မြန်မာဘောလုံးအသင်းတွေရဲ့ ခြေစွမ်းက ကျဆင်းသွားပြီလား (အတွေးအမြင်)

 1423

ရဲထက်(NP News) - ဒီဇင်ဘာလ ၁၂

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၃) ကြိမ် မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအုပ်စုကနေ လှည့်ပြန်ခဲ့ရမှုနဲ့ ဒီနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအမျိုးသား ယူ-၂၂ အသင်းတို့ရဲ့ ရှုံးပွဲတွေအပြီးမှာတော့ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းရော အမျိုးသမီးအသင်းပါ အုပ်စုကနေပဲ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုပွဲစဉ် (၂)ပွဲဆက် နိုင်ပွဲရခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရဖြစ်ပြီး မြန်မာအမျိုးသာ ယူ- ၂၂ အသင်းကတော့ အုပ်စုပွဲစဉ်(၂)ပွဲလုံး ရှုံးနိမ့်ပြီး ရမှတ်မရရှိခဲ့ဘဲ အုပ်စုကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာအမျိုးသမီးအသင်းရဲ့ နည်းပြဖြစ်သူ ဂျပန်လူမျိုး တက်ဆုရီယူကီဟာ ဒီနေ့ ဒီဇင်ဘာလ (၁၂)ရက်မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။
မြန်မာအမျိုးသမီး အသင်းဟာ (၂၀၂၃)ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဒုတိယဆုရရှိထား တဲ့အသင်းဖြစ်သလို ၊ (၂၀၂၅) နီပေါ ဖိတ်ခေါ်ဖလား ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ထားတဲ့အသင်းဖြစ်တဲ့အပြင် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ပြီး ဒုတိယဆုရခဲ့တာကြောင့် လက်ရှိ ဆီး ဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းဟာ ချန် ပီယံဆုရရှိနိုင်မယ်လို့ ပရိသတ်တွေ မျှော်လင့်ထားတဲ့ အသင်းဖြစ်ပါတယ်။ ဒီလို အတွေ့အကြုံရင့်ကစား သမားတွေ၊ လူငယ်မျိုးဆက်သစ်တွေနဲ့ ပေါင်းစပ် ထားတဲ့ မြန်မာအမျိုးသမီးအသင်းဟာ ဒီဆီးဂိမ်းစ်ပြိုင် ပွဲမှာတော့ မထင်ထားတဲ့ အခြေအနေဆိုးတစ်ခုကနေ အခုလိုမျိုး အုပ်စုအဆင့်မှာပဲ ထွက်ခွာခဲ့ရပြီး ရှုံးနိမ့်ခဲ့မှုဟာ မြန်မာပရိသတ်တွေကြားမှာ အခုအချိန် အထိ နှမြောတသ ဖြစ်ခဲ့ရပါတယ်။

လက်ရှိ ဆီးဂိမ်းစ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေ တဲ့ မြန်မာအမျိုးသား ယူ-၂၂ အသင်းဟာလည်း ဒီနေ့မှာ အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုး နဲ့ ရှုံးနိမ့်သွားခဲ့ပြီး အုပ်စုအဆင့်ကနေပဲ လှည့်ပြန်လာရ ဖို့ရှိနေပါတယ်။ ဒါဟာ အရှေ့တောင်အာရှနိုင်ငံ တွေထဲမှာ တစ်ချိန်က ထိပ်ဆုံး(၄)သင်းစာရင်းဝင်ခဲ့တဲ့ မြန်မာအမျိုးသားအသင်းတွေနဲ့ ယှဉ်လိုက်ရင် ဆိုး ရွားလွန်းတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ မြန်မာအမျိုးသမီးအသင်းကိုသာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုအတွက် ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်နေပေမယ့် တကယ်တမ်း နိုင်ငံတကာပြိုင်ပွဲတွေမှာ အလေးထားပြီး နိုင်ငံအသင်းရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကိုဆုံးဖြတ်တာဟာ လက်ရွေးစင်အသင်းကြီးနဲ့သာ ဆုံးဖြတ်တာဖြစ်ပြီး လူစိတ်ဝင်စားမှုအများဆုံးဟာလည်း အမျိုးသားအသင်းတွေရဲ့ ပြိုင်ပွဲတွေသာဖြစ်ပါတယ်။

ဒီအချက်အလက်တွေကိုပြန်ကြည့်ရင် မြန်မာလက်ရွေးစင်အသင်းကြီးရဲ့ အောင်မြင်မှုဟာ ပြီးခဲ့တဲ့ နှစ်(၂၀)အတွင်းမှာ အောင်မြင်မှုအနေအထားအရ ဘာမှမရှိခဲ့တဲ့အသင်းအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ပြင် အရှေ့တောင်အာရှနိုင်ငံအသင်းတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်ကို အပထား တစ်ချိန်က Level တူ ယှဉ်ကစားလာခဲ့တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကိုတောင် နိုင်ဖို့မလွယ်ကူတော့တဲ့အပြင် ဖိလစ်ပိုင်၊ လာအို နဲ့ ကမ္ဘာဒီးယားတို့ကိုတောင် နိုင်ဖို့ မသေချာတော့တဲ့အထိ မြန်မာလက်ရွေးစင်အသင်းရဲ့ အဆင့်အတန်းဟာ ကျဆင်းသွားခဲ့ပြီလားလို့ မေးရတော့မှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပရိသတ်တွေကတော့ အကောင်းဆုံးသော (၁၂)ယောက်မြောက်ကစားသမား ပရိသတ်တွေလို့ဆိုနိုင်ပြီး သူတို့ချစ်တဲ့ နိုင်ငံကိုယ်စားပြုကစားသမားတွေကို ဝန်းရံဖို့ ဘယ်သောအခါမှ မပျက်ကွက်ခဲ့ကြသလို ပြည်တွင်းမှာပဲဖြစ်ဖြစ် နိုင်ငံရပ်ခြားမှာပဲဖြစ်ဖြစ် အကောင်းဆုံးသော ဝန်းရံအားပေးမှုတွေ၊ သောင်းနဲ့ချီတဲ့ပရိသတ်တွေ၊ မအားလပ်တဲ့ကြားက ကိုယ့်နိုင်ငံအသင်းအတွက် လာရောက်အားပေးခဲ့တာတွေဟာ တာဝန်ကျေခဲ့တယ်လို့ဆိုနိုင်ပါတယ်။

Zawgyi Version:
ျမန္မာေဘာလုံးအသင္းေတြရဲ႕ ေျခစြမ္းက က်ဆင္းသြားၿပီလား
ရဲထက္(NP News) - ဒီဇင္ဘာလ ၁၂

ထိုင္းႏိုင္ငံမွာ က်င္းပေနတဲ့ (၃၃) ႀကိမ္ ေျမာက္ ဆီးဂိမ္းစ္ၿပိဳင္ပြဲမွာ ျမန္မာလက္ေ႐ြးစင္အမ်ိဳးသမီးအသင္းအုပ္စုကေန လွည့္ျပန္ခဲ့ရမႈနဲ႔ ဒီေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ျမန္မာအမ်ိဳးသား ယူ-၂၂ အသင္းတို႔ရဲ႕ ရႈံးပြဲေတြအၿပီးမွာေတာ့ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသားအသင္းေရာ အမ်ိဳးသမီးအသင္းပါ အုပ္စုကေနပဲ လွည့္ျပန္ခဲ့ရၿပီျဖစ္ပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းဟာ အုပ္စုပြဲစဥ္ (၂)ပြဲဆက္ ႏိုင္ပြဲရခဲ့ေပမယ့္ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ဗီယက္နမ္အသင္းကို (၂)ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရျဖစ္ၿပီး ျမန္မာအမ်ိဳးသာ ယူ- ၂၂ အသင္းကေတာ့ အုပ္စုပြဲစဥ္(၂)ပြဲလုံး ရႈံးနိမ့္ၿပီး ရမွတ္မရရွိခဲ့ဘဲ အုပ္စုကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ျမန္မာအမ်ိဳးသမီးအသင္းရဲ႕ နည္းျပျဖစ္သူ ဂ်ပန္လူမ်ိဳး တက္ဆုရီယူကီဟာ ဒီေန႔ ဒီဇင္ဘာလ (၁၂)ရက္မွာ ရာထူးကေန ႏုတ္ထြက္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။
ျမန္မာအမ်ိဳးသမီး အသင္းဟာ (၂၀၂၃)ဆီးဂိမ္းစ္ၿပိဳင္ပြဲမွာ ဒုတိယဆုရရွိထား တဲ့အသင္းျဖစ္သလို ၊ (၂၀၂၅) နီေပါ ဖိတ္ေခၚဖလား ၿပိဳင္ပြဲမွာလည္း ခ်န္ပီယံျဖစ္ထားတဲ့အသင္းျဖစ္တဲ့အျပင္ အာဆီယံခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအထိ ေရာက္ခဲ့ၿပီး ဒုတိယဆုရခဲ့တာေၾကာင့္ လက္ရွိ ဆီး ဂိမ္းစ္ၿပိဳင္ပြဲမွာ ျမန္မာအမ်ိဳးသမီးအသင္းဟာ ခ်န္ ပီယံဆုရရွိႏိုင္မယ္လို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ထားတဲ့ အသင္းျဖစ္ပါတယ္။ ဒီလို အေတြ႕အႀကဳံရင့္ကစား သမားေတြ၊ လူငယ္မ်ိဳးဆက္သစ္ေတြနဲ႔ ေပါင္းစပ္ ထားတဲ့ ျမန္မာအမ်ိဳးသမီးအသင္းဟာ ဒီဆီးဂိမ္းစ္ၿပိဳင္ ပြဲမွာေတာ့ မထင္ထားတဲ့ အေျခအေနဆိုးတစ္ခုကေန အခုလိုမ်ိဳး အုပ္စုအဆင့္မွာပဲ ထြက္ခြာခဲ့ရၿပီး ရႈံးနိမ့္ခဲ့မႈဟာ ျမန္မာပရိသတ္ေတြၾကားမွာ အခုအခ်ိန္ အထိ ႏွေျမာတသ ျဖစ္ခဲ့ရပါတယ္။

လက္ရွိ ဆီးဂိမ္းစ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေန တဲ့ ျမန္မာအမ်ိဳးသား ယူ-၂၂ အသင္းဟာလည္း ဒီေန႔မွာ အင္ဒိုနီးရွားအသင္းကို (၃)ဂိုး (၁)ဂိုး နဲ႔ ရႈံးနိမ့္သြားခဲ့ၿပီး အုပ္စုအဆင့္ကေနပဲ လွည့္ျပန္လာရ ဖို႔ရွိေနပါတယ္။ ဒါဟာ အေရွ႕ေတာင္အာရွႏိုင္ငံ ေတြထဲမွာ တစ္ခ်ိန္က ထိပ္ဆုံး(၄)သင္းစာရင္းဝင္ခဲ့တဲ့ ျမန္မာအမ်ိဳးသားအသင္းေတြနဲ႔ ယွဥ္လိုက္ရင္ ဆိုး ႐ြားလြန္းတဲ့ အေျခအေနတစ္ခုကို ေရာက္ရွိေနခဲ့ၿပီလို႔ ဆိုႏိုင္ပါတယ္။ ျမန္မာအမ်ိဳးသမီးအသင္းကိုသာ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရမႈအတြက္ ေဝဖန္ျပစ္တင္မႈေတြ လုပ္ေဆာင္ေနေပမယ့္ တကယ္တမ္း ႏိုင္ငံတကာၿပိဳင္ပြဲေတြမွာ အေလးထားၿပီး ႏိုင္ငံအသင္းရဲ႕ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ေတြကိုဆုံးျဖတ္တာဟာ လက္ေ႐ြးစင္အသင္းႀကီးနဲ႔သာ ဆုံးျဖတ္တာျဖစ္ၿပီး လူစိတ္ဝင္စားမႈအမ်ားဆုံးဟာလည္း အမ်ိဳးသားအသင္းေတြရဲ႕ ၿပိဳင္ပြဲေတြသာျဖစ္ပါတယ္။

ဒီအခ်က္အလက္ေတြကိုျပန္ၾကည့္ရင္ ျမန္မာလက္ေ႐ြးစင္အသင္းႀကီးရဲ႕ ေအာင္ျမင္မႈဟာ ၿပီးခဲ့တဲ့ ႏွစ္(၂၀)အတြင္းမွာ ေအာင္ျမင္မႈအေနအထားအရ ဘာမွမရွိခဲ့တဲ့အသင္းအျဖစ္ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါ့ျပင္ အေရွ႕ေတာင္အာရွႏိုင္ငံအသင္းေတြျဖစ္တဲ့ ထိုင္းနဲ႔ ဗီယက္နမ္ကို အပထား တစ္ခ်ိန္က Level တူ ယွဥ္ကစားလာခဲ့တဲ့ အင္ဒိုနီးရွားနဲ႔ မေလးရွားတို႔ကိုေတာင္ ႏိုင္ဖို႔မလြယ္ကူေတာ့တဲ့အျပင္ ဖိလစ္ပိုင္၊ လာအို နဲ႔ ကမာၻဒီးယားတို႔ကိုေတာင္ ႏိုင္ဖို႔ မေသခ်ာေတာ့တဲ့အထိ ျမန္မာလက္ေ႐ြးစင္အသင္းရဲ႕ အဆင့္အတန္းဟာ က်ဆင္းသြားခဲ့ၿပီလားလို႔ ေမးရေတာ့မွာျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ျမန္မာပရိသတ္ေတြကေတာ့ အေကာင္းဆုံးေသာ (၁၂)ေယာက္ေျမာက္ကစားသမား ပရိသတ္ေတြလို႔ဆိုႏိုင္ၿပီး သူတို႔ခ်စ္တဲ့ ႏိုင္ငံကိုယ္စားျပဳကစားသမားေတြကို ဝန္းရံဖို႔ ဘယ္ေသာအခါမွ မပ်က္ကြက္ခဲ့ၾကသလို ျပည္တြင္းမွာပဲျဖစ္ျဖစ္ ႏိုင္ငံရပ္ျခားမွာပဲျဖစ္ျဖစ္ အေကာင္းဆုံးေသာ ဝန္းရံအားေပးမႈေတြ၊ ေသာင္းနဲ႔ခ်ီတဲ့ပရိသတ္ေတြ၊ မအားလပ္တဲ့ၾကားက ကိုယ့္ႏိုင္ငံအသင္းအတြက္ လာေရာက္အားေပးခဲ့တာေတြဟာ တာဝန္ေက်ခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။

Related news

© 2021. All rights reserved.