ကတ်စပီယန်ပင်လယ်မှာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေသယ်ဆောင်လာတဲ့ရုရှားသင်္ဘောနှစ်စီးကို ယူကရိန်း အထူးတပ်ဖွဲ့တိုက်ခိုက်

 408

Pika (NP News) - ဒီဇင်ဘာ ၁၃

ကတ်စပီယန်ပင်လယ်ပြင်မှာ စစ်လက်နက်တွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေသယ်ဆောင်လာတဲ့ ရုရှားသင်္ဘော နှစ်စင်းကို ယူကရိန်းအထူးတပ်ဖွဲ့က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တိုက်ခိုက်မှုကို ဘယ်အချိန်မှာလုပ်ဆောင်ခဲ့သလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ယူကရိန်း အထူးတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ပြင် ယူကရိန်းက ပစ်လွှတ်လိုက်တဲ့ဒရုန်းတွေဟာ ကတ်စပီယန်ပင်လယ်မှာရှိတဲ့ ရုရှားရေနံတူးစင်တစ်ခုကို ပထမဆုံးအကြိမ်ထိမှန်ခဲ့ပြီး ရေနံတွင်း(၂၀)တွင်း‌လောက်ကနေ ရေနံနဲ့သဘာဝဓါတ်ငွေ့ထုတ်ယူမှုကို ရပ်တန့်စေခဲ့ တယ်လို့ ယူကရိန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရုရှားသင်္ဘောတွေကို ဘယ်လိုက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အချက်နဲ့ ပျက်စီးဆုံးရှုံးမှုပမာဏ ဘယ်လောက်ရှိခဲ့ တယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကို ယူကရိန်းအထူးတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ လည်း သိရပါတယ်။ ရုရှားရဲ့စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ သင်္ဘောတွေကို ရုရှားနိုင်ငံရဲ့ဒေသတစ်ခု ဖြစ်တဲ့ Kalmykia ကမ်းလွန်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့အချက်ကိုပဲ ယူကရိန်းအထူးတပ်ဖွဲ့က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ သင်္ဘောနှစ်စင်းဟာ အီရန်နဲ့ရုရှားကြား စစ်ဘက်ဆိုင် ရာကုန်စည်တွေ သယ်ဆောင်လာမှုကြောင့် အမေရိကန်က ပိတ်ဆို့အရေးယူထားတဲ့ Rakhmaninoff နဲ့ Askar-Sarydzha သင်္ဘောတို့ဖြစ်တယ်လို့ ယူကရိန်းအထူးတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ကတ္စပီယန္ပင္လယ္မွာ စစ္ဘက္ဆိုင္ရာပစၥည္းေတြသယ္ေဆာင္လာတဲ့႐ုရွားသေဘၤာႏွစ္စီးကို ယူကရိန္း အထူးတပ္ဖြဲ႕တိုက္ခိုက္
Pika (NP News) - ဒီဇင္ဘာ ၁၃

ကတ္စပီယန္ပင္လယ္ျပင္မွာ စစ္လက္နက္ေတြနဲ႔ စစ္ဘက္ဆိုင္ရာပစၥည္းေတြသယ္ေဆာင္လာတဲ့ ႐ုရွားသေဘၤာ ႏွစ္စင္းကို ယူကရိန္းအထူးတပ္ဖြဲ႕က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း တိုက္ခိုက္မႈကို ဘယ္အခ်ိန္မွာလုပ္ေဆာင္ခဲ့သလဲဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ယူကရိန္း အထူးတပ္ဖြဲ႕က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းက ပစ္လႊတ္လိုက္တဲ့ဒ႐ုန္းေတြဟာ ကတ္စပီယန္ပင္လယ္မွာရွိတဲ့ ႐ုရွားေရနံတူးစင္တစ္ခုကို ပထမဆုံးအႀကိမ္ထိမွန္ခဲ့ၿပီး ေရနံတြင္း(၂၀)တြင္း‌ေလာက္ကေန ေရနံနဲ႔သဘာဝဓါတ္ေငြ႕ထုတ္ယူမႈကို ရပ္တန႔္ေစခဲ့ တယ္လို႔ ယူကရိန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားသေဘၤာေတြကို ဘယ္လိုက္တိုက္ခိုက္ခဲ့တယ္ဆိုတဲ့အခ်က္နဲ႔ ပ်က္စီးဆုံးရႈံးမႈပမာဏ ဘယ္ေလာက္ရွိခဲ့ တယ္ဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို ယူကရိန္းအထူးတပ္ဖြဲ႕က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ လည္း သိရပါတယ္။ ႐ုရွားရဲ႕စစ္လက္နက္ပစၥည္းေတြ သယ္ေဆာင္လာတဲ့ သေဘၤာေတြကို ႐ုရွားႏိုင္ငံရဲ႕ေဒသတစ္ခု ျဖစ္တဲ့ Kalmykia ကမ္းလြန္မွာ တိုက္ခိုက္ခဲ့တာျဖစ္တယ္ဆိုတဲ့အခ်က္ကိုပဲ ယူကရိန္းအထူးတပ္ဖြဲ႕က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တဲ့ သေဘၤာႏွစ္စင္းဟာ အီရန္နဲ႔႐ုရွားၾကား စစ္ဘက္ဆိုင္ ရာကုန္စည္ေတြ သယ္ေဆာင္လာမႈေၾကာင့္ အေမရိကန္က ပိတ္ဆို႔အေရးယူထားတဲ့ Rakhmaninoff နဲ႔ Askar-Sarydzha သေဘၤာတို႔ျဖစ္တယ္လို႔ ယူကရိန္းအထူးတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.