မဲပေးပိုင်ခွင့် မဆုံးရှံးစေရန် မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးသူများ အမြန်ဆုံးရရှိစေရန် UECက နိုင်ငံရေးပါတီများကို ညွန်ကြားချက်ထုတ်ပြန်

 258

Pearl(NP News) - ဒီဇင်ဘာ ၁၂

လာမည့် ဒီဇင်ဘာ (၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမအဆင့် ကျင်းပပြုလုပ်မည်ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်များ မဆုံးရှုံးစေရန်အတွက် မိမိတို့၏ မှတ်ပုံတင်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများ ရှိနေပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း နိုင်ငံရေးပါတီများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက်နေ့ ၄/ရကပ (၂၆၄) ဖြင့် ထုတ်ပြန်ကြေငြာထားသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၅၃(က) နှင့် (ခ) ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်တွင် သက်ဆိုင်ရာမဲရုံ၌ မဲပေးခွင့်ရရှိရေး ယင်းတို့နှင့် သက်ဆိုင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်တို့ ပါရှိရမည်ဖြစ်ပါသည်။

မဲစာရင်းတွင်ပါဝင်ပြီး အကြောင်းမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်များ ပျက်စီး၊ ပျောက်ဆုံး၍ လယ်ဝယ်မရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ အမြန်ဆုံးရရှိရေး သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်လားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများသို့ နှိုးဆော်အသိပေးနိုင်ရန် အကြောင်းကြားထားသည်။

Zawgyi Version:
မဲေပးပိုင္ခြင့္ မဆုံးရွံးေစရန္ မွတ္ပုံတင္ေပ်ာက္ဆုံး၊ ပ်က္စီးသူမ်ား အျမန္ဆုံးရရွိေစရန္ UECက ႏိုင္ငံေရးပါတီမ်ားကို ၫြန္ၾကားခ်က္ထုတ္ျပန္
Pearl(NP News) - ဒီဇင္ဘာ ၁၂

လာမည့္ ဒီဇင္ဘာ (၂၈)ရက္ေန႔တြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ ပထမအဆင့္ က်င္းပျပဳလုပ္မည္ျဖစ္၍ မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ မဲေပးပိုင္ခြင့္မ်ား မဆုံးရႈံးေစရန္အတြက္ မိမိတို႔၏ မွတ္ပုံတင္မ်ား ေပ်ာက္ဆုံး၊ ပ်က္စီးျခင္းမ်ား ရွိေနပါက သက္ဆိုင္ရာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ၿမိဳ႕နယ္ဦးစီးမႈး႐ုံးမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာ (၁၁) ရက္ေန႔ ၄/ရကပ (၂၆၄) ျဖင့္ ထုတ္ျပန္ေၾကျငာထားသည္။

မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ သက္ဆိုင္ရာလႊတ္ေတာ္ ေ႐ြးေကာက္ပြဲ နည္းဥပေဒ ၅၃(က) ႏွင့္ (ခ) ေ႐ြးေကာက္ပြဲက်င္းပသည့္ ေန႔ရက္တြင္ သက္ဆိုင္ရာမဲ႐ုံ၌ မဲေပးခြင့္ရရွိေရး ယင္းတို႔ႏွင့္ သက္ဆိုင္သည့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ အမ်ိဳးသားမွတ္ပုံတင္ကတ္ျပား၊ ဧည့္ႏိုင္ငံသား သို႔မဟုတ္ ႏိုင္ငံသားျပဳခြင့္ရလက္မွတ္တို႔ ပါရွိရမည္ျဖစ္ပါသည္။

မဲစာရင္းတြင္ပါဝင္ၿပီး အေၾကာင္းမ်ိဳးမ်ိဳးေၾကာင့္ ႏိုင္ငံသားစိစစ္ေရးကတ္မ်ား ပ်က္စီး၊ ေပ်ာက္ဆုံး၍ လယ္ဝယ္မရွိသူမ်ား မဲေပးခြင့္မဆုံးရႈံးေစေရးအတြက္ ႏိုင္ငံသားစိစစ္ေရးကတ္မ်ား အျမန္ဆုံးရရွိေရး သက္ဆိုင္ရာလူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္လားဝန္ႀကီးဌာန၊ ၿမိဳ႕နယ္ဦးစီးမႉး႐ုံးမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း မဲဆႏၵရွင္ျပည္သူမ်ားသို႔ ႏႈိးေဆာ္အသိေပးႏိုင္ရန္ အေၾကာင္းၾကားထားသည္။

Related news

© 2021. All rights reserved.