အဂတိလိုက်စားမှုကျူးလွန်သူကို ကျောသားရင်သားမခွဲခြားဘဲ အရေးယူမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

662

Pearl (NP News) - ဒီဇင်ဘာ ၁၃
အဂတိလိုက်စားမှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ထိရောက်စွာအ ရေးယူမည်ဖြစ် ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံ ခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အပြည်ပြည်ဆိုင် ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုပြဿနာသည် ကြီးမားသည့်အဟန့် အတားဖြစ်နေကြောင်း၊ နိုင်ငံတော် တည်ဆောက်ရာတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သည့် အုပ် ချုပ်ရေးစနစ်လိုအပ်ကြောင်းပြောသည်။
“ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာမှာ အဂတိလိုက်စားမှုကင်းစင်ဖို့လိုအပ်ပြီး အဂတိလိုက်စားမှု ဟာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက် အဟန့်အတားဖြစ်စေပါတယ်။ အဂတိလိုက်စား မှုတိုက်ဖျက်ရေးလုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု။ တာဝန်ခံမှုရှိခြင်းဟာ အဂတိလိုက်စားမှုကို ထိရောက်စွာ တားဆီးကာကွယ် တိုက်ဖျက် ခြင်းဖြစ်သလို အဂတိလိုက်စားမှုအပေါ် သည်းခံခွင့်လွှတ်ခြင်း၊ နားလည်မှုပေးခြင်း၊ လျစ်လျူရှုခြင်းတို့ဟာ အားပေး ရာရောက်တဲ့အတွက် လုံးဝမပြုလုပ်ကြဖို့လိုအပ်ပါတယ်”ဟုပြောသည်။
ထို့ပြင် နိုင်ငံတော်မှချမှတ်ထားသည့် ဦးတည်ချက်များကိုသွေဖည်၍ အဂတိလိုက်စားမှုကျူး လွန်သည့်မည်သူ့ ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်းလည်း ပြော သည်။
“အဂတိလိုက်စားမှုကို လုံးဝလက်မခံတဲ့ ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနဲ့ အကျင့်ပျက်ခြစားမှုတွေ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ အသိပညာပေးရေးနဲ့ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုပါ ဟန်ချက် ညီညီချဉ်းကပ်ပြီး အလေးထားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ကချမှတ်ထားတဲ့ ဦးတည်ချက် တွေကို သွေဖည်ပြီး အဂတိလိုက်စားမှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မျူးကြီးမင်းအောင်လှိုင်က ပြောသည်။
အလားတူ အဂတိကင်းစင်သည့် လူ့အသိုက်အဝန်းဖြစ်ရန်အတွက် ရှိနေဆဲဖြစ်သည့် အဂတိ လိုက်စားမှု များလျော့ပါးရန် အဂတိလိုက်စားမှုဖြစ်စဉ်များကို စုံစမ်းစစ်ဆေးတိုက်ဖျက်ရမည်ဖြစ်သကဲ့သို့ နောင်တွင်ပပျောက်သွား သည်အထိ လိုအပ်သည့် ပြင်ဆင်မှု၊ စီမံမှု၊ ဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင် ရွက်ရန်လည်းလိုအပ်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက် ရေးမဟာဗျူဟာစီမံချက်ရေးဆွဲရာတွင် ရှုပ်ထွေးသည့် ဥပဒေများကို ပြုပြင်ရန်အတွက်ပါ ထည့် သွင်းရေးဆွဲ သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
အဂတိလိုက္စားမႈက်ဴးလြန္သူကို ေက်ာသားရင္သားမခြဲျခားဘဲ အေရးယူမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ေျပာ
Pearl (NP News) - ဒီဇင္ဘာ ၁၃
အဂတိလိုက္စားမႈက်ဴးလြန္သည့္ မည္သူ႔ကိုမဆို ေက်ာသားရင္သားမခြဲျခားဘဲ ထိေရာက္စြာအ ေရးယူမည္ျဖစ္ ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံ ၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က အျပည္ျပည္ဆိုင္ ရာအဂတိလိုက္စားမႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အခမ္းအနားတြင္ ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ရန္ ျပဳျပင္ေျပာင္းလဲေရးႏွင့္ တည္ေဆာက္ ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ အဂတိလိုက္စားမႈျပႆနာသည္ ႀကီးမားသည့္အဟန႔္ အတားျဖစ္ေနေၾကာင္း၊ ႏိုင္ငံေတာ္ တည္ေဆာက္ရာတြင္ သန႔္ရွင္းေသာအစိုးရႏွင့္ ေကာင္းမြန္သည့္ အုပ္ ခ်ဳပ္ေရးစနစ္လိုအပ္ေၾကာင္းေျပာသည္။
“ေကာင္းမြန္တဲ့အုပ္ခ်ဳပ္ေရးစနစ္ကို ေဖာ္ေဆာင္ရာမွာ အဂတိလိုက္စားမႈကင္းစင္ဖို႔လိုအပ္ၿပီး အဂတိလိုက္စားမႈ ဟာ ေကာင္းမြန္တဲ့အုပ္ခ်ဳပ္ေရးအတြက္ အဟန႔္အတားျဖစ္ေစပါတယ္။ အဂတိလိုက္စား မႈတိုက္ဖ်က္ေရးလုပ္ငန္းမွာ ပြင့္လင္းျမင္သာမႈနဲ႔ တာဝန္ယူမႈ။ တာဝန္ခံမႈရွိျခင္းဟာ အဂတိလိုက္စားမႈကို ထိေရာက္စြာ တားဆီးကာကြယ္ တိုက္ဖ်က္ ျခင္းျဖစ္သလို အဂတိလိုက္စားမႈအေပၚ သည္းခံခြင့္လႊတ္ျခင္း၊ နားလည္မႈေပးျခင္း၊ လ်စ္လ်ဴရႈျခင္းတို႔ဟာ အားေပး ရာေရာက္တဲ့အတြက္ လုံးဝမျပဳလုပ္ၾကဖို႔လိုအပ္ပါတယ္”ဟုေျပာသည္။
ထို႔ျပင္ ႏိုင္ငံေတာ္မွခ်မွတ္ထားသည့္ ဦးတည္ခ်က္မ်ားကိုေသြဖည္၍ အဂတိလိုက္စားမႈက်ဴး လြန္သည့္မည္သူ႔ ကိုမဆို ေက်ာသားရင္သားမခြဲျခားဘဲ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္းလည္း ေျပာ သည္။
“အဂတိလိုက္စားမႈကို လုံးဝလက္မခံတဲ့ ယဥ္ေက်းမႈတစ္ရပ္ ေပၚထြန္းလာေစေရးနဲ႔ အက်င့္ပ်က္ျခစားမႈေတြ မရွိေစေရးအတြက္ အေျခခံအက်ဆုံးျဖစ္တဲ့ အသိပညာေပးေရးနဲ႔ တားဆီးကာကြယ္ေရးလုပ္ငန္းစဥ္ေတြကိုပါ ဟန္ခ်က္ ညီညီခ်ဥ္းကပ္ၿပီး အေလးထားေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံေတာ္ကခ်မွတ္ထားတဲ့ ဦးတည္ခ်က္ ေတြကို ေသြဖည္ၿပီး အဂတိလိုက္စားမႈက်ဴးလြန္သည့္ မည္သူ႔ကိုမဆို ေက်ာသားရင္သားမခြဲျခားဘဲ ဥပေဒနဲ႔အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္မ်ဴးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
အလားတူ အဂတိကင္းစင္သည့္ လူ႔အသိုက္အဝန္းျဖစ္ရန္အတြက္ ရွိေနဆဲျဖစ္သည့္ အဂတိ လိုက္စားမႈ မ်ားေလ်ာ့ပါးရန္ အဂတိလိုက္စားမႈျဖစ္စဥ္မ်ားကို စုံစမ္းစစ္ေဆးတိုက္ဖ်က္ရမည္ျဖစ္သကဲ့သို႔ ေနာင္တြင္ပေပ်ာက္သြား သည္အထိ လိုအပ္သည့္ ျပင္ဆင္မႈ၊ စီမံမႈ၊ ေဆာင္႐ြက္မႈမ်ားျဖင့္ ႀကိဳးပမ္းေဆာင္ ႐ြက္ရန္လည္းလိုအပ္ၿပီး အဂတိ လိုက္စားမႈတိုက္ဖ်က္ ေရးမဟာဗ်ဴဟာစီမံခ်က္ေရးဆြဲရာတြင္ ရႈပ္ေထြးသည့္ ဥပေဒမ်ားကို ျပဳျပင္ရန္အတြက္ပါ ထည့္ သြင္းေရးဆြဲ သြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။