ထိုင်းဘက်မှ မူးယစ်အမှုဖြင့် အလိုရှိနေသူ(၃)ဦးနှင့် တရားမဝင်နေထိုင်သူ(၁)ဦးကို ပြန်လည်လွှဲပြောင်း

 160

စိမ့် (NP News) - ဒီဇင်ဘာ ၁၃

ထိုင်းဘက်မှ မူးယစ်အမှုဖြင့် အလိုရှိနေသူ(၃)ဦးနှင့် တရားမဝင်နေထိုင်သူ(၁)ဦးကို မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(CCDAC) မှ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း CCDAC ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)၌ ပြီးခဲ့သော ဒီဇင်ဘာလ (၁၁)ရက်၊ နံနက် (၁၁)နာရီက ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိုင်းဘက်မှ အလိုရှိနေသူ(၃)ဦးဖြစ်သည့် Mr. Phonchana Phongthong(ခ)Toonနှင့် Mrs.Thanida Puangngern (ခ)Ning တို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ(၁၃)ရက်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၌ ဖမ်းစီးရမိခဲ့ပြီး Mr. Wi Rat Taou Dom ကို ပြီးခဲ့သည့် နိုဝင်ဘာလ(၁၄)ရက်တွင် မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့(၃)ဦးနှင့်အတူ ပြီးခဲ့သည့် စက်တင်ဘာလ (၁၉)ရက်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်နေထိုင်သူ Mr. Chairit Phucharoenတို့ကို နှစ်နိုင်ငံတည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ အတွင်းရေးမှူးချုပ် Police Major Suriya Singhakamol ဦးဆောင်သည့်အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုအပြင် မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်း နှင့် မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း CCDAC မှထုတ်ပြန်ထားသည်။

Zawgyi Version:
ထိုင္းဘက္မွ မူးယစ္အမႈျဖင့္ အလိုရွိေနသူ(၃)ဦးႏွင့္ တရားမဝင္ေနထိုင္သူ(၁)ဦးကို ျပန္လည္လႊဲေျပာင္း
စိမ့္ (NP News) - ဒီဇင္ဘာ ၁၃

ထိုင္းဘက္မွ မူးယစ္အမႈျဖင့္ အလိုရွိေနသူ(၃)ဦးႏွင့္ တရားမဝင္ေနထိုင္သူ(၁)ဦးကို ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံမူးယစ္ေဆးဝါးပူးေပါင္းထိန္းခ်ဳပ္ေရး နားလည္မႈစာခြၽန္လႊာအရ ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕(CCDAC) မွ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း CCDAC ထုတ္ျပန္ခ်က္အရ သိရသည္။

၎တို႔ကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတား(၂)၌ ၿပီးခဲ့ေသာ ဒီဇင္ဘာလ (၁၁)ရက္၊ နံနက္ (၁၁)နာရီက ျပန္လည္လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္သည္။

အဆိုပါ ထိုင္းဘက္မွ အလိုရွိေနသူ(၃)ဦးျဖစ္သည့္ Mr. Phonchana Phongthong(ခ)Toonႏွင့္ Mrs.Thanida Puangngern (ခ)Ning တို႔ကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၃)ရက္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္၌ ဖမ္းစီးရမိခဲ့ၿပီး Mr. Wi Rat Taou Dom ကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၄)ရက္တြင္ မိုင္းတုံၿမိဳ႕နယ္၊ နားေကာင္းမူေက်း႐ြာ၌ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ ႏွင့္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕တို႔ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ဖမ္းစီးရမိခဲ့ေၾကာင္း သိရသည္။

၎တို႔(၃)ဦးႏွင့္အတူ ၿပီးခဲ့သည့္ စက္တင္ဘာလ (၁၉)ရက္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၌ ဖမ္းဆီးရမိခဲ့သည့္ ထိုင္းႏိုင္ငံမွ တရားမဝင္ ဝင္ေရာက္ေနထိုင္သူ Mr. Chairit Phucharoenတို႔ကို ႏွစ္ႏိုင္ငံတည္ဆဲဥပေဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ ထိုင္းႏိုင္ငံ၊ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးအဖြဲ႕ (ONCB)၊ အတြင္းေရးမႉးခ်ဳပ္ Police Major Suriya Singhakamol ဦးေဆာင္သည့္အဖြဲ႕ထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထိုအျပင္ မူးယစ္ေဆးဝါးျပစ္မႈက်ဴးလြန္ၿပီး တစ္ဘက္ႏိုင္ငံသို႔ ထြက္ေျပးတိမ္းေရွာင္ေနသူမ်ားကို အျပန္အလွန္ေဖာ္ထုတ္ဖမ္းဆီး လႊဲေျပာင္းေပးျခင္း ႏွင့္ ျမန္မာႏိုင္ငံ၌ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို အမ်ိဳးသားေရး တာဝန္တစ္ရပ္အေနျဖင့္သတ္မွတ္၍ အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း CCDAC မွထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.