ကမ္ဘောဒီးယားနိုင်ငံ နှင့်စစ်ပွဲဖြစ်ပွားနေချိန်တွင် ထိုင်းဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်း

267

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံနှင့်စစ်ပွဲဖြစ်ပွားနေချိန်မှာပဲ ထိုင်းဝန်ကြီးချုပ် အနုတင်သည် ထိုင်းလွှတ်တော်ကို ဖျက်သိမ်းလိုက် ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာလိုက်ပြီး အထွေထွေရွေးကောက်ပွဲကိုလည်း လာမည့် ရက်ပေါင်း ၄၅ ရက်မှ ရက်ပေါင်း ၆ဝ အတွင်း ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
အနုတင် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့သည် ပြီးခဲ့သည့် သုံးလကျော်တွင် ထိုင်းနိုင်ငံကို တာဝန်ယူပြီးနောက် နိုင်ငံအခြေနေကိုတည်ငြိမ်ရန် ရုန်းကန်မှုများရှိနေသလို နယ်စပ်ဒေသအငြင်းပွားမှုများကို ရင်ဆိုင်နေရချိန်တွင် ထိုင်းလွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အနုတင်က '"သင့်တော်တဲ့ဖြေရှင်းချက်ကတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ပါပဲ။ အဲဒါက နိုင်ငံရေး အာဏာကို ပြည်သူတွေဆီ ပြန်ပေးဖို့ နည်းလမ်းတစ်ခုပါ" ဟု ပြောသည်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အနုတင်သည် ၂၀၂၃ ခုနှစ် သြဂုတ်လနောက်ပိုင်းကတည်းက ဖွဲ့စည်းခဲ့ သည့်ထိုင်းအစိုးရအဖွဲ့တွင် သုံးဦးမြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဝန်ကြီးချုပ် အဖြစ် စတင်တာဝန်ယူခဲ့သည်။ ၎င်းသည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီးနောက် ထိုင်းလွှတ်တော်ကို ဇန်နဝါရီလ အကုန်တွင် ဖျက်သိမ်းမည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း သတ်မှတ်ထားသည့်ကာလထက် စောစီးစွာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
အနုတင် ဦးဆောင်သောထိုင်းအစိုးရအဖွဲ့သည် သုံးလကျော်ကာလအတွင်း ထိုင်းနိုင်ငံရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန်အခက်အခဲများရှိခဲ့ပြီး လက်ရှိအချိန်တွင် လွှတ်တော်အတွင်းမှာလည်း အယုံအကြည်မရှိ အဆိုတင်သွင်းခံရဖွယ်ရှိနေသည့်အတွက် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို စောစီးစွာကျင်းပရန် စီစဉ်လာခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်က ''ထိုင်းအစိုးရဟာ နိုင်ငံတစ်ဝှမ်း ရင်ဆိုင်နေရတဲ့ အရေးတကြီးပြဿနာများကို လျင်မြန်စွာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းပေါင်းစုံကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ် နိုင်ငံကို စီမံခန့်ခွဲဖို့အတွက် တည်ငြိမ်မှု လိုအပ်ပါတယ်" ပြည်တွင်းနိုင်ငံရေးအခြေအနေများကြောင့် လူနည်းစုအစိုးရတစ်ရပ်ဟာ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးကို စဉ်ဆက်မပြတ်၊ ထိရောက်စွာ နဲ့ တည်ငြိမ်စွာ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး'' ဟု ပြောသည်။
ထို့ပြင် ထိုင်းဝန်ကြီးချုပ်က ပြည်သူအာဏာကို ပြည်သူထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ကြိုးပမ်းလုပ်ကိုင်မည်ဟု ၎င်း၏ Facebook လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ်အနုတင်သည် ၎င်းအစိုးရအဖွဲ့ ဆက်လက်တည်မြဲစေရန်အတွက် လွှတ်တော်အတွင်း ကိုယ်စားလှယ်အများဆုံးပါတီတစ်ခုဖြစ်သလို လူငယ် အများစု ဦးဆောင်ပါဝင်နေသည့် People's Party ပါတီ၏ ထောက်ခံမှုရရှိစေရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရသည့်အတွက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် နယ်စပ်ဒေသပိုင်နက်အငြင်းပွားမှုများကြောင့် အိမ်နီးချင်းဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် စစ်ပွဲဖြစ်လာခဲ့ကြောင်းသိရသည်။

Zawgyi Version:
ကေမာၻဒီးယားႏိုင္ငံ ႏွင့္စစ္ပြဲျဖစ္ပြားေနခ်ိန္တြင္ ထိုင္းဝန္ႀကီးခ်ဳပ္က လႊတ္ေတာ္ကို ဖ်က္သိမ္း
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၂
ကေမာၻဒီးယားႏိုင္ငံႏွင့္စစ္ပြဲျဖစ္ပြားေနခ်ိန္မွာပဲ ထိုင္းဝန္ႀကီးခ်ဳပ္ အႏုတင္သည္ ထိုင္းလႊတ္ေတာ္ကို ဖ်က္သိမ္းလိုက္ ေၾကာင္း ဒီဇင္ဘာ ၁၂ ရက္တြင္ ေၾကညာလိုက္ၿပီး အေထြေထြေ႐ြးေကာက္ပြဲကိုလည္း လာမည့္ ရက္ေပါင္း ၄၅ ရက္မွ ရက္ေပါင္း ၆ဝ အတြင္း က်င္းပမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။
အႏုတင္ ဦးေဆာင္ေသာ ထိုင္းအစိုးရအဖြဲ႕သည္ ၿပီးခဲ့သည့္ သုံးလေက်ာ္တြင္ ထိုင္းႏိုင္ငံကို တာဝန္ယူၿပီးေနာက္ ႏိုင္ငံအေျခေနကိုတည္ၿငိမ္ရန္ ႐ုန္းကန္မႈမ်ားရွိေနသလို နယ္စပ္ေဒသအျငင္းပြားမႈမ်ားကို ရင္ဆိုင္ေနရခ်ိန္တြင္ ထိုင္းလႊတ္ေတာ္ကို ဖ်က္သိမ္းလိုက္ျခင္းျဖစ္သည္။
ထိုင္းဝန္ႀကီးခ်ဳပ္ အႏုတင္က '"သင့္ေတာ္တဲ့ေျဖရွင္းခ်က္ကေတာ့ လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ပါပဲ။ အဲဒါက ႏိုင္ငံေရး အာဏာကို ျပည္သူေတြဆီ ျပန္ေပးဖို႔ နည္းလမ္းတစ္ခုပါ" ဟု ေျပာသည္။
ထိုင္းစီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ အႏုတင္သည္ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လေနာက္ပိုင္းကတည္းက ဖြဲ႕စည္းခဲ့ သည့္ထိုင္းအစိုးရအဖြဲ႕တြင္ သုံးဦးေျမာက္ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ၿပီး ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္း ဝန္ႀကီးခ်ဳပ္ အျဖစ္ စတင္တာဝန္ယူခဲ့သည္။ ၎သည္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူၿပီးေနာက္ ထိုင္းလႊတ္ေတာ္ကို ဇန္နဝါရီလ အကုန္တြင္ ဖ်က္သိမ္းမည္ဟု သတင္းထုတ္ျပန္ခဲ့ေသာ္လည္း သတ္မွတ္ထားသည့္ကာလထက္ ေစာစီးစြာ လႊတ္ေတာ္ကို ဖ်က္သိမ္းလိုက္ျခင္းျဖစ္သည္။
အႏုတင္ ဦးေဆာင္ေသာထိုင္းအစိုးရအဖြဲ႕သည္ သုံးလေက်ာ္ကာလအတြင္း ထိုင္းႏိုင္ငံရင္ဆိုင္ခဲ့ရသည့္ စိန္ေခၚမႈမ်ား ေျဖရွင္းႏိုင္ရန္အခက္အခဲမ်ားရွိခဲ့ၿပီး လက္ရွိအခ်ိန္တြင္ လႊတ္ေတာ္အတြင္းမွာလည္း အယုံအၾကည္မရွိ အဆိုတင္သြင္းခံရဖြယ္ရွိေနသည့္အတြက္ လႊတ္ေတာ္ကို ဖ်က္သိမ္းၿပီး ေ႐ြးေကာက္ပြဲကို ေစာစီးစြာက်င္းပရန္ စီစဥ္လာျခင္းျဖစ္သည္။
ထိုင္းဝန္ႀကီးခ်ဳပ္က ''ထိုင္းအစိုးရဟာ ႏိုင္ငံတစ္ဝွမ္း ရင္ဆိုင္ေနရတဲ့ အေရးတႀကီးျပႆနာမ်ားကို လ်င္ျမန္စြာ ေျဖရွင္းႏိုင္ဖို႔ နည္းလမ္းေပါင္းစုံကို လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ္ ႏိုင္ငံကို စီမံခန႔္ခြဲဖို႔အတြက္ တည္ၿငိမ္မႈ လိုအပ္ပါတယ္" ျပည္တြင္းႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ လူနည္းစုအစိုးရတစ္ရပ္ဟာ အမ်ားျပည္သူဆိုင္ရာ အုပ္ခ်ဳပ္ေရးကို စဥ္ဆက္မျပတ္၊ ထိေရာက္စြာ နဲ႔ တည္ၿငိမ္စြာ ေဆာင္႐ြက္ႏိုင္ျခင္းမရွိခဲ့ပါဘူး'' ဟု ေျပာသည္။
ထို႔ျပင္ ထိုင္းဝန္ႀကီးခ်ဳပ္က ျပည္သူအာဏာကို ျပည္သူထံ ျပန္လည္လႊဲေျပာင္းေပးႏိုင္ရန္ ႀကိဳးပမ္းလုပ္ကိုင္မည္ဟု ၎၏ Facebook လူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပထားသည္။ ထိုင္းဝန္ႀကီးခ်ဳပ္အႏုတင္သည္ ၎အစိုးရအဖြဲ႕ ဆက္လက္တည္ၿမဲေစရန္အတြက္ လႊတ္ေတာ္အတြင္း ကိုယ္စားလွယ္အမ်ားဆုံးပါတီတစ္ခုျဖစ္သလို လူငယ္ အမ်ားစု ဦးေဆာင္ပါဝင္ေနသည့္ People's Party ပါတီ၏ ေထာက္ခံမႈရရွိေစရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈမရသည့္အတြက္လႊတ္ေတာ္ကို ဖ်က္သိမ္းလိုက္ျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ နယ္စပ္ေဒသပိုင္နက္အျငင္းပြားမႈမ်ားေၾကာင့္ အိမ္နီးခ်င္းျဖစ္သည့္ ကေမာၻဒီးယားႏိုင္ငံႏွင့္ စစ္ပြဲျဖစ္လာခဲ့ေၾကာင္းသိရသည္။