ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကြား တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားလာမှုနှင့်အတူ အခြေအနေများ ပိုမိုဆိုးရွားလာ

440

Pika (NP News) - ဒီဇင်ဘာ ၁၃
ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ကြား တိုက်ပွဲများ တစ်ကျော့ပြန်လည်ဖြစ်ပွားလာခဲ့မှုနှင့်အတူ နှစ်နိုင်ငံကြား အခြေအနေများမှာ ပိုမိုဆိုးရွားလာ ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ထိုင်းနှင့်ကမ္ဘော ဒီးယားတို့ကြားဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ပေးနိုင်မည်ဟုယုံကြည်ကြောင်းပြောဆိုခဲ့သည့် ဒေါ်နယ်ထရမ့်ထံမှ ကတိပြုထားသော ဖုန်းခေါ် ဆိုမှုများကို ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်ဖက်စလုံးက စောင့် ဆိုင်းနေကြကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လအတွင်း (၈၁၇)ကီလို မီတာရှည်လျားသော ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တစ်လျှောက်ရှိ နေရာပေါင်းတစ်ဒါဇင်ကျော်တွင် အပြင်းထန်ဆုံးတိုက်ပွဲများဖြစ်ပွားခဲ့ပြီး မကြာသေးမီက သမိုင်းတွင် အဆိုးရွားဆုံး ပဋိပက္ခတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ထိုင်းနှင့်ကမ္ဘောဒီးယားတို့က ပဋိပက္ခကိုအဆုံးမသတ်ပါက ကုန်သွယ်ရေး ဆွေးနွေးပွဲ များကိုရပ်တန့်သွားမည်ဟု ဒေါ်နယ်ထရမ့်ကခြိမ်း ခြောက်ကာ နှစ်နိုင်ငံစလုံး၏ခေါင်း ဆောင်များထံ ဖုန်းခေါ် ဆိုမှုများလုပ်ဆောင်ခဲ့ပြီးနောက် တိုက်ပွဲများရပ်တန့်သွားခဲ့ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်က ‘ထိုင်းနဲ့ကမ္ဘော ဒီးယားတို့ကြား တိုက်ပွဲတွေကို ကျွန်တော်ရပ်တန့်နိုင်မယ်လို့ထင်ပါတယ်။ မကြာခင်အချိန်အတွင်း ထိုင်းနဲ့ကမ္ဘောဒီးယား တို့က တာဝန်ရှိသူ တွေနဲ့ စကားပြောဆိုဖို့စီစဉ်ထားပါတယ်’ဟုပြောဆိုခဲ့သည်။
ထို့ပြင် လက်ရှိဖြစ်ပွားနေသောပဋိပက္ခ များကို နှစ်နိုင်ငံစလုံးကဖြေရှင်းမှသာ ပြေလည်သွား နိုင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရဘက်က အခိုင်အမာ ပြောဆိုထားသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည် ဖြစ်ပွားလာခဲ့သော ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား တိုက်ပွဲများကြောင့် နယ်စပ်ဒေသတွင်နေထိုင်သည့် ပြည်သူအများအပြား နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်းလည်း သိရသည်။

Zawgyi Version:
ထိုင္းႏွင့္ကေမာၻဒီးယားတို႔ၾကား တိုက္ပြဲမ်ား တစ္ေက်ာ့ျပန္ျဖစ္ပြားလာမႈႏွင့္အတူ အေျခအေနမ်ား ပိုမိုဆိုး႐ြားလာ
Pika (NP News) - ဒီဇင္ဘာ ၁၃
ထိုင္းႏိုင္ငံႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔ၾကား တိုက္ပြဲမ်ား တစ္ေက်ာ့ျပန္လည္ျဖစ္ပြားလာခဲ့မႈႏွင့္အတူ ႏွစ္ႏိုင္ငံၾကား အေျခအေနမ်ားမွာ ပိုမိုဆိုး႐ြားလာ ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ထိုင္းႏွင့္ကေမာၻ ဒီးယားတို႔ၾကားျဖစ္ပြားေနေသာ ပဋိပကၡကို အဆုံးသတ္ေပးႏိုင္မည္ဟုယုံၾကည္ေၾကာင္းေျပာဆိုခဲ့သည့္ ေဒၚနယ္ထရမ့္ထံမွ ကတိျပဳထားေသာ ဖုန္းေခၚ ဆိုမႈမ်ားကို ထိုင္းႏွင့္ကေမာၻဒီးယား ႏွစ္ဖက္စလုံးက ေစာင့္ ဆိုင္းေနၾကေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ဇူလိုင္လအတြင္း (၈၁၇)ကီလို မီတာရွည္လ်ားေသာ ထိုင္း-ကေမာၻဒီးယားနယ္စပ္ တစ္ေလွ်ာက္ရွိ ေနရာေပါင္းတစ္ဒါဇင္ေက်ာ္တြင္ အျပင္းထန္ဆုံးတိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး မၾကာေသးမီက သမိုင္းတြင္ အဆိုး႐ြားဆုံး ပဋိပကၡတစ္ခုျဖစ္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ထိုင္းႏွင့္ကေမာၻဒီးယားတို႔က ပဋိပကၡကိုအဆုံးမသတ္ပါက ကုန္သြယ္ေရး ေဆြးေႏြးပြဲ မ်ားကိုရပ္တန႔္သြားမည္ဟု ေဒၚနယ္ထရမ့္ကၿခိမ္း ေျခာက္ကာ ႏွစ္ႏိုင္ငံစလုံး၏ေခါင္း ေဆာင္မ်ားထံ ဖုန္းေခၚ ဆိုမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ တိုက္ပြဲမ်ားရပ္တန႔္သြားခဲ့ေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္က ‘ထိုင္းနဲ႔ကေမာၻ ဒီးယားတို႔ၾကား တိုက္ပြဲေတြကို ကြၽန္ေတာ္ရပ္တန႔္ႏိုင္မယ္လို႔ထင္ပါတယ္။ မၾကာခင္အခ်ိန္အတြင္း ထိုင္းနဲ႔ကေမာၻဒီးယား တို႔က တာဝန္ရွိသူ ေတြနဲ႔ စကားေျပာဆိုဖို႔စီစဥ္ထားပါတယ္’ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ လက္ရွိျဖစ္ပြားေနေသာပဋိပကၡ မ်ားကို ႏွစ္ႏိုင္ငံစလုံးကေျဖရွင္းမွသာ ေျပလည္သြား ႏိုင္မည္ျဖစ္ေၾကာင္း ထိုင္းအစိုးရဘက္က အခိုင္အမာ ေျပာဆိုထားသည္။ ၿပီးခဲ့သည့္ရက္ပိုင္းက ျပန္လည္ ျဖစ္ပြားလာခဲ့ေသာ ထိုင္းႏွင့္ ကေမာၻဒီးယားတို႔ၾကား တိုက္ပြဲမ်ားေၾကာင့္ နယ္စပ္ေဒသတြင္ေနထိုင္သည့္ ျပည္သူအမ်ားအျပား ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကရေၾကာင္းလည္း သိရသည္။