ကျားဖျန့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် Scam Centre တည်နေရာဖြစ်သော်လည်း အဓိကအကျိုးအမြတ်ရရှိသူမဟုတ်

 215

Pearl (NP News) - ဒီဇင်ဘာ ၁၃

ကျားဖျန့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် Scam Centre တည်နေရာဖြစ်သော်လည်း အဓိက အကျိုးအမြတ် ရရှိသူမဟုတ်ကြောင်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက် ရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဒီဇင်ဘာလ (၁၁)ရက်က ပြုလုပ်သော အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်း ကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ အစည်း အဝေးတွင် ပြောသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ကျားဖျန့်နှင့်ပတ်သက်၍ ယင်းရာဇဝတ်မှုများသည် မြန်မာ နိုင်ငံ၏ နယ်မြေအတွင်း တည်ရှိနေ ခြင်းထက် ကွင်းဆက်များစွာဖြင့် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းအဖြစ် ရှုမြင်ရမည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသည် Scam Centre တည်နေရာဖြစ်သော်လည်း ယင်းရာဇဝတ်မှု၏ အရင်းအမြစ်နှင့် အဓိက အကျိုးအမြတ် ရရှိသူမဟုတ်ကြောင်းနှင့် ယင်းလုပ်ငန်းအတွက် လူကုန်ကူးခံရသူ အားလုံးသည် မြန်မာနိုင်ငံသားများ မဟုတ်သကဲ့သို့ လိမ်လည်မှုမှရရှိသော ငွေကြေးအားလုံးသည်လည်း မြန်မာနိုင်ငံ၏ဘဏ်စနစ်အတွင်း ရောက်ရှိလာခြင်း မရှိကြောင်းလည်း ပြောသည်။
ထို့ကြောင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအရ နိုင်ငံတိုင်းသည် မိမိတို့နှင့်သက်ဆိုင်သော အစိတ်အပိုင်းအားလုံးကို တိုက်ဖျက်ရန်တာဝန်ရှိကြောင်း၊ အဆိုပါပြဿနာကိုဖြေရှင်း နိုင်ရန် အတွက် နိုင်ငံတကာ ရာဇဝတ်မှုတိုက်ဖျက်ရေး စံနှုန်းများနှင့်အညီ နိုင်ငံတိုင်းသည် မိမိတို့၏ တာဝန်ကျရာ ကဏ္ဍကို အပြည့်အဝထမ်းဆောင်ရန်လိုအပ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ပဋိပက္ခဒေသများမှ လူကုန်ကူးခံရသူ များကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ကာ ၎င်းတို့အား လုံခြုံစိတ်ချစွာ ဇာတိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် သက်ဆိုင်ရာ သံရုံးများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအပါအဝင် အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုလုပ်ငန်း လုပ်ကိုင်သည့်နေရာများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၅) ရက်မှ (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်အထိ နိုင်ငံခြား သား (၇၀ဝ၁၆)ဦးကို စိစစ်တွေ့ရှိခဲ့ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန် လည်လွှဲပြောင်းပေး နိုင်ခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်အတွင်း ကူညီကယ် တင်နိုင်ခဲ့သည့် နိုင်ငံခြားသားများ၏ ထွက်ဆိုချက်များအရ ရာခိုင်နှုန်း အားဖြင့် မဲဆောက်ဘက်မှ ကူးလာသူ (၉၉ ဒသမ ၆)ရာခိုင်နှုန်း၊ ပြည်တွင်းလမ်းကြောင်းမှ သွားရောက်သူ (ဝ ဒသမ ၄) ရာခိုင်နှုန်းဖြစ်ကြောင်း၊ သက်ဆိုင်ရာသံရုံးများအနေဖြင့် ၎င်းတို့နိုင်ငံသားများကို လူကုန်ကူးခံရသူများဖြစ်သည်ဟု ဖော်ပြ၍ အကူအညီတောင်းခံကြသော်လည်း စိစစ်တွေ့ရှိချက်အရ အချို့သည် လူကုန်ကူးခံရသူများမဟုတ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လာရောက် အလုပ်လုပ်ကိုင် ကြသူများဖြစ်ကြောင်းပြောသည်။
အလားတူ နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစား လုပ်ငန်းများ ပြန်လည်အခြေမချနိုင်ရန်အတွက် ယင်းနေရာများရှိ အဆောက်အအုံများကို (၁၀ဝ) ရာခိုင်နှုန်း ဖျက်ဆီး ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
က်ားဖ်န႔္ႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံသည္ Scam Centre တည္ေနရာျဖစ္ေသာ္လည္း အဓိကအက်ိဳးအျမတ္ ရရွိသူ မဟုတ္
Pearl (NP News) - ဒီဇင္ဘာ ၁၃
က်ားဖ်န႔္ႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံသည္ Scam Centre တည္ေနရာျဖစ္ေသာ္လည္း အဓိက အက်ိဳးအျမတ္ ရရွိသူမဟုတ္ေၾကာင္း အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈမ်ား တိုက္ဖ်က္ ေရးႀကီးၾကပ္မႈဗဟိုေကာ္မတီ ဥကၠ႒ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ဒီဇင္ဘာလ (၁၁)ရက္က ျပဳလုပ္ေသာ အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္း ကစားမႈမ်ား တိုက္ဖ်က္ေရးႀကီးၾကပ္မႈဗဟိုေကာ္မတီ အစည္း အေဝးတြင္ ေျပာသည္။
အဆိုပါအစည္းအေဝးတြင္ ျပည္ေထာင္စု ဝန္ႀကီးက က်ားဖ်န႔္ႏွင့္ပတ္သက္၍ ယင္းရာဇဝတ္မႈမ်ားသည္ ျမန္မာ ႏိုင္ငံ၏ နယ္ေျမအတြင္း တည္ရွိေန ျခင္းထက္ ကြင္းဆက္မ်ားစြာျဖင့္ လည္ပတ္ေနေသာ စီးပြားေရးလုပ္ငန္းအျဖစ္ ရႈျမင္ရမည္ျဖစ္ေၾကာင္း ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံသည္ Scam Centre တည္ေနရာျဖစ္ေသာ္လည္း ယင္းရာဇဝတ္မႈ၏ အရင္းအျမစ္ႏွင့္ အဓိက အက်ိဳးအျမတ္ ရရွိသူမဟုတ္ေၾကာင္းႏွင့္ ယင္းလုပ္ငန္းအတြက္ လူကုန္ကူးခံရသူ အားလုံးသည္ ျမန္မာႏိုင္ငံသားမ်ား မဟုတ္သကဲ့သို႔ လိမ္လည္မႈမွရရွိေသာ ေငြေၾကးအားလုံးသည္လည္း ျမန္မာႏိုင္ငံ၏ဘဏ္စနစ္အတြင္း ေရာက္ရွိလာျခင္း မရွိေၾကာင္းလည္း ေျပာသည္။
ထို႔ေၾကာင့္ ႏိုင္ငံျဖတ္ေက်ာ္ရာဇဝတ္မႈ တိုက္ဖ်က္ေရးဆိုင္ရာ ကုလသမဂၢကြန္ဗင္းရွင္းအရ ႏိုင္ငံတိုင္းသည္ မိမိတို႔ႏွင့္သက္ဆိုင္ေသာ အစိတ္အပိုင္းအားလုံးကို တိုက္ဖ်က္ရန္တာဝန္ရွိေၾကာင္း၊ အဆိုပါျပႆနာကိုေျဖရွင္း ႏိုင္ရန္ အတြက္ ႏိုင္ငံတကာ ရာဇဝတ္မႈတိုက္ဖ်က္ေရး စံႏႈန္းမ်ားႏွင့္အညီ ႏိုင္ငံတိုင္းသည္ မိမိတို႔၏ တာဝန္က်ရာ က႑ကို အျပည့္အဝထမ္းေဆာင္ရန္လိုအပ္ၿပီး ျမန္မာႏိုင္ငံအေနျဖင့္လည္း ပဋိပကၡေဒသမ်ားမွ လူကုန္ကူးခံရသူ မ်ားကို ရွာေဖြကယ္ဆယ္ႏိုင္ခဲ့ကာ ၎တို႔အား လုံၿခဳံစိတ္ခ်စြာ ဇာတိႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေရးအတြက္ သက္ဆိုင္ရာ သံ႐ုံးမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္းေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနသူမ်ားအပါအဝင္ အြန္လိုင္း လိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားမႈလုပ္ငန္း လုပ္ကိုင္သည့္ေနရာမ်ားကို ေဖာ္ထုတ္အေရးယူ ေဆာင္႐ြက္ခဲ့ရာ ရွမ္းျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔၌ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၅) ရက္မွ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၁၀)ရက္အထိ ႏိုင္ငံျခား သား (၇၀ဝ၁၆)ဦးကို စိစစ္ေတြ႕ရွိခဲ့ၿပီး လုပ္ထုံး လုပ္နည္းႏွင့္အညီ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္ လည္လႊဲေျပာင္းေပး ႏိုင္ခဲ့ေၾကာင္းသိရသည္။
ကရင္ျပည္နယ္အတြင္း ကူညီကယ္ တင္ႏိုင္ခဲ့သည့္ ႏိုင္ငံျခားသားမ်ား၏ ထြက္ဆိုခ်က္မ်ားအရ ရာခိုင္ႏႈန္း အားျဖင့္ မဲေဆာက္ဘက္မွ ကူးလာသူ (၉၉ ဒသမ ၆)ရာခိုင္ႏႈန္း၊ ျပည္တြင္းလမ္းေၾကာင္းမွ သြားေရာက္သူ (ဝ ဒသမ ၄) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း၊ သက္ဆိုင္ရာသံ႐ုံးမ်ားအေနျဖင့္ ၎တို႔ႏိုင္ငံသားမ်ားကို လူကုန္ကူးခံရသူမ်ားျဖစ္သည္ဟု ေဖာ္ျပ၍ အကူအညီေတာင္းခံၾကေသာ္လည္း စိစစ္ေတြ႕ရွိခ်က္အရ အခ်ိဳ႕သည္ လူကုန္ကူးခံရသူမ်ားမဟုတ္ေၾကာင္း၊ ၎တို႔၏ ကိုယ္က်ိဳးစီးပြားအတြက္ လာေရာက္ အလုပ္လုပ္ကိုင္ ၾကသူမ်ားျဖစ္ေၾကာင္းေျပာသည္။
အလားတူ ႏိုင္ငံေတာ္အေနျဖင့္ နယ္စပ္ေဒသမ်ားတြင္ အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္း ေလာင္းကစား လုပ္ငန္းမ်ား ျပန္လည္အေျခမခ်ႏိုင္ရန္အတြက္ ယင္းေနရာမ်ားရွိ အေဆာက္အအုံမ်ားကို (၁၀ဝ) ရာခိုင္ႏႈန္း ဖ်က္ဆီး ပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.