ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ရုရှားတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများနှင့် စွမ်းအင်စီးဆင်မှုများကို ပြန်လည်ထိန်းသိမ်းရန်အချက်တို့ပါဝင်နေ

73

Pika (NP News) - ဒီဇင်ဘာ ၁၂
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် အဆိုပြုခဲ့သော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ဥရောပသို့ ရုရှား၏စွမ်းအင်စီးဆင်းမှုများကို ပြန်လည်ထိန်းသိမ်းရန်၊ရုရှား၏ ရှားပါးမြေထွက်နှင့် စွမ်းအင်ကဏ္ဍတွင် အမေရိကန်၏ ကြီးမားသောရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်ပရှိရုရှား၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် အဆိုပြုချက်တို့ပါဝင်ကြောင်း Wall Street Journal သတင်းစာက ရေးသားဖော်ပြခဲ့သည်။
အဆိုပါအစီအစဉ်များကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဥရောပလုပ်ဖော်ကိုင်ဖက်များထံ ပေးအပ်ခဲ့သော ငြိမ်းချမ်းရေးအဆိုပြုချက်များ၏ နောက်ဆက်တွဲများတွင် အသေးစိတ်ဖော်ပြထားကြောင်း Wall Street Journal သတင်းစာက ဖော်ပြခဲ့သည်။
ယင်းအဆိုပြုချက်များထဲတွင် အမေရိကန်ဘဏ္ဍာရေးကုမ္ပဏီများနှင့် အခြားစီးပွားရေးလုပ်ငန်းများအနေဖြင့် ယူကရိန်းနိုင်ငံရှိ စီမံကိန်းများအတွက် ရုရှား၏ပြည်ပပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၂၀၀)ဘီလျံကို သိမ်းယူရန် အစီအစဉ်တစ်ခုပါဝင်ကြောင်း WSJက ဖော်ပြထားသည်။
ထို့ပြင် အမေရိကန်ကုမ္ပဏီများသည် အာတိတ်ဒေသရှိ ရှားပါးမြေထုတ်ယူခြင်းနှင့် ရေနံတူးဖော်ခြင်းတို့ကဲ့သို့သော ရုရှား၏ မဟာဗျူဟာမြောက်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်သွားမည်ဖြစ်ပြီး အနောက်ဥရောပနှင့် ကမ္ဘာကြီးသို့ ရုရှား၏စွမ်းအင်စီးဆင်းမှုများကို ပြန်လည်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
သို့သော်လည်း ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးအဆိုပြုချက်များကို ယူကရိန်းနှင့်ရုရှားတို့က လက်ခံတာမျိုးမရှိသေးဘဲ အချို့အချက်များကို ယူကရိန်းဘက်က လက်မခံသလို ရုရှားကလည်း အချို့အချက်များကို လက်မခံသောကြောင့် ငြိမ်းချမ်းရေးရယူစေလိုသည့် ဒေါ်နယ်ထရမ့်၏ အစီအစဉ်များမှာ သိသာထင်ရှားသည့်ရလဒ်ထွက်ပေါ်လာခြင်းမျိုး မရှိသေးကြောင်း သိရသည်။

Zawgyi Version:
ေဒၚနယ္ထရမ့္၏ ၿငိမ္းခ်မ္းေရးအစီအစဥ္တြင္ ႐ုရွားတြင္ အေမရိကန္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ စြမ္းအင္စီးဆင္မႈမ်ားကို ျပန္လည္ထိန္းသိမ္းရန္အခ်က္တို႔ပါဝင္ေန
Pika (NP News) - ဒီဇင္ဘာ ၁၂
ယူကရိန္းစစ္ပြဲကို အဆုံးသတ္ရန္အတြက္ အဆိုျပဳခဲ့ေသာ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ ၿငိမ္းခ်မ္းေရးအစီအစဥ္တြင္ ဥေရာပသို႔ ႐ုရွား၏စြမ္းအင္စီးဆင္းမႈမ်ားကို ျပန္လည္ထိန္းသိမ္းရန္၊႐ုရွား၏ ရွားပါးေျမထြက္ႏွင့္ စြမ္းအင္က႑တြင္ အေမရိကန္၏ ႀကီးမားေသာရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ ျပည္ပရွိ႐ုရွား၏ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈမ်ားကို သိမ္းဆည္းရန္ အဆိုျပဳခ်က္တို႔ပါဝင္ေၾကာင္း Wall Street Journal သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။
အဆိုပါအစီအစဥ္မ်ားကို ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ဥေရာပလုပ္ေဖာ္ကိုင္ဖက္မ်ားထံ ေပးအပ္ခဲ့ေသာ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္မ်ား၏ ေနာက္ဆက္တြဲမ်ားတြင္ အေသးစိတ္ေဖာ္ျပထားေၾကာင္း Wall Street Journal သတင္းစာက ေဖာ္ျပခဲ့သည္။
ယင္းအဆိုျပဳခ်က္မ်ားထဲတြင္ အေမရိကန္ဘ႑ာေရးကုမၸဏီမ်ားႏွင့္ အျခားစီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ ယူကရိန္းႏိုင္ငံရွိ စီမံကိန္းမ်ားအတြက္ ႐ုရွား၏ျပည္ပပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာ(၂၀၀)ဘီလ်ံကို သိမ္းယူရန္ အစီအစဥ္တစ္ခုပါဝင္ေၾကာင္း WSJက ေဖာ္ျပထားသည္။
ထို႔ျပင္ အေမရိကန္ကုမၸဏီမ်ားသည္ အာတိတ္ေဒသရွိ ရွားပါးေျမထုတ္ယူျခင္းႏွင့္ ေရနံတူးေဖာ္ျခင္းတို႔ကဲ့သို႔ေသာ ႐ုရွား၏ မဟာဗ်ဴဟာေျမာက္က႑မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ၿပီး အေနာက္ဥေရာပႏွင့္ ကမာၻႀကီးသို႔ ႐ုရွား၏စြမ္းအင္စီးဆင္းမႈမ်ားကို ျပန္လည္ထိန္းသိမ္းသြားမည္ျဖစ္ေၾကာင္း ေရးသားေဖာ္ျပထားသည္။
သို႔ေသာ္လည္း ေဒၚနယ္ထရမ့္၏ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္မ်ားကို ယူကရိန္းႏွင့္႐ုရွားတို႔က လက္ခံတာမ်ိဳးမရွိေသးဘဲ အခ်ိဳ႕အခ်က္မ်ားကို ယူကရိန္းဘက္က လက္မခံသလို ႐ုရွားကလည္း အခ်ိဳ႕အခ်က္မ်ားကို လက္မခံေသာေၾကာင့္ ၿငိမ္းခ်မ္းေရးရယူေစလိုသည့္ ေဒၚနယ္ထရမ့္၏ အစီအစဥ္မ်ားမွာ သိသာထင္ရွားသည့္ရလဒ္ထြက္ေပၚလာျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။