Basel AML Index 2025 အရ မြန်မာနိုင်ငံအား အဆင့်သတ်မှတ်ဖော်ပြချက်အပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်

 471

Pearl (NP News) - ဒီဇင်ဘာ ၁၂
Basel Institute on Governance ၏ Basel AML Index 2025 အရ မြန်မာနိုင်ငံအား အဆင့်သတ်မှတ်ဖော်ပြချက်အပေါ် ကန့်ကွက်ကြောင်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၁၁ရက်) က ထုတ်ပြန်ထားသည်။
ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံ အနက် ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် FATF မှထုတ်ပြန်ထားသည့် Methodology ပါ သတ်မှတ်ချက်များအား လိုက်နာ၍ AML/ CFT/ CPF ဆိုင်ရာများကို လိုက်နာဆောင်ရွက်သော်လည်း ဆောင်ရွက်ရန် ကျန်ရှိသည့်အစီအမံ များအား ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှင့် အခြားဆက်စပ်အခြေအနေများကြောင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်ရန် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အလေးထား စိစစ်မှုများပြုလုပ်ရန်နှင့် တိုးမြှင့်အရေးယူဆောင်ရွက်မှု မပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံ နှင့် ဒေသများ ( (EDD) - and not countermeasures) စာရင်းသို့ ပြောင်းလဲထည့်သွင်းခြင်း ခံခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့ကဲ့သို့ Countermeasure (Black List) စာရင်းတွင် ပါဝင်ခြင်းမဟုတ်ဘဲ EDD ကို ပိုမိုဆောင်ရွက်ရန်သာ စာရင်းတွင် ထည့်သွင်း ခံခဲ့ရကြောင်း သိရသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ကျင်းပခဲ့သည့် FATF မျက်နှာစုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement) တွင် မြန်မာနိုင်ငံသည် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက် ယခင် (၈) ချက်ရှိရာမှ (၄) ချက်သာကျန်ရှိခဲ့ပြီး အလေးထား စိစစ်မှုများတိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence)စာရင်း တွင်သာ ဆက်လက်ထားရှိခဲ့ကြောင်း သိရသည်။
ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးသည့် အချက် (၄)ချက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက Timeline များ ချမှတ်ပြီး အထူးအလေးထားဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Basel AMLIndex 2025 အရ နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံအနက် လာအိုအား အမှတ်စဉ် ၇ တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံအား အမှတ်စဉ် ၁၉ တွင်လည်းကောင်း၊ နီပေါနိုင်ငံအား အမှတ်စဉ် ၄၉ တွင်လည်းကောင်း ဖော်ပြထားသော်လည်း ကိုရီးယား နိုင်ငံနှင့် အီရန်နိုင်ငံတို့ ပါဝင်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် FATF ကဲ့သို့ခိုင်မာသည့် နိုင်ငံတကာ လိုက်နာဆောင်ရွက်ရန်လိုအပ်သော စံနှုန်းသတ်မှတ်ချက်များနှင့် Methodology များချမှတ်ပြီး အကဲဖြတ်ဆောင်ရွက်ခဲ့ခြင်းမရှိ ကြောင်း တွေ့ရသည်ဟု ဆိုသည်။
ထို့ကြောင့် Basel AML Index 2025 ထုတ်ပြန်ချက်သည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် ဒေသများအားလုံးပေါ် လွှမ်းခြုံခြင်းမရှိသည့်အပြင် နိုင်ငံနှင့် ဒေသများအားလုံး ပါဝင်ခြင်းမရှိသည်ကိုလည်း တွေ့ရကြောင်းနှင့် FATF, APG တို့ကဲ့သို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကို ရှေ့တန်းမှ စံနှုန်းချမှတ်လေ့လာသုံးသပ်နေသည့် အဖွဲ့အစည်းများ၏ အကဲဖြတ်ချက်များကိုအခြေမခံဘဲ နိုင်ငံရေးနှင့်စီးပွားရေး တည်ငြိမ်မှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများကို မျက်ကွယ်ပြု၍ FATF နှင့် မြန်မာနိုင်ငံအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်နေမှုများကို သေချာစွာသုံးသပ်ခြင်းမရှိဘဲ ထိခိုက်စေရန်ရေးသား ထုတ်ပြန်နေမှုကို ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
Basel AML Index 2025 အရ ျမန္မာႏိုင္ငံအား အဆင့္သတ္မွတ္ေဖာ္ျပခ်က္အေပၚ ကန႔္ကြက္ေၾကာင္း ထုတ္ျပန္
Pearl (NP News) - ဒီဇင္ဘာ ၁၂
Basel Institute on Governance ၏ Basel AML Index 2025 အရ ျမန္မာႏိုင္ငံအား အဆင့္သတ္မွတ္ေဖာ္ျပခ်က္အေပၚ ကန႔္ကြက္ေၾကာင္း ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးလုပ္ငန္းအဖြဲ႕က ယမန္ေန႔ (ဒီဇင္ဘာ ၁၁ရက္) က ထုတ္ျပန္ထားသည္။
ဆြစ္ဇာလန္ႏိုင္ငံအေျခစိုက္ International Non-profit Organization တစ္ခုျဖစ္သည့္ Basel Institute on Governance က ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း ထုတ္ျပန္ခဲ့သည့္ Basel AML Index 2025 အရ ျမန္မာႏိုင္ငံသည္ ႏိုင္ငံႏွင့္ ေဒသေပါင္း ၁၇၇ ႏိုင္ငံ အနက္ ဆုံးရႈံးႏိုင္ေျချမင့္မားေသာႏိုင္ငံစာရင္းတြင္ နံပါတ္ ၁ ႏိုင္ငံအျဖစ္ သတ္မွတ္ေဖာ္ျပခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ FATF မွထုတ္ျပန္ထားသည့္ Methodology ပါ သတ္မွတ္ခ်က္မ်ားအား လိုက္နာ၍ AML/ CFT/ CPF ဆိုင္ရာမ်ားကို လိုက္နာေဆာင္႐ြက္ေသာ္လည္း ေဆာင္႐ြက္ရန္ က်န္ရွိသည့္အစီအမံ မ်ားအား ကိုဗစ္ ၁၉ ကူးစက္ေရာဂါျဖစ္ပြားမႈႏွင့္ အျခားဆက္စပ္အေျခအေနမ်ားေၾကာင့္ သတ္မွတ္ကာလအတြင္း ၿပီးေျမာက္ရန္ ေဆာင္႐ြက္ႏိုင္ျခင္းမရွိသျဖင့္ ၂ဝ၂၂ ခုႏွစ္၊ ေအာက္တိုဘာလတြင္ အေလးထား စိစစ္မႈမ်ားျပဳလုပ္ရန္ႏွင့္ တိုးျမႇင့္အေရးယူေဆာင္႐ြက္မႈ မျပဳလုပ္ရန္ ေတာင္းဆိုျခင္းခံရသည့္ ႏိုင္ငံ ႏွင့္ ေဒသမ်ား ( (EDD) - and not countermeasures) စာရင္းသို႔ ေျပာင္းလဲထည့္သြင္းျခင္း ခံခဲ့ရေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသည္ ေျမာက္ကိုရီးယားႏွင့္ အီရန္ႏိုင္ငံတို႔ကဲ့သို႔ Countermeasure (Black List) စာရင္းတြင္ ပါဝင္ျခင္းမဟုတ္ဘဲ EDD ကို ပိုမိုေဆာင္႐ြက္ရန္သာ စာရင္းတြင္ ထည့္သြင္း ခံခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕၌က်င္းပခဲ့သည့္ FATF မ်က္ႏွာစုံညီ အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္ (Statement) တြင္ ျမန္မာႏိုင္ငံသည္ လိုက္နာအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ အႀကံျပဳခ်က္ ယခင္ (၈) ခ်က္ရွိရာမွ (၄) ခ်က္သာက်န္ရွိခဲ့ၿပီး အေလးထား စိစစ္မႈမ်ားတိုးျမႇင့္ေဆာင္႐ြက္ရန္ (Enhanced Due Diligence)စာရင္း တြင္သာ ဆက္လက္ထားရွိခဲ့ေၾကာင္း သိရသည္။
ဆက္လက္အေကာင္အထည္ေဖာ္ရန္ က်န္ရွိေနေသးသည့္ အခ်က္ (၄)ခ်က္ကိုလည္း သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက Timeline မ်ား ခ်မွတ္ၿပီး အထူးအေလးထားေဆာင္႐ြက္ႏိုင္ရန္ ေပါင္းစပ္ညႇိႏႈိင္း၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
Basel AMLIndex 2025 အရ ႏိုင္ငံႏွင့္ ေဒသေပါင္း ၁၇၇ ႏိုင္ငံအနက္ လာအိုအား အမွတ္စဥ္ ၇ တြင္လည္းေကာင္း၊ ဗီယက္နမ္ႏိုင္ငံအား အမွတ္စဥ္ ၁၉ တြင္လည္းေကာင္း၊ နီေပါႏိုင္ငံအား အမွတ္စဥ္ ၄၉ တြင္လည္းေကာင္း ေဖာ္ျပထားေသာ္လည္း ကိုရီးယား ႏိုင္ငံႏွင့္ အီရန္ႏိုင္ငံတို႔ ပါဝင္ျခင္းမရွိသည္ကို ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ FATF ကဲ့သို႔ခိုင္မာသည့္ ႏိုင္ငံတကာ လိုက္နာေဆာင္႐ြက္ရန္လိုအပ္ေသာ စံႏႈန္းသတ္မွတ္ခ်က္မ်ားႏွင့္ Methodology မ်ားခ်မွတ္ၿပီး အကဲျဖတ္ေဆာင္႐ြက္ခဲ့ျခင္းမရွိ ေၾကာင္း ေတြ႕ရသည္ဟု ဆိုသည္။
ထို႔ေၾကာင့္ Basel AML Index 2025 ထုတ္ျပန္ခ်က္သည္ ကမာၻေပၚရွိ ႏိုင္ငံႏွင့္ ေဒသမ်ားအားလုံးေပၚ လႊမ္းၿခဳံျခင္းမရွိသည့္အျပင္ ႏိုင္ငံႏွင့္ ေဒသမ်ားအားလုံး ပါဝင္ျခင္းမရွိသည္ကိုလည္း ေတြ႕ရေၾကာင္းႏွင့္ FATF, APG တို႔ကဲ့သို႔ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးကို ေရွ႕တန္းမွ စံႏႈန္းခ်မွတ္ေလ့လာသုံးသပ္ေနသည့္ အဖြဲ႕အစည္းမ်ား၏ အကဲျဖတ္ခ်က္မ်ားကိုအေျခမခံဘဲ ႏိုင္ငံေရးႏွင့္စီးပြားေရး တည္ၿငိမ္မႈ ရရွိေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနခ်ိန္တြင္ ယခုကဲ့သို႔ထုတ္ျပန္ျခင္းသည္ ျမန္မာႏိုင္ငံ၏ တိုးတက္ေဆာင္႐ြက္မႈမ်ားကို မ်က္ကြယ္ျပဳ၍ FATF ႏွင့္ ျမန္မာႏိုင္ငံအၾကား အနီးကပ္ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ားကို ေသခ်ာစြာသုံးသပ္ျခင္းမရွိဘဲ ထိခိုက္ေစရန္ေရးသား ထုတ္ျပန္ေနမႈကို ကန႔္ကြက္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.