ယူကရိန်းအတွက် အမေရိကန်ဒေါ်လာသန်း(၈၀၀)အကူအညီပေးမယ့်မူကြမ်းကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

 120

Pika (NP News) - ဒီဇင်ဘာ ၁၃

(၂၀၂၇)ခုနှစ်အထိ ယူကရိန်းအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာသန်း(၈၀၀) ထောက်ပံ့ပေးမယ့် ကာကွယ်ရေးအသုံးစရိတ်ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ (၂၀၂၆)ခုနှစ် အမျိုသားကာကွယ်ရေးခွင့်ပြုချက်ဥပဒေ (NDAA) ကို အောက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် လက်ရှိအချိန်မှာ အထက်လွှတ်တော်ကို တင်သွင်းတော့မှာဖြစ်တယ်လို့လည်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ရုရှားနဲ့တိုက်ခိုက်နေတဲ့ယူကရိန်းကို ကူညီဖို့အတွက် ငွေအမြောက်အများအသုံးပြုမယ့်အစီအစဉ် ကို ဥပဒေပြုလွှတ်တော်အမတ်အချို့က ကန့်ကွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ကန်တက်ကီပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် သောမတ်စ်မတ်စီက “ယူကရိန်းကို ငွေအများအပြားပေးနေတာကနေ ရပ်တန့် တော့မယ်လို့ ထင်ခဲ့တာပါ။ ဘာလို့ ယူကရိန်းအတွက် ငွေတွေထပ်သုံးဖို့ လိုအပ်နေလဲဆိုတာကို ကျွန်တော် သေချာမသိပါဘူး” လို့ ပြောခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှုဟာ ယူကရိန်းရဲ့အဓိကပြဿနာတွေထဲက တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ယူကရိန်းအတွက် စစ်ရေး အကူအညီအသစ်တွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ယူကရိန်းမှာက ဘယ်အရာကိုမှ အထောက်အကူမဖြစ်စေတဲ့အကျင့်ပျက်ခြစားမှုတွေက ဆက်ရှိနေပါတယ်။ ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံစလုံးက ပဋိပက္ခကို အဆုံးသတ်လိုကြပြီး သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းအတြက္ အေမရိကန္ေဒၚလာသန္း(၈၀၀)အကူအညီေပးမယ့္မူၾကမ္းကို အေမရိကန္ေအာက္လႊတ္ေတာ္ အတည္ျပဳ
Pika (NP News) - ဒီဇင္ဘာ ၁၃
(၂၀၂၇)ခုႏွစ္အထိ ယူကရိန္းအတြက္ စစ္ေရးအကူအညီ အေမရိကန္ေဒၚလာသန္း(၈၀၀) ေထာက္ပံ့ေပးမယ့္ ကာကြယ္ေရးအသုံးစရိတ္ဥပေဒမူၾကမ္းကို အေမရိကန္ေအာက္လႊတ္ေတာ္က အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။ (၂၀၂၆)ခုႏွစ္ အမ်ိဳသားကာကြယ္ေရးခြင့္ျပဳခ်က္ဥပေဒ (NDAA) ကို ေအာက္လႊတ္ေတာ္မွာ အတည္ျပဳခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ အထက္လႊတ္ေတာ္ကို တင္သြင္းေတာ့မွာျဖစ္တယ္လို႔လည္း အေမရိကန္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ႐ုရွားနဲ႔တိုက္ခိုက္ေနတဲ့ယူကရိန္းကို ကူညီဖို႔အတြက္ ေငြအေျမာက္အမ်ားအသုံးျပဳမယ့္အစီအစဥ္ ကို ဥပေဒျပဳလႊတ္ေတာ္အမတ္အခ်ိဳ႕က ကန႔္ကြက္ခဲ့တယ္လို႔လည္း သိရပါတယ္။ ကန္တက္ကီျပည္နယ္ရဲ႕ ရီပတ္ဘလစ္ကန္လႊတ္ေတာ္အမတ္ ေသာမတ္စ္မတ္စီက “ယူကရိန္းကို ေငြအမ်ားအျပားေပးေနတာကေန ရပ္တန႔္ ေတာ့မယ္လို႔ ထင္ခဲ့တာပါ။ ဘာလို႔ ယူကရိန္းအတြက္ ေငြေတြထပ္သုံးဖို႔ လိုအပ္ေနလဲဆိုတာကို ကြၽန္ေတာ္ ေသခ်ာမသိပါဘူး” လို႔ ေျပာခဲ့ပါတယ္။
အက်င့္ပ်က္ျခစားမႈဟာ ယူကရိန္းရဲ႕အဓိကျပႆနာေတြထဲက တစ္ခုအျဖစ္ ဆက္လက္ရွိေနဆဲျဖစ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ယူကရိန္းအတြက္ စစ္ေရး အကူအညီအသစ္ေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “ယူကရိန္းမွာက ဘယ္အရာကိုမွ အေထာက္အကူမျဖစ္ေစတဲ့အက်င့္ပ်က္ျခစားမႈေတြက ဆက္ရွိေနပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏွစ္ႏိုင္ငံစလုံးက ပဋိပကၡကို အဆုံးသတ္လိုၾကၿပီး သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ ကြၽန္ေတာ္တို႔မွာ အခြင့္အလမ္းေကာင္းေတြ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.