‘နုပျိုနေဆဲ မင်းသမီးကြီးခင်သန်းနုနဲ့ အနုပညာတစ်ပတ်တာ’

428

အိဖြူ (NP News) - ဒီဇင်ဘာ ၁၄
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “မင်းသမီးကြီး ခင်သန်းနုရဲ့ကျန်းမာရေး၊ သင်္ကန်းခြုံကာ ဇာတ်ကတဲ့အဖွဲ့၊ ဥပါသကာဒီပလိုမာဘွဲ့ သင်တန်းမှာ ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
အသက်(၈၀) နှစ် ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးကြီး ခင်သန်းနု
ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီမင်းသမီးကြီး ခင်သန်းနုက (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ၊ (၇)ရက်မှာ အသက် (၈၀) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါ တယ်။ ခင်သန်းနု ကွယ်လွန်သွားပြီဆိုတဲ့သတင်းက နိုဝင်ဘာလအတွင်းက ထွက်ပေါ်ခဲ့ဖူးပြီး မင်းသမီးကြီးခင်သန်းနုနဲ့ ဆွေမျိုးရင်းပမာနီးစပ်သူ ဒီဇိုင်နာ မျိုးမင်းစိုး ကိုယ်တိုင်က အမေခင်သန်းနု ကျန်းမာစွာ ရှိကြောင်းကို အတည်ပြု ပြောပြခဲ့တာပါ။
မင်းသမီး ခင်သန်းနုကို ဒီဇင်ဘာ (၇)ရက်၊ (၁၉၄၅) ခုနှစ်က ဖခင် ဦးအောင်သန်း၊ မိခင် ဒေါ်နုတို့က ပျဉ်းမနားမြို့မှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ အမည်ရင်းမှာ မသန်းနုဖြစ်ပါတယ်။ ဒီဇင်ဘာလ(၇)ရက်က ကျရောက်ခဲ့တဲ့ အသက်(၈၀) နှစ်ပြည့် မွေးနေ့ရက်မြတ်မှာလည်း ဒီဇိုင်နာမျိုးမင်းစိုး၊ မိတ်ကပ်လီလီတို့ စီစဉ်ပေးမှုနဲ့ မွေးနေ့အမှတ်တရ ရိုက်ကူး ရေးပြုလုပ်ခဲ့ပြီး ခင်သန်းနုက “ချစ်စွာသော ပရိသတ်တွေရှင့်... ခင်သန်းနုရဲ့ချစ်ပရိသတ်တွေကိုပေါ့။ အန်တီနုက ဘာလိုလိုနဲ့ အသက်(၈၀)ရောက်သွားပြီ ကြည့်စမ်းပါဦး။ တကယ်တော့ အိုပြီပေါ့ကွာ။ ဒါပေမဲ့ ကိုယ့်စိတ်ကတော့ ဘုရား၊ တရားနဲ့နေနေရင်း အလှဘုရင် ဖန်တီးရှင် ကိုမျိုးမင်းစိုးတို့၊ မိတ်ကပ်၊ ဆံပင်၊ ပညာရှင် သမီးလေးလီလီတို့က နှစ်စဉ်လုပ်နေကျဆိုတော့ ခင်သန်းနုကို သူတို့က လုပ်ဖြစ်အောင် လုပ်ပါဆိုလို့ ခင်သန်းနုက ကျန်းမာချင်ယောင် ဆောင်တာပေါ့လေ။ အသက်(၈၀) ဆိုတော့လေ၊ အသက်(၈၀) အရွယ်ရဲ့သန်သန်ပဲရှိတာပေါ့။ တချို့ကျတော့လည်း အန်တီနု ကွယ်လွန်တာမဟုတ်ဘူးဆိုရင် လူလုံးပြပေါ့တဲ့။ သူတို့ကလည်း လူလုံးပြခိုင်းနေတော့ အန်တီလည်း လူလုံးပြ ရတာပါပဲ။ အားလုံးလည်း ကျန်းမာကြပါစေ” လို့ မင်းသမီးကြီး ခင်သန်းနုက ရိုက်ကွင်းမှာ ဖော်ပြပါစကားတွေကို ပြောခဲ့ခြင်းဖြစ်ပါတယ်။
“အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်၊ ကညာပျိုနဲ့ ဇရာအို၊ မှုံရွှေရည်၊ မောင်တို့ချယ်ရီမြေ၊ ရုပ်ရှင် ရူးမလေး၊ ခိုင်မာလာနှင်းဆီ၊ သင်္ကြန်မိုး၊ ခုနစ်စဉ်အလွမ်း၊ လွမ်းငွေ့တဝေဝေ၊ မောင့်မူပိုင်ရှင်၊ သမီးရှင်၊ ဂျက်မ၊ မေတ္တာပန်းဥယျာဉ်}} စတဲ့ ဇာတ်ကားတွေက ခင်သန်းနုရဲ့အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
မင်းသမီး ခင်သန်းနုက “ပျဉ်းမနားမယ်၊ ဥတ္တရတိုင်းမယ်၊ ပညာ့တံခွန်မယ်၊ ရမည်းသင်းမယ်၊ မန်းတိုင်းမယ်၊ ပြည်ထောင်စုမယ် (၁၉၆၁ ခုနှစ်)၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ သုံးထပ်ကွမ်းဆုရှင်၊ လူမှုထူးချွန် (ပထမ)၊ ရုပ်ရှင်တစ်သက်တာဆု၊ အလင်္ကာကျော်စွာဘွဲ့(၂၀၂၅)” စတဲ့ ဂုဏ်ပြုဆုတံဆိပ်များစွာနဲ့ အနုပညာမှတ်တိုင်တွေကို စိုက်ထူနိုင်သူဖြစ်ပြီး၊ (၂၀၂၅) ခုနှစ်၊ ဧပြီလ (၁၇)ရက်က အလင်္ကာကျော် စွာဘွဲ့အပ်နှင်းခံခဲ့ရသူဖြစ်ပါတယ်။ သူ့အနေနဲ့ အသက်(၈၀)အရွယ်ဇရာကြောင့်သာ ကျရွယ်ကိုရောက်ရှိနေပေမယ့် အလှအပ၊ ခန္ဓာကိုယ်ထိန်းသိမ်းမှုမပျက် ကျန်းမာစွာ နေထိုင်လျက်ရှိကြောင်းကိုလည်း အနုပညာအသိုင်းအဝိုင်းကတစ်ဆင့်ကြားသိရပါတယ်။

“အရဟံသာသနာပြုဓမ္မကောလိပ်” က ဖွင့်လှစ်တဲ့ ဥပါသကာဒီပလိုမာဘွဲ့သင်တန်းမှာ ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်
ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ထပ်ဆင့်အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ဟာ အရဟံဖောင်ဒေးရှင်းရဲ့ သာသနာပြု လုပ်ငန်းစဉ် အမှတ်(၁) အရဟံသာသနာပြုဓမ္မကောလိပ်က ဖွင့်လှစ်တဲ့ ဥပါသကာဒီပလိုမာသင်တန်းရဲ့ First Semester မှာ ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။ အဆိုပါအကြောင်းအရာကို သူ့အနေနဲ့ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူ တစ်ဦးအနေနဲ့ ဂုဏ်ယူစွာဖော်ပြခဲ့ခြင်းဖြစ်ပြီး သူရဲ့ပရိသတ်တွေက ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။
“ဥပါသကာဒီပလိုမာသင်တန်းရဲ့ First Semester မှာ ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်ရှင်။ ပါဠိဘာသာ က ကျွန်မအတွက် အခက်အခဲရှိခဲ့ပါတယ်။ တပည့်တော် တကယ်သင်ယူလိုတဲ့စာပေတွေမို့ ဆရာတော် များကိုလည်း ဦးတင်ရှိခိုးအပ်ပါတယ်” လို့ ထွန်းအိန္ဒြာဗိုလ်က အောင်စာရင်းဇယားနဲ့တကွ ပြန်လည်မျှဝေခဲ့တာပါ။ အရဟံဖောင် ဒေးရှင်းရဲ့သာသနာပြု လုပ်ငန်းစဉ်အမှတ် (၁) အရဟံသာသနာပြုဓမ္မ ကောလိပ်(ဒုတိယအကြိမ်) ဘွဲ့နှင်းသဘင်အခမ်း အနားကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ (၇.၁၂.၂၀၂၅) ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
အရဟံဖောင်ဒေးရှင်းကြီးကို ဆရာတော် ဓမ္မဝီရဒေါက်တာအရှင်တေဇနိယနဲ့ B.A(Buddhism) M.A(Buddhism) ဘွဲ့ရဆရာတော်များဦးဆောင်ပြီး (၂၀၂၀) ပြည့်နှစ် စက်တင်ဘာလက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ အရဟံသာသနာ ပြုလုပ်ငန်းစဉ် အမှတ်စဉ်(၁) အရဟံသာသနာပြုဓမ္မကောလိပ်ကို ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ် ပါတယ်။ အရဟံသာသနာပြုဓမ္မကောလိပ်မှာ (၂၀၂၁-၂၀၂၂) ခုနှစ်က စတင်ကာ လူပုဂ္ဂိုလ်များအတွက်ပါ သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ခဲ့ပြီး၊ (ပထမအကြိမ်) ဘွဲ့နှင်းသဘင်ပွဲကို (၂၀၂၃) ခုနှစ်ကကျင်းပနိုင်ခဲ့ပေမယ့် လူပုဂ္ဂိုလ်များ အတွက် ထည့်သွင်း ချီးမြှင့်နိုင်ခဲ့ခြင်းမရှိခဲ့ ကြောင်း သိရှိရပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ “နံပါတ်တစ် ကျောင်းထိုင်ဆရာတော်တွေဖြစ်ရင် တက်ခွင့်ရှိတယ်။ နံပါတ်နှစ် ကျောင်းထိုင်ဆရာတော်တော့ မဟုတ်ဘူး ကျမ်းစာပြီးမြောက်တယ်ဆိုရင်လည်း တက်ခွင့်ရှိတယ်။ ဒီပလိုမာကနေ စတက်ရပါတယ်။ လူပုဂ္ဂိုလ်တွေကို သတ်မှတ်ချက်မရှိဘူး။ မြန်မာစကားနာလည်တယ်ဆိုရင် တက်လို့ရပါတယ်။ အွန်းလိုင်း-ဇသသာ ဗစစူငခအေငသည ကနေ ညစဉ် (၈) နာရီ၊ တစ်ပတ်ကို (၆) ရက်၊ အခမဲ့သင်ကြားနိုင်ပါတယ်။ ဒီကရရှိတဲ့ ဘွဲ့တံဆိပ်တွေက ဗုဒ္ဓဘာသာတက္ကသိုလ်တွေဖြစ်တဲ့ သိရီလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ ထိုင်းနိုင်ငံတို့က အသိ အမှတ်ပြု ထားပြီးဖြစ်ပါတယ်” လို့ ဆရာတော် ဓမ္မဝီရဒေါက်တာအရှင်တေဇနိယက မိန့်ကြားခဲ့ပါတယ်။ (၂၀၂၅) ခုနှစ် အရဟံဖောင်ဒေးရှင်းရဲ့သာသနာပြုလုပ်ငန်းစဉ်အမှတ်စဉ်(၁) အရဟံသာသနာပြုဓမ္မကောလိပ် (ဒုတိယအကြိမ်) ဘွဲ့နှင်း သဘင်အခမ်းအနားမှာတော့ သံဃာတော်(၄၉)ပါးနဲ့ လူပုဂ္ဂိုလ်(၁၅၅)ဦးတို့ကို ဘွဲ့တံဆိပ်များ အပ်နှင်းခဲ့တာဖြစ်ပါတယ်။

သင်္ကန်းခြုံကာ ဟာသလုပ်ကခဲ့တဲ့ မြန်မာဇာတ်အဖွဲ့
သင်္ကန်းခြုံကာ “အိုပါဂန်းနမ်စတိုင်” ကိုရီးယားသီချင်းနဲ့ဟာသလုပ်ကပြခဲ့တဲ့ ဇာတ်အဖွဲ့တစ်ဖွဲ့ရှိလာပြန်ပါပြီ။ NP News အမှတ်စဉ် (၉၃)မှာဖော်ပြခဲ့တဲ့ ထိုင်းနိုင်ငံက လိင်ပြောင်းအလှမယ်ပြိုင်ပွဲမှာ မယ်သီလရှင်ဝတ်စုံဝတ်ဆင်ကာ ဗုဒ္ဓတရားတော်များကို ဖျော်ဖြေမှုအတွက် အသုံးပြုခဲ့တဲ့ဖြစ်စဉ်အပြီး တစ်ပတ်အတွင်းမှာပဲ အဆိုပါဖြစ်စဉ် ထပ်မံ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေနဲ့ အဆိုပါဖြစ်စဉ် ဆိုရှယ်ပလက်ဖောင်းထက်ပျံ့နှံ့ပြီး (၂၄) နာရီအတွင်း သင်္ကန်းခြုံကာ ဟာသလုပ်ဖျော် ဖြေခဲ့တဲ့ဇာတ်အဖွဲ့ကို စုံစမ်းကာ အရေးယူသွားမှာဖြစ်ကြောင်း (၉-၁၂- ၂၀၂၅) ရက်က စာထုတ်ပြန်ခဲ့ပေမယ့် (၁၀-၁၂- ၂၀၂၅) ရက်အထိ မထူးခြားခဲ့ပါ။
ဇာတ်အဖွဲ့ရဲ့အမည်၊ တည်ထောင်သူနဲ့တည်နေရာတို့ကို စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ထုတ်ပြန်ထားမှုမှာလည်း ၎င်းတို့ထံမှာ ဇာတ်သဘင်အဖွဲ့စာရင်းအတိအကျ ရှိ/မရှိနဲ့ပတ်သက်ပြီး မေးခွန်း ထုတ်မှုများလည်း ရှိလို့နေပြန်ပါတယ်။
Burma Entertainment Facebook Page မှာ ဖော်ပြထားတဲ့ သင်္ကန်းခြုံကာ ဟာသလုပ်ကပြခဲ့တဲ့ ဇာတ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ ဘာသာ သာသနာညှိုးနွမ်းစေတဲ့ ပြုမူတင်ဆက်မှုဖြစ်ပြီး ၎င်းတို့ရဲ့လုပ်ရပ်အပေါ် ဗုဒ္ဓဘာသာဝင်တိုင်းက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
ဘာသာရေးကို ထိခိုက်စော်ကား ပုတ်ခတ်ခြင်းဟာ မိမိတိုင်းပြည်နဲ့လူမျိုးကို စော်ကားခြင်းသာဖြစ်ပြီး၊ လူသားတိုင်း မိမိတို့ရဲ့ဘာသာသာသနာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်မှသာ တိုင်းတစ်ပါးသားတွေရဲ့ ကျူးကျော် လွှမ်းမိုးမှုကို မခံရမှာပဲဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
‘ႏုပ်ိဳေနဆဲ မင္းသမီးႀကီးခင္သန္းႏုနဲ႔ အႏုပညာတစ္ပတ္တာ’
အိျဖဴ (NP News) - ဒီဇင္ဘာ ၁၄
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “မင္းသမီးႀကီး ခင္သန္းႏုရဲ႕က်န္းမာေရး၊ သကၤန္းၿခဳံကာ ဇာတ္ကတဲ့အဖြဲ႕၊ ဥပါသကာဒီပလိုမာဘြဲ႕ သင္တန္းမွာ ဘာသာစုံဂုဏ္ထူးနဲ႔ေအာင္ျမင္ခဲ့တဲ့ ထြန္းအိျႏၵာဗိုလ္” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
အသက္(၈၀) ႏွစ္ ျပည့္သြားၿပီျဖစ္တဲ့ မင္းသမီးႀကီး ခင္သန္းႏု
႐ုပ္ရွင္သ႐ုပ္ေဆာင္ ထပ္ဆင့္အကယ္ဒမီမင္းသမီးႀကီး ခင္သန္းႏုက (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ၊ (၇)ရက္မွာ အသက္ (၈၀) ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္ပါ တယ္။ ခင္သန္းႏု ကြယ္လြန္သြားၿပီဆိုတဲ့သတင္းက ႏိုဝင္ဘာလအတြင္းက ထြက္ေပၚခဲ့ဖူးၿပီး မင္းသမီးႀကီးခင္သန္းႏုနဲ႔ ေဆြမ်ိဳးရင္းပမာနီးစပ္သူ ဒီဇိုင္နာ မ်ိဳးမင္းစိုး ကိုယ္တိုင္က အေမခင္သန္းႏု က်န္းမာစြာ ရွိေၾကာင္းကို အတည္ျပဳ ေျပာျပခဲ့တာပါ။
မင္းသမီး ခင္သန္းႏုကို ဒီဇင္ဘာ (၇)ရက္၊ (၁၉၄၅) ခုႏွစ္က ဖခင္ ဦးေအာင္သန္း၊ မိခင္ ေဒၚႏုတို႔က ပ်ဥ္းမနားၿမိဳ႕မွာ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး၊ အမည္ရင္းမွာ မသန္းႏုျဖစ္ပါတယ္။ ဒီဇင္ဘာလ(၇)ရက္က က်ေရာက္ခဲ့တဲ့ အသက္(၈၀) ႏွစ္ျပည့္ ေမြးေန႔ရက္ျမတ္မွာလည္း ဒီဇိုင္နာမ်ိဳးမင္းစိုး၊ မိတ္ကပ္လီလီတို႔ စီစဥ္ေပးမႈနဲ႔ ေမြးေန႔အမွတ္တရ ႐ိုက္ကူး ေရးျပဳလုပ္ခဲ့ၿပီး ခင္သန္းႏုက “ခ်စ္စြာေသာ ပရိသတ္ေတြရွင့္... ခင္သန္းႏုရဲ႕ခ်စ္ပရိသတ္ေတြကိုေပါ့။ အန္တီႏုက ဘာလိုလိုနဲ႔ အသက္(၈၀)ေရာက္သြားၿပီ ၾကည့္စမ္းပါဦး။ တကယ္ေတာ့ အိုၿပီေပါ့ကြာ။ ဒါေပမဲ့ ကိုယ့္စိတ္ကေတာ့ ဘုရား၊ တရားနဲ႔ေနေနရင္း အလွဘုရင္ ဖန္တီးရွင္ ကိုမ်ိဳးမင္းစိုးတို႔၊ မိတ္ကပ္၊ ဆံပင္၊ ပညာရွင္ သမီးေလးလီလီတို႔က ႏွစ္စဥ္လုပ္ေနက်ဆိုေတာ့ ခင္သန္းႏုကို သူတို႔က လုပ္ျဖစ္ေအာင္ လုပ္ပါဆိုလို႔ ခင္သန္းႏုက က်န္းမာခ်င္ေယာင္ ေဆာင္တာေပါ့ေလ။ အသက္(၈၀) ဆိုေတာ့ေလ၊ အသက္(၈၀) အ႐ြယ္ရဲ႕သန္သန္ပဲရွိတာေပါ့။ တခ်ိဳ႕က်ေတာ့လည္း အန္တီႏု ကြယ္လြန္တာမဟုတ္ဘူးဆိုရင္ လူလုံးျပေပါ့တဲ့။ သူတို႔ကလည္း လူလုံးျပခိုင္းေနေတာ့ အန္တီလည္း လူလုံးျပ ရတာပါပဲ။ အားလုံးလည္း က်န္းမာၾကပါေစ” လို႔ မင္းသမီးႀကီး ခင္သန္းႏုက ႐ိုက္ကြင္းမွာ ေဖာ္ျပပါစကားေတြကို ေျပာခဲ့ျခင္းျဖစ္ပါတယ္။
“အခ်စ္တစ္ပြဲ စစ္ပြဲတစ္ရာ၊ ကိုယ္ရယ္တိုးရယ္စိုးစိုးရယ္၊ ကညာပ်ိဳနဲ႔ ဇရာအို၊ မႈံေ႐ႊရည္၊ ေမာင္တို႔ခ်ယ္ရီေျမ၊ ႐ုပ္ရွင္ ႐ူးမေလး၊ ခိုင္မာလာႏွင္းဆီ၊ သၾကၤန္မိုး၊ ခုနစ္စဥ္အလြမ္း၊ လြမ္းေငြ႕တေဝေဝ၊ ေမာင့္မူပိုင္ရွင္၊ သမီးရွင္၊ ဂ်က္မ၊ ေမတၱာပန္းဥယ်ာဥ္}} စတဲ့ ဇာတ္ကားေတြက ခင္သန္းႏုရဲ႕ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့တဲ့ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။
မင္းသမီး ခင္သန္းႏုက “ပ်ဥ္းမနားမယ္၊ ဥတၱရတိုင္းမယ္၊ ပညာ့တံခြန္မယ္၊ ရမည္းသင္းမယ္၊ မန္းတိုင္းမယ္၊ ျပည္ေထာင္စုမယ္ (၁၉၆၁ ခုႏွစ္)၊ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု အကယ္ဒမီ သုံးထပ္ကြမ္းဆုရွင္၊ လူမႈထူးခြၽန္ (ပထမ)၊ ႐ုပ္ရွင္တစ္သက္တာဆု၊ အလကၤာေက်ာ္စြာဘြဲ႕(၂၀၂၅)” စတဲ့ ဂုဏ္ျပဳဆုတံဆိပ္မ်ားစြာနဲ႔ အႏုပညာမွတ္တိုင္ေတြကို စိုက္ထူႏိုင္သူျဖစ္ၿပီး၊ (၂၀၂၅) ခုႏွစ္၊ ဧၿပီလ (၁၇)ရက္က အလကၤာေက်ာ္ စြာဘြဲ႕အပ္ႏွင္းခံခဲ့ရသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ အသက္(၈၀)အ႐ြယ္ဇရာေၾကာင့္သာ က်႐ြယ္ကိုေရာက္ရွိေနေပမယ့္ အလွအပ၊ ခႏၶာကိုယ္ထိန္းသိမ္းမႈမပ်က္ က်န္းမာစြာ ေနထိုင္လ်က္ရွိေၾကာင္းကိုလည္း အႏုပညာအသိုင္းအဝိုင္းကတစ္ဆင့္ၾကားသိရပါတယ္။
“အရဟံသာသနာျပဳဓမၼေကာလိပ္” က ဖြင့္လွစ္တဲ့ ဥပါသကာဒီပလိုမာဘြဲ႕သင္တန္းမွာ ဘာသာစုံ ဂုဏ္ထူးနဲ႔ ေအာင္ျမင္ခဲ့တဲ့ ထပ္ဆင့္အကယ္ဒမီ ထြန္းအိျႏၵာဗိုလ္
႐ုပ္ရွင္သ႐ုပ္ေဆာင္ အဆိုေတာ္ ထပ္ဆင့္အကယ္ဒမီ ထြန္းအိျႏၵာဗိုလ္ဟာ အရဟံေဖာင္ေဒးရွင္းရဲ႕ သာသနာျပဳ လုပ္ငန္းစဥ္ အမွတ္(၁) အရဟံသာသနာျပဳဓမၼေကာလိပ္က ဖြင့္လွစ္တဲ့ ဥပါသကာဒီပလိုမာသင္တန္းရဲ႕ First Semester မွာ ဘာသာစုံဂုဏ္ထူးနဲ႔ေအာင္ျမင္ခဲ့ပါတယ္။ အဆိုပါအေၾကာင္းအရာကို သူ႔အေနနဲ႔ ဗုဒၶဘာသာကို သက္ဝင္ ယုံၾကည္သူ တစ္ဦးအေနနဲ႔ ဂုဏ္ယူစြာေဖာ္ျပခဲ့ျခင္းျဖစ္ၿပီး သူရဲ႕ပရိသတ္ေတြက ခ်ီးက်ဴးဂုဏ္ျပဳစကားဆိုခဲ့ၾကပါတယ္။
“ဥပါသကာဒီပလိုမာသင္တန္းရဲ႕ First Semester မွာ ဘာသာစုံဂုဏ္ထူးနဲ႔ေအာင္ျမင္ခဲ့ပါတယ္ရွင္။ ပါဠိဘာသာ က ကြၽန္မအတြက္ အခက္အခဲရွိခဲ့ပါတယ္။ တပည့္ေတာ္ တကယ္သင္ယူလိုတဲ့စာေပေတြမို႔ ဆရာေတာ္ မ်ားကိုလည္း ဦးတင္ရွိခိုးအပ္ပါတယ္” လို႔ ထြန္းအိျႏၵာဗိုလ္က ေအာင္စာရင္းဇယားနဲ႔တကြ ျပန္လည္မွ်ေဝခဲ့တာပါ။ အရဟံေဖာင္ ေဒးရွင္းရဲ႕သာသနာျပဳ လုပ္ငန္းစဥ္အမွတ္ (၁) အရဟံသာသနာျပဳဓမၼ ေကာလိပ္(ဒုတိယအႀကိမ္) ဘြဲ႕ႏွင္းသဘင္အခမ္း အနားကို ရန္ကုန္ၿမိဳ႕ အမ်ိဳးသားဇာတ္႐ုံမွာ (၇.၁၂.၂၀၂၅) ရက္က က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။
အရဟံေဖာင္ေဒးရွင္းႀကီးကို ဆရာေတာ္ ဓမၼဝီရေဒါက္တာအရွင္ေတဇနိယနဲ႔ B.A(Buddhism) M.A(Buddhism) ဘြဲ႕ရဆရာေတာ္မ်ားဦးေဆာင္ၿပီး (၂၀၂၀) ျပည့္ႏွစ္ စက္တင္ဘာလက စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ကာ အရဟံသာသနာ ျပဳလုပ္ငန္းစဥ္ အမွတ္စဥ္(၁) အရဟံသာသနာျပဳဓမၼေကာလိပ္ကို ဖြင့္လွစ္သင္ၾကားပို႔ခ်ေပးခဲ့ျခင္းျဖစ္ ပါတယ္။ အရဟံသာသနာျပဳဓမၼေကာလိပ္မွာ (၂၀၂၁-၂၀၂၂) ခုႏွစ္က စတင္ကာ လူပုဂၢိဳလ္မ်ားအတြက္ပါ သင္တန္းမ်ား ဖြင့္လွစ္သင္ၾကားပို႔ခ်ေပးႏိုင္ခဲ့ၿပီး၊ (ပထမအႀကိမ္) ဘြဲ႕ႏွင္းသဘင္ပြဲကို (၂၀၂၃) ခုႏွစ္ကက်င္းပႏိုင္ခဲ့ေပမယ့္ လူပုဂၢိဳလ္မ်ား အတြက္ ထည့္သြင္း ခ်ီးျမႇင့္ႏိုင္ခဲ့ျခင္းမရွိခဲ့ ေၾကာင္း သိရွိရပါတယ္။
တက္ေရာက္လိုသူေတြအေနနဲ႔ “နံပါတ္တစ္ ေက်ာင္းထိုင္ဆရာေတာ္ေတြျဖစ္ရင္ တက္ခြင့္ရွိတယ္။ နံပါတ္ႏွစ္ ေက်ာင္းထိုင္ဆရာေတာ္ေတာ့ မဟုတ္ဘူး က်မ္းစာၿပီးေျမာက္တယ္ဆိုရင္လည္း တက္ခြင့္ရွိတယ္။ ဒီပလိုမာကေန စတက္ရပါတယ္။ လူပုဂၢိဳလ္ေတြကို သတ္မွတ္ခ်က္မရွိဘူး။ ျမန္မာစကားနာလည္တယ္ဆိုရင္ တက္လို႔ရပါတယ္။ အြန္းလိုင္း-ဇသသာ ဗစစူငခေအငသည ကေန ညစဥ္ (၈) နာရီ၊ တစ္ပတ္ကို (၆) ရက္၊ အခမဲ့သင္ၾကားႏိုင္ပါတယ္။ ဒီကရရွိတဲ့ ဘြဲ႕တံဆိပ္ေတြက ဗုဒၶဘာသာတကၠသိုလ္ေတြျဖစ္တဲ့ သိရီလကၤာ၊ အိႏၵိယ၊ နီေပါ၊ ထိုင္းႏိုင္ငံတို႔က အသိ အမွတ္ျပဳ ထားၿပီးျဖစ္ပါတယ္” လို႔ ဆရာေတာ္ ဓမၼဝီရေဒါက္တာအရွင္ေတဇနိယက မိန႔္ၾကားခဲ့ပါတယ္။ (၂၀၂၅) ခုႏွစ္ အရဟံေဖာင္ေဒးရွင္းရဲ႕သာသနာျပဳလုပ္ငန္းစဥ္အမွတ္စဥ္(၁) အရဟံသာသနာျပဳဓမၼေကာလိပ္ (ဒုတိယအႀကိမ္) ဘြဲ႕ႏွင္း သဘင္အခမ္းအနားမွာေတာ့ သံဃာေတာ္(၄၉)ပါးနဲ႔ လူပုဂၢိဳလ္(၁၅၅)ဦးတို႔ကို ဘြဲ႕တံဆိပ္မ်ား အပ္ႏွင္းခဲ့တာျဖစ္ပါတယ္။
သကၤန္းၿခဳံကာ ဟာသလုပ္ကခဲ့တဲ့ ျမန္မာဇာတ္အဖြဲ႕
သကၤန္းၿခဳံကာ “အိုပါဂန္းနမ္စတိုင္” ကိုရီးယားသီခ်င္းနဲ႔ဟာသလုပ္ကျပခဲ့တဲ့ ဇာတ္အဖြဲ႕တစ္ဖြဲ႕ရွိလာျပန္ပါၿပီ။ NP News အမွတ္စဥ္ (၉၃)မွာေဖာ္ျပခဲ့တဲ့ ထိုင္းႏိုင္ငံက လိင္ေျပာင္းအလွမယ္ၿပိဳင္ပြဲမွာ မယ္သီလရွင္ဝတ္စုံဝတ္ဆင္ကာ ဗုဒၶတရားေတာ္မ်ားကို ေဖ်ာ္ေျဖမႈအတြက္ အသုံးျပဳခဲ့တဲ့ျဖစ္စဥ္အၿပီး တစ္ပတ္အတြင္းမွာပဲ အဆိုပါျဖစ္စဥ္ ထပ္မံ ျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။
ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးအေနနဲ႔ အဆိုပါျဖစ္စဥ္ ဆိုရွယ္ပလက္ေဖာင္းထက္ပ်ံ႕ႏွံ႔ၿပီး (၂၄) နာရီအတြင္း သကၤန္းၿခဳံကာ ဟာသလုပ္ေဖ်ာ္ ေျဖခဲ့တဲ့ဇာတ္အဖြဲ႕ကို စုံစမ္းကာ အေရးယူသြားမွာျဖစ္ေၾကာင္း (၉-၁၂- ၂၀၂၅) ရက္က စာထုတ္ျပန္ခဲ့ေပမယ့္ (၁၀-၁၂- ၂၀၂၅) ရက္အထိ မထူးျခားခဲ့ပါ။
ဇာတ္အဖြဲ႕ရဲ႕အမည္၊ တည္ေထာင္သူနဲ႔တည္ေနရာတို႔ကို စုံစမ္းလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို)က ထုတ္ျပန္ထားမႈမွာလည္း ၎တို႔ထံမွာ ဇာတ္သဘင္အဖြဲ႕စာရင္းအတိအက် ရွိ/မရွိနဲ႔ပတ္သက္ၿပီး ေမးခြန္း ထုတ္မႈမ်ားလည္း ရွိလို႔ေနျပန္ပါတယ္။
Burma Entertainment Facebook Page မွာ ေဖာ္ျပထားတဲ့ သကၤန္းၿခဳံကာ ဟာသလုပ္ကျပခဲ့တဲ့ ဇာတ္အဖြဲ႕ရဲ႕ လုပ္ရပ္ဟာ ဘာသာ သာသနာညႇိဳးႏြမ္းေစတဲ့ ျပဳမူတင္ဆက္မႈျဖစ္ၿပီး ၎တို႔ရဲ႕လုပ္ရပ္အေပၚ ဗုဒၶဘာသာဝင္တိုင္းက ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ခဲ့ၾကပါတယ္။
ဘာသာေရးကို ထိခိုက္ေစာ္ကား ပုတ္ခတ္ျခင္းဟာ မိမိတိုင္းျပည္နဲ႔လူမ်ိဳးကို ေစာ္ကားျခင္းသာျဖစ္ၿပီး၊ လူသားတိုင္း မိမိတို႔ရဲ႕ဘာသာသာသနာ ယဥ္ေက်းမႈကို ထိန္းသိမ္းေစာင့္ေရွာက္မွသာ တိုင္းတစ္ပါးသားေတြရဲ႕ က်ဴးေက်ာ္ လႊမ္းမိုးမႈကို မခံရမွာပဲျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။