အမေရိကန်နိုင်ငံမှာ တစ်နှစ်တာအတွင်း ဒုတိယအကြိမ် ဝက်သက်ရောဂါ ကူးစက်မှုပြန်ဖြစ်နေ

 64

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၂

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာနမှ ဒီဇင်ဘာ (၁၁) ရက်က ထုတ်ပြန်ခဲ့တဲ့အချက် အလက်တွေအရ ပြီးခဲ့တဲ့သီတင်းပတ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝက်သက်ရောဂါဖြစ်ပွားမှုအသစ် (၈၄) ခု တွေ့ရှိရတယ်လို့ သိရပါတယ်။
ဒီနှစ် ဧပြီလကလည်း အနောက်တက္ကဆက်မှာ ဝက်သက်ရောဂါကူးစက်မှုတွေ ရာချီတွေ့ခဲ့ရပြီး သြဂုတ်လ လယ်ပိုင်းမှာ ရောဂါကူးစက်မှုတွေ တဖြတ်ရပ်တန့်သွားခဲ့တာပါ။ အဲဒီနောက် ယခု နှစ်ကုန်ပိုင်းမှာမှ ကူးစက်မှု အသစ်တွေ ထပ်မံတွေ့ရှိလာရတာဖြစ်ပါတယ်။ ယခု တောင်ကယ်ရိုလိုင်းနားမှာ ကူးစက်မှုတွေ မြင်တွေ့လာရတာ ဖြစ်ပြီး ကူးစက်ခံရမှု အရေအတွက် အလျင်အမြန် တိုးပွားလာနေတာကြောင့် လူ ၂၅၀ ကျော်ထိ ကူးစက်ခံရနိုင်ခြေ ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးအရာရှိတွေက ဆိုပါတယ်။
တောင်ကယ်ရိုလိုင်းနားမှာ လက်ရှိ ဝက်သက်ရောဂါဖြစ်ပွားမှု ၁၁၁ ခု ရှိနေပြီဖြစ်ပြီး အနည်းဆုံး ၁ဝ၅ ခုဟာ ဝက်သက်-ပါးချိတ်-ရူဘယ်လာ (MMR) ကာကွယ်ဆေး တစ်ခါမှ မထိုးဖူးသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါဟာ အမေရိကန်မှာ ဝက်သက်ရောဂါဖြစ်ပွားမှု စံချိန်တင်တဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်ပြီး ယခုနှစ်အတွက် ကူးစက်ခံရသူ ၁၉၀၀ ကျော်ရှိတယ်လို့ CDC အချက်အလက်တွေအရ သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ တစ္ႏွစ္တာအတြင္း ဒုတိယအႀကိမ္ ဝက္သက္ေရာဂါ ကူးစက္မႈျပန္ျဖစ္ေန
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၂
အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ကာကြယ္ေရးဌာနမွ ဒီဇင္ဘာ (၁၁) ရက္က ထုတ္ျပန္ခဲ့တဲ့အခ်က္ အလက္ေတြအရ ၿပီးခဲ့တဲ့သီတင္းပတ္က တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဝက္သက္ေရာဂါျဖစ္ပြားမႈအသစ္ (၈၄) ခု ေတြ႕ရွိရတယ္လို႔ သိရပါတယ္။
ဒီႏွစ္ ဧၿပီလကလည္း အေနာက္တကၠဆက္မွာ ဝက္သက္ေရာဂါကူးစက္မႈေတြ ရာခ်ီေတြ႕ခဲ့ရၿပီး ၾသဂုတ္လ လယ္ပိုင္းမွာ ေရာဂါကူးစက္မႈေတြ တျဖတ္ရပ္တန႔္သြားခဲ့တာပါ။ အဲဒီေနာက္ ယခု ႏွစ္ကုန္ပိုင္းမွာမွ ကူးစက္မႈ အသစ္ေတြ ထပ္မံေတြ႕ရွိလာရတာျဖစ္ပါတယ္။ ယခု ေတာင္ကယ္႐ိုလိုင္းနားမွာ ကူးစက္မႈေတြ ျမင္ေတြ႕လာရတာ ျဖစ္ၿပီး ကူးစက္ခံရမႈ အေရအတြက္ အလ်င္အျမန္ တိုးပြားလာေနတာေၾကာင့္ လူ ၂၅၀ ေက်ာ္ထိ ကူးစက္ခံရႏိုင္ေျခ ရွိတယ္လို႔ ျပည္နယ္က်န္းမာေရးအရာရွိေတြက ဆိုပါတယ္။
ေတာင္ကယ္႐ိုလိုင္းနားမွာ လက္ရွိ ဝက္သက္ေရာဂါျဖစ္ပြားမႈ ၁၁၁ ခု ရွိေနၿပီျဖစ္ၿပီး အနည္းဆုံး ၁ဝ၅ ခုဟာ ဝက္သက္-ပါးခ်ိတ္-႐ူဘယ္လာ (MMR) ကာကြယ္ေဆး တစ္ခါမွ မထိုးဖူးသူေတြျဖစ္တယ္လို႔ သိရပါတယ္။
ဒါဟာ အေမရိကန္မွာ ဝက္သက္ေရာဂါျဖစ္ပြားမႈ စံခ်ိန္တင္တဲ့ ႏွစ္တစ္ႏွစ္လို႔ ဆိုႏိုင္ၿပီး ယခုႏွစ္အတြက္ ကူးစက္ခံရသူ ၁၉၀၀ ေက်ာ္ရွိတယ္လို႔ CDC အခ်က္အလက္ေတြအရ သိရပါတယ္။

Related news

© 2021. All rights reserved.