ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ကိုင်ဆောင်မှုကို လုံးဝ ဖျက်သိမ်းရလိမ့်မယ်လို့ အစ္စရေး သတိပေး

 73

Pika (NP News) - ဒီဇင်ဘာ ၁၃

အမေရိကန်က ပံ့ပိုးပေးထားတဲ့ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဟားမက် လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းရလိမ့်မယ်လို့ အစ္စရေးအစိုးရက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁ဝ)ရက်မှာ စတင်အသက်ဝင်ခဲ့တဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ လူထောင်ချီသေဆုံးစေခဲ့တဲ့တိုက်ပွဲတွေကို ရပ်တန့်စေခဲ့တယ်လို့ လည်း သိရပါတယ်။
ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းရမယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ထဲ မှာ ပါဝင်တဲ့တောင်းဆိုချက်ကို လက်မခံနိုင်တဲ့အကြောင်း ဟားမက်လက်နက်ကိုင်အဖွဲ့ ထိပ်တန်းခေါင်းတောင် ခါလစ်မာရှယ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အစ္စရေးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အစ္စရေးအစိုးရက “အချက်(၂၀)ပါတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဟားမက်လက်နက်ကိုင်အဖွဲ့မှာ အနာဂါတ်မရှိပါဘူး။ ဟားမက်လက်နက်ကိုင်အဖွဲ့က လက်နက်ဖျက်သိမ်းရမှာဖြစ်ပြီး ဂါဇာကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ပံ့ပိုးပေးထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်မှာ အဆင့်(၃)ဆင့်ပါဝင်ပြီး မကြာခင်အချိန် အတွင်း ဒုတိယအဆင့်ကိုစတင်ဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

Zawgyi Version:
ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ကိုင္ေဆာင္မႈကို လုံးဝ ဖ်က္သိမ္းရလိမ့္မယ္လို႔ အစၥေရး သတိေပး
Pika (NP News) - ဒီဇင္ဘာ ၁၃
အေမရိကန္က ပံ့ပိုးေပးထားတဲ့ဂါဇာကမ္းေျမာင္ေဒသၿငိမ္းခ်မ္းေရးအစီအစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ ဟားမက္ လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္သိမ္းရလိမ့္မယ္လို႔ အစၥေရးအစိုးရက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၁ဝ)ရက္မွာ စတင္အသက္ဝင္ခဲ့တဲ့အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ဟာ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ လူေထာင္ခ်ီေသဆုံးေစခဲ့တဲ့တိုက္ပြဲေတြကို ရပ္တန႔္ေစခဲ့တယ္လို႔ လည္း သိရပါတယ္။
ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္သိမ္းရမယ္ဆိုတဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အစီအစဥ္ထဲ မွာ ပါဝင္တဲ့ေတာင္းဆိုခ်က္ကို လက္မခံႏိုင္တဲ့အေၾကာင္း ဟားမက္လက္နက္ကိုင္အဖြဲ႕ ထိပ္တန္းေခါင္းေတာင္ ခါလစ္မာရွယ္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အစၥေရးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အစၥေရးအစိုးရက “အခ်က္(၂၀)ပါတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အရ ဟားမက္လက္နက္ကိုင္အဖြဲ႕မွာ အနာဂါတ္မရွိပါဘူး။ ဟားမက္လက္နက္ကိုင္အဖြဲ႕က လက္နက္ဖ်က္သိမ္းရမွာျဖစ္ၿပီး ဂါဇာကို စစ္မဲ့ဇုန္အျဖစ္ သတ္မွတ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ပံ့ပိုးေပးထားတဲ့ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မွာ အဆင့္(၃)ဆင့္ပါဝင္ၿပီး မၾကာခင္အခ်ိန္ အတြင္း ဒုတိယအဆင့္ကိုစတင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.