး ေမာ္ေတာ္ဆိုင္ကယ္ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳၾကၿပီး အဲဒါကလည္း ေလထု ညစ္ညမ္းမႈရဲ႕အဓိကရင္းျမစ္တစ္ခု ျဖစ္ေစတယ္" လို႔ ၿမိဳ႕ေတာ္ရဲ႕ စိုက္ပ်ိဳးေရးနဲ႔ ပတ္ဝန္းက်င္ဌာနမွ အရာရွိ လီသန္ေသြက ေျပာၾကားပါတယ္။ သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမႈေတြေၾကာင့္ ၿမိဳ႕ေတာ္ဟာ ၂ဝ၂၆ ခုႏွစ္လယ္မွစ ၿမိဳ႕လယ္ေခါင္ေနရာေတြမွာ ဓာတ္ဆီသုံး ေမာ္ေတာ္ဆိုင္ကယ္ေတြကို တစ္စိတ္တစ္ပိုင္း ပိတ္ပင္ဖို႔လည္း ရည္မွန္း ထားတယ္လို႔ သိရပါတယ္။