အမေရိကန်၏ ဖိအားဒဏ်ခံနေရသော ဗင်နီဇွဲလားသမ္မတကို ထောက်ခံမည်ဟု ရုရှားသမ္မတကတိပြု

 252

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၄

ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုများကိုရင်ဆိုင်နေ ရသည့် ဗင်နီဇွဲလား သမ္မတမာဒူရိုကို ထောက်ခံမည်ဟု လူသိရှင်ကြားထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန် အစိုးရက ဗင်နီဇွဲလား သမ္မတမာဒူရိုသည် နိုင်ငံတကာမူးယစ်ဆေးဝါး မှောင် ခိုလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်ဟု စွပ်စွဲကာ ကာရေဗီယံဒေသသို့ အမေရိကန်စစ် သင်္ဘောများစေလွှတ်ပြီး ဖိအားပေးမှုများ လုပ်ဆောင် လျက်ရှိ နေကြောင်း သိရသည်။
အမေရိကန်စစ်သင်္ဘောများသည် ကာရေ ဗီယံဒေသအတွင်းတွင် ဗင်နီဇွဲလားနိုင်ငံနှင့် ဆက်သွယ်ပြီး မူးယစ် ဆေးဝါးတင်ဆောင်သည့် သင်္ဘောအဖြစ် သံသယရှိသည့်သင်္ဘောများကို တိုက်ခိုက်၊ ဖျက်ဆီးဖမ်းဆီးမှုများ လုပ်ဆောင် ခဲ့ရာ အမေရိကန်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံနှင့် တင်းမာမှု များရှိနေချိန်တွင် ဗင်နီဇွဲလားသမ္မတ မာဒူရိုသည် ဒီဇင်ဘာလ (၁၁) ရက်က ရုရှားသမ္မတ ပူတင်နှင့် ဖုန်း ဆက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရုရှားသမ္မတ ပူတင်က “ကျွန်တော်တို့ ရုရှားနိုင်ငံဟာ ဗင်နီဇွဲလားပြည်သူတွေနဲ့ခိုင်မာစွာအတူရပ်တည် သွားမယ်။ နိုင်ငံခြားတိုင်းပြည်တွေရဲ့ဖိ အားပေးမှုတွေကို ဆန့်ကျင်ဖို့၊ ဗင်နီဇွဲလားနိုင်ငံရဲ့အချုပ်အခြာနဲ့ အကျိုးစီးပွား တွေအတွက် သမ္မတ မာဒူရိုကို ဦးဆောင်တဲ့အစိုးရအဖွဲ့ကို အားပေး ထောက်ခံသွားမယ်” ဟု ပြောသည်။
မာဒူရိုသည် ရုရှားသမ္မတပူတင်နှင့် ပြီးခဲ့သည့်မေလတွင် မဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်ကိုလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ ဗင်နီဇွဲလား အစိုးရက “ကျွန်တော်တို့သမ္မတနဲ့ ရုရှားသမ္မတတို့ဟာ နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့၊ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုများအတွက် အခိုင်အ မာ ကတိပြုခဲ့တယ်။ ရုရှားသမ္မတကလည်း ကျွန်တော်တို့ ဗင်နီဇွဲလားနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အကူညီများစွာပေးမယ်လို့ ကတိပြုခဲ့တယ်” ဟု ပြောသည်။ ဗင်နီဇွဲလား အစိုးရနှင့် တင်းမာမှုများရှိ နေချိန်မှာပဲ အမေရိကန် အစိုးရသည် ယခုလအစောပိုင်းတွင် ဗင်နီဇွဲလား နိုင်ငံမှထွက်လာသည့် ရေနံတင်သင်္ဘောကို ဖမ်းဆီး ခဲ့ကြောင်းသိရသည်။ အမေရိကန်အစိုးရက ဗင်နီဇွဲ လားရေနံတင်သင်္ဘောသည် အီရန်နိုင်ငံထံမှ ရေနံများ မတင်ဆောင်ရန်တားမြစ်ချက်ကို ချိုးဖောက်ခဲ့သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။ ဗင်နီဇွဲလားအစိုးရက အမေရိ ကန်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံထံမှ သဘာဝအရင်း အမြစ်များကို ဓားပြတိုက်ယူရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားရာ နှစ်နိုင်ငံကြား တင်းမာမှုများ ပိုမိုဖြစ် လာနေကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္၏ ဖိအားဒဏ္ခံေနရေသာ ဗင္နီဇြဲလားသမၼတကို ေထာက္ခံမည္ဟု ႐ုရွားသမၼတကတိျပဳ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၄
႐ုရွားသမၼတ ပူတင္က ႐ုရွားႏိုင္ငံအေနျဖင့္ အေမရိကန္ႏိုင္ငံ၏ ဖိအားေပးမႈ၊ ၿခိမ္းေျခာက္မႈမ်ားကိုရင္ဆိုင္ေန ရသည့္ ဗင္နီဇြဲလား သမၼတမာဒူ႐ိုကို ေထာက္ခံမည္ဟု လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အေမရိကန္ အစိုးရက ဗင္နီဇြဲလား သမၼတမာဒူ႐ိုသည္ ႏိုင္ငံတကာမူးယစ္ေဆးဝါး ေမွာင္ ခိုလုပ္ငန္းမ်ားကို လုပ္ကိုင္ေနသူတစ္ဦး ျဖစ္သည္ဟု စြပ္စြဲကာ ကာေရဗီယံေဒသသို႔ အေမရိကန္စစ္ သေဘၤာမ်ားေစလႊတ္ၿပီး ဖိအားေပးမႈမ်ား လုပ္ေဆာင္ လ်က္ရွိ ေနေၾကာင္း သိရသည္။
အေမရိကန္စစ္သေဘၤာမ်ားသည္ ကာေရ ဗီယံေဒသအတြင္းတြင္ ဗင္နီဇြဲလားႏိုင္ငံႏွင့္ ဆက္သြယ္ၿပီး မူးယစ္ ေဆးဝါးတင္ေဆာင္သည့္ သေဘၤာအျဖစ္ သံသယရွိသည့္သေဘၤာမ်ားကို တိုက္ခိုက္၊ ဖ်က္ဆီးဖမ္းဆီးမႈမ်ား လုပ္ေဆာင္ ခဲ့ရာ အေမရိကန္ႏိုင္ငံႏွင့္ ဗင္နီဇြဲလားႏိုင္ငံၾကား တင္းမာမႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံႏွင့္ တင္းမာမႈ မ်ားရွိေနခ်ိန္တြင္ ဗင္နီဇြဲလားသမၼတ မာဒူ႐ိုသည္ ဒီဇင္ဘာလ (၁၁) ရက္က ႐ုရွားသမၼတ ပူတင္ႏွင့္ ဖုန္း ဆက္ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
႐ုရွားသမၼတ ပူတင္က “ကြၽန္ေတာ္တို႔ ႐ုရွားႏိုင္ငံဟာ ဗင္နီဇြဲလားျပည္သူေတြနဲ႔ခိုင္မာစြာအတူရပ္တည္ သြားမယ္။ ႏိုင္ငံျခားတိုင္းျပည္ေတြရဲ႕ဖိ အားေပးမႈေတြကို ဆန႔္က်င္ဖို႔၊ ဗင္နီဇြဲလားႏိုင္ငံရဲ႕အခ်ဳပ္အျခာနဲ႔ အက်ိဳးစီးပြား ေတြအတြက္ သမၼတ မာဒူ႐ိုကို ဦးေဆာင္တဲ့အစိုးရအဖြဲ႕ကို အားေပး ေထာက္ခံသြားမယ္” ဟု ေျပာသည္။
မာဒူ႐ိုသည္ ႐ုရွားသမၼတပူတင္ႏွင့္ ၿပီးခဲ့သည့္ေမလတြင္ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္စာခ်ဳပ္ကိုလက္မွတ္ ေရးထိုးခဲ့ေၾကာင္း သိရသည္။ ဗင္နီဇြဲလား အစိုးရက “ကြၽန္ေတာ္တို႔သမၼတနဲ႔ ႐ုရွားသမၼတတို႔ဟာ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ ဆက္ဆံေရး ပိုမိုေကာင္းမြန္ေစဖို႔၊ မဟာဗ်ဴဟာ ေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ အခိုင္အ မာ ကတိျပဳခဲ့တယ္။ ႐ုရွားသမၼတကလည္း ကြၽန္ေတာ္တို႔ ဗင္နီဇြဲလားႏိုင္ငံ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ဖို႔အကူညီမ်ားစြာေပးမယ္လို႔ ကတိျပဳခဲ့တယ္” ဟု ေျပာသည္။ ဗင္နီဇြဲလား အစိုးရႏွင့္ တင္းမာမႈမ်ားရွိ ေနခ်ိန္မွာပဲ အေမရိကန္ အစိုးရသည္ ယခုလအေစာပိုင္းတြင္ ဗင္နီဇြဲလား ႏိုင္ငံမွထြက္လာသည့္ ေရနံတင္သေဘၤာကို ဖမ္းဆီး ခဲ့ေၾကာင္းသိရသည္။ အေမရိကန္အစိုးရက ဗင္နီဇြဲ လားေရနံတင္သေဘၤာသည္ အီရန္ႏိုင္ငံထံမွ ေရနံမ်ား မတင္ေဆာင္ရန္တားျမစ္ခ်က္ကို ခ်ိဳးေဖာက္ခဲ့သည့္အတြက္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္းသတင္းထုတ္ျပန္ထားသည္။ ဗင္နီဇြဲလားအစိုးရက အေမရိ ကန္ႏိုင္ငံသည္ ဗင္နီဇြဲလားႏိုင္ငံထံမွ သဘာဝအရင္း အျမစ္မ်ားကို ဓားျပတိုက္ယူရန္ ႀကိဳးပမ္းေနသည္ဟု စြပ္စြဲထားရာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ား ပိုမိုျဖစ္ လာေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.